ဗေဒင်

အချစ်သစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ပြောပြပေးမယ့် စမ်းသပ်ချက်လေး

အချစ်သစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာ ပြောပြပေးမယ့် စမ်းသပ်ချက်လေး နံပါတ် ၁ ပထမပန်းလေးကို ရွေးချယ်ခဲ့မယ်ဆိုရင် သင်ဟာ ရည်စားထပ်ထားဖို့ အခုချိန်မှာ အဆင်သင့်ဖြစ်ခါနီးပါပြီ။ (အဆင်သင့်တော့ မဖြစ်သေးဘူးပေါ့နော်) အတိတ်ကာလမှာ သင်ဟာ အချစ်ရေးနဲ့ပတ်သက်ပြီး သင်ခန်းစာတွေ တော်တော်များများ ရခဲ့တဲ့အတွက် အခုအချိန်မှာ ရင့်ကျက်လုနီးပါး ဖြစ်နေပါပြီ။ အချစ်ရေးမှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာတွေကို သိနေပြီဖြစ်တဲ့အတွက် အတိတ်ကလို ကလေးဆန်ပြီး မိုက်ရူးရဲဆန်တာမျိုးတွေ မရှိတော့ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ချက်ချထားပါတယ်။ ဒါပေမယ့် လောလောဆယ် ရည်းစားထပ်မထားခင် နည်းနည်းလောက် အချိန်ယူပြီး တစ်ယောက်ထဲ နေကြည့်ပါဦးနော်… နံပါတ် ၂ ဒုတိယပန်းလေးကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ရည်စားထပ်ထားဖို့ အခုချိန်မှာ အဆင်သင့်ဖြစ်နေပါပြီ။ သင့်အနေနဲ့ ဒီတစ်ခေါက်အချစ်ရေးမှာ တည်တည်ငြိမ်ငြိမ်နဲ့ လေးနက်တဲ့အချစ်ရေးဖြစ်အောင် ဖန်တီးတော့မှာပါ။ သင်ဟာ […]

ဗေဒင်

လူသိနည်းသော သောကြာသားသမီးတို့၏ အားသာချက်

သောကြာသားသမီးလေးတွေဟာ အဆို၊ ပန်းချီလိုမျိုး အနုပညာအလုပ်တွေကို အထူးခုံမင်နှစ်သက်သလို ထူးကဲတဲ့ပါရမီလည်း ပါလာတတ်သူတွေဖြစ်ပါတယ် သင်ဟာ ပျော်ပျော်နေတတ်သူတစ်ယောက် ဖြစ်တဲ့အပြင် ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းတတ်သူပါ ဒါပေမယ့် အချစ်ရေးမှာတော့ အရမ်းကိုထိရှလွယ်တဲ့သူတစ်ယောက်ပါ သောကြာသားသမီးလေးတွေဟာ စိတ်ခံစားချက်ပြင်းထန်တဲ့သူတွေဖြစ်တဲ့အလျောက် အသည်းကွဲတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်မှုတွေ ပေးသွားတဲ့အခါမှာ လွယ်လွယ်နဲ့ပြန်ပြီး မကုစားနိုင်ကြပါဘူး သင်ဟာမိန်းကလေးတစ်ယောက်ဆိုရင် သူတစ်ပါးရဲ့စိတ်ခံစားချက်တွေကို စာနာနားလည်ပေးတတ်လွန်းလို့ သင့်မှာအပေါင်းအသင်းတွေ ဝိုင်းဝိုင်းလည်နေမှာပါ… သောကြာသားသမီးတွေဟာ စကားကို သွယ်ဝိုက်မပြောပဲ တိုက်ရိုက်ပြောတတ်သူတွေဖြစ်ပြီး မဟုတ်မခံချင်စိတ် အပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်… သောကြာသားသမီးတွေဟာ သူငယ်ချင်း အပေါင်းအသင်းတွေကြား၊ ဆန့်ကျင်ဘက်လိင်တွေကြားမှာ အရမ်းကိုပေါ်ပြူလာဖြစ်ပြီး ဖော်ရွေသလောက် မိသားစုတွေနဲ့တော့ သိပ်ပြီး မတည့်တဲ့သူတွေပါ… သောကြာသားသမီးတွေဟာ လွယ်လွယ်နဲ့ ကျရှုံးတတ်တဲ့သူတွေ မဟုတ်ပါဘူး။ အရမ်းမျှော်လင့်ထားတဲ့ အရာတစ်ခုခု၊ အလေးအနက်ထားတဲ့ အရာတစ်ခုခုက ကိုယ်ထင်ထားသလို ဖြစ်မလာခဲ့ရင် […]

