ၾကားသိရသမွ်

မီတာခမပေးဘဲဆန့်ကျင်နေ၍ တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မည်ဟု ဆို

မီတာခမပေးဘဲဆန့်ကျင်နေ၍ တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မည်ဟုဆို တနိုင်ငံလုံးကို အလှည့်ကျ မီးဖြတ်တော့မှာဖြစ်ပြီး မီတာပုံမှန်ဆောင်တဲ့ နေရာဒေသတွေကိုတော့ ပုံမှန်မီးရအောင်ပေးဖို့ နိုဝင်ဘာ ၁၉ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး ဌာနတွေကို ပေးပို့တဲ့စာ ဖော်ပြထားပါတယ်။ ဓာတ်အားဖြန့်ဖြူးတဲ့ မဟာဓာတ်အားလိုင်း တိုင် ၆ တိုင်ကိုအရေးပေါ်ပြုပြင်ရမှာဖြစ်တာကြောင့်တလလောက်ကြာနိုင်ပြီးဝန်အား၁၅၀မဂ္ဂါဝပ်လောက်လျှော့ချနိုင်ဖို့လိုတယ်လို့ဆိုပါတယ်အင်ဂျင်နီယာချုပ်က ပေးပို့တဲ့စာမှာတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်းကို ၂၅ မဂ္ဂါဝပ်နဲ့ အများဆုံးလျှော့ချဖို့ စီစဉ်ထားပြီး မကွေး တိုင်းနဲ့ ဧရာဝတီတိုင်းကိုတော့ ၂၀ မဂ္ဂါဝပ်စီ လျှော့ချမှာ ဖြစ်ပါတယ်ညနေ ၆ နာရီက ည ၈ နာရီအထိ မီးဖြတ်ဝန်အားလျှော့ ချမယ်လို့ အဲဒီစာမှာ ဖော်ပြထားပြီး ရန်ကုန်၊ မန္တလေးနဲ့ တနင်္သာရီတိုင်းတို့ကတော့ လျှော့ချမယ့် စာရင်းထဲ မပါဝင်ပါဘူး။…. မီးဖြတ်တဲ့အခါ […]

ၾကားသိရသမွ်

ကျိုက်နဲ့ဘုရားအသွား လှိုင်ရိုက်လို့ သမီးဖြစ်သူမျော်ပါသွားပြီး အသက်ဘေးမှလွတ်မြောက်လာသူ၏ ပြောကြားချက်…

ယနေ့ ကျိုက်နဲဘုရားအသွား သမီးဖြစ်သူ လှိုင်းရိုက်လို့ ရေထဲမျောပါသွားတဲ့ အကြောင်းစုံဖြစ်စဉ် ကျိုက်နဲရေလယ်ဘုရား(နတ်လမ်း)သို့ ဘုရားဖူးသွားရာ မှ ရေနစ်သေဆုံးမှု ဖြစ်စဉ်အကျဉ်း မှာ လှေမှောက်သေဆုံးခြင်း မဟုတ်ပါ ။ ဘုရားဖူးများအား ရေတက်နေပြီဖြစ်၍ ခေတ္တစောင့်စောင်းပြီးမှ ပြန်ကြသွားကြရန် ပြောကြားသော်လည်းနားထောင်မှုမရှိဘဲ ရင်ဘတ်ခန့်ရှိသော ရေအားဖြတ်၍ ဘုရားမှပြန်ကြ၊ဘုရားဆီသို့ သွားကြရာမှ လှိုင်းပုတ်ဒဏ်ကြောင့် ဘေးလက်ရန်း ကာထားသော ဝါးလုံးများ..လူအုပ်၏ ဒဏ်ကိုမခံနိုင်ဘဲ ပြုတ်ထွက်ကာ လူအယောက်(၅၀)ခန့် ရေနက်ရာဘက်သို့ လွင့်စင် နစ်မြုပ့်ခဲ့ခဲ့ပါသည်။ ၁၃ဦးအသက်ရှင်စွာဖြင့် ကယ်တင်နိင်ပြီး လက်ရှိ ဆယ်ယူရရှိသော အလောင်းစုစုပေါင်း(၁၅)လောင်း ရှိပါသည်။ အမျိုးသား (၃)လောင်းအမျိုးသမီး (၂)လောင်း ဖြစ်သည်။ အသက်(၉)နှစ်အရွယ် ယောကျာ်းလေး နှင့်သံဃာတော်(၁)ပါးပါဝင် ကြောင်းပျောက်ဆုသူ(၃၀)ခန့်ရှိနေ၍ ဆက်လက်ရှာဖွေဆဲ.ဖြစ်ကြောင်းလူမှုကွန်ယက်မှာရေးသားထားချက်များအရ သိရပါတယ် ။ ဒါ့အပြင် ကိုယ်တိုင်ကြုံခဲ့သူ မခင်ချိုသန့် ရဲ့ […]

