ၾကားသိရသမွ်

စိုးရိမ်စရာ မုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား

မုတ်သုန်ခေါ်လာနိုင်သောမုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား မုန်တိုင်းတစ်ခုရဲ့ဖြစ်စဉ်အစကို လေ့လာကြည့်ရင်လေထုဖိအားကျဆင်းနေရမယ် လေထုမညိမ်သက်မှု့တွေဖြစ်နေရမယ် ဒီဖြစ်စဉ်အနေအထားတွေကတော့လက်ရှိလေထုလှုပ်ရှားမှု အနေအထားအရကပ္ပလီပင်လယ် တောင်ဘက်မှာ ပြည့်စုံနေပါပြီ ဒါဆိုရင် လေဖိအားနည်းရပ်ဝန်းဖြစ်ဖို့မေလ ပထမအပတ်လောက်မှာ ဖြစ်လာနိုင်ခြေရှိလာနိုင်တယ်။ နောက်ကျလွန်းရင် နှစ်ရက်ပေါ့။‌အဓိကက လေဖိအားနည်းရပ်ဝန်းစဖြစ်လာရင်တော့ မုန်တိုင်းဖြစ်ဖို့ သေချာပါပြီး။ ဒီမုန်တိုင်းက- ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ- ရန်ကုန်တိုင်း- မွန်ပြည်နယ်တို့ အတွက် စိုးရိမ်စရာတော့ဖြစ်လာနိုင်တယ် အဓိကကတော့ မြစ်ဝကျွန်းပေါ်ဒေသပေါ့။ မုန်တိုင်းဖြစ်လာရင်တော့အနောက်တောင်မုတ်သုန်ကိုလည်းခေါ်လာနိုင်တယ်။ ဒါကြောင့် တနင်္သာရီတိုင်းဘုတ်ပြင်းဘက်မှာ စောစောဝင်လာနိုင်တယ်။ မုန်တိုင်း ဖြစ်လာရင်လည်းဆိုင်ကလုန်အဆင့်ထိဖြစ်လာနိုင်တယ်။ဒါကြောင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နိုင်ရန်နှင့်ကြိုတင်သိရှိနိုင်အောင် မုန်တိုင်းတစ်ခုဖြစ်လာနိုင်ခြေကိုကြိုတင်အသိပေးလိုက်ပါတယ်။ ဒီမုန်တိုင်းကဖြစ်လာခဲ့ရင်အားအင်ကြီးမား ပြင်းထန်နိုင်လို့သတင်းအဆက်မပြတ် သိရှိဖို့‌တော့လိုအပ်နိုင်တယ် လေထုလှုပ်ရှားမှု့တွေ ပြောင်းလည်းမှုတွေကိုချက်ချင်းတင်ပေးနိုင်အောင်လည်းကြိုးစားပေးနေပါတယ် အကုန်သိရှိစေဖို့အတွက်က Like / share ထားပေးကြပါ။သ‌ဘာဝဘေး ဆိုတော့မဖြစ်လာခဲ့ရင်အကောင်းဆုံးပါ ဖြစ်လာခဲ့ရင်တော့ ကြိုတင်သိရှိကာကွယ်ထားသဖြင့်အထိအခိုက်အပျက်အဆီးနဲနိုင်သလိုလူအသေအပျောက်လည်းနဲလာနိုင်လို့ကြိုတင်ပြီးအသိပေးထားတာပါ။ ဆက်လက် စောင့်ကြည့်ကြပါစို့။ HtayAung ———————– မုတ်သုန်ခေါ်လာနိုင်သောမုန်တိုင်းကြီးတစ်ခု ဖြစ်လာတော့မလား မုန်တိုင်းတစ်ခုရဲ့ဖြစ်စဉ်အစကို […]

