သင့်ချစ်သူဟာ အချစ်ကြီးတဲ့သူလားဆိုတာ သူ့ရဲ့အပြုအမူ၊ အနေအထိုင်၊ အမူအယာတွေကနေ သိလို့ရပါတယ်။ အချစ်ကြီးတဲ့ကောင်လေးတွေနဲ့ ချစ်မိရင် သူများအတွဲတွေနဲ့ မတူတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ရမှာတော့ အသေအချာပါပဲ။ တကယ်လို့ သင့်ချစ်သူဟာ အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့ ကိုက်ညီနေရင်တော့ သူဟာ အချစ်ကြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သိထားပြီး တစ်ခါတလေကျရင်သူများတွေထက် ပိုပြီး နားလည်သည်းခံပေးဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့နော်။ (၁) အရမ်းသည်းခံတယ် အချစ်ကြီးတဲ့ကောင်လေးဆိုတာ သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ချွဲချွဲ သင့်ကို အရမ်းသည်းခံပေးတဲ့သူပါ။ သူ့ကိုသင်ရစ်တဲ့အချိန်တွေ၊ တမင်ဂျီကျနေတဲ့ အချိန်တွေနဲ့ သူမကြိုက်တာ တစ်ခုခုကိုသင်လုပ်လိုက်မိရင်တောင် သည်းခွင့်လွှတ်ပေးတဲ့သူပါ။ ဒီလိုအရမ်းသည်းခံလို့တော့ သူ့ကို စိတ်မဆိုးတတ်ဘူးမထင်ပါနဲ့။ စိတ်ဆိုးရင်လည်း သူများထက်ပိုကြောက်ဖို့ကောင်းပါတယ်။ သင့်ကိုအရမ်းသည်းခံတယ်ဆိုတာကလည်း အရမ်းချစ်လွန်းလို့ဖြစ်ပါတယ်။ (၂) ဝမ်းနည်းလွယ်တယ် သင့်ချစ်သူဟာ ယောက်ျားလေးဖြစ်နေပေမယ့် ဝမ်းနည်းလွယ်တယ်ဆိုတာ အချစ်ကြီးလို့ပါ။ အချစ်ကြီးတဲ့ယောက်ျားလေးတွေဟာ အချစ်နဲ့ပတ်သက်ရင် နည်းနည်းလေးမှ […]
အချစ်နှင့်ဘဝ
ချစ်သူနှစ်ဦးကြား ဆက်ဆံရေး တည်မြဲဖို့ မဖြစ်မနေထား ရှိထားသင့်တဲ့ နားလည်မှု (၄) ခု
ချစ်သူနှစ်ယောက်ကြားမှာ သာယာတဲ့ အချစ်ခရီးလမ်းတစ်ခုကို ဦးတည်သွားဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ နားလည်မှု မရှိတဲ့ Relationship တစ်ခုဟာ အနှေးနဲ့အမြန် ကျိန်းသေပြတ်မှာပါပဲ။ တစ်ခါတစ်လေကျရင် ဘာမဟုတ်တဲ့ အမှားလေးတစ်ခုကြောင့် ဆိုးဝါးလှတဲ့ Relationship တစ်ခုကို ဦးတည်မသွားဖို့အတွက် နှစ်ယောက်ကြားမှာ နားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့ကြောင့် ဒီနေ့မှာတော့ ချစ်သူနှစ်ဦးကြားမှာ မဖြစ်မနေကို ထားရှိပြီး နားလည်မှုထားသင့်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ အရာရာတိုင်းကို ကိုယ့်စိတ်နဲ့ မဆုံးဖြတ်ပါနဲ့ လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းထပ်တူကျဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလွန်းလှပါတယ်။ တစ်ခါတလေကျရင် ကိုယ့်စိတ်နဲ့ ဘယ်တော့မှ မဆုံးဖြတ်လိုက်ပါနဲ့။ သူ့ဖက်ကိုလည်း ငဲ့ကြည့်ပါ။ ငါဒီလိုလုပ်တာ သူကြိုက်ပါ့မဘလားဆိုတဲ့ နားလည်စိတ်လေး ထားကြည့်ကြပါ။ ၂။ ကိုယ့်ချစ်သူအပေါ် မလေးမစားပြောတာမျိုးတွေ ရှောင်ကျဉ်ပါ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း […]
သင့်ကို အပျော်ကြံရုံ ချည်းကပ်လာတဲ့ အမျိုးသားတွေမှာ တွေ့ရမယ့် စရိုက်လက္ခဏာ(၄)ချက်
တစ်ချို့ယောကျာ်းလေးတွေက မိန်းကလေးတွေရဲ့ အချစ်ကို ကစားရတာ ကြိုက်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်ကို သူတို့ခဏတာ စိတ်ပျော်ရွှင်ဖို့အတွက် ခဏတာ အသုံးချတာမျိုးကိုလည်း ပြုလုပ်လွယ်တတ်ကြသူတွေပါ။ ဒီတော့ မိန်းကလေးတွေအနေနဲ့ သတိထားမိစေဖို့၊ လွယ်လွယ်အယုံမလွယ်မိဖို့ အရမ်းကို အရေးကြီးပါတယ်နော်။ မိန်းကလေးတွေကို အပျော်ကြံဖို့သက်သက် ချည်းကပ်တတ်တဲ့ အမျိုးသားတွေမှာတော့ ဒီလို အချက်တွေကို တွေ့ရတတ်ပါတယ်။ လျို့ဝှက်ဆန်းကြယ်တယ် မိန်းကလေးတွေကို အပျော်ကြံတတ်တဲ့ အမျိုးသားတွေရဲ့ ပုံစံက လျို့ဝှက်ချက်တွေများသလိုပဲ နားလည်ရလည်း ခက်စေတတ်ပါတယ်။ စာအုပ်တစ်အုပ်မှာ ဖော်ပြထားတာကတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေကို ဆွဲဆောင်ဖို့အတွက် ဒီနည်းလမ်းဟောင်းကို အသုံးပြုလေ့ရှိကြပါတယ်တဲ့။ ဒါက သူ့အကြောင်း ဘာမှမသိရပေမယ့် မိန်းကလေးတစ်ယောက် စိတ်ဝင်စားလာအောင် သူတို့ရဲ့ အပြောတွေ၊ အပြုအမူတွေနဲ့ သိမ်းပိုက်နိုင်ကြတာပါ။ ရှင်းရှင်းပြောရရင် မိန်းကလေးတွေရဲ့ အကြိုက်ဘာဆိုတာကို သိထားပြီးသား သူမျိုးတွေ ဖြစ်နေတတ်လို့ပါပဲ။ […]
သင့်ချစ်သူက မကြာခင်သင့်ကို ထားသွားတော့မယ်ဆိုတာ ဖော်ပြနေတဲ့လက္ခဏာများ….
