လူသားများ ဖူးမြော်ကြည်ညိုခွင့်မရတဲ့ စေတီထူး ၃ ဆူ ကို သင်သိပြီးပြီလား…?
လူသားများ မဖူးရတဲ့ စေတီထူး ၃ ဆူဆိုတာရှိပါတယ်…
(၁) စူဠာမဏိစေတီတော်၊
(၂) ဒုဿစေတီတော်၊
(၃) မဟေသရစေတီတော် တို့ဖြစ်ကြတယ်။
(၁) စူဠာမဏိစေတီတော်ဆိုတာ —
တာဝတိ ံသာနတ်ပြည်မှာ သိကြားမင်းတည်ထားတဲ့ စေတီဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကိုစီးပြီး မောင်ဆန်နှင့် အတူတောထွက်ကြရာမှာ အနော်မာမြစ်ကိုရောက်သောအခါကဏ္ဍကမြင်းနှင့်
မောင်ဆန်ကို ပြန်လွှတ်၍ အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော် ” ငါသည် အကယ်စင်စစ် ဘုရားဖြစ်မည်ဆိုပါက ဤ ဆံတော်သည် ကောင်းကင်၌ တည်စေသတည်း၊
လူသားများ ဖူးမြော်ကြည်ညိုခွင့်မရတဲ့ စေတီထူး ၃ ဆူ ကို သင်သိပြီးပြီလား…?
အကယ်၍ ဘုရားမဖြစ်ပါက မြေ၌ကျစေသတည်း “ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မကိုဋ်နှင့် တကွသော ဆံထုံးတော်သည် အထက်သို့ တစ်ယူဇနာတိုင်တိုင် တက်၍ ကောင်းကင်၌ တည်၏။
ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာ ပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိ ံသာ နတ်ပြည်၌ စူဠာမဏိစေတီတော်ကို တည်ထားကိုးကွယ်လေ၏။
(၂) ဒုဿစေတီတော်ကတော့—
သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးနောက် ယခုငါဝတ်ထားတဲ့အဝတ်တွေဟာ ရဟန်းများနှင့် မလျောက်ပတ်ဘူး။ သူတို့ကိုလည်းပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့၊
အဲဒီအခါ ကဿဖဘုရားရှင်လက်ထက်တော်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်းကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက် ကပ်လှူသတဲ့။
အလောင်းတော်က ထို ပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို မြှောက်ပစ်လိုက်တယ်။ ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းကဆောင်ယူပြီး ၊ သုဒ္ဓါဝါသဗြဟ္မာဘုံမှာ စေတီတည်ထားတယ် ။ ဒီစေတီဟာ ၁၂ – ယူဇနာမြင့်တယ်လို့ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ -မှာ ဆိုပါတယ်။
(၃) မဟေသရစေတီတော်ကတော့ —
ဟိမဝန္တာတောင်အတွင်းမှာ မန္ဒာဂီရိအမည်ရှိတဲ့ တောင်မှာ မဟေသရအမည်ရှိတဲ့ တန်ခိုးကြီးသော နတ်တစ်ပါးရှိတယ်။ အခါတစ်ပါး ဘုရားရှင်သည် ဟိမဝန္တာအရပ် နံ့သာတောကြွပြီး နေ့သန့်သတဲ့၊ ဒီအခါ မဟေသရနတ်မင်းက လာရောက်ပြီး ဘုရားရှင်နှင့် ယှဉ်ပြိုင် ကစားလိုပါတယ်လို့လျှောက်သတဲ့။ဒီအခါ ဘုရားရှင်က ဒီနတ်ဘီလူးဟာ တန်ခိုးကြီးသူဖြစ်တယ်။
သာသနာတော်ကို ကြည်ညိုလာလျှင် များစွာ အကျိုးရှိလိမ့်မယ်။ ဒါကြောင့် သူ့အလိုကိုလိုက်ဦးမှလို့ ” အချင်းနတ်မင်းငါနှင့် ဘယ်လိုကစားချင်သလဲလို့ ” မေးသတဲ့။ မဟေသရနတ်က ရွာသူသားငယ်များကဲ့သို့
တူတူပုန်းတမ်း ကစားချင်ပါတယ်လို့ လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့် သင်က ဦးစွာပုန်းပါ၊ ငါကဖော်ပါ့မယ်လို့ ပြောသတဲ့၊ ဒီလိုဆိုလျှင် မျက်စိကိုပိတ်ထားပါ။
