မင်းကို လိုအပ်နေတဲ့သူကို မအားဘူးလို့ အကြောင်းမပြမိစေနဲ့
မင်းကို လိုအပ်နေတဲ့သူကို
မအားဘူးလို့ အကြောင်းမပြမိစေနဲ့
မင်း လိုအပ်တဲ့အချိန်ကျ
သူ အားမှာ မဟုတ်တော့ဘူး။
မင်းကို ဂရုစိုက်တဲ့သူကို
မထီမဲ့မြင် မပြုမိစေနဲ့
မင်း ဂရုစိုက်မှုလိုတဲ့အချိန်မှာ
သူ ပစ်ထားတာ ခံရလိမ့်မယ်။
မင်းကို တန်ဖိုးထားတဲ့သူကို
ပြစ်ထားတာမျိုး မလေးမစာမလုပ်မိစေနဲ့
မင်း တန်ဖိုးထားဖို့လိုတဲ့အခါ
သူ နှစ်ပြားမတန်အချိုးမျိုး ချိုးသွားလိမ့်မယ်။
မင်းကို ယုံကြည်ထားတဲ့သူကို
လိမ်ညာတာမျိုး မလုပ်မိစေနဲ့
မင်း ယုံကြည်ဖို့လိုတဲ့အခါ
သူ လိမ်ညာတာ ပြန်ခံရလိမ့်မယ်။
မင်းကို လွမ်းဆွတ်နေတဲ့သူကို
ဥပေက္ခာပြုတာမျိုး မလုပ်ပါနဲ့ ။
မင်းလွမ်းနေတဲ့ အချိန်ကျ
သူ ဥက္ခောပြုသွားလိမ့်မယ်။
မင်းကို အရမ်းချစ်တဲ့သူကို
ဘယ်တော့မှ လမ်းမခွဲမိစေနဲ့
မင်း အချစ်စစ်ကို လိုတဲ့အချိန်မှာ
သူ ပက်ပက်စက်စက် ထားသွားလိမ့်မယ်။
Unicode
မင်းကို လိုအပ်နေတဲ့သူကို မအားဘူးလို့ အကြောင်းမပြမိစေနဲ့
မင်းကို လိုအပ်နေတဲ့သူကို
မအားဘူးလို့ အကြောင်းမပြမိစေနဲ့
မင်း လိုအပ်တဲ့အချိန်ကျ
သူ အားမှာ မဟုတ်တော့ဘူး။
မင်းကို ဂရုစိုက်တဲ့သူကို
မထီမဲ့မြင် မပြုမိစေနဲ့
မင်း ဂရုစိုက်မှုလိုတဲ့အချိန်မှာ
သူ ပစ်ထားတာ ခံရလိမ့်မယ်။
မင်းကို တန်ဖိုးထားတဲ့သူကို
ပြစ်ထားတာမျိုး မလေးမစာမလုပ်မိစေနဲ့
မင်း တန်ဖိုးထားဖို့လိုတဲ့အခါ
သူ နှစ်ပြားမတန်အချိုးမျိုး ချိုးသွားလိမ့်မယ်။
မင်းကို ယုံကြည်ထားတဲ့သူကို
လိမ်ညာတာမျိုး မလုပ်မိစေနဲ့
မင်း ယုံကြည်ဖို့လိုတဲ့အခါ
သူ လိမ်ညာတာ ပြန်ခံရလိမ့်မယ်။
မင်းကို လွမ်းဆွတ်နေတဲ့သူကို
ဥပေက္ခာပြုတာမျိုး မလုပ်ပါနဲ့ ။
မင်းလွမ်းနေတဲ့ အချိန်ကျ
သူ ဥက္ခောပြုသွားလိမ့်မယ်။
မင်းကို အရမ်းချစ်တဲ့သူကို
ဘယ်တော့မှ လမ်းမခွဲမိစေနဲ့
မင်း အချစ်စစ်ကို လိုတဲ့အချိန်မှာ
သူ ပက်ပက်စက်စက် ထားသွားလိမ့်မယ်။