သင့်ချစ်သူက သင့်ကိုထားသွားတော့မယ် ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာတွေကို သင်သိထားဖို့ လိုပါတယ်။ ဒီလက္ခာတွေ သင်တို့နှစ်ယောက်ကြားမှာ ဖြစ်နေပြီဆိုရင်တော့ သင့်ဖက်က ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်။ သင့်ချစ်သူက မကြာခင်သင့်ကို ထားသွားတော့မယ်ဆိုတာ ပြနေတဲ့လက္ခဏာတွေကတော့ ဒီမှာပါ။ (၁) သင့်စိတ်ထဲမှာ သူနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်သလို၊ တစ်ခုခု မှားနေသလို ခံစားရပါလိမ့်မယ်။ သူ့အပြုအမူတွေနဲ့ ပတ်သက်ပြီး သင့်စိတ်ထဲမှာ ကသိကအောက် အမြဲဖြစ်နေရပါလိမ့်မယ်။ (၂) သင်ဟာသူ့အတွက် အရေးမပါတဲ့ သူတစ်ယောက်လို ခံစားနေရမှာပါ။ သင့်ထက်စာရင် တခြားအရာတွေက သူ့အတွက် ပိုအရေးကြီးနေပါလိမ့်မယ်။ (၃) (လင်မယားဆိုရင်) သင်တို့နှစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးဟာ အင်မတန်မှ ပျင်းရိငြီးငွေ့စရာ ကောင်းနေပါ လိမ့်မယ်။ (၄) သူ့ရဲ့အားလပ်ချိန် တော်တော်များများကို သူ့သူငယ်ချင်းတွေနဲ့ပဲ ကုန်ဆုံးတော့မှပါ။ သူ့သူငယ်ချင်းတွေက သင့်ထက်ပိုပြီး စိတ်ဝင်စားစရာ […]
သင့် ချစ်သူ သင့်လက်ကို ကိုင်တဲ့ ပုံစံကနေပြောနေတဲ့ သင့်တို့စုံတွဲအကြောင်း….
ချစ်သူတိုင်းက ကိုယ်ချစ်ရသူရဲ့လက်ကိုကိုင်ပုံချင်းမတူတတ်ကြပါဘူး။ တချို့ စုတ်ကိုင်ထားတတ်တယ်။သင့်ချစ်သူ သင့်လက်ကို ဘယ်လိုပုံစံမျိုးကိုင်လဲဆိုတာ ပုံလေးကိုကြည့်ပြီးရွေးပေးပါ။ဒါမှ သင့်ချစ်သူ သင့်လက်ကို ကိုင်တဲ့ပုံစံကနေ သင့်တို့နှစ်ယောက်ရဲ့ အချစ်ရေးအကြောင်းကို သိနိုင်မှာပါ။ (1)လိုပုံစံ သင့်လက်ကို ကိုင်တယ်ဆိုရင်တော့ သင်တို့နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် ယုံကြည်ကြတယ်။လက်သန်းလေးတွေ ချိတ်ကိုင်ထားတဲ့ပုံစံက ကတိပေးတဲ့ပုံစံမျိုးဖြစ်နေလို့ သင့်ကို တစ်သက်လုံးချစ်သွားမယ်ဆိုတဲ့သဘောမျိုးပါ။ (2)လိုပုံစံနဲ့ သင်ချစ်သူက သင့်လက်ကို ကိုင်မယ်ဆိုရင်တော့ သင့်တို့က တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူတွေနဲ့ လက်တွဲနေကြတာပဲဖြစ်တယ်။(၂)ရဲ့လက်ကိုင်တဲ့ပုံစံမျိုးက နွေးထွေးတဲ့ပုံစံမျိုးပါ။ဒီလက်ကိုင်ပုံစံမျိုးနဲ့ဆိုရင် သင့်တို့်အတွက် အပေါ်ယံတွေမလိုပါဘူး ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်ဆိုတာသိနေလို့ပဲဖြစ်တယ်။ (3)လိုပုံစံမျိုးနဲ့ဆိုရင်တော့ သင့်ချစ်သူက သင့်ကို သစ္စာရှိရှိချစ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပဲဖြစ်တယ်။တစ်ယောက်ကို တစ်ယောက်လည်း လက်တွဲမဖြုတ်ချင်လောက်အောင် တစ်ယောက်လက် တစ်ယောက် စုတ်ကိုင်ထားတဲ့ပုံစံမျိုးနဲ့ သင့်လက်ကို ကိုင်ထားမယ့်ဆိုရင်တော့ သူသင့်ကို အရမ်းတစ်သက်လုံးချစ်သွားမယ်ဆိုတဲ့ သဘောမျိုးပဲဖြစ်တယ်။ (4)လိုပုံစံမျိုးနဲ့ သင့်လက်ညှိုးလေးတွေနဲ့ချိတ်ပြီး […]
ကိုယ့်ချစ်သူ ကိုယ့်ကို အမြဲတမ်းအချစ်မလျော့စေမယ့် နည်းလမ်းများ….
