ၾကားသိရသမွ်

ျမန္မာနိုင္ငံသူနိုင္ငံသားေတြ အားလုံး ျမန္မာ့စပါးအုံး ေအာင္လ ရဲ႕ပြဲႀကီးပြဲေကာင္းတစ္ပြဲ လာပါေတာ့မည္ …

ကဲ ကဲ ျမန္မာနိုင္ငံသူနိုင္ငံသားေတြ အားလုံး

ျမန္မာ့စပါးအုံး ေအာင္လ ရဲ႕ပြဲႀကီးပြဲေကာင္းတစ္ပြဲဒီဇင္ဘာ ၈ ရက္ေန႕လာပါေတာ့မည္ …

လာၿပီ

လာၿပီ ဒီဇင္ဘာ ၈ ရက္ေန႕ျမန္မာ့ဂုဏ္ေဆာင္ MMA ကစားသမား ေအာင္လအန္ဆန္ ကိုအားေပးၾကပါအုံးလို႔ အမ်ိဳးတို႔ေရ

ျမန္မာ MMA ကစားသမား ေအာင္လအန္ဆန္သည္ မစ္ဒယ္ဝိတ္တန္းကမာၻ႔ခ်န္ပီယံလုပြဲအျဖစ္ စိန္ေခၚသူ ဒီရစ္ဒါႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ ပထမအခ်ီ သုံးမိနစ္ ၂၆ စကၠန့္တြင္ ခ်ဳပ္ကြက္မိၿပီး အေရးနိမ့္ခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ONE Championship သည္ ဒီရစ္ဒါ၏ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုအား စိန္ေခၚနိုင္သည့္ ကစားသမားမ်ားအားထုတ္ျပန္ခဲ့ရာ ခ်န္ ပီယံေဟာင္းမ်ားျဖစ္သည့္ ေအာင္လအန္ဆန္ (ျမန္မာ)ႏွင့္ ဘစ္ဒက္ရွ္ (႐ုရွား)တို႔အျပင္ ဘရာဇီးလ္ ကစားသမား လီအန္ဒရိုလည္း ပါဝင္လာသည္။

ေအာင္လအန္ဆန္သည္လက္လႊတ္ခဲ့ရသည့္ မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို ျပန္လည္ရယူသြားမည္ျဖစ္ေၾကာင္း ကတိေပးေျပာၾကားထားၿပီး မၾကာမီျပန္လည္ စိန္ေခၚ ခြင့္ရရန္ ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။သို႔ေသာ္ ေအာင္လအန္ဆန္အေနျဖင့္ ခ်န္ပီယံဆုအားျပန္လည္စိန္ေခၚနိုင္ရန္ ခ်န္ပီယံေဟာင္းဗစ္တာလီဘစ္ဒက္ရွ္ႏွင့္ဦးစြာထိုးသတ္ရဖြယ္ရွိေၾကာင္း အရိပ္အႁမြတ္ေျပာၾကားထား သည္။

ေအာင္လအန္ဆန္သည္ ONE မစ္ဒယ္ဝိတ္တန္း ကမာၻ႔ခ်န္ပီယံဆုကို၂၀၁၇ ခုႏွစ္ဇြန္လတြင္ ႐ုရွားနိုင္ငံသား ဗစ္တာလီဘစ္ဒက္ရွ္ကိုအမွတ္ျဖင့္အနိုင္ယူၿပီးရရွိခဲ့ျခင္းျဖစ္သည္။ခ်န္ပီယံျဖစ္ၿပီးသုံးႏွစ္ေက်ာ္ကာလအတြင္းခ်န္ပီယံကာကြယ္ပြဲမ်ားထိုးသတ္ရာတြင္ရႈံးပြဲႀကဳံေတြ႕ခဲ့ျခင္းျဖစ္သည္။