ဗေဒင်

၁၃၈၃-ခုနှစ်၊မဟာသင်္ကြန်စာ ဟောစာတမ်းကြီး

၁၃၈၃-ခုနှစ်၊သင်္ကြန်စာ ဟောစာတမ်းကြီး ဇေယျတု မြန်မာသက္ကရာဇ်၁၃၈၂ခုနှစ်၊ နှောင်းတခူးလ္ဆန်း၃ရက်၊ခရစ်နှစ်2021 ၊ဧပြီလ(14)ရက်(၊ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန်နံနက် ၅နာရီ၄၆မိနစ်၅၅စက္ကန်.အချိန်တွင် မဟာသင်္ကြန်ကျပါသည်။ မြန်မာသက္ကရာဇ်၁၃၈၂နှစ်ခုနှစ်၊နှောင်တစ်ခုလဆန်း(နှစ်ခုနှစ်၊နှောင်တစ်ခုလဆန်း(၄)ရက်၊ခရစ်နှစ်2021၊ဧပြီလ(15)ရက်( ကြာသပတေးနေ့)သည်မဟာသင်္ကြန် (အကြတ်ရက်)ဖြစ်သည်။ မြန်မာသက္ကရာဇ်၁၃၈၂ခုနှစ်၊ နှောင်းတခူးလ္ဆန်း၅ရက်၊ခရစ်နှစ်2021 ၊ဧပြီလ(16)ရက်၊​(သောကြာနေ့)နံနက် ၉နာရီ၅၁မိနစ်၃၆စက္ကန့်တွင်မဟာသင်္ကြန်တက်ပါသည်။ ထိုကြောင်မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊ဦးတခူးလ္ဆန်းခုနှစ်၊ဦးတခူးလ္ဆန်း(၆)ခရစ်နှစ်2021၊ဧပြီးလ(17) ရက်၊စနေနေ့သည် နှစ်ဆန်း(၁)ရက်နေ့ဖြစ်၊ကောဇာသက္ကရာဇ်၁၃၈၃-ခုနှစ် လက်ထက်ရက်မရှိ၍ …. ဗုဒ္ဓဘာသာ၊သာသနာတော် ဝန်ထမ်း ရဟန်းအရှင်မြတ်တို့မှာ မြန်မာသက္ကရာဇ်၁၃၈၃ခုနှစ်၊ဝါဆိုလပြည်ကျော်(၁)ရက်၊ ခရစ်နှစ်(2021)၊ဇူလိုင်လ(၂၄)ရက်၊စနေနေ့တွင် ပထမပုရိမဝါ ကပ်ဆိုတော်မူကြရမည်။ ဒုတိယပစ္ဆိမဝါကို ဝါခေါင်လပြည်ကျော်(၁)ရက်၊သြဂုတ်လ(၂၃)ရက်တနလာင်္နေ့တွင် ကပ်ဆိုတော်မူကြရမည်။ (ကန်ဦးမူသင်္ကြန်စကားပြေကျမ်း) ကောဇာသက္ကရာဇ်၁၃၈၃ခုနှစ်အတွက် အရှင်သခင်ဂြိုဟ်ဖွဲ့ ဝဿပတိဧကရာဇ် -တနလာင်္ဂြိဟ် သေနာပတိ ကာကွယ်ရေး – ဗုဒ္ဓဟူးဂြိုဟ် သဿပတိ စိုက်ပျိုးရေး-စနေဂြိုဟ် ရဿပတိ ကုန်သွယ်ရေး -တနလာင်္ဂြိုဟ် နိရဿတိ ဓာတ်သတ္တု-သောကြာဂြိုဟ် အသီးသီးသည်၊နေစင်္ကြာဝဋ္ဌာကြီးအာ ဥပါဒ်ဘေးအန္တရာယ်အပေါင် ကင်းဝေးပြီး ကမ္ဘာသူ ကမ္ဘာသားအပေါင်း … ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေခြင်း​ […]