ကြားသိရသမျှ

ကုသိုလ်အမျှမလို ဒီမိုကရေစီသာ ရလိုသူ ကိုမင်းခန့်သစ္စာ

ကုသိုလ်အမျှမလို ဒီမိုကရေစီသာ ရလိုသူ ကိုမင်းခန့်သစ္စာ စစ်အာဏာ သိမ်းပြီးနောက် ကိုမင်းခန့်သစ္စာသည် သူ့ယုံကြည်ချက်အတိုင်း လျှောက်လှမ်းနိုင်ရန် မိသားစုထံ ခွင့်ပြုချက် တောင်းယူခဲ့သည်။ တိုက်ပွဲဝင်သည့်အလား ဇွဲရှိစွာဖြင့် သူတောင်းယူခဲ့သည်မှာ ကျောင်းသားတပ်ဦးအလံကိုင်ပြီး လူထု သပိတ်စစ်ကြောင်းများကို ဦးဆောင်ခွင့်ရနိုင်ရန်ပင်။ “အဲ့နေ့က ဆန္ဒပြပွဲကိုသူသွားမယ်တဲ့။ မကွေးနည်းပညာ တက္ကသိုလ်ကျောင်းသားဆိုတော့ မကွေးမြို့ကိုသွားမယ်တဲ့။ ကျွန်မတို့ကလည်းစိုးရိမ်တာပေါ့။ သူတစ်ခုခုဖြစ်မှာစိုးလို့ ပေးမသွားဘူး။ မနက်အစောကြီး ၄ နာရီလောက်ကတည်းက သူသွားမှဖြစ်မယ်တဲ့။ သူကတပ်ဦးအလံကိုင်မှာတဲ့ အမေတို့ခွင့်ပြုပေးပါတဲ့။ ကျွန်မတို့ကလည်း ၈၈ အရေးအခင်းတုန်းက ဘယ်လိုဖြစ်တယ်။ ညာလိုဖြစ်တယ်။ ကြားဖူးနားဝတွေပြောပြပြီးသူ့ကိုတားတယ်။ ရိုက်မယ် နှက်မယ် ခြောက်ပြီးလည်းပြောတယ်။ ဒါပေမဲ့သူ့ကိုခွင့်ပြုပေးပါတဲ့။ နောက်ဆုံးတော့ မနက် ၇ နာရီလောက်ရောက်တော့ ကျွန်မတို့က သူ့ကိုခွင့်ပြုပေးလိုက်ရတယ်” ဟု အသက် ၃၈ နှစ်အရွယ် ကိုမင်းခန့်သစ္စာ၏ မိခင်ဖြစ်သူ […]

ၾကားသိရသမွ်

အာဏာသိမ်းခံရတဲ့ ဆူဒန်မှာ စစ်တပ်က ဝန်ကြီးချုပ်ကို အာဏာပြန်ပေး

ဆူဒန်နိုင်ငံတွင် ပြီးခဲ့သည့်လက စစ်တပ်၏ အာဏာသိမ်းမှုဖြစ်ပွားခဲ့ချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အရပ်ဘက်ခေါင်းဆောင်များကို ပြန်လည်လွှတ်ပေးရန် နှင့် ဝန်ကြီးချုပ် အဗ္ဗဒယ်လာဟမ်းဒေါ့အား အစိုးရအဖွဲ့ကို ပြန်လည်ဦးဆောင်ခွင့်ပေးရန် ဆူဒန်စစ်တပ်၏ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် ဝန်ကြီးချုပ်ဟမ်းဒေါ့တို့အကြား သဘောတူညီမှုရရှိခဲ့သည်ဟု ကြားဝင်စေ့စပ်ပေးသူများက နိုဝင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဟမ်ဒေါ့ခ်ဟာ နည်းပညာရှင်တွေပါဝင်တဲ့ လွတ်လပ်သော အစိုးရအဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာဖြစ်ကြောင်းနဲ့ စစ်တပ်နဲ့ အရပ်ဖက်ပါတီတွေအကြား ရရှိခဲ့တဲ့ သဘောတူညီချက်တစ်ခုအရ ထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးသွားမှာဖြစ်တယ်လို့ Umma ပါတီ အကြီးအကဲ ဖက်ဒလာ ဘားမားနာရှားက ရိုက်တာကို ပြောဆိုခဲ့ပါတယ်။ နာရှားဟာ အဆိုပါ သဘောတူညီချက် ရရှိရေး စေ့စပ်ဆွေးနွေးမှုများမှာ ပါဝင်ခဲ့သူဖြစ်တစ်ဦးပါတယ်။ “ ဟမ်းဒေါ့ကို ဝန်ကြီးချုပ်ရာထူးနေရာ ပြန်ပေးဖို့၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးသမားတွေကို […]