ကြားသိရသမျှ

အားလုံး သတိထားဖို့ပါ… SPEED အားဖြည့် အချိုရည်ကို လူတိုင်း သောက်လို့ မရပါ

Speed အားဖြည့် အချိုရည်ဗူးကို အသက်၁၈နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ၊ ကဖင်းနဲ့ ဓာတ်မတည့်သူတွေ သောက်သုံးဖို့ မသင့်ပါဘူးတဲ့ ခင်ဗျာ။ တစ်နေ့ကို ၂ ဘူးထက် ပို မသောက်ဖို့ကိုလည်း ဘူးပေါ်မှာ ဖော်ပြ ထားပါတယ် ခင်ဗျာ။ သ ကြား ပ မာ ဏ အ များ အ ပြား ပါ ဝင် တဲ့ အ တွက် ကြောင့် သွေး ချို ဆီး ချို ဝေ ဒ နာ ရှင် များ လည်း သောက် သုံး ဖို့ မ သင့် ပါ ဘူး။ အရင်တုန်းက အခုလို သတိပေး […]

ၾကားသိရသမွ်

ခေါင်းဖြီးလိုက်လို့ ဆံပင်တွေကျွတ်လာရင် စိတ်မညစ်ရအောင်

ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊ ဆိုင်မှာခေါင်းသွားလျှော်ရင်လ ဲအစ်မဆံပင်တေ ွကျွတ်တယ်နော် ပြောရင် စိတ်ပိုညစ်ရပါတယ်။ အမှတ်မထင်လိုင်းပေါ်မှာ တွေ့တဲ့ဆေးနည်းလေးနဲ့ စမ်းလုပ်ကြည့်တာ အဆင်ပြေလို့ ကိုယ့်လိုစိတ်ညစ်နေတဲ့သူတွေ အတွက် မျှဝေပေးလိုက်ပါတယ်။ ကြက်သွန်နီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါ ကြက်သွန်စိမ်းနံ့ပျောက်ဖို့ိ တော်တော်ခေါင်းလျှော်ယူရတာ ကျွန်မအတွက် ်သိပ်အဆင်မပြေဖြစ်ရပါတယ်။ ဒီနည်းလေးကတော့ တော်တော်အဆင် ပြေပါတယ်။ လုပ်နည်းအဆင့်ဆင့် ဆန်ကိုပန်ကန်လုံးလေးနဲ့တစ်ခွက်ယူပါ။ ဆန်ကိုထမင်းချက်သလိုပဲ နှစ်ကြိမ်လောက်ဖွဖွလေးဆေးပါ. ဆေးထားတဲ့ဆန်ကို နှစ်နာရီလောက်စိမ်ထားလိုက်ပါ ရေနည်းနည်းနဲ့ပဲစိမ်ပါ. ကြက်သွန်နီကိုအခွံခွာပါ ကြက်သွန်နီကို ရှစ်စိပ်စိပ်လိုက်ပါ (ကျွန်မကတော့ဆန်ပန်းကန်လုံး တစ်ခွက်ဆို ကြက်သွန်နီနှစ်လုံး သုံးပါတယ်) ဆန်နဲ့ကြက်သွန်စိပ်ထားတာရောလိုက်ပါ ရေနည်းနည်းထပ်ထည့်ပေးပါ မီးဖိုပေါ်မှာ ပွက်ပွက်ဆူအောင် မွှေပေးပါ ဆန်နည်းနည်းကျေတဲ့အထိထားပါ ..(ဆန်ပြုတ်အဆင့်မရောက်ပါ) အဲ့လောက်ဆို ..ရေစစ်ထဲကိုထည့်ပြီး အရည်ညစ်ယူပါ။ ရေကုန်သွားအောင်ညှစ်ပါ ရေခဲသေတ္တာထဲထည့်သိမ်းပြီးတစ်ပတ်လောက်ထားသုံးလို့ရပါပြီ ဆန်မှာပါဝင်သောအာဟာရဓာတ်များနှင့်ကြက်သွန်နီမှာပါဝင်သောဓာတ်များကြောင့်ဆံပင်အတွက်အကျိုးပြုပါတယ်။ပြုတ်ထားတာဖြစ်တဲ့အတွက်ကြက်သွန်နံ့လဲမနံ့ပါဘူး။ ဘာတွေထူးခြားလာလဲဆိုတော့.. ဆံပင်ကျွတ်တာလုံရပ်သွားပြီးအမြဲဦးရေပြားပူနေတတ်တဲ့ကျွန်မဦးခေါင်းအရေပြားလဲသိသိသာသာအပူလျော့ကျလာပါတယ်။ […]