ကျွနု်ပ် ပုန်းကွယ်ပါမည် လျှောက်ထားပြီး မဟေသရနတ်မင်းဟာ သူကိုယ်ကို ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ အသံပြုလိုက် သတဲ့။ ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှွှာများကို ယက်ချကာ အချင်း မဟေသရ ထလော့လို့ဆိုသတဲ့။
ဒီအခါ မဟေသရက အမှန်မှာ ရှင်ကြီးဂေါတမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့၊ဒီအခါဘုရားရှင်က အချင်း မဟေသရ ဒီလိုမကြံနှင့်၊ ငါဟာ သင်ရဲ့ ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှ ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ အမှန်တကယ် တန်ခိုးကြီးပါတယ်၊
သို့သော်အရှင်ပုန်းပါဦး၊အရှင့်ကို ကျွနု်ပ် ရှာပါဦးမယ်လို့ ပြောသတဲ့၊ မြတ်စွာဘုရားက ငါပုန်းရမည်ဆိုသော် သင်၏မျက်လုံးများကို လက်နှင့် ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို ပရမာဏုမြူမျှလောက် ဖန်ဆင်းပြီး နတ်မင်းရဲ့ မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူပြီး ကောင်းကင်က အသံပေးလိုက်တယ်။
မဟေသရနတ်လည်း မျက်နှာကိုဖွင့်၊ ထက်ဝန်းကျင်ကြည့်သော်လည်း ဘုရားရှင်ကို မမြင်ဘူးတဲ့၊ ဒါကြောင့် ရေမြေတောတောင် သမုဒ္ဒရာမကျန်အောင် ဘယ်လိုရှာဖွေလို့မျှ မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရသတဲ့၊ အဲဒီအခါမှ ဘုရားရှင်က မဟေသရနတ်မင်းရဲ့ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသတဲ့။
ဘုရားရှင်ရဲ့ တန်ခိုးတော်များမြင်ရမှ မဟေသရနတ်မင်းဟာ ဘုရားရှင်အားကြည်ညိုကာ ဘုရားရှင်ထံ သရဏဂုံယူကာ ဥပသကာအဖြစ်ခံယူပြီးနောက်၊ မြတ်စွာဘုရားရှင်ဟာ လူသားဖြစ်သော်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ဘူး။
ဒါကြောင့် မန္ဒာဂိရီတောင်မှာ အမြဲ သီတင်းသုံးပါ။ နတ်ဆွမ်းကွမ်းများကို အမြဲဆက်ကပ်ပါမယ်လို့ လျှောက်ထားသတဲ့ ၊ ဘုရားရှင်က ခွင့်မပေးတဲ့ အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဍာန်တော်ကို ကိုးကွယ်ခွင့်ပေးတော်မူ ပါလို့ လျှောက်ထားသတဲ့၊
ဘုရားရှင်က အခွင့်ပေးတဲ့အခါ မန္ဒာဂီရိတောင်မှာ ရတနာခုနှစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းတော်ကြီးကို ဆောက်တယ်။
ထိုကျောင်းတော်ကြီးအတွင်းမှာ ဂန္ဓကုဋီတိုက်ကို ဖန်းဆင်းတယ်။ ဂန္ဓကုဋီတိုက်အတွင်းမှာ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မျောက်မင်းတစ်ကောင်ကို အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင် ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။ ဒါက မဟေသရစေတီတော်ပါ။
စေတီဆိုတာ ဓာတုစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီ၊ ဓမ္မစေတီ ရယ်လို့ ၄ဆူရှိတယ်။ စေတီလို့ဆိုလိုက်လျှင် ရွှေတိဂုံစေတီလို စေတီကိုပဲ မြင်တတ်တယ်၊ အမှန်ကတော့ မဟာမြတ်မုနိလို ရုပ်ပွားတော်ဟာလည်း စေတီပါပဲ။ အခုစေတီသုံးမျိုးမှာ မဟေသရစေတီဟာ ရုပ်ပွားတော်စေတီဖြစ်ပါတယ်။
(ထီးချိုင့်မြို့ တည်တောဆရာတော်)
Credit
လူသားမ်ား ဖူးေျမာ္ၾကည္ညိဳခြင့္မရတဲ့ ေစတီထူး ၃ ဆူ ကို သင္သိၿပီးၿပီလား…?
