Weather
ပိုမိုဆိုးရွားစွာ ပြင်းထန်လာတဲ့ မုန်တိုင်းအကြောင်းကို ပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ
မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေတာဖြစ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတာကို့တွေ့ရှိရပါတယ် ယခု Cyclone Mocha 120kph, 983mb. ဖြစ်နေပါတယ် နောက် ၂၄နာရီအတွင်းမဖြစ်စေချင်တဲ့ Eye Feature မုန်းတိုင်းမျက်စိကိုမြင်ရတော့မှာဖြစ်ပြီး ကြိုတင်ခန့်မှန်းထားတဲ့ CAT3 မုန်တိုင်းအဆင့်ထက်တော်ကျော်လွန်ပြီး ရောက်ရှိသွားမှာကိုစိုးရိမ်မိပါတယ် ဦးတည်ရာလမ်းကြောင်းကလည်းပြောင်းလည်းနိုင်တဲ့အလားအလာမတွေ့ရပဲရခိုင်ပြည်နယ်မြောက်ပိုင်းကိုတည့်တည့်ကြီးဦးတည်သွားနေလို့ ပို၍စိုးရိမ်မကင်းဖြစ်မိပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်ကြသူတွေအားလုံး ဘေးအန္တရာယ်ကင်းရာကိုကြိုတင်ရှောင်ရှားနိုင်ကြပါစေလို့ပဲဆုတောင်းမိပါတယ် မင်းဂွတ်သီးလေးရဲ့စစ်မှန်တဲ့ဖြူစင်မေတ္တာတရားကြောင့်အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေလို့ထပ်မံဆုတောင်းမေတ္တာပို့သအပ်တယ် issued time 11/05/2023 7:45pm(MMT) Su Su San မင်း ဂွတ် သီး 𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓. zawgyi code မိုခါမုန်တိုင်းကြီးကို အဆင့်မြင့်မိုးလေဝသဂြိုလ်တုတွေကနေအချိန်ပြည့်နီးပါစောင့်ကြည့်ထောက်လှမ်းနေတာဖြစ်ပြီး ပိုမိုဆိုးရွားပြင်းထန်လာတာကို့တွေ့ရှိရပါတယ် ယခု Cyclone Mocha 120kph, 983mb. ဖြစ်နေပါတယ် နောက် ၂၄နာရီအတွင်းမဖြစ်စေချင်တဲ့ Eye Feature မုန်းတိုင်းမျက်စိကိုမြင်ရတော့မှာဖြစ်ပြီး […]
Weather
မုန်တိုင်းက အလွန်ပြင်းထန်မှာမို့ မနက်ဖန်တစ်ရက်ပဲ ရွှေ့ပြောင်းဖို့အချိန်ရပါတယ် ဝိုင်းရှယ်ပေးကြပါအုံး
Weather
အမြန်ဆုံး နေရပ်စွန့်ခွါ ရွှေ့ပြောင်းကြပါ အမျိုးတို့ရေ ဧရာမမုန်တိုင်းကြီးလာနေပါပီ
အမြန်ဆုံး နေရပ်စွန့်ခွါ ရွှေ့ပြောင်းကြပါ အမျိုးတို့ရေ ဧရာမမုန်တိုင်းကြီးလာနေပါပီ အမြန်ပြောင်းရွှေ့ကြပါတော့ မိုခါမုန်တိုင်းသည် 14/05/2023 ရက်နေ့မှာ မုန်တိုင်းဗဟိုချက် စစ်တွေ ရသေ့တောင်းကြား မကျည်းချောင်းကနေပြီးဝင်ရောက်မှာဖြစ်ပါတယ် မုန်တိုင်းဝန်းမိုင်၅၀ ကျော်ရှိလို့ မြေငူကျွန်းစစ်တွေ ရသေ့တောင် ဘူးသီးတောင် မောင်းတော မြေပုံ ပုဏ္ဍားကျွန်းမြို့ မြောက်ဦးအထိအခိုက်အပျက်အစီးများနိုင်ပါတယ် မုန်တိုင်းဝင်ရောက်စဉ် တစ်နာရီ မိုင် ၉၀မှ လေပြင်းတိုက်ချိန် ဆောင့်တိုက်လေ၁၀၀မိုင်အထိတိုက်ခတ်နိုင်ပါတယ် ရေလှိုင်းအမြင့် ၃၂ပေ မှ ၃၆ပေအထိ ရှိနိုင်ပါတယ် မိုးရေချိန် ၂၀၀မီလီမီတာမှ ၃၀၀မီလီမီတာအထိရွာသွန်းနိုင်လို့မိုးအလွန်ကြီးမှာဖြစ်ပါတယ် ဘေးကင်းရာ ကုန်းမြင့် လုံခြုံတဲ့နေရာဒေသများသို့ပြောင်းရွှေ့နေထိုင်ကြပါလို့အကြံပြုလိုက်ပါတယ် issued time 11/05/2023 11:30am(MMT) မင်း ဂွတ် သီး Su Su San 𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓. […]
Weather
မိုခါမုန်တိုင်းကြီး မကြာခင် ဝင်ရောက်လာတော့မှာဖြစ်လို့ သတိပေးပြောဆိုလာတဲ့ မိုးမင်းသမီးလေး စုစုစံ
မိုခါမုန်တိုင်းကြီး မကြာခင် ဝင်ရောက်လာတော့မှာဖြစ်လို့ သတိပေးပြောဆိုလာတဲ့ မိုးမင်းသမီးလေး စုစုစံ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မိုခါမုန်တိုင်းကြီးသည် မေလ၁၁ရက်နေ့မှ ၁၄ရက်နေ့အတွင်း မုန်တိုင်းညာဖက် upper air circulation Precipitation conditions အထက်လေစီးကြောင်းတွေကနေပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းနေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တစ်ခုလုံး မန္တလေးတိုင်း မကွေးတိုင်းရခိုင်ပြည်နယ်တစ်ခုလုံးချင်းပြည်နယ်တစ်ခုလုံး စစ်ကိုင်းတိုင်းတစ်ခုလုံးတို့ကို မိုးရွာသွန်းစေနိုင်ပြီး မြေပြန့်တောင်ပေါ်မခွဲခြားပါဘူးတဲ့ ကချင်ပြည်နယ်ကြီးကိုလည်း မေလ၁၅ရက်၁၆ရက်၁၇ရက်နေ့မှာလည်းမိုးရွာစေပါမည်တဲ့လေ မေလ ၁၄ရက် ၁၅ရက် မကွေးတိုင်းအနောက်ဖက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ချင်းပြည်နယ်တွေမှာ မိုးကြီးရေလျှံနိုင်ပြီး မေလ ၁၄ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမုန်တိုင်းဒါဏ်ခံရနိုင်ပါတယ် လေဖိအားနည်းစတင်စုဖွဲချိန်ကထဲက မုန်တိုင်းသံပေးပြီဆိုပြီးသတိပေးခန်းမှန်ချက်တွေအဆက်မပြတ် ခန့်မှန်းပေးခဲ့ပြီးလည်းဖြစ်ပါတယ်နော် အားလုံးဘေးအန္တရာယ်ကင်းကြပြီး မိုခါကပေးတဲ့အေးမျှတဲ့မိုးရေစက်တွေနဲ့အတူအပူလျော့ကျသွားပြီး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြပါစေ issued time 11/05/2023 7:45am(MMT) Su Su San မင်း ဂွတ် […]
Weather
မေလ ၁၄ ရက် ၁၅ ရက်တွေမှာ မိုးကြီးရေလျံသတိပြုရမည့် ဒေသများ…see more