ၾကားသိရသမွ်

ဝေဖန်မှုတွေအပြင်းအထန်ခံရပြီးနောက် ဒီကနေ့မှာသာသနာ့ဘောင်ထဲသို့ဝင်ရောက်သွားတဲ့ စိုးမြတ်သူဇာ…

ပရိတ်သတ်ကြီးရေ…ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ စိုးမြတ်သူဇာဟာဆိုရင် ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ပီပြင်ပိုင်နိုင်အောင်သရုပ်ဆောင်နိုင်တဲ့အတွက် အကယ်ဆုကြီးကို ထိုကိထိုက်တန်တန်ဆွတ်ခူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ မကြီးစိုးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ ပြည်သူလူထုနဲ့အတူရပ်တည်ခြင်းမရှိခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ဝေဖန်မှုကို ခံနေရတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။မကြီးစိုးရဲ့ဖခင်ဖြစ်သူကလည်း စစ်တပ်မှအငြိမ်းစားယူထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်နော်။မနေ့က စစ်ကောင်စီမှဖွင့်လှစ်တဲ့ဆေးရုံဖွင့်ပွဲကို တတ်ရောက်ခဲ့လို့ အွန်လိုင်းအသုံးပြုသူတွေကြား ဝေဖန်မှုတွေမြင့်တတ်နေတာပဲဖြစ်ပါတယ်.. အဲ့လိုဝေဖန်မှုတွေကိုအပြင်းအထန်ခံစားနေရတဲ့ မကြီးစိုးက ဒီကနေ့မှာတော့ အေးချမ်းလှတဲ့သာသနာ့ဘောင်ထဲသို့ဝင်ရောက်သွားတာပဲဖြစ်ပါတယ်နော်။သာသနာ့ဘောင်ထဲသို့ဝင်ရောက်သွားတဲ့မကြီးစိုးက အရှင်ဆေကနန္ဒီဆို့တဲ့ဘွဲ့အမည်နဲ့ရှိနေတာပဲဖြစ်ပါတယ်။မနေ့ကပွဲကိုတတ်ရောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးမကြီးစိုးရဲ့မိတ်ကပ်ဆရာက အခုလိုလည်းပြောထားပါသေးတယ်နော်..။   ” အခုက သေနေတဲ့လူတွေကြားပျော်စေတဲ့သင်္ကြန်ပွဲမဟုတ်သလို , လူသတ်တရားခံလုပ်တဲ့ တပ်မတော်ည စာစားပွဲလည်း မတက်ခဲ့တဲ့မင်းသမီး Fb မှာ အရင်ထဲက စ ခုထိ ဘာလုပ်ပါညာလုပ်ပါဘယ်သူအားပေးပါ မပေးပါနဲ့ မရေးသလို ရေးဖို့လည်း မသိတဲ့( နားမလည်လို့) သူမိဘတွေဖြစ်တဲ့အငြိမ်းစားစစ်ဗိုလ်ကြီးစိတ်ချမ်းသာစေဖို့ တွေးခဲ့တဲ့သူက သူကြီးပြင်းလာတဲ့ စစ်တပ်ထဲမှာကောင်းတဲ့စစ်သားတွေပဲတွေ့ခဲ့ရလို အဲ့လိုလူတွေကိုပဲချစ်တယ်လို့ပြောခဲ့တဲ့မင်းသမီး( မကောင်းတဲ့လူမပါဘူး)စစ်ကားရိုက်သလို ဗိုလ်ချုပ်ကားလည်း မညီးမညူရိုက်ခဲ့တဲ့မင်းသမီးရုပ်ရှင်ရုံဖွင့်ပွဲမို့ အနုပညာရှင်အနေနဲ့ သွားတက်တာမှန်တယ်လေကိုယ်ဘာလုပ်နေလဲသိတာတောင်အမြဲဘေးကင်းဖို့ဆုတောင်းပေးတဲ့သူသူလုပ်ရပ်အတွက်မှန်တယ်ထင်သလို ကိုယ့်အလုပ်မို့ ကိုယ်လုပ်တာ […]