ၾကားသိရသမွ်

နှစ် ၄၀ ကျော်က ကျိုက္ခမီလှေမှောက်တော့ ကျွန်တော့် အဖေ လိပ်ပြာလွင့်ခဲ့တယ်

ဒီနေ့မနက် ကျိုက်ခမီရေလယ်ဘုရားနဲ့ သိပ်မဝေးလှတဲ့ ရေကြောတဆက်တည်းရှိနေတဲ့ ကျိုက်နဲ ရေလယ်ဘုရားမှာ ဘုရားဖူး တိုးကြိတ်ရင်း ရေနစ်မျောပါ လူအများအပြားသေဆုံးသွားတဲ့ သတင်းဖတ်ရတော့ ၁၉၈၀ ပြည့်နှစ် ဝန်းကျင်က ကျိုက်ခမီမြို့ရဲ့ ကြေကွဲစရာ အဖြစ်အပျက်တစ်ခုကို ပြန်ပြောင်းသတိရမိပါတယ်။ တိတိကျကျပြောရရင် ကျနော့်အဖေကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုပါ။ ကျွန်တော်တို့အဖေ (ဦးသိန်းအောင်) ဟာ ကျိုက်ခမီ(အ.ထ.က) မှာ ၁၁ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၁၉၇၀-၈၀ အထိ အလယ်တန်းပြဆရာတစ်ဦးပါ။ ကြိုသက်/စက်မှု ဘာသာရပ်သင်ဆရာတစ်ယောက်ဖြစ်ပေမယ့် အားကစားဝါသနာထုံတဲ့အဖေဟာ ကာယဆရာမရှိတဲ့ အ.ထ.က ကျောင်းမှာ ကာယဆရာတဖြစ်လည်း နှစ်ပေါင်းများစွာ ပူးတွဲ သင်ကြားခဲ့ရပါတယ်။ ကျိုက်ခမီမြို့အဝင် (ကျောက်တိုင်)နားက အိမ်လေးတစ်အိမ်မှာ ရပ်ဝေးကျောင်းဆရာတစ်ဦးအဖြစ် အိမ်ငှားနေတဲ့ အဖေ့ကို အိမ်ရှင်မိသားစုကလည်း သားအရင်းနဲ့မခြား ကျွေးမွေးဂရုစိုက်ခဲ့ကြပါတယ်။ အဲဒီတုန်းက ကလေးနှစ်ယောက်ဖခင် ဖြစ်နေပြီဖြစ်တဲ့အဖေဟာ […]

ၾကားသိရသမွ်

” သိန်း ၅၀တန်ဖိုးရှိ ကယ်ဆယ်ရေး သီးသန့်သုံး Rescue Boatကို ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ”

CeleGabar ပရိသတ်ကြီးရေ ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း ဦးစီးတည်ထောင်ကာ မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေးတွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလိို့လည်းဆိုရမှာပါ။ လက်ရှိမှာတော့”ကျိုက်မရောမြို့ မှ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့သို့ ကယ်ဆယ်ရေးနှင့် ရိက္ခာပေးဝေရေး များ၊ အရေးပေါ် နေရာများတွင် အသုံးပြုရန် အတွက် ကယ်ဆယ်ရေး သီးသန့်သုံး Rescue Boat (တန်ဘိုးငွေ တစ်စီးလျှင် ကျပ် သိန်း ၅၀) ကို ရေကြီးသော နေရာများသို့ ကယ်ဆယ်ရေးများ ဆောင်ရွက်ရန် အတွက် ခုနှစ်ရက် သားသမီးများ အလှု အဖြစ် လှူဒါန်းပေးခဲ့ပါတယ်ရှင်..🙏🙏🙏…”ဆိုတဲ့စာလေးနဲ့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့တာပါ။ အမြဲလိုလိုပရဟိတအလုပ်တွေဆက်တိုက်လုပ်ကာ အလှူအတန်းရက်ရောလွန်းတဲ့ ခိုင်နှင်းဝေကတော့ တကယ်လိုအပ်တဲ့နေရာတွေကိုလှူဒါန်းနေသူပါ။ CeleGabarပရိသတ်ကြီးလည်း ကြည်နူးပီတိဖြစ်စရာခိုင်နှင်းဝေရဲ့အလှူအတွက်သာဓုခေါ်ပေးခဲ့ပါဦးနော်။ Koe-CeleGabar Source […]

