အခ်စ္ေရး

ယောက်ျားလေးတွေ ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ချင်ကြတဲ့ မိန်းကလေးပုံစံများ

လူအများစုက ယောင်္ကျားလေးတွေက လှတဲ့ မိန်းကလေးမြင်ရင် ကြိုက်ကြတာပဲ လို့ ယေဘုယျ ပြောကြလေ့ ရှိပါတယ်။ တကယ်တော့ ယောင်္ကျားလေးတင်မက မိန်းကလေးလည်း အလှကြိုက်တတ်ကြပါတယ်။ လှလို့ ကြည့်တယ်ဆိုတဲ့ သဘောမှာပဲ ရှိတာပါ။ ယောင်္ကျားလေးတွေက သူတို့ ဘဝလက်တွဲဖော်ကိုတော့ ဒီလို မိန်းကလေးမျိုး ဖြစ်ဖို့ ပိုမျှော်လင့်သလို ရွေးချယ်တတ်ကြပါတယ်။

သူတို့က ချစ်ရတဲ့သူ

ယာင်္ကျားလေးတွေ အရေးအထားဆုံးက သူတို့က ချစ်ရသူကို ဘဝ တစ်သက်လုံး လက်တွဲချင်တာပါ။ ဒါကြောင့်လည်း မချစ်တဲ့သူထက် သူတို့ချစ်ရတဲ့သူကို ရအောင်ယူဖို့ကို ပိုစိတ်အားထက်သန်ကြပါတယ်။ သူတို့က ချစ်တဲ့အခါ တစ်ဘဝလုံး ပိုင်ဆိုင်ခွင့် ရချင်တဲ့သူတွေလည်း ဖြစ်ပါတယ်။

မိသားစုကို ခ်စ္တတ္တဲ့သူ

ယောင်္ကျားလေးတွေက နွေးထွေးမှုကို ကြိုက်နှစ်သက်ပါတယ်။ မိသားစုဝင်တွေကို ဂရုစိုက်ပြီး ချစ်တတ်တဲ့သူတွေကိုလည်း သဘောကျတတ်ပါတယ်။ မိသားစုတစ်ခုက ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေးဆိုရင် ပျော်ရွှင်စရာကောင်းပြီး စိတ်ချမ်းမြေ့မယ်လို့ သူတို့က လက်ခံထားကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဘဝလက်တွဲဖော်အဖြစ် နွေးထွေးပြီး ချစ်တတ်တဲ့သူမျိုးကို ရွေးချယ်လေ့ ရှိပါတယ်။

သစၥာရွိတဲ့သူ

ယောင်္ကျားလေးတွေက ချစ်ရသူကို သူတို့တည်းကသာ သည်းသည်းလှုပ် ချစ်ချင်တာမျိုးလည်း ဖြစ်ပါတယ်။ အချစ်တွေ ထုတ်မပြတတ်တဲ့သူဆိုရင်တောင်မှ ကိုယ် ချစ်ရတဲ့သူကို သဝန်တိုတတ်ပါတယ်။ ဒါကြောင့် သူ တစ်ယောက်တည်းကို ပုံပြီး ချစ်တဲ့ သစ္စာရှိတဲ့ မိန်းကလေးမျိုးကို ရွေးတတ်ကြပါတယ်။

အိမ်ထောင်မှု ထိန်းသိမ်းနိုင်တဲ့သူ

ယောင်္ကျားလေးတွေက သူတို့သာ ပေပေတေတေ နေရင်နေမယ် အိမ်လေးကို ကြည့်လိုက်ရုံနဲ့ စိတ်အေးချမ်းအောင် ပြင်ဆင်ထားတာမျိုးကို နှစ်သက်ကြပါတယ်။ အိမ်လေးက သပ်ရပ်ပြီး ကြည့်ပျော်ရှုပျော် ရှိတာမျိုးကို သဘောကျတာကြောင့် အဲ့လို အိမ်ကိုထိန်းသိမ်းတတ်တဲ့ ကောင်မလေးတွေကို သဘောကျပြီး အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိုကြပါတယ်။

နားလည်မှုပေးနိုင်တဲ့သူ

ယောင်္ကျားလေးဆိုတဲ့အမျိုးက ကျောပူတာ ခံနိုင်တယ်။ နားပူတာ မခံနိုင်ဘူးဆိုတဲ့အမျိုးပါ။ မိန်းကလေးတွေက ကိုယ်နဲ့ဆိုင်တဲ့သူကိုဆို အကြောင်းအရာစုံမှာ တဗျစ်တောက်တောက် ပြောနေတတ်ပါတယ်။ သဝန်တိုတာတွေလည်း ရှိသလို စကားနာထိုးတာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်လုပ်ချင် တစ်နေ့တာ လှုပ်ရှားချင်တာကြောင့် ဘာလုပ်လုပ် နားလည်ပေးနိုင်မယ့် မိန်းကလေးမျိုးကို လက်တွဲဖော်အဖြစ် ရွေးလေ့ ရှိပါတယ်။

Credit Aunty May