မိုးလေ၀သ
၂၀၂၂ နိုဝင်ဘာလ ၅ရက်နေ့ ၆ရက်နေ့ ရွာအုံးမယ့်မိုးတွေနဲ့ ညအပူချိန်ကျမည့် ဒေသများ
၂၀၂၂ နိုဝင်ဘာလ ၅ရက်နေ့ ၆ရက်နေ့ ရွာအုံးမယ့်မိုးတွေနဲ့ ညအပူချိန်ကျမည့် ဒေသများ ၂၀၂၃ မတ် ဧပြီ မေလတွေမှာ ElNino ရာသီဥတုသို့ ပြန်လည်ကူးပြောင်းသွားနိုင်ပါတယ် ၂၄နာရီအတွင်း ဖျာပုံခရိုင်မအူပင်ခရိုင် မြောင်းမြခရိုင် လပွတ္တာခရိုင် ပုသိမ်ခရိုင် ဟင်္သာတခရိုင် ညောင်လေးပင် ကျောက်တခါး ပဲနွယ်ကုန်း ကညွှတ်ကွင်း ဖြူး တောင်ငူ ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ် ISSUED TIME 04/11/2022 ၂၀၂၂ နိုဝင်ဘာလ ၅ရက်နေ့ ၆ရက်နေ့ ထိုင်းတောင်ပိုင်းနှင့် တနင်္သာရီတိုင်း.. ကော့သောင်းခရိုင် ကော့သောင်းကျွန်းစုများ မိုးကြီးနိုင်ပါတယ် ISSUED TIME 04/11/2022 04/11/2022 နိုဝင်ဘာလ ၄ရက်နေ့တွင် ဗျာပုံခရိုင် လပွတ္တာခရိုင် ပုသိမ်ခရိုင် မြောင်းမြခရိုင် မအူပင်ခရိုင် ဒေသတွေမှာ မိုးအနည်းငယ်မှအသင့်အတင့်ရွာနိုင်ပါတယ် ရိတ်သိမ်းအခြောက်လှမ်းနေကြသူတွေအထူးသတိပြုကြပါ ဧရာဝတီ […]
ဆောင်းလေညှင်း ဝင်ရောက်လာပြီး ၇ရက်အတွင်း အအေးပိုလာနိုင်သည့်ဒေသများ
ရိတ်ကြမယ် သိမ်းကြမယ် စပါးရိတ်သိမ်းချိန်ကိုရောက်ရှိနေတဲ့ ဧရာဝတီတိုင်း ရန်ကုန်တိုင်း ပဲခူးတိုင်းဒေသကြီးတွေမှာ ၂၀၂၂ နိုဝင်ဘာလ ၁ရက်နေ့မှ ၃ရက်နေ့အထိ ရာသီဥတုသာသာယာယာရှိနေမှာဖြစ်တဲ့အတွက် စပါးရိတ်သိမ်းအခြောက်လှမ်းနိုင်ကြပါတယ် အိန္ဒိယနိုင်ငံ ချန်းနိုင် တမီးနာဒု သိရိလင်္ကာနိုင်ငံတွေမှာသာ မိုးကြီးနိုင်ပါတယ် ISSUED TIME 31/10/2022 အေးမြသာယာပြည်မြန်မာ ၂၀၂၂ နိုဝင်ဘာလ ၁ရက်နေ့မှ ရရက်တွေအတွင်း မြန်မာနိုင်ငံအတွင်းသို့ wind chill ဆောင်းလေညှင်းလေး ဝင်ရောက်လာပြီး အေးမြသာယာပါလိမ့်မယ် ISSUED TIME 31/10/2022 Wind Chill 🌨🌨 နောက်၂ရက်အတွင်း ကချင်ပြည်နယ်ကြီးမှာ အအေးပိုလာပါလိမ့်မယ် ၂၄နာရီအတွင်း ငပလီ သံတွဲ တောင်ကုတ် ကြံခင်း ဘက်ရဲ မြန်အောင် ပန်းတောင်း ပြည် ဆင်တဲ သရက် ကမ္မ အောင်လံ ဆင်ပေါင်ဝဲမင်းလှကိုးပင် မကွေး […]
မင်းဂွတ်သီးလေး ခန့်မှန်းပေးတဲ့ 29/10/2022 🌧🌧🌧🌧🌧နောက် ၂၄နာရီအတွင်းမိုးရွာမည့် ဒေသများ….
မင်းဂွတ်သီးလေး ခန့်မှန်းပေးတဲ့ 29/10/2022 🌧🌧🌧🌧🌧နောက် ၂၄နာရီအတွင်းမိုးရွာမည့် ဒေသများ…. 29/10/2022 🌧🌧🌧🌧🌧နောက် ၂၄နာရီအတွင်း ပန်းတောင်း ရွှေတောင် ပြည် ဆင်တဲ ကံမ သရက် ပြလို့ အောင်လံ ဆပ်သွား တောင်တွင်းကြီး မြို့လုလင် မကွေး ကျစ်ဆုံပွေး ကန်ပြား ရေနံချောင်း ဂွေးပင် ဂွေးချို နတ်မောက် ပင်း ကျောက်ပန်းတောင်း ပုပ္ပါး ကိုင်း ညောင်ပင်သာ အင်တောကျယ် ကြက်မောက်တောင် တောင်ရေ ကျောက်တံခါး လက်ပံပြား ရှမ်းမငယ် မုန်တိုင် ညောင်ကုန်း မိတ္ထီလာ မလှိုင် ပန်းအိုင် ရုံးစည်ကြီး တံစိုး မလယ် နွားထိုးကြီး ပြင်စီ မြစ်သားကူမဲ ရွာရှည် ဒိုင်ကောင်းကုန်း လျှော်ပင် ဝမ်းတွင် ပင်းတလဲ တဲစု […]
စိုးရိမ်စရာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မှာလား
စိုးရိမ်စရာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မှာလား မုတ်သုန်ခေါ်လာနိုင်သောမုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား.. မုန်တိုင်းတစ်ခုရဲ့ဖြစ်စဉ်အစကို လေ့လာကြည့်ရင်လေထုဖိအားကျဆင်းနေရမယ် လေထုမညိမ်သက်မှု့တွေဖြစ်နေရမယ် ဒီဖြစ်စဉ်အနေအထားတွေကတော့လက်ရှိလေထုလှုပ်ရှားမှု အနေအထားအရကပ္ပလီပင်လယ် တောင်ဘက်မှာ ပြည့်စုံနေပါပြီ ဒါဆိုရင် လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့မေလ ပထမအပတ်လောက်မှာ ဖြစ်လာနိုင်ခြေရှိလာနိုင်တယ်။ နောက်ကျလွန်းရင် နှစ်ရက်ပေါ့။အဓိကက လေဖိအားနည်းရပ်ဝန်းစဖြစ်လာရင်တော့ မုန်တိုင်းဖြစ်ဖို့ သေချာပါပြီး။ ဒီမုန်တိုင်းက- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ- ရန်ကုန်တိုင်း- မွန်ပြည်နယ်တို့ အတွက် စိုးရိမ်စရာတော့ဖြစ်လာနိုင်တယ် အဓိကကတော့ မြစ်ဝကျွန်းပေါ်ဒေသပေါ့။ မုန်တိုင်းဖြစ်လာရင်တော့အနောက်တောင်မုတ်သုန်ကိုလည်းခေါ်လာနိုင်တယ်။ ဒါကြောင့် တနင်္သာရီတိုင်းဘုတ်ပြင်းဘက်မှာ စောစောဝင်လာနိုင်တယ်။ မုန်တိုင်း ဖြစ်လာရင်လည်းဆိုင်ကလုန်အဆင့်ထိဖြစ်လာနိုင်တယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နိုင်ရန်နှင့်ကြိုတင်သိရှိနိုင်အောင် မုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေကိုကြိုတင်အသိပေးလိုက်ပါတယ်။ ဒီမုန်တိုင်းကဖြစ်လာခဲ့ရင်အားအင်ကြီးမား ပြင်းထန်နိုင်လို့သတင်းအဆက်မပြတ် သိရှိဖို့တော့လိုအပ်နိုင်တယ် လေထုလှုပ်ရှားမှု့တွေ ပြောင်းလည်းမှုတွေကိုချက်ချင်းတင်ပေးနိုင်အောင်လည်းကြိုးစားပေးနေပါတယ် အကုန်သိရှိစေဖို့အတွက်က Like / share ထားပေးကြပါ။သဘာဝဘေး ဆိုတော့မဖြစ်လာခဲ့ရင်အကောင်းဆုံးပါ ဖြစ်လာခဲ့ရင်တော့ ကြိုတင်သိရှိကာကွယ်ထားသဖြင့်အထိအခိုက်အပျက်အဆီးနဲနိုင်သလိုလူအသေအပျောက်လည်းနဲလာနိုင်လို့ကြိုတင်ပြီးအသိပေးထားတာပါ။ ဆက်လက် စောင့်ကြည့်ကြပါစို့။ HtayAung စိုးရိမ္စရာ […]
၂၀၂၂ အောက်တိုဘာလ ၂၈ ရက်နေ့ ၂၉ ရက်နေ့တို့တွင်
၂၄နာရီမိုးကြီးနိုင်တဲ့ဒေသများနဲ့၂၀၂၂အောက်တိုဘာလ၃ရက်နေ့မှ၆ရက်နေ့အထိမိုးရွာနိုင်သည့်ဒေသများကိုကြိုတင်ခန့်မှန်းပေးလိုက်တဲ့မိုးနတ်သမီးလေးစုစုစံ🌧🌧🌧🌧
2.10.2022🌧🌧🌧🌧 ၂၄နာရီအတွင်း ရှမ်းပြည်နယ် မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပြီး လင်းခေး မောက်မယ် ဖယ်ခုံ မိုးဗြဲ တီကျစ် ပင်လောင်းနောင်တရား ကလော ရွာငံ မြို့ကြီး ကူမဲ ဝမ်းတွင်း သာစည် မိတ္ထီလာ မလှိုင် ဆည်တို ရှမ်းမငယ် မုံတိုင် လက်ပံပြား ပုပ်ပါး ကျောက်ပန်းတောင်း (KPG)ချောက် ပုဂံ ငါ့သရောက် ညောင်ဦး ပခုက္ကူ ပခန်းကြီး ရေစကြို မြောင် မြင်းခြံ ငါန်းဇွန် နွားထိုးကြီး မုံရွာ ချောင်းဦး ဆားလင်းကြီး ပုလဲ ယင်းမာပင် ကနီ ဘုတလင် မင်းကင်း ဂန့်ဂေါ ထီးလင်းပေါက် မြိုင် ဒေသများတွင် မိုးကြီးနိုင်ပါတယ် ISSUED TIME 01/10/2022 AT 10:30AM(MMT) […]
မကုန်ဆုံးနိုင်တဲ့မိုး ၂၀၂၂ အောက်တိုဘာလ ၂ဝရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးတွေရွာဖို့ရှိနေသေး
မကုန်ဆုံးနိုင်တဲ့မိုး ၂၀၂၂ အောက်တိုဘာလ ၂ဝရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးတွေရွာဖို့ရှိနေသေး October rain မကုန်ဆုံးနိုင်တဲ့မိုး ၂၀၂၂ အောက်တိုဘာလ ၂၀ရက်နေ့အထိ မြန်မာနိုင်ငံမှာ မိုးတွေရွာဖို့ရှိနေသေးပါတယ် မိုးရာသီသက်တမ်းတစ်လတိုးမယ်လို့လဝေး ခန့်မှန်းချက်လေးကို