မိုးကြီးရေလျှံသတိ ၂၀၂၃ မေလ ၁၄ရက်နေ့ ၁၅ရက်နေ့တွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမကွေးတိုင်း အနောက်မြောက်ပိုင်းနှင့် ချင်းပြည်နယ်ဒေသတွေမှာမိုးကြီးလေထန်ကာရေလျှံနိုင်ပါတယ်။ အဆိုပါဒေသရှိမြစ်ချောင်းများတောင်ကျချောင်းများရေအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါတယ် ချောင်းနီးမြေနိမ့်ဒေသနေကြသူတွေအထူးသတိထားကြပါအန္တရာယ်ရှိမာတယ် မုန်းဆည် ကြီးအုံကြီးဝဆည် မဲဇလီ Hydraulic Elevator Dam လင်းဇင်းရေလွှဲဆည် စလင်းတမံ ရေဝင်တိုးပါလိမ့်မယ် မြစ်သာဆည်ကြီးလည်းရေအလုံးအရင်းနဲ့ဝင်လာပါလိမ့်မယ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ချီတဲ့ဆည်တမံကြီးများပါသဖြင့်အကျိုးကျေးဇူးရရှိလာမယ့်အခွင့်အခါကောင်းတစ်ခုပါပဲ ဆည်တမံကြီးများကြံခိုင်မှုပြည့်စုံအောင်ကြိုတင်လုပ်ကိုင်ဆောင်ရွက်ထားကြဖို့အကြံပြုလိုက်ပါတယ် တောဂ်သူလယ်သမားတွေအတွက်လည်းစိုက်ပျိုးကြဖို့အသင်ပြင်ထားကြပါ။ issued time 11/05/2023 1:47am(MMT) Su Su San မင်း ဂွတ် သီး 𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.
Weather
မုန်တိုင်း အထူးသတိပေးချက်…
မုန်တိုင်းအထူးသတိပေးချက် အိန္ဒိယနိုင်ငံမိုးလေဝသဌာနကြီးမှ မုန်တိုင်းခန့်မှန်းချက်ထုတ်ပြန်ထားတာဖြစ်ပါတယ် ။ မင်းဂွတ်သီးလေးရက်အဝေးကြီးထဲကခန့်မှန်းပေးခဲ့တဲ့အတိုင်းပါပဲ မြန်မာ ဘင်္ဂလားဒေချ့်နယ်စပ်အနီးက မုန်တိုင်းဝင်ရောက်မှာဖြစ်ပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ ရသေ့တောင် ပုဏ္ဍာကျွန်း ကျောက်တော် မင်းပြား မြောက်ဦးဘူးသီးတောင်မောင်းတော ပလက်ဝ မတူပြီ မုန်တိုင်းဝန်းထိပြီးမုန်တိုင်ဒါဏ်ခံရမှာဖြစ်ပါတယ် မုန်တိုင်းဝင်ရောက်ချိန်တွင် တစ်နာရီလေတိုက်နှုန်း 75kts 86mph 139km/h ဖြင့် တိုက်ခတ်နိုင်ပါတယ် အဆိုပါဒေသတွေကို ၂၀၂၃ မေလ ၁၃ရက်နေ့ ၁၄ရက်နေ့တွေမှာ မုန်တိုင်းတိုက်ခတ်ခံရမှာဖြစ်သဖြင့် ဘေးလွတ်ရာကိုရွှေ့ပြောင်းနေထိုင်ကြဖို့အကြံပြုလိုက်ပါတယ်။ source INDIA METEOROLOGICAL DEPARTMENT (IMD) issued time 10/05/2023 5:30am(MMT) Su Su San မင်း ဂွတ် သီး
Weather
မိုးကြီးမုန်တိုင်းပြင်းထန်မှာဖြစ်လို့ ဘေးလွတ်ရာပြောင်းရွှေ့နေထိုင်ကြရမယ့် ဒေသများကို သတိပေးလာတဲ့မိုးမင်းသမီးလေး စုစုစံ
မုန်တိုင်းသတိ… ၂၀၂၃မေလ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း အလယ်ပိုင်းတွင် အဖျက်စွမ်းအားပြင်းcat3 အဆင့်ရှိမုန်တိုင်းကြီးတစ်လုံးဖြစ်ပေါ်နိုင်ပြီ မေလ ၁၃ရက်နေ့တွင်စစ်တွေမြို့အနောက်ဖက်ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာကာ cat 4အဆင့်အထိအင်အားအလွန်ကောင်းနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ဘင်္ဂလားဒေခ်ျ့နိုင်ငံ စစ်တကောင်း ကော့ဘဇားဒေသတွေကနေကုန်းတွင်းဝင်ရောက်နိုင်သဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ ရသေ့တောင် ပုဏ္ဍာကျွန်း ကျောက်တော် ဘူးသီးတောင် မောင်းတော မေယုမြစ်တစ်လျှောက်မုန်တိုင်းအန္တရာယ်ရှိပါတယ် ၁၃ရက်နေ ၁၄ရက်နေ့ မုန်တိုင်းအန္တရာယ်ရှိသဖြင့် ယနေ့ ၉ ရက်နေ့ဖြစ်လို့ ဘေးကင်းလုံခြုံရာနေရာတွင်ပြောင်းရွှေ့နေထိုင်ရန်၃ရက်အချိန်ရပါတယ် ရခိုင်ပြည်နယ်မြောက်ပိုင်းမုန်တိုင်းအန္တရာယ်ရှိကြောင်းကိုလည်းရက်အဝေးကြီကထဲက ခန့်မှန်းပေးထားပြီးလည်းဖြစ်ပါတယ် အားလုံးဘေးကင်းလုံခြုံကြပါစေ issued time 09/05/2023 9:54am(MMT) Su Su San မင်း ဂွတ် သီး မုန်တိုင်းသတိ ၂၀၂၃မေလ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း အလယ်ပိုင်းတွင် အဖျက်စွမ်းအားပြင်းcat3 အဆင့်ရှိမုန်တိုင်းကြီးတစ်လုံးဖြစ်ပေါ်နိုင်ပြီ မေလ ၁၃ရက်နေ့တွင်စစ်တွေမြို့အနောက်ဖက်ရခိုင်ကမ်းရိုးတန်းအနီးကိုရောက်ရှိလာကာ cat 4အဆင့်အထိအင်အားအလွန်ကောင်းနိုင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ဘင်္ဂလားဒေချ့်နိုင်ငံ စစ်တကောင်း ကော့ဘဇားဒေသတွေကနေကုန်းတွင်းဝင်ရောက်နိုင်သဖြင့် […]
Weather
၂၀၂၃ မေလ ၁၂ရက်နေ့၁၃ရက်နေ့တွေမှာ MOCHA CYCLONE မုန်တိုင်းနှင့်အတူ မိုးကြီးနိုင်တဲ့ဒေသများ..
မိုးကြီးရေလျှံသတိ 🌧🌧🌧 ၂၀၂၃ မေလ ၁၂ရက်နေ့၁၃ရက်နေ့တွေမှာ 01B သည် Cat 2 အဆင့်ရှိ MOCHACYCLONE မုန်တိုင်းကြီးအဆင့်ကို ရောက်ရှိသွားနိုင်ပြီး ရခိုင်းကမ်းရိုးတမ်းနှင့်နီးကပ်လာချိန်မှာ ရခိုင်းကမ်းရိုးတန်းနှင့် ရခိုင်ရိုးမ ပေါ်တွင်မိုးကြီးနိုင်ပါတယ် ရိုးမကိုကျော်လွန်၍ မကွေးတိုင်းဧရာဝတီမြစ်အနောက်ဖက်ပိုင်းဒေသတွေမှာလည်းမိုးကြီးနိုင်ပါတယ် မိုးနဲရပ်ဝန်းဒေသ မကွေးတိုင်းမန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေအားလုံးမိုးတွေရွာမှာဖြစ်လို့စိုက်ပျိုးရေးလုပ်ဆောင်ကြမည့်သူအားလုံးအဆင်သင့်ပြင်ဆင်ထားကြပါလို့အသိပေးနိုးဆော် အပ်ပါတယ် မိမိရပ်ရွာမိမိဒေသစိမ်းလန်းစို​ပြေ ရေးအတွက် ကြီးမြန်သစ်ပင်အရိပ်ရပင်တွေလည်းစိုက်ပျိုးကြပါလို့တိုက်တွန်းနိုးဆော်အပ်ပါတယ် မိုးခမုန်တိုင်းကြီးကို ပြည်ဝင်ခွင့်ဗီဇာထုတ်မပေးတဲ့အတွက် ဘင်္ဂလာဒေချ့်ကိုဦးတည်ပါလိမ့်မယ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေခရိုင်နှင့် ရသေ့တောင် ဘူးသီးတောင် မောင်းတော ချင်းပြည်နယ် ပလက်ဝဒေသတွေမုန်တိုင်းသတိထားရပါမည် အဖျားခတ်နိုင်ပါ တယ် issued time 09/05/2023 6:04am(MMT) Su Su San မင်း ဂွတ် သီး 𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.
