ဗဟုသုတ

အုန်းဆီကို အသုံးမပြုအပ်တဲ့နေရာများ

အုန်းဆီကို အသုံးမပြုအပ်တဲ့နေရာများ

အုန်းဆီ ဟာ ကျန်းမာရေး အတွက် အထူးသင့်လျော်ပြီး လူသုံးများတဲ့ အရာတစ်ခုပါ။ အလှအပ ရေးရာအတွက် အသုံးပြုကြသလို အခြားချက်ပြုတ်ခြင်းနဲ့ ဆေးဝါး တွေ အဖြစ်လည်း အသုံးများကြပါတယ်။

ဒါပေမယ့် အုန်းဆီ ကို မသုံးသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့

ဝိတ်ချဖို့ကြိုးစားနေချိန်မှာ မသုံးသင့်ပါ

အုန်းဆီ မှာ ကယ်လိုအများကြီး ပါဝင်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ၁၁ရကယ်လိုရီ ပါဝင်ပါတယ်။

သံလွင်ဆီနဲ့ နှိုင်းလိုက်ရင် အရမ်းများပါတယ်။ ဒါကြောင့် ဝိတ်ချ နေသူတွေဆိုရင် အစားအစာတွေထဲမှာ အုန်းဆီ မထည့်သင့်ပါဘူး။

သွားတိုက်ဆေး အဖြစ် မသုံးစွဲရပါ

ရှေးတုန်းကတော့ အုန်းဆီ အနှစ်ဟာ သွား နဲ့ ခံတွင်းကို မွှေးပျံ့ပြီး သန့်ရှင်းစေတယ်လို့ ပြောကြပါတယ်။

လေ့လာတွေ့ရှိချက်အသစ်အရ ဖရိုရိုက်ကသာ ခံတွင်းအတွင်းက ဘတ်တီးရီးယား တွေကို လျှော့ချပေးနိုင်ပြီး အုန်းဆီ ကတော့ မပြုလုပ်ပေးနိုင်ပါဘူး။

သွားတိုက်ဆေး မရှိဘူးဆိုရင်တော့ ရေ နဲ့ပဲ ပလုတ်ကျင်းတာဖြစ်ဖြစ် ဆားနဲ့ တိုက်တာဖြစ်ဖြစ် လုပ်တာ အကောင်းဆုံးပါပဲ။ အုန်ုးဆီ ဟာ ခံတွင်း အတွက် ထူးထူးခြားခြား ဘာမှ မလုပ်ပေးနိုင်ပါဘူး။

ထိခိုက်ရှနာဖြစ်တဲ့အခါ မသုံးပါဘူး

ထိခိုက်ရှနာ၊ ပွန်းပဲ့နာ၊ အနီပြင်တွေ ဖြစ်တာနဲ့ အခြား အရေပြားပေါ်က အနာတွေကို အုန်းဆီ မလိမ်းပေးရပါဘူး။

နေရောင် ဒဏ်ကာကွယ်ရန် မသုံးပါဘူး

UV ကာကွယ်နိုင်တဲ့ အစွမ်းအချို့ အုန်းဆီ မှာ ရှိပါတယ်။ ဒါပေမယ့် အုန်းဆီ မှာ SPF 8 ဝန်းကျင်ပဲ ရှိပါတယ်။

ဒါကြောင့် အခြား 30 လောက်ရှိတဲ့ Cream နဲ့ Moisture တွေကို လိမ်းမှ ရပါမယ်။ ဘာကြောင့်လဲဆိုရင်တော့ နေရောင်ခြည်မှာပါတဲ့ UV ဟာ တဖြည်းဖြည်း များလာတဲ့ အတွက် အုန်းဆီ ဟာ မနိုင်ပါဘူး။

ရေချိုးရာမှာ မသုံးပါဘူး

အုန်ုးဆီ ဟာ အသားအရေကို ချောမွေ့စေတာ မှန်ပါတယ်။ ဒါပေမယ့် အပြည့်အဝ မဟုတ်ပါဘူး။ ရေ ချိုးကန်ထဲမှာ အုန်းဆီ ထည့်ပြီး ချိုးခြင်းဟာ သင့်ကို ချော်လဲစေခြင်းကလွဲရင် အခြား ဘာမှ မပေးနိုင်ပါဘူး။

အပူချိန် မြင့်မြင့်နဲ့ ချက်ပြုတ်ရာမှာ အုန်းဆီ ကို မသုံးရပါဘူး

အုန်းဆီ ကို အနောက်နိုင်ငံတွေမှာ အခြား မုန့်ဖုတ်ခြင်းနဲ့ အချို့မီးအေးအေးနဲ့ ချက်ရမယ့် ဟင်းလျာတွေမှာသုံးကြပါတယ်။ မြန်မာပြည် မှာတော့ အစကတည်းက မသုံးတဲ့ အတွက် သိပ်တော့ မထူးဆန်းတော့ပါဘူး။

(((( ဒီ Post လေးက အသုံးဝင်တယ် ဆိုရင်Share တစ်ချက် လုပ်ပြီး မျှဝေပေးလိုက်ပါ ))))

မူရင်း ရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Photo Credit to Owners

အုန္းဆီကို အသုံးမျပဳအပ္တဲ့ေနရာမ်ား

အုန္းဆီ ဟာ က်န္းမာေရး အတြက္ အထူးသင့္ေလ်ာ္ၿပီး လူသုံးမ်ားတဲ့ အရာတစ္ခုပါ။ အလွအပ ေရးရာအတြက္ အသုံးျပဳၾကသလို အျခားခ်က္ျပဳတ္ျခင္းနဲ႔ ေဆးဝါး ေတြ အျဖစ္လည္း အသုံးမ်ားၾကပါတယ္။

