26.8.2021 မှ 1.9.2021 အထိတစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း
တနင်္ဂနွေ
ဒီကာလအတွင်းဖြတ်သန်းရမဲ့အချိန်တွေမှာ သတိဆိုတာကိုအမြဲကပ်ထားဖို့လုပ်ငန်းခွင်အတွင်းအတိမ်း အစောင်းအမှားအယွင်းလေးတွေများနေတတ်ပါတယ်။အလုပ်နေရာအပြောင်းအလဲတွေ၊အလုပ်နားရတာတွေဖြစ်ရတတ်ပါတယ်။ စီးပွားရေးအတွက် ကိုယ်တစ်ယောက်ထဲ မနိုင်လို့အများရှယ်ယာခေါ်တာမျိုး စပ်တူလုပ်တာမျိုးတွေကပိုဆိုးသွားတတ်ပါတယ်။ဆွေမျိုးသားချင်းတွေထဲက ကူညီမဲ့သူတွေပေါ်လာတတ်ပါတယ်။
လေလှိုင်းထဲကနေ စကားနဲ့ ဒုက္ခပေးမဲ့သူတွေနဲ့ကြုံနေရတတ်ပါတယ်။ ဆရာတွေ အကြီးအကဲတွေ၊ လူလေးစားတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကာလအတွင်း လူအများအထင်အမြင်လွဲစရာ ကိစ္စတွေကြုံနေရတတ်ပါတယ်။ ကျန်းမာရေးအားနည်းချက်အနည်း ငယ်ရှိပါတယ်။ ငန်လွန်းတဲ့အစားအသောက်နှင့် ဝမ်းပျက်စာများအထူးရှောင်လိုက်ပါ။ အချစ်ရေးမှာအနေဝေးနေသူ တွေ အဆင်ပြေကြပေမဲ့ အနေနီးသူတွေ ခဏခဏစကားများရတတ်ပါတယ်။
ရပ်ဝေးခရီးကိစ္စလေးတွေ အခက်အခဲ များတတ်ပါတယ်။ အလှူနဲ့ဆိုင်သောခရီးများရက်ရွှေ့ရတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပြေလည်တာများမဲ့ ကာလပါပဲ။ ပညာရေးကိစ္စတွေမှာတော့ ထင်တိုင်းမပေါက်ဖြစ်ရတတ်ပါတယ်။ စိတ်ကူးထားသလို ပညာရေးမှာ ပုံဖော်လို့မရနိုင်သေးပါ။အကျိုးပေးဂဏန်း 1/5/6အထူးဟော အနည်းငယ်အခက်အခဲလေးတွေကြုံရမယ်။ယတြာ ပေါက်ဆီ ၃လုံးဘုရားကပ်ပါ
တနင်္လာ
ကိစ္စများမြောင် လူတို့ဘောင်ဆိုသလိုပဲ တနင်္လာသားသမီးတွေအတွက် အလုပ်များကိစ္စများမဲ့ကာလပါပဲ။ ပိုက်ဆံရမဲ့အလုပ်ရော၊မရဘဲအကျိုးဆောင်ရတဲ့အလုပ်တွေရော ရောလုပ်နေရတတ်ပါတယ်။ ဒီကာလအတွင်း ကျန်း မာရေးမကောင်းသူတွေကို ပြုစုရစောင့်ရှောက်ရတတ်ပါတယ်။ စပ်တူငွေကြေးကိစ္စတွေကိုတော့ရှောင်သင့်တဲ့အချိန် ပါပဲ။ ဒီကာလအတွင်း အထိုင်ချမဲ့ကိစ္စတွေ ဆိုင်သစ်ဖွင့်မှာတွေ၊ အိုးအိမ်သစ်မှာစနေတာတွေအနည်းငယ်အဆင်မပြေဖြစ်ရတတ်ပါတယ်။
