Weather

မိုခါမုန်တိုင်းကြီး မကြာခင် ဝင်ရောက်လာတော့မှာဖြစ်လို့ သတိပေးပြောဆိုလာတဲ့ မိုးမင်းသမီးလေး စုစုစံ

မိုခါမုန်တိုင်းကြီး မကြာခင် ဝင်ရောက်လာတော့မှာဖြစ်လို့ သတိပေးပြောဆိုလာတဲ့ မိုးမင်းသမီးလေး စုစုစံ

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မိုခါမုန်တိုင်းကြီးသည် မေလ၁၁ရက်နေ့မှ ၁၄ရက်နေ့အတွင်း မုန်တိုင်းညာဖက် upper air circulation Precipitation conditions အထက်လေစီးကြောင်းတွေကနေပြီး

ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းနေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တစ်ခုလုံး မန္တလေးတိုင်း မကွေးတိုင်းရခိုင်ပြည်နယ်တစ်ခုလုံးချင်းပြည်နယ်တစ်ခုလုံး စစ်ကိုင်းတိုင်းတစ်ခုလုံးတို့ကို မိုးရွာသွန်းစေနိုင်ပြီး မြေပြန့်တောင်ပေါ်မခွဲခြားပါဘူးတဲ့ ကချင်ပြည်နယ်ကြီးကိုလည်း မေလ၁၅ရက်၁၆ရက်၁၇ရက်နေ့မှာလည်းမိုးရွာစေပါမည်တဲ့လေ

မေလ ၁၄ရက် ၁၅ရက် မကွေးတိုင်းအနောက်ဖက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့်ချင်းပြည်နယ်တွေမှာ မိုးကြီးရေလျှံနိုင်ပြီး မေလ ၁၄ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးမုန်တိုင်းဒါဏ်ခံရနိုင်ပါတယ်

လေဖိအားနည်းစတင်စုဖွဲချိန်ကထဲက မုန်တိုင်းသံပေးပြီဆိုပြီးသတိပေးခန်းမှန်ချက်တွေအဆက်မပြတ် ခန့်မှန်းပေးခဲ့ပြီးလည်းဖြစ်ပါတယ်နော်

အားလုံးဘေးအန္တရာယ်ကင်းကြပြီး မိုခါကပေးတဲ့အေးမျှတဲ့မိုးရေစက်တွေနဲ့အတူအပူလျော့ကျသွားပြီး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြပါစေ

issued time
11/05/2023 7:45am(MMT)
Su Su San မင်း ဂွတ် သီး
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.

zawgyi code







issued time
11/05/2023 7:45am(MMT)
Su Su San မင်း ဂွတ် သီး
𝑺𝒆𝒏𝒊𝒐𝒓 𝑴𝒆𝒕𝒆𝒐𝒓𝒍𝒐𝒈𝒊𝒔𝒕 & 𝒂𝒅𝒗𝒂𝒏𝒄𝒆𝒅 𝒘𝒆𝒂𝒕𝒉𝒆𝒓 𝑭𝒐𝒓𝒆𝒄𝒂𝒔𝒕𝒆𝒓.