ဒါေပမယ့္ အုန္းဆီ ကို မသုံးသင့္တဲ့ အခ်ိန္ေတြ ရွိပါတယ္။ အဲ့ဒီအခ်ိန္ေတြကေတာ့

ဝိတ္ခ်ဖို႔ႀကိဳးစားေနခ်ိန္မွာ မသုံးသင့္ပါ

အုန္းဆီ မွာ ကယ္လိုအမ်ားႀကီး ပါဝင္တယ္လို႔ ကြၽမ္းက်င္ သူေတြက ဆိုပါတယ္။ လက္ဖက္ရည္ဇြန္းတစ္ဇြန္းမွာ ၁၁၇ကယ္လိုရီ ပါဝင္ပါတယ္။

သံလြင္ဆီနဲ႔ ႏႈိင္းလိုက္ရင္ အရမ္းမ်ားပါတယ္။ ဒါေၾကာင့္ ဝိတ္ခ် ေနသူေတြဆိုရင္ အစားအစာေတြထဲမွာ အုန္းဆီ မထည့္သင့္ပါဘူး။

သြားတိုက္ေဆး အျဖစ္ မသုံးစြဲရပါ

ေရွးတုန္းကေတာ့ အုန္းဆီ အႏွစ္ဟာ သြား နဲ႔ ခံတြင္းကို ေမႊးပ်ံ႕ၿပီး သန႔္ရွင္းေစတယ္လို႔ ေျပာၾကပါတယ္။

ေလ့လာေတြ႕ရွိခ်က္အသစ္အရ ဖ႐ို႐ိုက္ကသာ ခံတြင္းအတြင္းက ဘတ္တီးရီးယား ေတြကို ေလွ်ာ့ခ်ေပးႏိုင္ၿပီး အုန္းဆီ ကေတာ့ မျပဳလုပ္ေပးႏိုင္ပါဘူး။

သြားတိုက္ေဆး မရွိဘူးဆိုရင္ေတာ့ ေရ နဲ႔ပဲ ပလုတ္က်င္းတာျဖစ္ျဖစ္ ဆားနဲ႔ တိုက္တာျဖစ္ျဖစ္ လုပ္တာ အေကာင္းဆုံးပါပဲ။ အုန္ုးဆီ ဟာ ခံတြင္း အတြက္ ထူးထူးျခားျခား ဘာမွ မလုပ္ေပးႏိုင္ပါဘူး။

ထိခိုက္ရွနာျဖစ္တဲ့အခါ မသုံးပါဘူး

ထိခိုက္ရွနာ၊ ပြန္းပဲ့နာ၊ အနီျပင္ေတြ ျဖစ္တာနဲ႔ အျခား အေရျပားေပၚက အနာေတြကို အုန္းဆီ မလိမ္းေပးရပါဘူး။

ေနေရာင္ ဒဏ္ကာကြယ္ရန္ မသုံးပါဘူး

UV ကာကြယ္ႏိုင္တဲ့ အစြမ္းအခ်ိဳ႕ အုန္းဆီ မွာ ရွိပါတယ္။ ဒါေပမယ့္ အုန္းဆီ မွာ SPF 8 ဝန္းက်င္ပဲ ရွိပါတယ္။

ဒါေၾကာင့္ အျခား 30 ေလာက္ရွိတဲ့ Cream နဲ႔ Moisture ေတြကို လိမ္းမွ ရပါမယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ ေနေရာင္ျခည္မွာပါတဲ့ UV ဟာ တျဖည္းျဖည္း မ်ားလာတဲ့ အတြက္ အုန္းဆီ ဟာ မႏိုင္ပါဘူး။

ေရခ်ိဳးရာမွာ မသုံးပါဘူး

အုန္ုးဆီ ဟာ အသားအေရကို ေခ်ာေမြ႕ေစတာ မွန္ပါတယ္။ ဒါေပမယ့္ အျပည့္အ၀ မဟုတ္ပါဘူး။ ေရ ခ်ိဳးကန္ထဲမွာ အုန္းဆီ ထည့္ၿပီး ခ်ိဳးျခင္းဟာ သင့္ကို ေခ်ာ္လဲေစျခင္းကလြဲရင္ အျခား ဘာမွ မေပးႏိုင္ပါဘူး။

အပူခ်ိန္ ျမင့္ျမင့္နဲ႔ ခ်က္ျပဳတ္ရာမွာ အုန္းဆီ ကို မသုံးရပါဘူး

အုန္းဆီ ကို အေနာက္ႏိုင္ငံေတြမွာ အျခား မုန႔္ဖုတ္ျခင္းနဲ႔ အခ်ိဳ႕မီးေအးေအးနဲ႔ ခ်က္ရမယ့္ ဟင္းလ်ာေတြမွာသုံးၾကပါတယ္။ ျမန္မာျပည္ မွာေတာ့ အစကတည္းက မသုံးတဲ့ အတြက္ သိပ္ေတာ့ မထူးဆန္းေတာ့ပါဘူး။

(((( ဒီ Post ေလးက အသုံးဝင္တယ္ ဆိုရင္Share တစ္ခ်က္ လုပ္ၿပီး မွ်ေဝေပးလိုက္ပါ ))))

မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Photo Credit to Owners