အချစ်နှင့်ဘဝ

ကိုယ့်ချစ်သူအပေါ် အချစ်ကြီးလွန်းတဲ့ ယောက်ျားတွေဆိုတာ….

သင့်ချစ်သူဟာ အချစ်ကြီးတဲ့သူလားဆိုတာ သူ့ရဲ့အပြုအမူ၊ အနေအထိုင်၊ အမူအယာတွေကနေ သိလို့ရပါတယ်။

အချစ်ကြီးတဲ့ကောင်လေးတွေနဲ့ ချစ်မိရင် သူများအတွဲတွေနဲ့ မတူတဲ့ အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ရမှာတော့ အသေအချာပါပဲ။

တကယ်လို့ သင့်ချစ်သူဟာ အခုဖော်ပြပေးမယ့် အချက်လေးတွေနဲ့ ကိုက်ညီနေရင်တော့

သူဟာ အချစ်ကြီးတဲ့ ကောင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သိထားပြီး တစ်ခါတလေကျရင်သူများတွေထက် ပိုပြီး နားလည်သည်းခံပေးဖို့လိုအပ်တယ်ဆိုတာ မမေ့ပါနဲ့နော်။

(၁) အရမ်းသည်းခံတယ်

အချစ်ကြီးတဲ့ကောင်လေးဆိုတာ သင်ဘယ်လောက်ဆိုးဆိုး၊ ဘယ်လောက်ချွဲချွဲ သင့်ကို အရမ်းသည်းခံပေးတဲ့သူပါ။

သူ့ကိုသင်ရစ်တဲ့အချိန်တွေ၊ တမင်ဂျီကျနေတဲ့ အချိန်တွေနဲ့ သူမကြိုက်တာ တစ်ခုခုကိုသင်လုပ်လိုက်မိရင်တောင် သည်းခွင့်လွှတ်ပေးတဲ့သူပါ။

ဒီလိုအရမ်းသည်းခံလို့တော့ သူ့ကို စိတ်မဆိုးတတ်ဘူးမထင်ပါနဲ့။ စိတ်ဆိုးရင်လည်း သူများထက်ပိုကြောက်ဖို့ကောင်းပါတယ်။

သင့်ကိုအရမ်းသည်းခံတယ်ဆိုတာကလည်း အရမ်းချစ်လွန်းလို့ဖြစ်ပါတယ်။

(၂) ဝမ်းနည်းလွယ်တယ်

သင့်ချစ်သူဟာ ယောက်ျားလေးဖြစ်နေပေမယ့် ဝမ်းနည်းလွယ်တယ်ဆိုတာ အချစ်ကြီးလို့ပါ။

အချစ်ကြီးတဲ့ယောက်ျားလေးတွေဟာ အချစ်နဲ့ပတ်သက်ရင် နည်းနည်းလေးမှ အထိခိုက်မခံနိုင်လောက်အောင် အသည်းနုပါတယ်။

ဒါကြောင့် တစ်ခါတလေ သင့်ရဲ့ စကားတစ်ခွန်း၊ အပြုအမူလေးတစ်လေးတစ်ခုကအစ သူ့ကို အရမ်းဝမ်းနည်းသွားစေနိုင်ပါတယ်။

သူတို့ဟာ ဝမ်းနည်းလွယ်တာကြောင့် မလိုအပ်ပဲ သူတို့ကို ဝမ်းနည်းအောင် ခဏခဏမလုပ်မိပါစေနဲ့ စိတ်ကုန်သွားရင်လည်း ပြန်တောင်လှည့်မကြည့်တော့ပါဘူး။

(၃) သစ္စာရှိတယ်

အချစ်ကြီးတဲ့ ယောက်ျားလေးတွေဟာ သစ္စာလည်း ရှိပါတယ်။

သင်မရှိတဲ့အချိန်၊ သင်နဲ့ဝေးရာကိုရောက်နေတဲ့ အချိန်တွေမှာလည်း သင့်ကို မမေ့မလျော့ဆက်သွယ်တယ်၊ နောက်တစ်ယောက်လည်း မထားဘူး၊

သင့်အကြောင်းပဲတွေးပြီး သင့်တစ်ယောက်တည်းကိုပဲ ခေါင်းထဲထည့်တဲ့သူမျိုးပါ။

သူတို့ဟာ လူတစ်ယောက်ကို ချစ်မိပြီဆိုတာနဲ့ အချစ်တွေအားလုံးပုံအောပြီး တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲချစ်တတ်ကြပါတယ်။

လွယ်လွယ်လည်း မချစ်တတ်သလို၊ ချစ်မိပြီဆိုရင်လည်း လွယ်လွယ်နဲ့ နောက်မဆုတ်တတ်ပါဘူး။

(၄) လက်မလွှတ်ဘူး

အချစ်ကြီးတဲ့ကောင်လေးတွေဆိုတာ ဘယ်လောက်ပြဿ နာတွေ ရှိနေပါစေ၊

သင်တို့နှစ်ယောက်ကြားမှာ အတားအဆီးတွေ ဘယ်လောက်ပဲရှိနေပါစေ၊ ဘယ်တော့မှလက်တွဲဖြုတ်မယ့်သူမျိုး မဟုတ်ပါဘူး။

ဘယ်လောက်ပဲခက်ခဲကြမ်းတမ်းနေပါစေ၊ သင့်ကိုပဲရွေးချယ်ပြီး သင့်ကိုပိုင်ဆိုင်နိုင်ဖို့ အစွမ်းကုန်ကြိုးစားမယ့်သူမျိုးဖြစ်ပါတယ်။

လွယ်လွယ်လက်မလျှော့တတ်သလို၊ အချစ်အတွက်ဆိုရင် အရာအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့ သူမျိုးတွေပါ။

ဒါကြောင့် သင်တို့ကြားမှာ အခက်အခဲအတားအဆီးတွေ ရှိလာတဲ့အခါမှာ သူ့လက်ကိုဆုပ်ကိုင်ထားဖို့ပဲ သူတောင်းဆိုမှာပါ။

(၅) တန်ဖိုးထားတယ်

အချစ်ကြီးတဲ့ကောင်လေးတွေဟာ ချစ်သူကို အရမ်းတန်ဖိုးထားကြပါတယ်။

ဆူတာ၊ ဟောက်တာ၊ လက်ပါတာတွေဘယ်တော့မှ မလုပ်ရက်ကြပါဘူး။

သူတို့ချစ်ရတဲ့သူ ဝမ်းနည်းသွားမှာ၊ စိတ်ထိခိုက်သွားမှာ အရမ်းစိုးရိမ်ကြပါတယ်။

ချစ်သူကိုတန်ဖိုးထားသလောက် သဝန်လည်းတိုတတ်ကြပါတယ်။

သူများတွေက ချစ်သူကို ထိလားကိုင်လားလုပ်ဖို့မပြောနဲ့ ကြာကြာကြည့်ရင်တောင် မကြိုက်ကြတဲ့သူတွေပါ။

တစ်ခါတလေ သဝန်တိုလွန်းလို့ ကိုယ့်ကိုယ်ကိုတောင် စိတ်ညစ်မိတဲ့အချိန်တွေရှိပါတယ်။

ဒါပေမယ့်လည်း သဝန်မတိုပဲလည်းမနေနိုင်၊ ချစ်သူကိုလည်း မရစ်ချင်တာကြောင့် ထိန်းချုပ်ထားရင်းနဲ့ ဆူပုတ်ပုတ်ကြီး ဖြစ်နေတတ်တဲ့သူတွေပါ။

Em Em(Aunt