Weather
(၂၄)နာရီအတွင်း ဖြစ်ပေါ်လာမယ့် မုန်တိုင်းအခြေအနေကို သတိပေးပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ 08/05/2023 1:30pm အချိန်မှ နောက်၂၄နာရီမှ ၄၈နာရီအတွင်း 91B (or) 01B လေဖိအားနည်းရပ်ဝန်းသည် Deep Depression မုန်တိုင်းငယ်အဆင့်ကိုရောက်ရှိနိုင်ပြီး အဆိုပါ system လေဝဲရဲ့ ညာဖက်ယက်တင်အား အီကွေတာကိုဖြတ်သန်းတိုက်ခတ်လာတဲ့မိုးတိမ်အထက်လေစီးတွေက မြန်မာနိုင်ငံဒေသအနှံအပြားမှာ မိုးတွေရွာလာနိုင်ပါတယ် လေမိုးလျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ် မုန်တိုင်းမဖြစ်သေးသလို မုန်တိုင်းအန္တရာယ်လည်းမရှိသေးပါဘူး ယခုလောလောဆယ် ၂ရက် ၃ရက်အတွင်း မိုးတွေရွာကာအပူလျော့ကျသွားစေပါလိမ့်မယ် အားလုံးပျော်ရွှင်ကြည်နူးချမ်းမြေ့ကြပါစေ issued time 08/05/2023 1:28pm(MMT) မင်း ဂွတ် သီး Su Su San unicode နောက် (၂၄)နာရီအတွင်း ဖြစ်ပေါ်လာမယ့် မုန်တိုင်းအခြေအနေကို သတိပေးပြောပြလာတဲ့ မိုးမင်းသမီးလေး စုစုစံ 08/05/2023 1:30pm အချိန်မှ နောက်၂၄နာရီမှ […]
Weather
ေမလ ၁၀ ရက် မှ ၁၅ ရက်အတွင်းမုန်တိုင်းကြောင့် မိုးကြီးနိုင်သောဒေသများ..
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှာ ်အပူချိန်အနိမ့်အမြင့်အပေါ် မူတည်ပြီး လေထုဖိအားအပြောင်းအလဲ ကြောင့်ဖြစ်လာနိုင်သောမုန်တိုင်းကြောင့် မိုးရွာသွန်းလာ နိုင်သော နေရာများခန့်မှန်းချက် ေမလ ၁ဝ ရက်နေ့မှ ၁၅ရက်နေ့အတွင်း မြန်မာတစ်ပြည်လုံး နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပါတယ်။ “မိုးကြီးနိုင်သောနေရာများ” ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအလယ််ပိုင်းဒေသများဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှာ လာမည့် ၁၂၊ ၁၃၊၁၄ ရက်များမှာ မိုးများစွာရွာသွန်းကာ နေရာကွက်ကြား မိုးကြီးလာနိုင်ပါတယ်။ လေပြင်းအန္တရာယ်ရှိသောနေရာများ ခန့်မှန်းချက် လာမည့် ၁၂ရက်နေ့မှ ၁၅ရက်နေ့အတွင်း ဧရာဝတီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးဒေသကြီး နှင့်နေပြည်တော်တို့မှာ မိုးများစွာရွာသွန်း ခြင်းနှင့်အတူလေပြင်းအန္တရာယ်ပါရှိလာနိုင်လာ ပါတယ်။ အနီးကပ်ခန့်မှန်းချက်များကိုလည်း ဆက်လက်ထုတ် ပြန်ပေးသွားပါမည် ခင်ဗျာ။ ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ) […]