ကြားသိရသမျှ

နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ…

နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ… ကျွန်မအရမ်းချစ်တဲ့သမီးလေး ဆုံးသွားပါပြီ မိခင်တယောက်အနေနဲ့ရင်ဖွင့်ပါရစေ….ကျွန်မသမီးလေးလို နောင်ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ကြီရွယ်အိုတွေ ကျွန်မကလေးလို အဖြစ်မျိုး မဖြစ်ဖို့ ရင်ဖွင့်ပါရစေ… ကျွန်မသမီးလေးက ကျမ်းမာတယ် သန်စွမ်းပါတယ်…ကျမ်းမားပါတယ်..မွေးတဲ့ကပါ …ဒါကြောင့်လည်း ကျွန်မဆေးရုံဆေးခန်း အတွေအကြုံ မရှိခဲ့ဒါပါ….13’8’2020 တနေ့လုံးကျမ်းမာပါတယ်….14’8’2020’မနက်လေးနာရီလောက်မှာ ကိုယ့်ပူတယ်….။ အပူများတော့ နို့စို့လိုက်အန်လိုက်ဖြစ်နေလို့ ဧရာဝတီတိုင်း ဟင်္သာံတခရိုင် လေးမျက်နှာမြိုနယ် အိုင်သပြု ဆရာမတယောက်ဆီမှာ ဆေးခန်းပြခဲပါတယ်…. ဆရာမက ဆေးထိုးပေးလိုက်ပါတယ်….အိမ်ပြန်ရောက်တော့ ကလေးက ကိုယ့်ပူကြပြီး သိမ့်မလန်းဘူး….။ ရေငတ်တယ် …ဓာတ်စားရေတိုက်တယ် …နို့စို့တယ်အန်တယ်… အာကြောင့် ညနေ၄နာရီလောက်ကြ အိပ်နေပြီ….ဆေးခန်းသို့ရောက်တော့ ညနေ၅နာရီရှိပြီ….ဆရာမက ဆေးရုံကဆရာဝန်ဆီသွားပါတဲ….နောက်ကြောင်းပြန်ပြီး ဆေးရုံကိုသွားပါတယ်…..။ ဆေးရုံရောက်တော့ ဆရာမတွေက ဆရာဝန်ကဆေးမှာမို့လို့ဆေးခန်းကို လိုက်သွားပါတဲ့….နောက်ကြောင်းပြန်ပြီး ဆရာဝန်ဆေးခန်းသွားရပါတယ်….ဆရာဝန်ဆီရောက်တော့ ကလေးက ရေဓာတ်ခန်းနေလို့ ဆေးရုံကို […]