လူသားမ်ား မဖူးရတဲ့ ေစတီထူး ၃ ဆူဆိုတာရွိပါတယ္…
(၁) စူဠာမဏိေစတီေတာ္၊
(၂) ဒုႆေစတီေတာ္၊
(၃) မေဟသရေစတီေတာ္ တို႔ျဖစ္ၾကတယ္။
(၁) စူဠာမဏိေစတီေတာ္ဆိုတာ —
တာဝတိ ံသာနတ္ျပည္မွာ သိၾကားမင္းတည္ထားတဲ့ ေစတီျဖစ္တယ္။ သိဒၶတၳမင္းသားဟာ က႑ကျမင္းကိုစီးၿပီး ေမာင္ဆန္ႏွင့္ အတူေတာထြက္ၾကရာမွာ အေနာ္မာျမစ္ကိုေရာက္ေသာအခါက႑ကျမင္းႏွင့္
ေမာင္ဆန္ကို ျပန္လႊတ္၍ အေလာင္းေတာ္သည္ ဆံေတာ္ကိုျဖတ္ၿပီးေသာ္ ” ငါသည္ အကယ္စင္စစ္ ဘုရားျဖစ္မည္ဆိုပါက ဤ ဆံေတာ္သည္ ေကာင္းကင္၌ တည္ေစသတည္း၊
လူသားမ်ား ဖူးေျမာ္ၾကည္ညိဳခြင့္မရတဲ့ ေစတီထူး ၃ ဆူ ကို သင္သိၿပီးၿပီလား…?
အကယ္၍ ဘုရားမျဖစ္ပါက ေျမ၌က်ေစသတည္း “ဟု အဓိ႒ာန္ျပဳ၍ ေကာင္းကင္သို႔ ေျမႇာက္ပစ္လိုက္ရာ မကိုဋ္ႏွင့္ တကြေသာ ဆံထုံးေတာ္သည္ အထက္သို႔ တစ္ယူဇနာတိုင္တိုင္ တက္၍ ေကာင္းကင္၌ တည္၏။
ထိုအခါ သိၾကားမင္းသည္ ဆံေတာ္ကိုျမင္၍ ရတနာ ပန္းေတာင္းျဖင့္ ခံယူၿပီးလွ်င္ မိမိေနရာ တာဝတိ ံသာ နတ္ျပည္၌ စူဠာမဏိေစတီေတာ္ကို တည္ထားကိုးကြယ္ေလ၏။
(၂) ဒုႆေစတီေတာ္ကေတာ့—
သိဒၶတၳမင္းသား ဘုရားအေလာင္းေတာ္ဟာ ဆံေတာ္ကိုပယ္ၿပီးေနာက္ ယခုငါဝတ္ထားတဲ့အဝတ္ေတြဟာ ရဟန္းမ်ားႏွင့္ မေလ်ာက္ပတ္ဘူး။ သူတို႔ကိုလည္းပယ္စြန႔္မွ ေတာ္မယ္လို႔ ႀကံစည္ေတာ္မူသတဲ့၊
အဲဒီအခါ ကႆဖဘုရားရွင္လက္ထက္ေတာ္က မိတ္ေဆြျဖစ္ခဲ့ဖူးတဲ့ ဃဋိကာရျဗဟၼာႀကီးဟာ ကမာၻဦးက နိမိတ္အျဖစ္ ေပၚထြန္းလာတဲ့ ၾကာ႐ုံအတြင္းၾကာတစ္ပြင့္မွ ပရိကၡရာရွစ္ပါးကို ထိန္းသိမ္းထားရာက အေလာင္းေတာ္ထံ လာေရာက္ ကပ္လႉသတဲ့။
အေလာင္းေတာ္က ထို ပရိကၡရာကို ဆင္ျမန္းၿပီး ဝတ္လဲေတာ္ကို ေျမႇာက္ပစ္လိုက္တယ္။ ဒီဝတ္လဲေတာ္ကို ျဗဟၼာမင္းကေဆာင္ယူၿပီး ၊ သုဒၶါဝါသျဗဟၼာဘုံမွာ ေစတီတည္ထားတယ္ ။ ဒီေစတီဟာ ၁၂ – ယူဇနာျမင့္တယ္လို႔ ဗုဒၶဝံသအ႒ကထာ ၃၃၃ -မွာ ဆိုပါတယ္။
