အခ်စ္နွင့္ဘဝ

သူမေခၚရင္ ကိုယ္လဲ မေခၚပဲ ေနႏိုင္တဲ့ မာနေလးထားၾကည့္ပါ …

သူမေခၚရင္ ကိုယ္လဲ မေခၚပဲ ေနႏိုင္တဲ့ မာနေလးထားၾကည့္ပါ

သူမေခၚရင္ ကိုယ္လဲ မေခၚပဲ ေနႏိုင္တဲ့ မာနေလး ထားၾကည့္ ပါလို႔ ကြၽန္မ ေျပာတဲ့အခါ ပထမဆုံးေတြးၾကတာက ေဝးသြားမွာေပါ့ တဲ့ ။အဲ့ဒီ အေတြးေတြေၾကာင့္ပဲ နာက်င္ခံစားေန ရတာေလ ။ ေဝးသြားမွာစိုးလို႔ မခ်စ္ေတာ့မွာ ဆိုးလို႔ ပစ္သြားမွာ စိုးလို႔ ဆိုတဲ့ ေသာကေတြနဲ႔ မာနေတြ ဘယ္ေလာက္ ခဝါခ်ခဲ့ၿပီးၿပီလဲ ေတြးၾကည့္ပါ ။

ေနာက္ဆုံး ကိုယ္ပဲ ဒဏ္ရာေတြနဲ႔ တစ္ေယာက္တည္းက်န္ခဲ့တာပဲ ႐ွိတယ္ တကယ္ မခ်စ္ခဲ့တဲ့သူအတြက္ေတာ့ လမ္းခြဲဖို႔ အေၾကာင္းျပခ်က္ မ်ိဳးစုံ႐ွိေနႏိုင္တာပဲေလ ။

အေတြးေတြ အမ်ားႀကီးနဲ႔ ကိုယ့္ကိုယ္ကိုယ္ မသတ္ပစ္လိုက္နဲ႔ေလ အေတြးေတြမ်ားရင္ အိပ္ေရးပ်က္မယ္ အလုပ္ပ်က္မယ္ သဘာဝတရားႀကီးကေတာ့ ဒီအတိုင္းလည္ပတ္ေနတာပါပဲ ကိုယ့္ကမ႓ာနဲ႔ ကိုယ့္ရင္ထဲမွာပဲ ဒဏ္ရာေတြ ျပည့္ႏွက္ေနမွာေလ ။

ဘဝမွာ ေပ်ာ္ေအာင္ ေနတတ္ခ်င္ရင္ ကိုယ့္အေတြးေတြကို အရင္ဆုံး ဂ႐ုစိုက္မွ ရမယ္ ။ေသေလာက္ေအာင္ခ်စ္ေနပါေစ မိန္းမ မာနဆိုတာေလးေတာ့ နဲနဲေလးျဖစ္ျဖစ္ ထားပါ ။စၿပီးခ်စ္ကတည္း အဆုံးထိခ်စ္ၾကမယ္လို႔ ေတြးတတ္တဲ့ ကိုယ့္ရဲ႕အက်င့္က

အားနည္းခ်က္ႀကီး ျဖစ္မသြားေစနဲ႔ ငါ ဘာလုပ္လုပ္ သူ ခြင့္လႊတ္ေနမွာပဲလို႔ တစ္ဖက္က ေတြးသြားတဲ့အခါ ကိုယ့္ကို ျပန္စာနာဖို႔ သတိမရတတ္ၾကေတာ့ဘူး ။ႏွလုံးသားကို အလိုလိုက္မွားတဲ့အခါ ဥပမာ . . . ဆိုးဆိုးေကာင္းေကာင္း သူမွ သူဆိုတာ သစၥာလို႔ လူေတြက ေျပာၾကတယ္

တကယ္တမ္း လက္ေတြ႕မွာ ကိုယ့္အေပၚတစ္စက္မွ မေကာင္းလဲ ဖက္တြယ္ထားတာပဲ မဟုတ္လား ။လူတစ္ေယာက္ ကိုယ့္အနား လာရပ္႐ုံနဲ႔ တစ္သက္လုံး ထြက္မသြားေတာ့ပါဘူးလို႔ ေတြးတတ္တဲ့ အေတြး အလြယ္တကူေလး ယုံၾကည္တတ္တဲ့ စိတ္ေလး ေဖ်ာက္ပါ ။

သူေတာင္မွ စ မေခၚတာ ကိုယ္လဲ မေခၚပဲ ေနမယ္ဆိုတဲ့ မာနေလး နဲနဲေလးပဲ ထားၾကည့္ ။ ေဝးသြားမွာေပါ့လို႔ ေတြးမိတဲ့အခါ တကယ္လို႔ ေဝးသြားၾကတယ္ဆိုရင္ ေဝးသြားတယ္လို႔ပဲ မွတ္႐ုံပဲ ႐ွိေတာ့တာေလ ။ တစ္ဖက္ကသာ ေဝးသြားခ်င္စိတ္ေလးသာ မ႐ွိရင္ မရမက ဆက္သြယ္လာမွာပဲဆိုတာေလး သိထားဖို႔လိုတယ္ ။

