က်မၼာေရး ဗဟုသုတ

တကယ်လို့ သင်ဟာ အနံ့ ပျောက်ပြီဆိုရင် ဒီအချက်တွေကို သိထားဖို့ လိုပါတယ်

တကယ်လို့ သင်ဟာ အနံ့ ပျောက်ပြီဆိုရင် ဒီအချက်တွေကို သိထားဖို့ လိုပါတယ်

သတိပြုကြပါ အနံ့ပျောက် လူနာများသို့ ဒီရက်ပိုင်းမှာ အနံ့ ရုတ်တရက်ပျောက် လူနာတွေ များလာပါတယ် ။

ကိုဗစ် ဘယ်လောက်ဆက်ပြီး ပျံ့မလဲဆိုတာကအနံ့ပျောက် လူနာတွေ အနေနဲ့ အခြားသူဆီ မကူးအောင် ဘယ်လောက် နေနိုင်လဲ အပေါ်မှာ မူတည်ပါတယ် ။

တကယ်လို့ သင်ဟာ အနံ့ ပျောက်ပြီဆိုရင် အောက်က အချက်တွေကို နားလည်ဖို့ လိုပါတယ် ။

၁။ ဖျားတာ ချောင်းဆိုးတာ မရှိရင် အနံ့ပျောက် လူနာအများစုဟာ ကိုဗစ် ရောဂါ နောက်ဆက်တွဲဆိုးရွားတဲ့ ပြဿနာတွေ ပေါ်လေ့ မရှိပါ။

အနံ့ တခုထဲ ပျောက်တာဟာ ဆေးပညာအရ good prognosis လို့တောင် ပြောကြပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာ သိပ်မရှိပါ ။

၂။ အနံ့ ပြန်ရဖို့ ထွေထွေထူးထူး ဆေးမလိုပါ။ သူ့ဘာသာ တစ်ပတ်လောက်အတွင်း အနံ့ ပြန်ရပါတယ် ။

၃။ အနံ့ပျောက် လူနာများဟာအနံ့ မပျောက်ခင် ၂ ရက်က စပြီး ၂ ပတ်အတွင်း အခြား လူများကို ကူးနိုင်ပါတယ်။

အနံ့ ပြန်ရရင်လည်း ၂ ပတ်ထိ အခြားသူကို ကူးနိုင်လို့ သီးသန့်ခွဲနေဖို့ အရေးကြီးပါတယ်။

၄။ အနံ့ပျောက် လူနာများဟာ အနံ့ ပြန်ရရင်မကူးနိုင်တော့ဘူးလို့ ယူဆနေကြပါတယ်။ဒါဟာ အယူအဆ အမှားပါ။( ၂ ) ပတ်အထိ ကူးနိုင်ပါသည် ။

၅။ အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်က လူတွေနဲ့ ခွဲနေပါ။ နီးစပ်ရာ Fever Clinic ( သို့ )ဆေးရုံကို အကြောင်းကြားပြီးကုသ အကြံပေးမှုကို ခံယူပါ။

လိုအပ်ရင် Fever Clinic များမှ အနံ့ပျောက် စင်တာများသို့ ပို့ပေးပါလိမ့်မယ်။

၆။ သတိ ပေးချင်တာကတော့အနံ့ မရတာတခုပဲ ရှိတဲ့ လူနာတွေဟာ သူတို့ကို ကုဖို့ ဆိုတာထက် အခြားလူကို မကူးအောင် နေကြဖို့ ပို အရေးကြီးတယ် ဆိုတာကို သတိပေးချင်တာပါ ။

ဒါကြောင့် အနံ့ပျောက်လူနာများ သတိကြီးကြီးထားပြီး သီးသန့် နေကြမယ်ဆိုရင် ကိုဗစ် ဆက်လက် ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

Crd

တကယ္လို႔ သင္ဟာ အနံ့ ေပ်ာက္ၿပီဆိုရင္ ဒီအခ်က္ေတြကို သိထားဖို႔ လိုပါတယ္

သတိျပဳၾကပါ အနံ့ေပ်ာက္ လူနာမ်ားသို႔ ဒီရက္ပိုင္းမွာ အနံ့ ႐ုတ္တရက္ေပ်ာက္ လူနာေတြ မ်ားလာပါတယ္ ။