ဗေဒင်

(၇)ရက်သားသမီးများအတွက် အိမ်ထောင်းရေး ဟောကိန်း (၃၃)ချက်…

(၇)ရက်သားသမီးများအတွက် အိမ်ထောင်းရေး ဟောကိန်းများ (၁) အမျိုးသား (တနင်္ဂနွေ) + အမျိုးသမီး (တနင်္ဂနွေ) ထိုသူနှစ်ဦး၏ အိမ်ထောင်ရေး မေတ္တာခရီးလမ်းသည် လေးနက်ခိုင်မြဲပါလိမ့်မည်။ (၂) အမျိုးသား (တနင်္လာ) + အမျိုးသမီး (တနင်္လာ) ထိုသူနှစ်ဦးအဖို့ စီးပွားရေး ဖြစ်ထွန်းတတ်ပါသည်။ (၃) အမျိုးသား (အင်္ဂါ) + အမျိုးသမီး (အင်္ဂါ) အမျိုးသားသည် ဦးစြာ မုဆိုးဖိုဘဝသို့ ရောက်တတ်၏။ (၄) အမျိုးသား (ဗုဒ္ဓဟူး) + အမျိုးသမီး (ဗုဒ္ဓဟူး) စိတ်သောကတို့ ရောက်ရမလွဲပါ။ သောကငြိမ်းအေးနေနိုင်ရေးကို ကြံစည်တွေးတော လုပ်ဆောင်ပါလေလော့။ (၅)အမျိုးသား(ကြာသပတေး)+အမျိုးသမီး(ကြာသပတေး) တူနှစ်ကိုယ်ပေါင်းဖက်သည့် သကာလ ချမ်းသာသုခနှင့် ပြည့်စုံပါလိမ့်မည်။ (၆) အမျိုးသား (သောကြာ)+အမျိုးသမီး (သောကြာ) ရွှေတွဲလွဲ၊ ငွေတွဲလွဲ အိမ်ကောင်းသာကောင်းများ […]

ဗေဒင်

နေ့သားအလိုက် ငွေကြေး၊လာဘ်လာဘ အထူးပွင့်လန်းစေတဲ့ နေနဲ့လနှစ်ပါးဆိုင်တဲ့ သိကြားကိုယ်တိုင်မရမည့်ကိန်း

နေ့သားအလိုက် ငွေကြေး၊လာဘ်လာဘ အထူးပွင့်လန်းစေတဲ့ နေနဲ့လနှစ်ပါးဆိုင်တဲ့ သိကြားကိုယ်တိုင်မရမည့်ကိန်း ငွေကြေး လာဘ်လာဘ အထူး ပွင့်လန်းစေတဲ့ နေနဲ့လနှစ်ပါးဆိုင်တဲ့ သိကြား ကိုယ်တိုင်မမည့်ကိန်း ယခုလို အစိမ်းရောင် ဖယောင်းတိုင် လေးမှာ ဘံ လာ ဟိ ဧ လို့ရေးပြီး နေ့စဉ် နေ့၁၁နာရီ ၃၀မိနစ် မှ ၁၂နာရီ၁၀မိနစ် အတွင်း ငါးပါးသီလထဲက ကိုယ်နိုင်တဲ့ သီလလေးထိန်းပြီးဘုရားကန်တော့ ဆုတောင်း မေတ္တာပို့မယ်ဆိုရင် ငွေကြေးလာဘ်လာဘအတွက်ပူစရာလိုပါဦးမလားလို့ လုပ်ကြည်ကြပါလားဗျာ အကျိုးကျေးဇူး တွေကတော့ မပြောတော့ပါဘူး လုပ်ကြည့်ရင် သိလာပါလိမ့်မယ်ဗျာ…။ နောက်ထက် မြန့်မာလောကီ ပညာရပ် ငွေကြေးလာဘ်လာဘ အထူးပွင့်လန်းပွားများ စေတဲ့ အစီအရင် နည်းလမ်းကောင်းလေး တစ်ခုမေတ္တာလက်ဆောင် ထက်ပေါင်းပေးလိုက်ပါဦးမယ်လေ… လိုအပ်ရင်တော့အသုံးပြုနိုင်ပါတယ် အလွန်အစွမ်းထက်…လွန်းလှပါတယ် ခင်ဗျာ။ ယခုအစီအရင်အား…ကျွန်တော့် တို့ကို သင်ကြားပြသပေးပါသော […]