(၃) မေဟသရေစတီေတာ္ကေတာ့ —
ဟိမဝႏၲာေတာင္အတြင္းမွာ မႏၵာဂီရိအမည္ရွိတဲ့ ေတာင္မွာ မေဟသရအမည္ရွိတဲ့ တန္ခိုးႀကီးေသာ နတ္တစ္ပါးရွိတယ္။ အခါတစ္ပါး ဘုရားရွင္သည္ ဟိမဝႏၲာအရပ္ နံ႔သာေတာႂကြၿပီး ေန႔သန႔္သတဲ့၊ ဒီအခါ မေဟသရနတ္မင္းက လာေရာက္ၿပီး ဘုရားရွင္ႏွင့္ ယွဥ္ၿပိဳင္ ကစားလိုပါတယ္လို႔ေလွ်ာက္သတဲ့။ဒီအခါ ဘုရားရွင္က ဒီနတ္ဘီလူးဟာ တန္ခိုးႀကီးသူျဖစ္တယ္။
သာသနာေတာ္ကို ၾကည္ညိဳလာလွ်င္ မ်ားစြာ အက်ိဳးရွိလိမ့္မယ္။ ဒါေၾကာင့္ သူ႔အလိုကိုလိုက္ဦးမွလို႔ ” အခ်င္းနတ္မင္းငါႏွင့္ ဘယ္လိုကစားခ်င္သလဲလို႔ ” ေမးသတဲ့။ မေဟသရနတ္က ႐ြာသူသားငယ္မ်ားကဲ့သို႔
တူတူပုန္းတမ္း ကစားခ်င္ပါတယ္လို႔ ေလွ်ာက္ထားေတာ့ ဘုရားရွင္က ဒါျဖင့္ သင္က ဦးစြာပုန္းပါ၊ ငါကေဖာ္ပါ့မယ္လို႔ ေျပာသတဲ့၊ ဒီလိုဆိုလွ်င္ မ်က္စိကိုပိတ္ထားပါ။
ကြၽႏု္ပ္ ပုန္းကြယ္ပါမည္ ေလွ်ာက္ထားၿပီး မေဟသရနတ္မင္းဟာ သူကိုယ္ကို ကြယ္ကာ ေျမႀကီးအတြင္း ေပ်ာက္ကြယ္ေစၿပီးမွ ေဖာ္ပါလို႔ အသံျပဳလိုက္ သတဲ့။ ဘုရားရွင္လည္း သူပုန္းေနတဲ့ ေျမလႊာကိုယူ လက္ဝဲလက္ဝါးေပၚတင္ၿပီးမွ အျခားေျမလႊႊာမ်ားကို ယက္ခ်ကာ အခ်င္း မေဟသရ ထေလာ့လို႔ဆိုသတဲ့။
ဒီအခါ မေဟသရက အမွန္မွာ ရွင္ႀကီးေဂါတမဟာ ငါ့ကိုမျမင္ဘဲ ရမ္းေျပာတာ ျဖစ္မယ္လို႔ အႀကံျဖစ္ၿပီး မထဘဲ ေနေသးသတဲ့၊ဒီအခါဘုရားရွင္က အခ်င္း မေဟသရ ဒီလိုမႀကံႏွင့္၊ ငါဟာ သင္ရဲ႕ ကိုယ္ခႏၶာကိုမွ်မက ဝမ္းတြင္းက အူေခြမ်ားထိေအာင္ ျမင္တယ္လို႔ မိန႔္ေတာ္မူမွ ပုန္းရာက ထၿပီး အရွင္ေဂါတမ အရွင္ဟာ အမွန္တကယ္ တန္ခိုးႀကီးပါတယ္၊
သို႔ေသာ္အရွင္ပုန္းပါဦး၊အရွင့္ကို ကြၽႏု္ပ္ ရွာပါဦးမယ္လို႔ ေျပာသတဲ့၊ ျမတ္စြာဘုရားက ငါပုန္းရမည္ဆိုေသာ္ သင္၏မ်က္လုံးမ်ားကို လက္ႏွင့္ ဖုံးအုပ္ထားပါလို႔ မိန႔္ေတာ္မူၿပီး ကိုယ္ေတာ္ကို ပရမာဏုျမဴမွ်ေလာက္ ဖန္ဆင္းၿပီး နတ္မင္းရဲ႕ မ်က္စိႏွစ္ဖက္ၾကားမွာ ပုန္းေတာ္မူၿပီး ေကာင္းကင္က အသံေပးလိုက္တယ္။
