နယူးရောက်မြို့မှ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲသို့တက်ရောက်လာတဲ့ ပန်ဆယ်လို (ရုပ်သံ)
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၀ ရက်။
စစ်ကောင်စီမှ ၅၀၅ က ဖြင့် ဖမ်းဝရမ်းထုတ်ထားသော စာရေးဆရာမ ပန်ဆယ်လိုသည် အမေရိကန်နိုင်ငံ နယူးရောက်မြို့တွင် ဇွန်လ ၁၉ ရက်နေ့က ကျဥ်းပသော ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲသို့ တက်ရောက်ကာ စကားပြောကြားခဲ့သည်ကို သူမ၏ လူမှုကွန်ရက် စာမျက်နှာမှ Live လွှင့်ခဲ့ပါသည်။
၎င်းသည် NLD ပါတီ၏ အမာခံ ထောက်ခံအားပေးသူတစ်ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်များကို အွန်လိုင်းပေါ်မှ တောက်လျှောက်ဝေဖန်ပြောဆိုမှုများကြောင့် စစ်တပ်အသိုင်းအဝိုင်း၏ မျက်မုန်းကျိုးမှုကို ခံရသူတစ်ဦးဖြစ်သည်။
၎င်းသည် စစ်ကောင်စီတပ်များ စောင့်ကြည့်ခံနေရသည့် ကြားမှ ပျောက်ခြင်းမလှ ပျောက်သွားပြီးမှ အမေရိကန် နိုင်ငံသို့ရောက်ရှိနေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။ မကြာသေးမီအချိန်က ၎င်း သေဆုံးသွားပြီဟု စစ်တပ်အသိုင်းအဝိုင်းကြား ပြောဆိုမှုများရှိနေပြီးနောက် ယခုကဲ့သို့ ပြန်ပေါ်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များ အသည်းအသန်လိုက်ရှာနေသည့်ကြားမှ ပန်ဆယ်လို ဘယ်လို လွတ်မြောက်သွားသည်ကို မသိရပေမဲ့ စစ်ကောင်စီ ထောက်ခံသူများကြားမှာတော့ ၎င်း လွတ်မြောက်သွားသည်ကို မကျေမနပ်ဖြစ်နေကြကြောင်း သတင်းရရှိပါသည်။
&;