ၾကားသိရသမွ်

စိတ်မကောင်းစရာပါ မိန်းကလေးများ သတိရှိကြပါ….

သတိပိုတယ် မရှိ။ စိတ်မကောင်းစရာပါ မိန်းကလေးများ သတိရှိကြပါ။ ရာသီလာချိန် အစစအရာရာ ဂရုစိုက်ပါ။ ရာသီလာချိန် ခေါင်းမလျှော်ပါနဲ့။ ရာသီလာချိန် ရေခဲရေ လုံးဝ မသုံးပါနဲ့။ သွေးခဲ တက်ပါတယ်။ ငရုပ်သီး (အစပ်) လုံးဝမစားပါနဲ့။ ရာသီသွေး သည် 3ရက်တိတိ သူ့အစဉ်လာတိုင်း လာပါတယ်။ အစပ် စားလျှင် ပုံမှန်ထက် သွေး ပိုဆင်းသည်။ ရာသီလာခါနီး ရေချိူး ခေါင်းလျှော် ဆင်ခြင်ကြပါ။ မိန်းကလေးများ။ Credit ပါ။ မှတ်ချက်။ ။ ဒီ ပိုစ့်ကိုတင်လို့ တစ်မျိုးတော့ မမြင်စေချင်ပါဘူး။ ကျန်းမာရေးအသိရစေချင်လို့ပါ။ ပြောရရင် ကျွန်တော့်အသိ နှစ်ယောက်လည်း ဒီလိုဖြစ်ရပ်နဲ့ ဆုံးရှုံးခဲ့ရဖူးလို့ တင်‌ရခြင်းပါ။ unicode သတိပိုတယျ မရှိ။ စိတျမကောငျးစရာပါ မိနျးကလေးမြား သတိရှိကွပါ။ […]

ၾကားသိရသမွ်

မြင်းခြံမြို့ ကိုယ်စားပြုMG 6 ပျောက်ကြားတပ်ရဲ့ ခေါင်းဆောင် အသက် ၂၄နှစ်အရွယ် ဗိုလ်ကျော်လင်းထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။(ရုပ်သံ)

မြင်းခြံမြို့ ကိုယ်စားပြုMG 6 ပျောက်ကြားတပ်ရဲ့ ခေါင်းဆောင် အသက် ၂၄နှစ်အရွယ် ဗိုလ်ကျော်လင်းထွန်းကို ဆက်သွယ် မေးမြန်းထားပါတယ်။ ကျနော် က မြင်းခြံသားပါ အမှတ်၆ ရက်ကွက်က၊ အစကတော့ဆန္ဒလိုက်ပြတယ် နောက်တော့ဖြိုးခွင်းမှု့တွေရှိလာတယ်လေ ၊ အဲ့မှာ ကျနော်တို့ရက်ကွက်က ခံတပ်စဆောက်တာဘဲ မြင်းခြံမာက ခံတပ်ဆောက်တော့ အစကair gun တေနဲ့စပစ်ကျတယ်၊ ကျနော်တို့ Air gun တွေအဆင်မပြေတော့ Gas gun တွေ စလုပ်တယ် နောက်တော့ခံတပ်ကိုဖြိုခွင်းခံရတယ် အဲ့ထိတော့မြို့ထဲမှာ အေးဆေးနေလို့ရသေးတယ်၊ အဲ့နောက် တနေ့ ကျနော် အိမ်ပြန်လမ်းမာ စကစက ကင်းပုန်းချအဖမ်းခံရဖူးတယ်။ သူတို့က ကျနော့်ကားကိုကျော်ပီးတားကြတာ ကျနော်ကဘာလို့ဖမ်းတာလဲးမေးတော့ ဗျူဟာမှုးအမိန့်နဲ့လို့ဘဲပြောတယ် အဲ့မာကျနော်လည်းမိဘတွေ ခေါ်ပီး ညှိတာပေါ့အဲ့လိုညှိတော့သူတို့က ကားနဲ့လူ ဘယ်ဟာထားခဲ့မလဲးမေးတာနဲ့ ကျနော့ကားလေ းစကစသိမ်းသွားတယ် ခုတော့ဗျူဟာမှူးစီးနေတယ်။ […]