ၾကားသိရသမွ်

အော်ပရေတာ အစုံ အင်တာနက်သုံးလို့ရတဲ့နည်းလမ်း(မျှဝေပေးကြပါ)

အော်ပရေတာ အစုံ အင်တာနက်သုံးလို့ရတဲ့နည်းလမ်း(မျှဝေပေးကြပါ) internet အတွက် သုံးလို့ရတာ အားလုံး တင်ပေးထားပါတယ်…။ စမ်းလဲ စမ်းပြထားပါတယ်။ အော်ပရေတာ အစုံနီးပါး အားလုံး free ပါ။ Mytel အတွက်သုံးလို့ရတဲ့ နည်းလမ်းကတော့ အောက်ပါဆော့ဝဲနဲ့ အသုံးပြုနိုင်ပါတယ်…။ speed လဲ အရမ်းကောင်းပါတယ်…။ Application 👇 http://www.mediafire.com/file/1polhjnmxulcw4d/ds-tunnel-v350-support-armeabi-v7a-arm64-v8a-aplute.eu.org.apk/file mpt အတွက် အသုံးပြုလိုပါက Psiphon Pro Versions 322 – Host 203..81.95.42 – Port 8080 – Region Singapore နဲ့ အသုံးပြုလို့ရပါတယ်…။ telenor အတွက်အသုံးပြုလိုပါက Psiphon Pro Versions 322 – Host 203..81.95.42 – Port […]

ကြားသိရသမျှ

ညီမ အမလို ATM ပိုက်ဆံထုတ်ရင်း ဝိုင်းရိုက်ခံရတာမျိုးနောက် တခြားသူတွေလဲ မကြုံရအောင် တင်ပေးခြင်းပါ😓

ညီမအစ်မ ဒီနေ့ စမ်းချောင်း ရွှေလောင်းcb backပိုက်ဆံသွားထုတ်တာ ၉ခွဲကနေ ၁၂ထိကို အဲ့တနေရာကနေကို မရွေ့ပါဘူး ….အရှေ့ကိုကြည့်လိုက်တော့ တမိသားစုလုံး လာထုတ်ကြပြီး ထုတ်ပီးရင် အနောက်ကနေတန်းမစီပဲ သူတို့မိသားစုနားမှာတင် ပြန်နေပြီးထပ်ထပ်ထုတ်နေကြရော ညီမ အမကနေပြီး အနောက်ကလူတွေကိုလဲအားနာပါအုံးဆိုပီးပြောတာကို မကျေနပ်ရင်နင်တို့တမိသားစုလူံး ခေါ်လာခဲ့ဆိုပီး အော်ပါလေရော လူအများက ရဲနဲ့မတွေ့ချင်လို့ရှောင်ချင်လို့ပြသနာမဖစ်တာကိုအခွင့်ရေးယူပြီး တလှည့်စီပတ်ထုတ် နေကြတာပါ ၁၂ခွဲကြတော့ ညီမ အမကနေပြီး အနောက်ကိုလဲကြည့်ပါအုံးဆိုပီး ထပ်လှမ်းပြောတာကို တမိသားစုလုံး သားနှစ်ယောက်ရောအဲ့နားက ကွမ်းယာဆိုင်က သူတို့အမျိုးတွေကပါ ခုံတွေနဲ့ဝိုငိးရိုက်ကြပါတယ်  ပုံထဲက မိန်းမနဲ့ ယောက်ကျားရော သူတို့အမေတွေ အဒေါ်တွေပါ ဆံပင်ဆွဲ ခုံနဲ့ဝိုင်းရိုက်ကြတာပါ အများနဲ့မိန်းကလေးတယောက်ကိုဝိုင်းလူပ်ကြတာ မြင်မကောင်းပါဘူး ဘယ်လိုပင်ဖြစ်စေအဲ့လောက် လုပ်ဖို့ လိုလားဟင်? ခေါင်းတွေလဲနာ နှုတ်ခမ်းတွေလဲပေါက်သွားပါတယ် တစ်ကိုယ်လုံးလဲ ပွန်းပဲ့နေတာပါပဲ 😓 ညီမကိုဖုန်းဆက်ခေါ်လို့ […]