မိန္းမသားတို႔အတြက္ သွ်င္ယြန္း

Unicode,

သူမခေါ်ရင် ကိုယ်လဲ မခေါ်ပဲ နေနိုင်တဲ့ မာနလေးထားကြည့်ပါ

သူမခေါ်ရင် ကိုယ်လဲ မခေါ်ပဲ နေနိုင်တဲ့ မာနလေး ထားကြည့် ပါလို့ ကျွန်မ ပြောတဲ့အခါ ပထမဆုံးတွေးကြတာက ဝေးသွားမှာပေါ့ တဲ့ ။အဲ့ဒီ အတွေးတွေကြောင့်ပဲ နာကျင်ခံစားနေ ရတာလေ ။ ဝေးသွားမှာစိုးလို့ မချစ်တော့မှာ ဆိုးလို့ ပစ်သွားမှာ စိုးလို့ ဆိုတဲ့ သောကတွေနဲ့ မာနတွေ ဘယ်လောက် ခဝါချခဲ့ပြီးပြီလဲ တွေးကြည့်ပါ ။

နောက်ဆုံး ကိုယ်ပဲ ဒဏ်ရာတွေနဲ့ တစ်ယောက်တည်းကျန်ခဲ့တာပဲ ရှိတယ် တကယ် မချစ်ခဲ့တဲ့သူအတွက်တော့ လမ်းခွဲဖို့ အကြောင်းပြချက် မျိုးစုံရှိနေနိုင်တာပဲလေ ။

အတွေးတွေ အများကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် မသတ်ပစ်လိုက်နဲ့လေ အတွေးတွေများရင် အိပ်ရေးပျက်မယ် အလုပ်ပျက်မယ် သဘာဝတရားကြီးကတော့ ဒီအတိုင်းလည်ပတ်နေတာပါပဲ ကိုယ့်ကမ္ဘာနဲ့ ကိုယ့်ရင်ထဲမှာပဲ ဒဏ်ရာတွေ ပြည့်နှက်နေမှာလေ ။

ဘဝမှာ ပျော်အောင် နေတတ်ချင်ရင် ကိုယ့်အတွေးတွေကို အရင်ဆုံး ဂရုစိုက်မှ ရမယ် ။သေလောက်အောင်ချစ်နေပါစေ မိန်းမ မာနဆိုတာလေးတော့ နဲနဲလေးဖြစ်ဖြစ် ထားပါ ။စပြီးချစ်ကတည်း အဆုံးထိချစ်ကြမယ်လို့ တွေးတတ်တဲ့ ကိုယ့်ရဲ့အကျင့်က

အားနည်းချက်ကြီး ဖြစ်မသွားစေနဲ့ ငါ ဘာလုပ်လုပ် သူ ခွင့်လွှတ်နေမှာပဲလို့ တစ်ဖက်က တွေးသွားတဲ့အခါ ကိုယ့်ကို ပြန်စာနာဖို့ သတိမရတတ်ကြတော့ဘူး ။နှလုံးသားကို အလိုလိုက်မှားတဲ့အခါ ဥပမာ . . . ဆိုးဆိုးကောင်းကောင်း သူမှ သူဆိုတာ သစ္စာလို့ လူတွေက ပြောကြတယ်

တကယ်တမ်း လက်တွေ့မှာ ကိုယ့်အပေါ်တစ်စက်မှ မကောင်းလဲ ဖက်တွယ်ထားတာပဲ မဟုတ်လား ။လူတစ်ယောက် ကိုယ့်အနား လာရပ်ရုံနဲ့ တစ်သက်လုံး ထွက်မသွားတော့ပါဘူးလို့ တွေးတတ်တဲ့ အတွေး အလွယ်တကူလေး ယုံကြည်တတ်တဲ့ စိတ်လေး ဖျောက်ပါ ။

သူတောင်မှ စ မခေါ်တာ ကိုယ်လဲ မခေါ်ပဲ နေမယ်ဆိုတဲ့ မာနလေး နဲနဲလေးပဲ ထားကြည့် ။ ဝေးသွားမှာပေါ့လို့ တွေးမိတဲ့အခါ တကယ်လို့ ဝေးသွားကြတယ်ဆိုရင် ဝေးသွားတယ်လို့ပဲ မှတ်ရုံပဲ ရှိတော့တာလေ ။ တစ်ဖက်ကသာ ဝေးသွားချင်စိတ်လေးသာ မရှိရင် မရမက ဆက်သွယ်လာမှာပဲဆိုတာလေး သိထားဖို့လိုတယ် ။

မိန်းမသားတို့အတွက် သျှင်ယွန်း