ဗေဒင်

1.3.2021မှ 31.3.2021ထိ မိတ်ဆွေများအားလုံးအတွက် ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော်

1.3.2021မှ 31.3.2021ထိ မိတ်ဆွေများအားလုံးအတွက် ဟောစတမ်းအပြင် ယတြာလေးတွေပါလို့ သိမ်းထားဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း သူတစ်ပါးငွေများ ကိုင်ခြင်း အာမခံခြင်းများ မလုပ်ပါနှင့်ပြသာနာ တက်ရတတ်သည်။အိမ်ထောင်ရေးတွင် အထူးကံကောင်းကျိုးပြုလာမည်။အချစ်ရေး၌ စန်းပွင့်ပြီး လူငယ်လူရွှယ်များအနေဖြင့် နှလုံးသားရေးရာများတွင် အထင်အမြင်လွဲမှားမှုကြောင့်စိတ်မောရတတ်သည်။ ပညာရေး၌ ရှေ့ပိုင်းကာလတွင် မရောင်မလည်ဖြစ်နေတတ်သော်လည်း နောက်ပိုင်းမှအဆင်ပြေ အောင်မြင်နိုင်ကိန်းရှိသည်။ကျန်းမာရေးမှာ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်မည်။လူမှုရေး၌ အထူးလူချစ်လူခင်ပေါ်များမည်။ မိတ်ဆွေအပေါင်းအသင်းနှင့်ဆက်ဆံရေး မပြေပြစ်စေကာမူ တပည့်လက်သားအလုပ်သမားတို့နှင့် အဆင်ပြေ တိုးတက်ကောင်းမွန်နိုင်၏။စီးပွားရေးလုပ်ငန်းတွင် ဆုံးရှုံးထားသောငွေများ ပြန်လည်အဆင်ပြေလာမည်။ကား၊ကျောက်၊များအရောင်းဝယ်ကံကောင်းမည်။ ယတြာ။ ။မိမိမွေးနေ့တွင် ဇော်စိမ်း(၉)ခက်(သို့မဟုတ်) ဇွန်(၉)ညွန့်ဘုရားမှာလှူပေးပါ။ သင်၏မိတ်ဆွေသူငယ်ချင်းဖတ်ရှု့နိုင်အောင် Like and Shareပေးကြပါ….။ တနင်္လာသားသမီးများအတွက် 1.3.2021မှ 31.3.2021ထိ (1)လစာဟောစာတမ်း စီးပွားရေးလုပ်ငန်း တိုးချဲ့ခြင်း/ဌာနနေရာပြောင်းရခြင်းများ ပြုလုပ်ဖို့ လေသံများထွက်လာတတ်သည်။ပညာရေး ကောင်းမွန်ပြီး အထက်လူကြီးများ၏ ကူညီမှုကိုရတတ်သည်။စီးပွားရေး […]