ၾကားသိရသမွ်

“မိန်းကလေးတစ်ယောက် ပွစိပွစိလုပ်နေသေးရင် တန်ဖိုးထားပါ”

မိန်းကလေး တစ်ယောက်က မလိုအပ် ပဲနဲ့ စကားတွေ အများကြီး မပြောတတ်ဘူး အရေးမ ပါပဲနဲ့လဲ လေကုန်မခံ တတ်ဘူး ဟိုလို မလုပ်နဲ့ ဒီလို မလုပ် တားနေသေးတယ် ဆိုတာ စိတ်ပူနေသေးလို့ လို့သာ မှတ်ပါ ပြီးတော့ သဝန်တိုတတ် တယ်ဆိုတာ မိန်းကလေးတိုင်းရဲ့ သဘာ ဝပါ ဒါစိတ် ပျက်စရာမှ မဟုတ်တာ သဝန်တို တယ်ဆိုတာ ဆုံးရှုံးရ မှာကြောက် တဲ့စိတ် ခေါင်းစဉ်တွေ တပ်ချင်သ လိုတပ်ပြီး နာမည်ဆိုးတွေ ထပ်ထပ်မပေးပါနဲ့ မိန်းကလေးတစ်ယောက် ပွစိပွစိလုပ်နေသေးရင် တန်ဖိုးထားပါ ကိုယ့်ချစ်သူကို ကိုယ်တစ်ယောက် တည်း ပိုင်ချင်တဲ့ အတ္တတော့ ချစ်တတ်တဲ့ လူတိုင်းမှာ ရှိတတ် ပါတယ် တကယ်မ ချစ်ပဲနဲ့ ဘယ်သူက ဆုံးရှုံးရမှာ […]

ကြားသိရသမျှ

လူ ၁၀၀ မှာ ၉၉ ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်း အလွဲများ

စာဖတ်သူတွေထဲမှာ နေ့စဉ်ဖုန်းမသုံးတဲ့သူမရှိဘူးလို့ထင်ပါတယ်။ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါတယ်။ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလိုလိုလုပ်တတ်ကြတဲ့ အမှားအယွင်းလေ တွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆနဲ့ဓာတ်ပြုပြီး မီးလောင်ခြင်းကိုဖြစ်စေနိုင်လို့ ဖုန်းအား သွင်းပြီးတိုင်း အားသွင်းကြိုး ကိုဖြုတ်ထားပါ။ ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိသွင်းထားတာက အားကုန်ဖို့ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ဖုန်းအားကုန်ပြီးပိတ်သွားတဲ့အထိသုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အား သွင်း ခြင်းက ဖုန်းဘက္ထရီကိုလွယ်လွယ်ပျက်စေပါတယ်။ ဖုန်းအား၂၀အောက်ရောက်တာနဲ့ ားပြန်သွင်းတာကဖုန်းဘက္ထရီသက်တမ်းကို ပိုကြာရှည်စေပါတယ်။ဖုန်းကိုတစ်ညလုံးအားသွင်းထားတာက ဖုန်းဘက္ထရီ မြန်မြန်ပျက်အောင် လုပ်နေသလိုပါပဲ။ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။ဖုန်းအား ၂၀ အထက်ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကို မြန်မြန်ပျက်စေ နိုင်ပါတယ်။ အောက်ရောက်မှ ဖုန်းအားသွင်းတာက အသင့်တော်ဆုံးပါ။မူလ အားသွင်းကြိုးမဟုတ်ဘဲ တွေ့ကရာအားသွင်းကြိုးတွေနဲ့ သွင်းတာကလည်း […]

ၾကားသိရသမွ်

ခေါင်းကိုက်လို့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့(၂၁)နှစ်အရွယ် မိန်းကလေး