တွဲလာတဲ့သက်တမ်းကြာလာတာနဲ့ အမျှ သမီးရည်းစားတွေ တစ်ယောက်ကိုတစ်ယောက် အချစ်လျော့တာ၊ အချစ်ပေါ့တာတွေဖြစ်လာတတ်ပါတယ်။ ရည်းစားရှိတဲ့ကောင်မလေးတွေ အနေနဲ့ ဒီနည်းလမ်းလေးတွေကို လိုက်နာရင် သင့်ကောင်လေးက သင့်ကို တိုးတိုးပြီး ချစ်လာမှာဖြစ်ပါတယ်။ (၁) သင့်ဘဝမှာ သူ့လောက်အရေးပါတဲ့ အခြားအရာတွေရှိပါစေ သူမှသူ၊ သူ့တစ်ယောက်တည်းကိုပဲစဉ်းစား၊ သူ့အနားမှာပဲတွယ်ကပ်နေမယ်ဆို သင်ဟာသူ့အတွက် ငြီးငွေ့ဖွယ်ကောင်းသလို၊ စိတ်ညစ်ဖို့လည်းကောင်းလာပါတယ်။ ဒါကြောင့် သင့်မိသားစု၊ သင့်အလုပ်၊ ကျောင်းစာတွေ စသဖြင့် သူ့လောက်အရေးကြီးတဲ့ အခြားအရာ ရှိနေပါစေ။ သူ့အတွက်ချည်းပဲ သင့်အချိန်တွေကို မသုံးသင့်ပါဘူး။ (၂) လွတ်လပ်ခွင့်ပေးပါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ချစ်သူကို လိုတာထက်ပိုပြီး မထိန်းချူပ်ပါဘူး။ သူ့သူငယ်ချင်းတွေနဲ့ အပြင်မသွားရ၊ မိန်းကလေးသူငယ်ချင်းမထားရ၊ တခြားကောင်မလေးတွေကို မကြည့်ရ စသဖြင့် ချမှတ်ထားတဲ့ သင့်ရဲ့ အူကြောင်ကြောင်စဉ်းမျဉ်းတွေက ကြာလာရင် သူ့ကို သင့်အနားကနေရှောင်ခွာ […]
အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့စုံတွဲကိုရွေးပါ….သင့်အချစ်ရေးကိုမှန်အောင်ပြောပြမယ်…
အပျော်ရွှင်ဆုံးလို့ သင်မြင်တဲ့စုံတွဲကိုရွေးပါ….သင့်အချစ်ရေးကိုမှန်အောင်ပြောပြမယ်… ခုပြထားတဲ့ ပုံလေးသုံးပုံမှာ အပျော်ရွှင်ဆုံးဖြစ်မယ်လို့ သင်ထင်တဲ့ စုံတွဲတစ်တွဲပုံကို ရွေးချယ်လိုက်ပါ။ ပြီးရင်တော့ သင်ရွေးချယ်လိုက်တဲ့ ပုံလေးကနေတစ်ဆင့် သင့်ရဲ့အချစ်ရေးကိုပြောပြပေးပါမယ်။ အဖြေတွေကိုတော့ အောက်မှာကြည့်လိုက်ပါနော်။ ပုံ (၁) ကို ရွေးခဲ့ရရင် ဒီပုံလေးကိုရွေးချယ်လိုက်တဲ့ သင့်အချစ်ရေးကတော့ အေးဆေးတည်ငြိမ်တဲ့ အချစ်မျိုးပါ။ သင့်ချစ်သူနဲ့ဓာတ်ပုံတွေ၊ သင့်အချစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို Social Media တွေပေါ်မှာ လူသိရှင်ကြားချပြနေစရာမလိုဘူး ဆိုတဲ့အတွေးမျိုးရှိသူပါ။ သင်ဟာ Social Media ပေါ်မှာ လူအများရဲ့အာရုံစိုက်မှုကို ရဖို့ထက် လက်တွေ့ဘဝမှာ လက်တွေ့ကျကျ ချစ်ရတာကိုပဲ နှစ်သက်သူပါ။ ပုံ (၂) ကို ရွေးခဲ့ရင် သင်ဟာ သင့်ရဲ့ခံစားချက်တွေကို လူသိရှင်ကြားထုတ်ပြတတ်ပါတယ်။ သင့်ခံစားချက်ကို ဘယ်သူ့ကိုမဆို ပွင့်ပွင့်လင်းလင်း ထုတ်ပြတတ်သူပါ။ သင်သိထားရမှာက သင့်ချစ်သူဘယ်သူဘယ်ဝါ၊ သင်တို့ပြဿနာ အဝဝကို သူများကိုပြောပြနေစရာမလိုပါဘူး။ […]
ကောင်လေးတွေ တိတ်တိတ်လေးသဘောကျရတဲ့ ချစ်သူမိန်းကလေးရဲ့ပုံစံလေးများ
ကော်လေးတွေဟာ တော်ရုံတန်ရုံ သူတို့ရဲ့ အချစ်တွေကို ထုတ်ဖော်ပြလေ့မရှိကြပါဘူး။ ဥပမာ ကိုယ်က သူ့မျက်လုံးထဲ အရမ်းလှနေပေမယ့်လည်း ခေီးကျူးဖို့နေနေသာသာ ဘာတွေဝတ်လာလဲတို့ ပြောတာမျိုးလေးတွေပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေးတွေရဲ့ စိတ်ထဲ ချစ်သာမိန်းကလေးကို တိတ်တိတ်လေး သဘောကျရတဲ့ အချိန်လေးတွေ ဟှိနေပါတယ်။ အဲဒါလေးတွေကတော့ ပြင်ပြင်ဆင်ဆင်နေတာ သူနဲ့တွေ့ဖို့ကို အချိန်ပေးပြီး မိတ်ကပ်လေးတွေ လိမ်းလာတာမျိုး၊ အဝတ်အစားလှလှလေးတွေ မရိုးအောင်ဝတ်လာတာမျိုးဆိုရင် သူတို့တွေက သဘောကျကြ ပါတယိတဲ့။ အလေးထားသဘို ခံစားရပြီး လူရှေ့သူရှေ့လည်ရ သိပ်ထုတ်ပြ ချင်ဆိုပဲ ။ သူတို့ကိုလမ်းပြတဲ့အခါ လူမှုရေးမှာပဲဖြစ်ဖြစ် အလုပ်ကိစ္စနဲ့ ပတ်သက် ရင်ဖြစ်ဖြစ် အကြံပေးတာတွေ၊ လမ်းပြပေးတာမျိုးတွေကို သူတို့ မကြိုက်ဘူးလို့ ထင်နေရင် မှားမှာပေါ့။ ဒီလိုလုပ်ပေးတာဟာ သူတို့ဘဝအတွက် တီးတိုးတိုင် ပင်ဖော်ရစေပြီး အထင်ကြီးလေးစား ပါသေးတယ်တဲ့ ။ […]
အသက်ငယ်တဲ့ ကောင်လေးကိုချစ်မိတဲ့ “မမတွေ” ကြုံတွေ့ရမယ့်အရာ (၈) ခု
အချစ်ဆိုတာ ဘယ်လိုစံနှုန်းတွေ ထားပီး ဘယ်လိုကျမှပဲ ချစ်မယ်ဆိုပြီး သတ်မှတ်သတ်မှတ် အချစ်က သူသွားချင်တဲ့ နေရာသွားတတ်တာပါ။ အင်္ဂလိပ်စကားပုံတစ်ခုရှိတယ်။ “ငါ့နှလုံးသားရဲ့တခါးဝမှာ ဝင်ခွင့်မရှိလို့ စာတမ်းချိတ် ထားခဲ့တယ်။ အချစ်က ရောက်လာပီး ကြေငြာလိုက်တယ်။ ငါကတော့ နေရာတကာဝင်တာပဲ”တဲ့။ အင်းခုလည်း ပြောပြချင်တာက ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်လေးတွေနဲ့ ချစ်သူရည်းစား ဖြစ်နေတဲ့ မမတွေကို ကြုံ့တွေ့ခံစားရမယ့် အရာ 8 ခုအကြောင်းကိုပြောပြချင်တာပါ။ ကဲ..