ၾကားသိရသမွ်

ခင်ပွန်းဖြစ်သူ ဖိုက်တင်မင်းသားကြီး ကွယ်လွန်သွားရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲအောင်ပိုင်ရဲ့ ဇနီးဗီဒီယိုဖိုင်

ခင်ပွန်းဖြစ်သူ ဖိုက်တင်မင်းသားကြီး ကွယ်လွန်သွားရတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲအောင်ပိုင်ရဲ့ ဇနီးဗီဒီယိုဖိုင် မြန်မာ ဇာတ်လမ်းတွေမှာ အောင်မြင်မှုတစ်နေရာကို ရယူထား နိုင်ခဲ့တဲ့ ဖိုင်တင် မင်းသားအောင်ပိုင် ကိုတော့ လူတိုင်းသိကြမယ် ထင်ပါတယ်နော်. အောင်ပိုင်ကတော့ အနုပညာ အရည်အချင်းပြည့်ဝသူ ဖြစ်တာကြောင့် ခုချိန်ထိ ပရိသတ်တွေက မမေ့လျော့ပဲ မှတ်မိနေကြသေးတာ ဖြစ်ပါတယ်နော်.. သရုပ်ဆောင်သီဟတင်စိုးနှင့်လည်း အတွဲဖက်ညီညီ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ပါတယ်၊ သူဟာ သရုပ်ဆောင်တာ အရမ်းပီပင်ပြီး တော်လှန်ရေး ဇတ်ကားများစွာ ပါဝင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက်တုန်းကတော့ အောင်ပိုင် တစ်ယောက်လူ့လောကကြီးကို နုတ်ဆက်သွားပြီဖြစ်သွားကြောင့် အောင်ပိုင့်ကို ချစ်‌ကြတဲ့ ပရိသတ်များနဲ့ မိတ်ဆွေ များလည်း ဝမ်းနည်းခဲ့ကြရတာ ဖြစ်ပါတယ်နော်.. ဒီနေ့လေးမှာတော့ အောင်ပိုင့် ဇနီးဖြစ်သူ ဒေါ်ချိုချိုသန်းက ” အောင်ပိုင်ကတော့ အရက်တွေအလွန်အကျွံသောက်တာကြောင့် အသဲမကောင်းတော့ဘဲ […]

ကြားသိရသမျှ

နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ မတင်မော်လင်း(၂၈)မှ ရဲတွေကို လိုက်လံခြောက်လှန့်နေ

မအူပင်မြို့မရဲစခန်းအနီး သရဲခြောက်သည်ဟုဆိုကာ ညပိုင်းအချိန်များတွင် သေနတ်ပစ်ဖောက်မှုများပြုလုပ်နေ ဧရာဝတီတိုင်းမ် မအူပင်မြို့မရဲစခန်းအနီး၌ သရဲခြောက်သည်ဟုဆိုကာ ညပိုင်းအချိန်များတွင် ရဲစခန်းအနီးတဝိုက်တွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။ “မအူပင်စခန်းနားတဝိုက်ရော လိုင်းခန်းတွေမှာရော သရဲခြောက်တယ်ဆိုပြီး ဖြစ်နေလို့ ညဘက် ၁၀ နာရီကျော်တာနဲ့ ရဲတွေက သေနတ်တွေ ဖောက်နေကြတာ”ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် မတင်မော်လင်း (အသက် ၂၈ နှစ်) မှာ နိုဝင်ဘာလ ၉ ရက်နေ့က မအူပင်ရဲစခန်းတွင် သေဆုံးခဲ့သည်။ မတင်မော်လင်း သေဆုံးပြီးနောက် ဗုဒ္ဓဘာသာအရ မကျွတ်မလွတ်ဖြစ်ကာ မအူပင်ရဲစခန်း၏ အချုပ်ခန်း၊ မတင်မော်လင်းအား စစ်ဆေးခဲ့သည့်အခန်း၊ ရဲဝန်ထမ်းလိုင်းခန်းနှင့် ရဲတပ်ဖွဲ့ကင်းလှည့်သည့်နေရာများတွင် ခြောက်လှန့်မှုများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။ ထိုသို့ခြောက်လှန့်နေသဖြင့် မအူပင်စခန်းမှ […]