နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်နှင့် ဝတ်မှုန်ရွှေရည်အပါအဝင် အနုပညာရှင် ၁၅ဦးကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် GSCB တိုက်တွန်း ဆဏ်း/People’s Spring နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းသည်ဆို သည့် နာမည်ကြီးအနုပညာရှင် ၁၅ဦးကို လူမှုရေး ပြစ်ဒဏ်ချမှတ်ရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body-GSCB)အဖွဲ့က တိုက်တွန်းသည်။ “ဖက်ဆစ်စစ်တပ်နှင့်ပူးပေါင်းသူမှန်သမျှ ဆန့်ကျင်ကြ”ဟုဆိုကာ စစ်တပ်နှင့် ပူးပေါင်းသော၊ စစ်တပ်နှင့်ဆက်စပ်သော အသိုင်းအဝိုင်းများနှင့် တွဲဖက်အလုပ်လုပ်ကိုင်သော၊ အာဏာသိမ်းစ အချိန်တည်းက အခုချိန်ထိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ခြင်းမရှိသော၊ အစပိုင်းတွင်ပါဝင်ခဲ့သော်လည်း ယခုအချိန်တွင် စစ်တပ်နှင့်ပူးပေါင်း တွဲဖက်လုပ်ကိုင်ကြသော အနုပညာရှင်များ၊ Social influencer များ လူမှုပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပါသည်”ဟု ဧပြီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။ အဆိုပါအနုပညာရှင်များမှာ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင် […]