ေအာင္လအန္ဆန္သည္ ယခုႏွစ္အတြင္းတစ္ပြဲသာထိုးသတ္ရေသးၿပီး လာမည့္ပြဲကိုယခုႏွစ္အတြင္း ထိုးသတ္ရျခင္းမရွိပါက လာမည့္ႏွစ္ဆန္းပိုင္းတြင္ ထိုးသတ္ရဖြယ္ရွိေနသည္။ONE Championship သည္ ေအာင္လအန္ဆန္၏ပြဲစဥ္မ်ားႏွင့္ ပတ္သက္၍ ထပ္မံထုတ္ျပန္မည္ျဖစ္ၿပီး လိုက္ဟဲဗီးဝိတ္တန္းခ်န္ပီယံကာကြယ္ပြဲထက္ မစ္ဒယ္ဝိတ္တန္းစိန္ေခၚပြဲမ်ားသာ ထိုးသတ္ရဖြယ္ရွိေနသည္။

Crd

Unicode,

ကဲ ကဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အားလုံး

မြန်မာ့စပါးအုံး အောင်လ ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဒီဇင်ဘာ ၈ ရက်နေ့လာပါတော့မည် …

လာပြီ

လာပြီ ဒီဇင်ဘာ ၈ ရက်နေ့မြန်မာ့ဂုဏ်ဆောင် MMA ကစားသမား အောင်လအန်ဆန် ကိုအားပေးကြပါအုံးလို့ အမျိုးတို့ရေ

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် စိန်ခေါ်သူ ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီ သုံးမိနစ် ၂၆ စက္ကန့်တွင် ချုပ်ကွက်မိပြီး အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ONE Championship သည် ဒီရစ်ဒါ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား စိန်ခေါ်နိုင်သည့် ကစားသမားများအားထုတ်ပြန်ခဲ့ရာ ချန် ပီယံဟောင်းများဖြစ်သည့် အောင်လအန်ဆန် (မြန်မာ)နှင့် ဘစ်ဒက်ရှ် (ရုရှား)တို့အပြင် ဘရာဇီးလ် ကစားသမား လီအန်ဒရိုလည်း ပါဝင်လာသည်။

အောင်လအန်ဆန်သည်လက်လွှတ်ခဲ့ရသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူသွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားထားပြီး မကြာမီပြန်လည် စိန်ခေါ် ခွင့်ရရန် မျှော်မှန်းထားကြောင်းသိရသည်။သို့သော် အောင်လအန်ဆန်အနေဖြင့် ချန်ပီယံဆုအားပြန်လည်စိန်ခေါ်နိုင်ရန် ချန်ပီယံဟောင်းဗစ်တာလီဘစ်ဒက်ရှ်နှင့်ဦးစွာထိုးသတ်ရဖွယ်ရှိကြောင်း အရိပ်အမြွတ်ပြောကြားထား သည်။

အောင်လအန်ဆန်သည် ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို၂၀၁၇ ခုနှစ်ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကိုအမှတ်ဖြင့်အနိုင်ယူပြီးရရှိခဲ့ခြင်းဖြစ်သည်။ချန်ပီယံဖြစ်ပြီးသုံးနှစ်ကျော်ကာလအတွင်း

ချန်ပီယံကာကွယ်ပွဲများထိုးသတ်ရာတွင်ရှုံးပွဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်းတစ်ပွဲသာထိုးသတ်ရသေးပြီး လာမည့်ပွဲကိုယခုနှစ်အတွင်း ထိုးသတ်ရခြင်းမရှိပါက လာမည့်နှစ်ဆန်းပိုင်းတွင် ထိုးသတ်ရဖွယ်ရှိနေသည်။ONE Championship သည် အောင်လအန်ဆန်၏ပွဲစဉ်များနှင့် ပတ်သက်၍ ထပ်မံထုတ်ပြန်မည်ဖြစ်ပြီး လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံကာကွယ်ပွဲထက် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲများသာ ထိုးသတ်ရဖွယ်ရှိနေသည်။

crd