အောင်မြင်ကျော်ကြားသူတွေခဏတိတ်ဆိတ်နေကြတုန်းမို့ နေရာရလာတယ်လို့ ပြောတဲ့သူတွေကိုထိထိမိမိပြန်ပြောလာတဲ့ မေပန်းချီ သရုပျဆောငျမပေနျးခြီကတော့ အနုပညာနယျပယျမှာ ဇာတျပို့သရုပျဆောငျအနနေဲ့သာနရောရခဲ့ ပမေယျ့ ပီပွငျတဲ့သရုပျဆောငျမှုတှကွေောငျ့ပရျိသတျတှရေဲ့အားပေးမှုအပွညျ့အဝရရှိလာတာဖွဈပါတယျ။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အရေးအခင်းကြီးကြောင့် နာမည်ကြီးအနုပညာရှင်တစ်ချို့ကတော့ ထောင်ထဲရောက်နေပြီးတစ်ချို့ကတော့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ ဒါအပြင် တချို့အနုပညာရှင်တွေက အနုပညာအလုပ်တွေရပ်နားထားလို့ အနုပညာရှင်အနည်းငယ်ကဘဲ ကြောငြာတွေနဲ့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်နေရတာဖြစ်ပါတယ်။ သရုပ်ဆောင်မေပန်းချီကလည်းအခုကာလမှာကြောငြာတွေဆက်တိုက်ရိုတ်ကူးနေရပြီး live sale တွေရောင်းပြီး အရမ်းကိုအောင်မြင်နေတာဖြစ်ပါတယ်။ဒါကြောင့် ပရိသတ်တစ်ချို့က အောင်မြင်ကျော်ကြားသူတွေ ခဏတိတ်ဆိတ်နေကြတုန်းမို့ နေရာရလာတယ်လို့ပြောကြတဲ့အပေါ်မေပန်းချီကပြန်လည်ရှင်းပြလာတာဖြစ်ပါတယ်။ မေပန်းချီကဒီလိုအခြေအနေမှာကိုယ်ရလာတဲ့အခွင့်အရေးဟာ အောင်မြင်ကျော်ကြားသူတွေ ခဏတိတ်ဆိတ်နေကြတုန်းမို့ပွဲ့လန့်တုန်းဖျာခင်းဘာမဟုတ်တဲ့သူတွေနေရာရတယ်လို့ ခေါင်းစဉ်တပ်လို့မရပါဘူး။ ကြိုးစားခဲ့တယ် ခက်ခဲခဲ့တယ်ရုန်းကန်ခဲ့တယ်အချိန်တွေပေးဆပ်ခဲ့တယ်။သို့သော် အခွင့်အရေးရချိန်ဟာ အချိန်ကောင်းဖြစ်မလာခဲ့တာကလွဲလို့ ဘယ်အရာမှပေါ့ပျက်ပျက်မလုပ်ခဲ့သလိုလွယ်လွယ်ကူကူမရခဲ့ပါဘူး။ တစ်ကြိမ်တစ်ခါလေးတော့ဘဝမှာကျွန်မတို့လဲအခွင့်အရေးလေးမရသင့်ဘူးလားဆိုပြီးမေးခွန်းထုတ်လာတာဖြစ်ပါတယ်။ Credit
Day: April 25, 2022
ဘဝတစ်ခုမှ တစ်ခုကူးပြောင်းပုံ…(ပြန်လည်မျှဝေ ပူဇော်ပါသည်)
ဘဝတစ်ခုမှ တစ်ခုကူးပြောင်းပုံ…(ပြန်လည်မျှဝေ ပူဇော်ပါသည်) လူတစ်ယောက်ဟာ သေတော့မယ် ဆိုလို့ရှိရင် ဘာဖြစ်လဲ။ နောက်ဘဝဖြစ်မယ်ဆိုတာ သေခါနီးမှာ မိန်းမောသွားတဲ့အချိန်လေးမှာ အိပ်မက်မက်သလို ဖြစ်တယ်။ ထင်ယောင်မြင်ယောင်တွေ ဖြစ်တတ်တယ်။ အဟုတ်မြင်တာလည်း ဖြစ်တတ်တယ်။ ကံတရားရယ်၊ ကမ္မနိမိတ်ရယ်၊ဂတိနိမိတ်ရယ် ဆိုတဲ့ ဒီသုံးခု တစ်ခုခု သူ့ရဲ့စိတ်အာရုံထဲမှာပေါ်လာတယ်။လူကတော့ အိပ်ရာပေါ်မှာပက်လက်ပေါ့။ ဆွေမျိုးသားချင်းတွေဟာ ဝိုင်းကြည့်နေတာ။ အသက်ထွက်တော့မှာကို ဝိုင်းကြည့်နေတာ။ အဲဒီအချိန်လေးမှာ သူက မှတ်ပုံတင်နေပြီ။ လူတိုင်း လူတိုင်း အဲဒါ ကိုယ်လည်း ဒီလိုပဲနေမှာ။ အဲဒီအချိန်လေးမှာမှတ်ပုံတင်ရတော့တာ။ အဲဒီမှတ်ပုံတင်က ဘယ်ကလာတာတုန်းဆိုတော့ လဝက က လာတာ မဟုတ်ဘူး။ အဲဒီမှတ်ပုံတင်က ကိုယ်လုပ်ခဲ့တဲ့ဟာတွေ ဒီအချိန်မှာ လာပြီးတော့ ပေါ်နေတာ။ နေ့စဉ်နဲ့အမျှ အကောင်ပလောင်တွေ သတ်တဲ့ လူကလည်းပဲ အဲဒီသတ်တုန်းက ဒေါသဖြစ်နေတဲ့ ဒေါသတွေ လာပေါ်တာ။ […]

