ကြွေးပူမိနေသူများ အကြွေးအမြန်ကြေချင်သူများအတွက်အကောင်းဆုံးယတြာ
သူတစ်ပါးတွေဆီကပိုက်ဆံအကြွေးယူခဲ့ရလျှင် မိမိပြန်ဆပ် ရမည်ဆိုသည့် တာဝန်ကတိ ထားရှိရပါတယ်။ အကြွေးဆပ်ခြင်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် မဆပ်နိုင်သူများ၊ကြွေးပူများမိနေ၍စိတ်ညစ်နေရသူများ၊သံသရာကြွေးမပါချင်သူများအောက်ပါယတြာကိုပြုလုပ်ပါ။ ပန်းကန်တချပ်ပေါ်တွင် အညှာခြွေထားသော ကွမ်းရွက် တစ်ရွက်တင်ပါ။သံပုရာသီးတစ်လုံးကိုနှစ်ခြမ်းခြမ်းပြီး ထိုကွမ်းရွက်ပေါ်တွင်
သံပုရာခြမ်းကို တင်ထားရမည်။ အစီရင်လုပ်ထားသောပန်းကန်ပြားကို မိမိအိမ်ဘုရားစင် တွင်တင်ထား ကပ်လှူထားရမည်။သောက်တော်ရေတခွက်ကပ်လှူပါ။ ဖယောင်းတိုင် (၅)တိုင် အမွေးတိုင် (၅)တိုင်ထွန်းညှိပူဇော်ပြီး သိဒ္ဓိလာဘံ ဟူ၍ (၉)ခေါက်တိတိ ရွတ်ဆိုပေးရမည်။ မိမိငွေကြေးအကြွေးများအမြန်ကြေစေကြောင်းဆုတောင်းပါ မိမိမွေးနေ့မှာစလုပ်ပါ။ (တနင်္လာ၊အင်္ဂါ စသည့်မိမိမွေးနံကိုဆိုလိုသည်)။
လုပ်ဆောင်ရမည့်အချိန်မလိုအပ်ပါ။ သံပုရာသီးကို မကြာမကြာလဲပေးပါ။ နေ့တိုင်းဖယောင်းတိုင်ထွန်း အမွေးတိုင်ထွန်း ဂါထာရွတ် ဆုတောင်းပါ။ (၁၁)ရက်တိတိမပျက်မကွက်ပြုလုပ်ပေးရမည်။ ဤယတြာပြုလုပ်ခြင်းဖြင့် မိမိပိုက်ဆံအကြွေးပူများ အမြန်ဆုံးကြေကြပါစေ။ စီးပွားလာဘ်လာဘတိုးတက်ပါစေ။
ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot)

ေႂကြးပူမိေနသူမ်ား အေႂကြးအျမန္ေၾကခ်င္သူမ်ားအတြက္အေကာင္းဆုံးယၾတာ
သူတစ္ပါးေတြဆီကပိုက္ဆံအေႂကြးယူခဲ့ရလၽွင္ မိမိျပန္ဆပ္ ရမည္ဆိုသည့္ တာဝန္ကတိ ထားရွိရပါတယ္။ အေႂကြးဆပ္ျခင္ေသာ္လည္း အခက္အခဲအမ်ိဳးမ်ိဳးေၾကာင့္ မဆပ္နိုင္သူမ်ား၊ေႂကြးပူမ်ားမိေန၍စိတ္ညစ္ေနရသူမ်ား၊သံသရာေႂကြးမပါခ်င္သူမ်ားေအာက္ပါယၾတာကိုျပဳလုပ္ပါ။ ပန္းကန္တခ်ပ္ေပၚတြင္ အညႇာေႁခြထားေသာ ကြမ္းရြက္ တစ္ရြက္တင္ပါ။သံပုရာသီးတစ္လုံးကိုႏွစ္ျခမ္းျခမ္းၿပီး ထိုကြမ္းရြက္ေပၚတြင္
သံပုရာျခမ္းကို တင္ထားရမည္။ အစီရင္လုပ္ထားေသာပန္းကန္ျပားကို မိမိအိမ္ဘုရားစင္ တြင္တင္ထား ကပ္လႉထားရမည္။ေသာက္ေတာ္ေရတခြက္ကပ္လႉပါ။ ဖေယာင္းတိုင္ (၅)တိုင္ အေမြးတိုင္ (၅)တိုင္ထြန္းညႇိပူေဇာ္ၿပီး သိဒၶိလာဘံ ဟူ၍ (၉)ေခါက္တိတိ ရြတ္ဆိုေပးရမည္။ မိမိေငြေၾကးအေႂကြးမ်ားအျမန္ေၾကေစေၾကာင္းဆုေတာင္းပါ မိမိေမြးေန႔မွာစလုပ္ပါ။ (တနလၤာ၊အဂၤါ စသည့္မိမိေမြးနံကိုဆိုလိုသည္)။
လုပ္ေဆာင္ရမည့္အခ်ိန္မလိုအပ္ပါ။ သံပုရာသီးကို မၾကာမၾကာလဲေပးပါ။ ေန႔တိုင္းဖေယာင္းတိုင္ထြန္း အေမြးတိုင္ထြန္း ဂါထာရြတ္ ဆုေတာင္းပါ။ (၁၁)ရက္တိတိမပ်က္မကြက္ျပဳလုပ္ေပးရမည္။ ဤယၾတာျပဳလုပ္ျခင္းျဖင့္ မိမိပိုက္ဆံအေႂကြးပူမ်ား အျမန္ဆုံးေၾကၾကပါေစ။ စီးပြားလာဘ္လာဘတိုးတက္ပါေစ။
ေဗဒင္ႏွင့္လကၡဏာပညာရွင္ ဆရာေက်ာ္ M.Sc(bot)



