News

အံ့သြစရာ အိုင်စတိုင်းနှင့် စတီဖင် ဟော့ကင်းတို့ထက် အိုင်ကျူ ပိုမြင့်နေတဲ့ ၁၁ နှစ်အရွယ် အော်တစ်ဇင် ရောဂါသည်မလေး

အံ့သြစရာ အိုင်စတိုင်းနှင့် စတီဖင် ဟော့ကင်းတို့ထက် အိုင်ကျူ ပိုမြင့်နေတဲ့ ၁၁ နှစ်အရွယ် အော်တစ်ဇင် ရောဂါသည်မလေး

အော်တစ်ဇင်ရောဂါသည် အသက် ၁၁ နှစ်အရွယ် မက္ကဆီကိုနိုင်ငံသူ အက်ဟာရာ ပေရေး ဆန် ရှေး ဟာ အလွန်ထူးခြားတဲ့ ကလေးမလေးတစ်ဦးဖြစ်ပါတယ်။

မက္ကဆီကိုမြို့မှာ နေထိုင်တဲ့ ဆန်ရှေး ဟာ အိုင်ကျူ (IQ) ၁၆၂ ရှိပြီး ကမ္ဘာကျော် ရူပဗေဒပညာရှင်တွေဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်းနဲ့ စတီဖင် ဟော့ကင်းတို့ ထက်တောင် ပိုမြင့်နေတာပါ။ အိုင်းစတိုင်းနဲ့ ဟော့ကင်းတို့တောင် အိုင်ကျူ ၁၆၀ ဝန်းကျင်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။

ဖွံ့ဖြိုးမှု ချို့ယွင်းတဲ့ ရောဂါ (အော်တစ်ဇင်) ကို အသက် ၃ နှစ်လောက်မှာ စတင်ခံစားခဲ့ရတဲ့ ဆန် ရှေး ဟာ ပုံမှန်ကလေးတွေနဲ့ ကွဲပြားနေတာကြောင့် ကျောင်းတွေမှာ အနိုင်ကျင့်ခံခဲ့ရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ အသက် ၅ နှစ်အရွယ်မှာ မူလတန်း အောင်ခဲ့ပြီးနောက် နောက်တစ်နှစ် အတွင်းမှာပဲ အလယ်တန်းရော အထက်တန်းကျောင်းကပါ ဘွဲ့တွေကို ရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် စီအင်န်စီအိုင် တက္ကသိုလ်ကနေ စစ်စ်တမ် အင်ဂျင်နီးယားရင်း ဘွဲ့နဲ့ မက္ကဆီကို နည်းပညာတက္ကသိုလ်ကနေ သင်္ချာအထူးပြု စက်မှုအင်ဂျင်နီယာဘွဲ့တွေကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မက္ကဆီကို အာကာသ အေဂျင်စီမှာ အလုပ်လုပ်နေပြီး မဟာအင်ဂျင်နီယာဘွဲ့ကိုလည်း သိပ်မကြာခင် ရရှိတော့မှာ ဖြစ်ပါတယ်။

သူ့ရဲ့ ရည်မှန်းချက်ကတော့ နာဆာမှာ အာကာသယာဉ်မှူးကြီး ဖြစ်လာပြီး အင်္ဂါဂြိုလ်ပေါ်ကို ခြေချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

အသက် ၁၁ နှစ်အရွယ် ကလေးတစ်ယောက်က အခုလိုမျိုးတွေ လုပ်ပြနေတာဟာ တကယ်ကို ပါရမီပါပြီး ထူးခြားတယ်ဆိုတာ သက်သေပြသနေလိုပါပဲ။ ဒါပေမယ့် ဆန် ရှေး ဟာ နောင်လာမယ့်မျိုးဆက်သစ်တွေ အတုယူရမယ့် တောက်ပတဲ့ ကြယ်ပွင့် ဖြစ်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Source: WION

zawgyi code

အံ့ၾသစရာ အိုင္စတိုင္းႏွင့္ စတီဖင္ ေဟာ့ကင္းတို႔ထက္ အိုင္က်ဴ ပိုျမင့္ေနတဲ့ ၁၁ ႏွစ္အ႐ြယ္ ေအာ္တစ္ဇင္ ေရာဂါသည္မေလး