ဗေဒင်

ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အထင်ကရမှဲ့(၇)မျိုး…

ယောက်ျားများ၏ ချစ်ခင်မှု့စွဲလန်းမှု့များရလေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ အထင်ကရမှဲ့(၇)မျိုး… အမျိုးသမီးများတွင်ရှိသော ထင်ရှားသော မှဲ့(၇)မျိုး ကို ဖော်ပြပေးလိုက်ပါတယ် …။ ရတနာဆံ ကျစ်လို့ခေါ်တဲ့ မှဲ့ရယ်၊ ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်၊ မျက်ရည်ခံမှဲ့ရယ်၊ ဘယ်ဘက်မျက်ရည်ခံမှဲ့(ညာရယ် နှုတ်တဆိတ် ဆိုတဲ့မှဲ့ရယ်)၊ ရွှေပိတုန်းစုပ် ဆိုတဲ့မှဲ့ရယ်၊ စံပယ်တင်(ညာဘက်)မှဲ့ရယ် ဆိုပြီးအမျိုးသမီးတွေ အတွက်အထင်ကရ မှဲ့(၇)မျိုး ရှိပါတယ် …။ အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို၇တနာရွှေအိုး လို့ခေါ်ပါတယ်။ အဲဒီမှဲ့ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝ ချမ်းသာလေ့ရှိတယ်၊ နာမည်ဂုဏ်သတင်း ကျော်ကြား တတ်ပါတယ် …။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းထဲ ကျနေရင်လည်းခနပဲ …။ […]

ဗေဒင်

ထူးခြား ဆန်းပြားတဲ့ တနင်္လာလေးတွေရဲ့ စိတ်နေသဘောထား

သူငယ်ချင်းတို့ရေ တနင်္လာ သားသမီးတွေရဲ့ စိတ်နေသဘောထားလေးတွေကို ပြောပြမယ်နော်။ မိမိချစ်သူက တနင်္လာ သားသမီးဆိုရင် သူတို့ စိတ်လေးတွေကို နားလည်တော့ ပိုကောင်းတာပေါ့။ တနင်္လင်္ာ သားသမီးများ ( ၁ ) ဉာဏ်အလွန်ကောင်းပါတယ်။စကားအပြောအဆိုငြင်သာပြီးဉာဏ်ရည်မြင့်တဲ့သူတွေဖြစ်ပါတယ် ။ ( ၂ ) အရမ်း ကို ခံစား လွယ်ပြီး ထိခိုက်လွယ်တဲ့သူတွေပါ။ သေးသေးလေးတွေက အစ အရမ်း ခံစားပြီးဝမ်းနည်း လွယ်တဲ့ သူတွေဖြစ်ပါတယ် ။ ( ၃ ) မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့အတူတူ အချိန်ဖြုန်းရတာ၊ တွေ့ဆုံရတာမျိုးကို အရမ်းနှစ်သက်တဲ့သူတွေဖြစ်ပါတယ်။ မိသားစု၊သူငယ်ချင်းတွေ အပေါ်သံယောဇဉ် ကြီးတဲ့သူတွေဖြစ်ပါတယ် ။ ( ၄ ) ငြိမ်းချမ်းခြင်းကိုလိုလားတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းမှုတွေကို သယ်ဆောင်လာပေးတဲ့သူတွေဖြစ်ပါတယ် ။ […]