ဖတ်ကြည့်လိုက်ကြရအောင် သူတို့ “မိခင်”လို့ထင်မယ် ကိုယ့်ထက် အသက်ငယ်တဲ့ ကောင်လေးတွေကို ချစ်သူတော်တဲ့ မမတွေဖြစ်ဖြစ် အသက်အများကြီးကြီးတဲ့မမကြီးတွေဖြစ်ဖြစ် အများဆုံးကြုံတွေ့ရတာ သူတို့ကောင်လေးတွေက သူတို့ကို မိခင်လို ထင်ပီဆိုးတတ်တာပါပဲ။ ဒါကတစ်ခါ တစ်ရံလည်းဖြစ်နိုင်သလို ခနခနလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုအခါတွေမှာ သူ့ကိုကလေးလို လိုက်လုပ်ပေးနေမယ့်အစား သူ့ကိုသူ လူကြီးဆန်အောင် သင်ပေးနိုင်ဖို့လိုလိမ့်မယ်။ […]
ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ သင့် ဖူးစာရှင်ဆိုတာ ဘယ်လိုလူမျိုးလဲ
ဖူးစာရှင်ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။ ကိုယ့်ရဲ့ဖူးစာရှင်နဲ့ ဘယ်နေရာ ဘယ်အချိန်မှာ တွေ့မလဲဆိုတာကို ဘယ်လိုမှ မှန်းလို့မရပါ ဘူး။ ဒါပင်မဲ့ ကိုယ့်ရဲ့ဖူးစာရှင်လို့ ထင်သောသူက ကိုယ်နဲ့တူညီ ချက်တွေကတော့ ရှိနိုင်ပါတယ်။ ဘယ်လိုတူညီချက်လဲ ဆိုရင်တော့ အော က်မှာဖတ်ကြည့်လိုက်ရင် နားလည်သွားပါလိမ့်မယ် ၁. လက်ချောင်းလေးတွေက တူနေတယ်။ သူကိုတွေ့တဲ့နေ့မှာ ဘာရယ်လို့မဟုတ်ဘူး သူ့ရဲ့လက်ချောင်းလေးကို ကြည့်လိုက်သောအခါ ကိုယ့်ရဲ့လက်ချောင်းလေးတွေနဲ့ တော်တော် တူနေတယ်။ ကိုယ့်ရဲ့ လက်ချောင်းလေးတွေက ပုံစံကနည်းနည်း ထူးဆန်းနေတာကြောင့် တူတဲ့သူက ရှားပါတယ်။ လက်ချောင်းတင်မက လက်သည်းလေးတွေလည်း တူနေတာပါ။ ၂. စိတ်ထဲကနေရာချင်းလဲ တူနေတယ်။ သူနဲ့စကားပြောနေတဲ့အခါ ဘာရယ်လို့မဟုတ် ငယ်ငယ်တုန်းက သွားခဲ့တဲ့နေရာထဲက အကြိုက်ဆုံးနေရာလေးတွေလည်း တူနေတယ်။ သူနဲ့ ကြီးပြင်းတဲ့နေရာက မတူပင်မဲ့ အကြိုက်ဆုံးနေရာလေးတွေက တူတူပဲ ဖြစ်နေတာဟာ […]









