ၾကားသိရသမွ်

ကိုရီးယားနာမည်ကြီး မဂ္ဂဇင်းတစ်ခုမှာ မြန်မာ့အရေးကို အကျိုးရှိစေမယ့် ဆောင်းပါးများကို ဘာသာပြန် ရေးသားဖော်ပြပေးနေတဲ့ ကိုရီးယားရောက်ပြည်သူတစ်ဦး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက်မြန်မာပြည်သူတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးနေကြသလို နိုင်ငံတကာက မြန်မာ့အရေးကို သိသာမြင်သာအောင် စွမ်းစွမ်းတမံ အကောင်းဆုံးလုပ်ဆောင်ပေးနေကြတာ တွေ့ရပါတယ်။

ဒီလို လုပ်ဆောင်ပေးနေတဲ့ ပြည်သူတွေထဲမှာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာပြည်သူတစ်ဦးကလည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဘာသာပြန်ပြီး ကိုရီးယားရုပ်သံလိုင်းတစ်ခုမှာ အမြဲဖော်ပြပေးနေတာ ဖြစ်ပါတယ်။

ယခုမှာလည်း ၎င်းဟာ အပတ်စဥ်ထုတ်ဝေနေတဲ့ ကိုရီးယား Hankyoreh 21 ဆိုတဲ့ နိုင်ငံရေးမဂ္ဂဇင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံအကြောင်း ဆောင်းပါးတွေကို ဘာသာပြန်ရေးပေးထားတယ်လို့ သိရပါတယ်။

ယင်းဆောင်းပါးတွေကိုတော့ မြန်မာ့အရေးကို ဒိုင်ယာရီပုံစံအနေဖြင့် စာမျက်နှာ (၅)မျက်နှာစာလောက် ရေးသားထားပြီး ကဏ္ဍအကြီးတစ်ခုအနေနဲ့ ဖော်ပြထားတာကို တွေ့မြင်ရပါတယ်။

ဒီ Hankyoreh 21 ဆိုတဲ့ နိုင်ငံရေးမဂ္ဂဇင်းကလည်း ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးစိတ်ဝင်စားသူ အများအပြားဖတ်ရှု့တဲ့ မဂ္ဂဇင်းဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ဆောင်းပါးတွေကတော့ လက်ရှိဖြစ်ပေါ်တဲ့ မြန်မာ့အရေးတွေကို တစိတ်တဒေသ အထောက်အကူဖြစ်မယ်လို့လည်း မျှော်လင့်မိပါတယ်။

ကဲ..ပရိသတ်ကြီးရေ မြန်မာ့အရေးကို သမိုင်းမှတ်တမ်းဖြစ်အောင် ဆောင်းပါးတွေရေးပေးနေတဲ့ ကိုရီးယားရောက် မြန်မာပြည်သူတစ်ဦးကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။

unicode