ဗေဒင်

သင်ဇာတာမှာ ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ

သင်ဇာတာမှာဘယ်လိုအိမ်မျိုးနဲ့နေရမလဲမိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍( ၇ )ဖြင့်စားပါ ၁ ကြွင်းသော် အိမ်ကြီးအိမ်ကောင်းများနှင့်အကျိုးပေးအားနည်းတတ်သည်မကြာခဏပြောင်းရွှေ့နေထိုင်ရသောသူများဖြစ်တတ်သည် တစ်နေရာတည်း၌အခြေချရန်ခက်ခဲတတ်သည်။အိမ်၌စွဲမြဲစွာနေလျှင်လည်းကျန်းမာရေးညံ့လာတတ်ပေသည် ၂ ကြွင်းသော်တော်ရုံတန်ရုံ လူချမ်းသာများပင်လျှင်မနေနိုင်သောအိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရတတ်သည်။ခမ်းနားထည်ဝါသောအိမ်ကြီးများ၌နေထိုင်ရတတ်သည်ယခုအခြေအနေ၌ ဆင်းရဲနေလျှင်ပင်အိမ်ကိုသပ်သပ်ရပ်ရပ် မွမ်းမံပြင်ဆင်ခြင်းအားဖြင့်စီးပွားတက်ချမ်းသာလာနိုင်ပေသည် ၃ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရတတ်ပေသည်။အိမ်ကိုမကြာခဏပြင်ဆင်မွမ်းမံလေလေစီးပွားတက်လေလေ။အိမ်ကိုအကြောင်းပြု၍စီးပွားဖြစ်ထွန်းတတ်သောကြောင့်အိမ်နှင့်အလုပ်ကို တွဲထားသင့်ပေသည် ၄ြ ကွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရမည့်ကံပါသူဖြစ်သည် ရုတ်တရက်အမွေရခြင်း ထီပေါက်ခြင်းတို့ကြောင့်စီးပွားတက်၍လည်းကောင်း ဆုရခြင်းမဲပေါက်ခြင်း လက်ဆောင်ရခြင်းကြီးကဲသူတို့ကချီးမြှင့်ခြင်းကြောင့်လည်းကောင်းအိမ်ကြီးအိမ်ကောင်းနှင့် နေထိုင်ရတတ်သည် ၅ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့် နေထိုင်ရန်ကံနည်းပါးသည်မကြာခဏ ပြောင်းရွှေ့နေထိုင်ရတတ်သည်။အိမ်မှာနေလျှင် အလုပ်များအဆင်မပြေခြင်းပူပင်များရခြင်းမျာကြုံရတတ်ပေသည်။အိမ်နှင့်အလုပ်ကို တွဲ၍မထားသင့်သော ဇာတာရှင်များဖြစ်သည် ၆ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းများနှင့်နေထိုင်ရန်ကံပါလာသူများဖြစ်သည်ထူးခြားဆန်းပြားသောပုံစံဒီဇိုင်းရှိသည့်အိမ်များ၌နေထိုင်ရမည်အိမ်ကြီးအိမ်ကောင်းများတွင်နေထိုင်ပြီးစီးပွားတက်မည်ဤသူများနေထိုင်ရာအိမ်တွင်အများစိတ်ဝင်စားဖွယ်ရာထူးထူးခြားခြားရှိနေတတ်သည် ၀ ကြွင်းသော်အိမ်ကြီးအိမ်ကောင်းနှင့်နေထိုင်ရန်ကံနည်းပါးတတ်သည်အိမ်ကြီးအိမ်ကောင်းကိုပိုင်ဆိုင်ထားပြီအခြားတစ်ပါးတွင် နေထိုင်ရတတ်သည် မိမိမှာ အိမ်ပိုင်ပါလျက်နှင့် သူတစ်ပါး၏အိမ်တွင်နေရတတ်သည်မကြာခဏပြောင်းရွှေ့နေထိုင်ရန်ဇာတာပါလာသူများဖြစ်သည် (ဆရာ ဇင်ယော်နီ ၏ရွှေအိမ်တော် အဖွင့်ကျမ်း “မှ,,မျှဝေပါသည်)စရဏ~ကျော်ဉာဏ်သိန်း09440032699Viber credit  

ဗေဒင်

စနေသားသမီးလေးတွေ အကြောင်းတစေ့တစောင်း…

စနေသားသမီးတွေက လူ့ ဘဝကို စရောက်ပီ ဆို ကတည်းက စိတ်ကြီး တတ်ကြပါတယ်။ ဒေါသဖြစ်ပီ ဆိုရင်လည်း အရာဝတ္ထု တစ်ခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်(အများစုတော့ မဟုတ်ပါ) …။ ပြောချင်တဲ့ စကားကို သွယ်ဝိုက် မပြောတတ်ပဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်းသာ ပြောတတ်တယ် …။ အစွဲအလန်းကြီးတယ်။ အမှတ်တရတွေကို သတိရနေ တတ်တယ်။ ကိုယ့်အပေါ်ကောင်းတဲ့ လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ် ကြဘူး။ ဒေါသကြီးရင် လည်း သူများနဲ့ မတူအောင်ပါပဲ …။စိတ်ကြီးတယ် မဟုတ်မခံ တတ်ဘူး။ အချိန်ခနလေးနဲ့ ဒေါသ အရမ်းထွက်တတ်ပေမယ့်ဟုန်းခနဲထတောက်တဲ့ မီးလိုဒေါသတွေ ကခနပဲ ကြာကြာတော့ စိတ်ထဲ မထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေမြင်ရင် ချစ်တတ်တယ် …။ သနားတတ်တဲ့ စိတ်ထားရှိကြပါတယ်။ […]