News.AU မှ ဖော်ပြချက်အရ အသက်၂၁နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးမှာ ခေါင်းကိုက်ကိုက် နဲ့ ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက် ပါတယ်။ UK, Gateshead မှာ မိခင်နဲ့ အတူတူနေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica Cain ပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တုန်းက ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မသေဆုံးခင်ညတုန်းက Jessica ဟာ မိခင်ကိုခေါင်းကိုက်တယ်လို့ပြောခဲ့တယ်တဲ့။ ဒါကြောင့် ပါရာစီတမောတောင်းသောက်ကာ အိပ်ယာစောစောဝ င်သွားခဲ့ပါတယ်။နောက်တစ်နေ့ မနက်ကျတော့ မိခင်ဖြစ်သူက သမီးလေး သက်သာလားမေးမလို့ သွားနှိုးခဲ့ပေမယ့် […]

ၾကားသိရသမွ်

လွန်ခဲ့သောအနှစ် ၁၀၀ခန့်က SOCIAL PUNISHMENT လုပ်ခံရတဲ့ဦးဖိုးစိန်၏ဖြစ်ရပ်အမှန်

လွန်ခဲ့တဲ့နှစ်၁၀၀ကမြန်မာ့CeleတွေထဲကSocial Punishment ရဲ့အရသာကို ပထမဆုံးခံစားဖူးသူကတော့ဂရိတ်ဦးဖိုးစိန်ပါပဲမင်းသားဦးဖိုးစိန်အကြောင်းကိုအလယ်တန်း သင်ရိုးမှာသင်ဖူးကြမှာပါဦးဖိုးစိန်ဆိုတာပေါ့သေးသေးတစ်ယောက်မဟုတ်ပါဘူးသူ့ခေတ်မှာတော့ဒိတ်ဒိတ်ကြဲ Cele ကြီးပါရန်ကုန်တာမွေကသူနေသွားတဲ့လမ်းကိုဖိုးစိန်လမ်းဆိုပြီး နာမည်တွင်ကျန်တဲ့သူဇာတ်ပွဲကိုရွက်ထည်ရုံကြီးနဲ့စတင်ကပြသူကိုယ်ပိုင်သင်္ဘောဝယ်ဇာတ်တဖွဲ့လုံးကိုသင်္ဘောပေါ်တင်အင်္ဂလိပ်ကိုမာလိန်မှူးခန့် ဧရာဝတီကိုစုန်ဆန်မောင်းပြီးဇာတ်ပွဲကတဲ့ပုဂ္ဂိုလ် ယိမ်းအဖွဲ့ကိုမျက်နှာဖြူမတွေနဲ့ချည်းဖွဲ့ပြီးယိမ်းကစေတဲ့မင်းသား အင်္ဂလိပ်အစိုးရကပေးတဲ့တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့TPSဘွဲ့ရှင်အဲ့ဒီခေတ်က ယောက်ျားခြင်းမနာလိုလောက်အောင်အမျိုးသမီးထုကြီးရဲ့အားပေးမှုကိုတခဲနက် ရထားသူအလှူအတန်းဆိုလည်းလက်မနှေးတဲ့စိန်မဟာသဘင်ဇာတ်ဆရာကြီးဘုရားဒကာကြီးဦးဖိုးစိန်ခမျာအပွဲပွဲနွဲလာသမျှတစ်ပွဲမှာတော့နောက်ကောက်ကျသွားရှာပါတယ်အဲ့ဒီဖြစ်ရပ် က၁၉၂၀လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကဖြစ်ခဲ့တာပါမြန့်မာသမိုင်းမှာ ပထမကျောင်းသားသပိတ်ဆိုပြီး