မေဟသရနတ္လည္း မ်က္ႏွာကိုဖြင့္၊ ထက္ဝန္းက်င္ၾကည့္ေသာ္လည္း ဘုရားရွင္ကို မျမင္ဘူးတဲ့၊ ဒါေၾကာင့္ ေရေျမေတာေတာင္ သမုဒၵရာမက်န္ေအာင္ ဘယ္လိုရွာေဖြလို႔မွ် မေတြ႕ေတာ့မွ ဘုရားရွင္ကို ပန္းေပးရသတဲ့၊ အဲဒီအခါမွ ဘုရားရွင္က မေဟသရနတ္မင္းရဲ႕ မ်က္ေမွာက္အၾကားက ဆင္းသက္ေတာ္မူလာသတဲ့။
ဘုရားရွင္ရဲ႕ တန္ခိုးေတာ္မ်ားျမင္ရမွ မေဟသရနတ္မင္းဟာ ဘုရားရွင္အားၾကည္ညိဳကာ ဘုရားရွင္ထံ သရဏဂုံယူကာ ဥပသကာအျဖစ္ခံယူၿပီးေနာက္၊ ျမတ္စြာဘုရားရွင္ဟာ လူသားျဖစ္ေသာ္လည္း လူတို႔စားေသာ ဆြမ္းကြမ္းမ်ားႏွင့္ မတန္ဘူး။
ဒါေၾကာင့္ မႏၵာဂိရီေတာင္မွာ အၿမဲ သီတင္းသုံးပါ။ နတ္ဆြမ္းကြမ္းမ်ားကို အၿမဲဆက္ကပ္ပါမယ္လို႔ ေလွ်ာက္ထားသတဲ့ ၊ ဘုရားရွင္က ခြင့္မေပးတဲ့ အတြက္ ဘုရားရွင္ရဲ႕ ႐ုပ္ပြားသ႑ာန္ေတာ္ကို ကိုးကြယ္ခြင့္ေပးေတာ္မူ ပါလို႔ ေလွ်ာက္ထားသတဲ့၊
ဘုရားရွင္က အခြင့္ေပးတဲ့အခါ မႏၵာဂီရိေတာင္မွာ ရတနာခုႏွစ္ပါးတို႔ႏွင့္ ဆန္းၾကယ္တဲ့ ေက်ာင္းေတာ္ႀကီးကို ေဆာက္တယ္။
ထိုေက်ာင္းေတာ္ႀကီးအတြင္းမွာ ဂႏၶကုဋီတိုက္ကို ဖန္းဆင္းတယ္။ ဂႏၶကုဋီတိုက္အတြင္းမွာ လကၡဏာေတာ္ႀကီးငယ္တို႔ျဖင့္ တင့္တယ္တဲ့ ဘုရားရွင္ရဲ႕ ႐ုပ္တုေတာ္ကို ျပဳလုပ္ၿပီး ေမ်ာက္မင္းတစ္ေကာင္ကို အၿခံအရံႏွင့္တကြ ေက်ာင္းပရိေဘာဂကို ျပဳျပင္ ေဆာင္႐ြက္ဖို႔ အပ္ႏွံထားသတဲ့။ ဒါက မေဟသရေစတီေတာ္ပါ။
ေစတီဆိုတာ ဓာတုေစတီ၊ ဥဒၵိႆေစတီ၊ ပရိေဘာဂေစတီ၊ ဓမၼေစတီ ရယ္လို႔ ၄ဆူရွိတယ္။ ေစတီလို႔ဆိုလိုက္လွ်င္ ေ႐ႊတိဂုံေစတီလို ေစတီကိုပဲ ျမင္တတ္တယ္၊ အမွန္ကေတာ့ မဟာျမတ္မုနိလို ႐ုပ္ပြားေတာ္ဟာလည္း ေစတီပါပဲ။ အခုေစတီသုံးမ်ိဳးမွာ မေဟသရေစတီဟာ ႐ုပ္ပြားေတာ္ေစတီျဖစ္ပါတယ္။
(ထီးခ်ိဳင့္ၿမိဳ႕ တည္ေတာဆရာေတာ္)
Credit