ေအာ္တစ္ဇင္ေရာဂါသည္ အသက္ ၁၁ ႏွစ္အ႐ြယ္ မကၠဆီကိုႏိုင္ငံသူ အက္ဟာရာ ေပေရး ဆန္ ေရွး ဟာ အလြန္ထူးျခားတဲ့ ကေလးမေလးတစ္ဦးျဖစ္ပါတယ္။

မကၠဆီကိုၿမိဳ႕မွာ ေနထိုင္တဲ့ ဆန္ေရွး ဟာ အိုင္က်ဴ (IQ) ၁၆၂ ရွိၿပီး ကမာၻေက်ာ္ ႐ူပေဗဒပညာရွင္ေတြျဖစ္တဲ့ အဲလ္ဘတ္ အိုင္းစတိုင္းနဲ႔ စတီဖင္ ေဟာ့ကင္းတို႔ ထက္ေတာင္ ပိုျမင့္ေနတာပါ။ အိုင္းစတိုင္းနဲ႔ ေဟာ့ကင္းတို႔ေတာင္ အိုင္က်ဴ ၁၆၀ ဝန္းက်င္ေလာက္ပဲ ရွိတယ္လို႔ သိရပါတယ္။

ဖြံ႕ၿဖိဳးမႈ ခ်ိဳ႕ယြင္းတဲ့ ေရာဂါ (ေအာ္တစ္ဇင္) ကို အသက္ ၃ ႏွစ္ေလာက္မွာ စတင္ခံစားခဲ့ရတဲ့ ဆန္ ေရွး ဟာ ပုံမွန္ကေလးေတြနဲ႔ ကြဲျပားေနတာေၾကာင့္ ေက်ာင္းေတြမွာ အႏိုင္က်င့္ခံခဲ့ရတဲ့ မိန္းကေလးတစ္ဦး ျဖစ္ပါတယ္။ ဒါေပမယ့္ သူဟာ အသက္ ၅ ႏွစ္အ႐ြယ္မွာ မူလတန္း ေအာင္ခဲ့ၿပီးေနာက္ ေနာက္တစ္ႏွစ္ အတြင္းမွာပဲ အလယ္တန္းေရာ အထက္တန္းေက်ာင္းကပါ ဘြဲ႕ေတြကို ရယူႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ စီအင္န္စီအိုင္ တကၠသိုလ္ကေန စစ္စ္တမ္ အင္ဂ်င္နီးယားရင္း ဘြဲ႕နဲ႔ မကၠဆီကို နည္းပညာတကၠသိုလ္ကေန သခ်ၤာအထူးျပဳ စက္မႈအင္ဂ်င္နီယာဘြဲ႕ေတြကိုလည္း ရရွိထားသူ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ မကၠဆီကို အာကာသ ေအဂ်င္စီမွာ အလုပ္လုပ္ေနၿပီး မဟာအင္ဂ်င္နီယာဘြဲ႕ကိုလည္း သိပ္မၾကာခင္ ရရွိေတာ့မွာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ရည္မွန္းခ်က္ကေတာ့ နာဆာမွာ အာကာသယာဥ္မႉးႀကီး ျဖစ္လာၿပီး အဂၤါၿဂိဳလ္ေပၚကို ေျခခ်ႏိုင္ဖို႔ပဲ ျဖစ္ပါတယ္။

အသက္ ၁၁ ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္က အခုလိုမ်ိဳးေတြ လုပ္ျပေနတာဟာ တကယ္ကို ပါရမီပါၿပီး ထူးျခားတယ္ဆိုတာ သက္ေသျပသေနလိုပါပဲ။ ဒါေပမယ့္ ဆန္ ေရွး ဟာ ေနာင္လာမယ့္မ်ိဳးဆက္သစ္ေတြ အတုယူရမယ့္ ေတာက္ပတဲ့ ၾကယ္ပြင့္ ျဖစ္လာမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရအုံးမွာ ျဖစ္ပါတယ္။

Source: WION