မော်ကွန်းတင်ကျန်ရစ်တဲ့တက္ကသိုလ်ကျောင်းသားသပိတ်သပိတ်မှောက်ခဲ့တဲ့ရက်တန်ဆောင်မုန်းလ ပြည့်ကျော်၁၀ရက်ကို အမျိုးသားနေ့ဆိုပြီး ဂုဏ်ပြုကြရတဲ့ သပိတ်မှာကျောင်းသားတွေနဲ့ ဦးဖိုးစိန်ကြီး ထိပ်တိုက်တွေ့သွားတာပါကျောင်းသားတွေသပိတ်မှောက်ကြတော့သပိတ်ကော်မတီမှာ ရန်ကုန်မြို့မြို့မျက်နှာဖုံးတွေပါဝင်အားဖြည့်ပေးကြပါတယ်။ ရံပုံငွေအတွက်လည်း လူကြီးတွေက ဦးဆောင်ကောက်ခံပေးကြရှာပါတယ်။ သပိတ်ကော်မတီက ဦးဖိုးစိန်ဆီမှာအလှူခံတဲ့အခါ ဦးဖိုးစိန်ကသပိတ်ကိုမထောက်ခံကြောင်းပြောဆိုပြီးအလှူငွေမဖြစ်စလောက်လေးသာထည့်ပါသတဲ့ဒါနဲ့ကျောင်းသားတွေကမြို့တိုင်းမြို့တိုင်းမှာဖိုးစိန်ပွဲကလို့မရအောင်ကျောင်းသားတွေက ဦးဆောင်တားဆီးရမယ်လို့အမိန့်ထုတ်လိုက်ကြပါတယ်မြို့လူထုကလည်းကျောင်းသားသပိတ်ဖက်ကမရပ်တည်တဲ့ဦးဖိုးစိန်ကိုသပိတ်မှောက်ပြီးဘယ်သူမှပွဲလာမကြည့်ကြတော့ပါဘူးဦးဖိုးစိန်က ပထမ‌တော့တင်းပါသေးတယ်ရန်ကုန်မှာမကရလည်းမန္တလေးတက်ကြတာပေါ့ဆိုပြီးမန္တလေးသွားကလည်း ကြည့်မယ့်သူမရှိဒါနဲ့ မော်လမြိုင်သွားလည်းအခြေအနေပိုဆိုးလာလို့ social punishment အရသာကို ကောင်းကောင်းခံစားလိုက်ရတော့တယ်ဦးဖိုးစိန်ဟာသူရိယမြန်မာ့အလင်း သတင်းစာတွေကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကိုတရားဝင် ဝန်ချတောင်းပန်ရပါတော့တယ်။ မြို့ကြီးတွေမှာ ကန်တော့ပွဲကို ကားခေါင်းခန်းတင်ပြီးမြို့ကိုလှည့်ပြီး တောင်းပန်ရပါတယ်သခင်ကိုယ်တော်မှိုင်းလို image ကြီးတွေကိုချဥ်းကပ်ပြီးတောင်းပန်လို့ ဆရာကြီးကမောင်ဖိုးစိန်တောင်းပန်ကြောင်းနှင့်ကျေအေးပေးကြဖို့ဆောင်းပါးရေးပြီးကြားဝင်စေ့စပ်မေတ္တာရပ်ခံတော့မှ ပြည်သူရဲ့မေတ္တာပြန်ရပြီးပွဲပြန်ကလို့ရသွားပါတယ် Social Punishmentဘယ်လောက်အင်အားကြီးသလဲဆိုတာအဲ့ဒီဦးဖိုးစိန်နဲ့ကျောင်းသားထုရဲ့ဖြစ်ရပ်ကသက်သေပါပဲဒီနေ့Celeဆိုသူတွေရော အကြမ်းဖက်အုပ်စုကိုဖက်တွယ်နေကြသူတွေရောဒီဖြစ်ရပ်ကိုသင်ခန်းစာယူနိုင်ကြပါစေဒီခေတ်Generations Zတွေကလွန်ခဲ့တဲ့အနှစ်၁၀၀ကထက်အဆ၁၀၀သာတယ်ဆိုတာလည်းမမေ့ကြပါနဲ့လူထုဒေါ်အမာရေးအောင်ဗလ၊ဖိုးစိန်၊စိန်ကတုံးစာအုပ်မှCredit Zin Min […]