ဘယ်သူမှတ်မိကြပါသလည်းဝေး ရာသီဥတုအခြေအနေကို အမြဲတမ်းစောင့်ကြည့်ထောက်လှမ်းကာ အဆင့်မြင့်weather data အချက်အလက်များကိုဝယ်ယူပြီး စိစစ်တွက်ချက်ကာ အချိန်နှင့်တပြေးညီခန့်မှန်းပေးနေပါတယ် ရိတ်သိမ်းချိန်ကြရောက်နေတဲ့တောင်သူလယ်သမားတွေအတွက်လဖျက်မိုးအန္တရာယ်ပါပဲ ဆောင်းသီးနှံစိုက်မည့်သူတွေလည်း မိုးကြောင့်အနှောက်အယှက်ဖြစ်နိင်ပါတယ် ဆားလုပ်ငမ်းအုတ်လုပ်ငန်းသမားတွေအတွက်လည်း လုပ်ငန်းများစတင်လည်ပတ်နိုင်ဖို့ နှောင့်နှေးကျန့်ကြာစေနိုင်ပါတယ် ရာသီဥတုကောင်းမွန်သာယာစေမယ့်နေ့ရက်များကို အသေးစိတ်စိစစ်တွက်ချက်နေပါတယ် အတည်ပြုပြီးတာနဲ့ ခန့်မှန်းပေးသွားပါမယ် စေတုတ္တရာမြို့ အနီး မုန်တမံ နောက်နာရီအနည်းငယ်အတွင်း တမံရေပြည့်မှတ်ကိုရောက်ရှိလာကာ ရေပိုလွှဲ spillway မှ ရေကျော်ကျလာနိုင်ပါတယ်စိုးရိမ်ဖွယ်ရာမရှိနိုင်ပါဘူး တောင်သူတွေအလိုကျ ရေပြည့်သွားရုံအခြေအနေဖြစ်ပါတယ် နွေရာသီစိုက်ပျိုးရေနှင့် လျှပ်စစ်မီးဖြန့်ဖြူးနိုင်စေမယ့် သတင်းကောင်းလေးပဲဖြစ်ပါတယ်နော်အားလုံးကြည်နူးပျော်ရွှင်ချမ်းမြေ့ကြပါစေ ၂၀၂၂အောက်တိုဘာလ ၁ရက်နေ့နှင့် ၂ရက်နေ့တွေမှာ မန္တလေးတိုင်း မကွေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ဒေသတွေမှာမိုးများစွာရွာသွန်းနိုင်ပါတယ်ရေထိမခံနိုင်သောလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသူများ […]
ဖျက်မိုးရွာနိုင်သည့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ ဖျက်မိုးရွာနိုင်သည့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ🌧🌧🌧 သီလဝနယ်မြေမှာမိုးတွေရွာမယ်လေ သာစည် ပျော်ဘွယ် ရမည်းသင်းမိုးရွာနိုင်ပြီး ၎ မြို့တွေရဲ့အရှေ့ဖက် ရှမ်းတောင်တန်းတောင်ခြေမိုးကြီးနိုင်သဖြင့် ကန်ရေတွေများစွာတိုးနိုင်လာနိုင်ပါတယ် သာစည် ညောင်ရမ်းကန် သက်တော်ဆည် Dam1 &Dam2 ကြီးနီကန် ရမည်းသင်းဆိုလို့ပြောရဦးမယ် ဇာတာတော်ပုံ ရာဇဝင်ကျမ်းအရ ပုဂံခေတ်နောက်ပိုင်း မြန်မာသက္ကရာဇ် ၆၆၅ ခုနှစ်တွင် ရမည်းသင်းမြို့ကို ဆင်ဖြူမယ်မိဖုရား တည်ထောင်ခဲ့သည်ဟု ဆိုပါတယ် ထိုသို့ နန်းတည်ခဲ့ရာ၌ ကျုံးတော်ကို တူးဖော်ခဲ့ရာ စိမ့်ထွက်လာသော ရေများကို မြည်းစမ်းကြည့်သောအခါ သင့်တင့်လျောက်ပတ်သော အရသာရှိသည်။ ရေကို မြည်းရာ၌ သင့်သည်၊ ရေမြည်းသင့်ဟူ၍ ခေါ်ရာမှ စကားရွေ့ပြီးလျှင် ရမည်းသင်း ဖြစ်လာသည်ဟု ဆိုကြပါတယ် သမိုင်းမှာရမည်းသင်းစား သီလဝဆိုသူသည် မြန်မာရာဇဝင်တွင် ထင်ရှားသူတစ်ယောက်ဖြစ်ပါတယ် […]
စပါးရိတ်သိမ်းကြမည့်သူတွေသတိ မိုး ⛈⛈
စပါးရိတ်သိမ်းကြမည့်သူတွေသတိ မိုး ⛈⛈⛈⛈⛈⛈ ၂၀၂၂ စက်တင်ဘာလ ၂၅ရက်နေ့မှ ၃၀ရက်နေ့အတွင်း တောင်တရုတ်ပင်လယ်ပြင်မှာမုန်တိုင်းတစ်လုံးသိုမဟုတ် နှစ်လုံးဆက်တိုက်ဖြစ်ပေါ်နိုင်ပြီး တရုတ်နိုင်ငံ ဟိုင်နမ်ကျွန်းနှင့် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမြောက်ပိုင်းဒေသတွေကိုခြိမ်းခြောက်နိုင်ပါတယ် အများနားလည်နိုင်ကြစေရန်အတွက် မိုးလေဝသပညာရပ်ဆိုင်ရာဝေါဟာရများကိုအသုံးပြုမှုရှောင်ရှားကာ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မှုအခြေအနေကိုခန့်မှန်းပေးသွားပါမယ် ၂၀၂၂ စက်တင်ဘာလ ၂၆ရက်နေ့နှင့် ၂၇ရက်နေ့တို့တွင် ရေငွေ့ပါဝင်တဲ့လေစီးသက်ရောက်မှုက တနင်္သာရီ တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာမိုးများစွာရွာသွန်းနိုင်သဖြင့် စပါးရိတ်သိမ်းကြမည့်သူများ ပျက်စီးမှုမရှိအောင်ကြိုတင်ပြင်ဆင်ကြပါ အဆိုပါနေ့ရက်တွေမှာပဲ နေပြည်တော် မန္တလေးတိုင်း မကွေးတိုင်းတွေမိုးရွာနိုင်သဖြင့် မြေပဲဖော်ခြင်းနှမ်းခါခြင်းလုပ်ငန်းဆောင်ကြမယ့် တောင်သူလယ်သမားတွေလည်း ပျက်စီးမှုမရှိအောင် ကြိုတင်စိမံခန့်ခွဲလုပ်ဆောင်ကြပါလို့ ရက်ကြိုတင်ခန့်မှန်းပေးလိုက်ပါတယ် စက်တင်ဘာလကုန် အောက်တိုဘာလ ပထမပတ်မှာလည်းအောက်မြန်မာနိုင်ငံတွေမှာ တောင်တရုတ်ပင်လယ်ပြင်ရဲ့ မုန်တိုင်းဖြစ်ပေါ်နိုင်မှုအလာအလာရှိပြီး ဖျက်မိုးအန္တရာယ်ရှိနိုင်သဖြင့် အထူးသတိထားစောင့်ကြည့်ထောက်လှမ်းကာ အဆင့်မြင့် weather data အချက်အလက်များဝယ်ယူပြီး စိစစ်တွက်ချက်ကာ အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါတယ် မင်းဂွတ်သီးလေးရဲ့ တတ်ကျွမ်းတဲ့မိုးလေဝသပညာရပ်ဖြင့် […]