ကိုဗစ္ ဘယ္ေလာက္ဆက္ၿပီး ပ်ံ႕မလဲဆိုတာကအနံ့ေပ်ာက္ လူနာေတြ အေနနဲ႔ အျခားသူဆီ မကူးေအာင္ ဘယ္ေလာက္ ေနနိုင္လဲ အေပၚမွာ မူတည္ပါတယ္ ။

တကယ္လို႔ သင္ဟာ အနံ့ ေပ်ာက္ၿပီဆိုရင္ ေအာက္က အခ်က္ေတြကို နားလည္ဖို႔ လိုပါတယ္ ။

၁။ ဖ်ားတာ ေခ်ာင္းဆိုးတာ မရွိရင္ အနံ့ေပ်ာက္ လူနာအမ်ားစုဟာ ကိုဗစ္ ေရာဂါ ေနာက္ဆက္တြဲဆိုးရြားတဲ့ ျပႆနာေတြ ေပၚေလ့ မရွိပါ။

အနံ့ တခုထဲ ေပ်ာက္တာဟာ ေဆးပညာအရ good prognosis လို႔ေတာင္ ေျပာၾကပါတယ္။ ဆိုလိုတာက ကိုယ္ကိုယ္တိုင္အတြက္ စိုးရိမ္စရာ သိပ္မရွိပါ ။

၂။ အနံ့ ျပန္ရဖို႔ ေထြေထြထူးထူး ေဆးမလိုပါ။ သူ႔ဘာသာ တစ္ပတ္ေလာက္အတြင္း အနံ့ ျပန္ရပါတယ္ ။

၃။ အနံ့ေပ်ာက္ လူနာမ်ားဟာအနံ့ မေပ်ာက္ခင္ ၂ ရက္က စၿပီး ၂ ပတ္အတြင္း အျခား လူမ်ားကို ကူးနိုင္ပါတယ္။

အနံ့ ျပန္ရရင္လည္း ၂ ပတ္ထိ အျခားသူကို ကူးနိုင္လို႔ သီးသန္႔ခြဲေနဖို႔ အေရးႀကီးပါတယ္။

၄။ အနံ့ေပ်ာက္ လူနာမ်ားဟာ အနံ့ ျပန္ရရင္မကူးနိုင္ေတာ့ဘူးလို႔ ယူဆေနၾကပါတယ္။ဒါဟာ အယူအဆ အမွားပါ။( ၂ ) ပတ္အထိ ကူးနိုင္ပါသည္ ။

၅။ အနံ့ေပ်ာက္ၿပီဆိုတာနဲ႔ အိမ္က လူေတြနဲ႔ ခြဲေနပါ။ နီးစပ္ရာ Fever Clinic ( သို႔ )ေဆး႐ုံကို အေၾကာင္းၾကားၿပီးကုသ အႀကံေပးမႈကို ခံယူပါ။

လိုအပ္ရင္ Fever Clinic မ်ားမွ အနံ့ေပ်ာက္ စင္တာမ်ားသို႔ ပို႔ေပးပါလိမ့္မယ္။

၆။ သတိ ေပးခ်င္တာကေတာ့အနံ့ မရတာတခုပဲ ရွိတဲ့ လူနာေတြဟာ သူတို႔ကို ကုဖို႔ ဆိုတာထက္ အျခားလူကို မကူးေအာင္ ေနၾကဖို႔ ပို အေရးႀကီးတယ္ ဆိုတာကို သတိေပးခ်င္တာပါ ။

ဒါေၾကာင့္ အနံ့ေပ်ာက္လူနာမ်ား သတိႀကီးႀကီးထားၿပီး သီးသန္႔ ေနၾကမယ္ဆိုရင္ ကိုဗစ္ ဆက္လက္ ကူးစက္မႈကို တားဆီးနိုင္မွာ ျဖစ္ပါတယ္။

Crd