ကိုယ်ပိုင်စီးပွားလုပ်ငန်းများ ဝန်ထမ်းတွေကို ကျစ်ကျစ်လစ်လစ် ပြန်လည်ဖွဲ့စည်းသင့်တယ် လို့မြင်ပါတယ်။ လိင်မတူသူတွေဆီကနေဖြစ်စေ၊ မိမိကို တစ်ဖက်သတ်ချစ်ကြိုက်နေသူဆီကဖြစ်စေ အကူအညီတွေ ရလာတတ်ပါတယ်။ အလုပ်မှာ မပျော်သူတွေအတွက်ခဏသည်းခံနေဖို့ ပြောလိုပါတယ်။ အလုပ်သစ်ရှာလဲအဆင် မပြေနိုင်သေးပါ။ ကျန်းမာရေးကတော့ အထူးမညံ့ပေမဲ့ အနေအထိုင် ပေါ့လျော့လိုက်တာနဲ့ ရောဂါဝင်လာတတ်တဲ့ ကာလပါပဲ။
အချစ်ရေး ပြေလည်မှုတွေရရှိလာနိုင်သလို အချစ်ရေးကြောင့်ပဲ စီးပွားရေးမှာတစ်ဖက်တစ်လမ်းက အကျိုးရှိပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ အလုပ်ကိစ္စနဲ့ပတ်သက်ပြီး အိမ်ထောင်ဘက်နဲ့စကားများရတတ်ပါ တယ်။ ပညာရှာနေသူများ ပညာရေးအတွက်စိတ်ချမ်းသာပျော်ရွှင်ရပါလိမ့်မယ်။ အကျိုးပေးဂဏန်း 6/9/0အထူးဟော စိတ်ပင်ပန်းစရာလေးတွေအနည်းငယ်ရှိမယ် ယတြာ သစ်တော်သီးဘုရားကပ်လှူပေးပါ
အင်္ဂါ
ဒီကာလအတွင်း အဘက်ဘက်ကကံကောင်းမှုတွေဝင်လာတတ်ပါတယ်။ စိတ်ချမ်းသာစရာကိစ္စတွေတစ်ခု ပြီးတစ်ခုကြုံရတတ်ပါတယ်။ ငွေကြေးရစရာရှိတာတွေရလာတတ်ပါတယ်။ငွေရှာနေသူများ ငွေကြေးရပေါက်ရ လမ်းကောင်းတွေကြုံရတတ်ပါတယ်။ စိတ်ထဲမကျေနပ်စရာအစိုင်အခဲတွေပြေပျောက်ပါလိမ့်မယ်။ ခရီးတိုလေးတွေ နေ့ချင်းပြန်ခရီးတွေကြုံနေရတတ်ပါတယ်။ သတိထားစရာကိစ္စကတော့ ကိုယ်အဆင်ပြေလေ လူမုန်းများလေဆိုတာ ပါပဲ။ မိမိကို ပြဿနာရှာမဲ့သူတွေဝိုင်းနေတတ်ပါတယ်။
အလုပ်အကိုင်တွေအနေနဲ့ မိတ်ဟောင်း၊မိတ်သစ်တွေနဲ့ ကောင်းစွာချိတ်ဆက်နိုင်လိမ့်မယ်။သတိထားရမှာက ဒီကာလမှာတစ်ဦးတစ်ယောက်ကိုဆရာတင်မိရင် ဆရာတင် မှားတတ်ပါတယ်။ ဒီကာလအတွင်းမှာ ဆီးဝမ်းသွေးလေမမှန်တာမျိုးဖြစ်တတ်ပါတယ်။ အရေပြားနဲ့ပတ်သက်ပြီး အဖုအပိန့်တွေထွက်လာတာမျိုးဖြစ်နိုင်ပါတယ်။ ကျန်းမာရေးမှာအရမ်းကြီးညံ့နေတာမျိုးတော့ မတွေ့ရနိုင်ပါဘူး။
စက်ပစ္စည်းအသစ်တွေဝယ်ချင်တာဆိုဒီကာလမှာဝယ်တာက ပစ္စည်းကောင်းရနိုင်ပါတယ်။ အချစ်ရေးမှာတော့ ထင်သလောက် အဆင်မပြေဖြစ်ရတတ်ပါတယ်။ ချစ်သူနဲ့လူကြီးတွေကိုအကြောင်းပြုပြီးစကားများရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အရာရာအသုံးမကျဘူးလို့ အိမ်ထောင်ဘက်ကိုထင်နေမိတတ်ပါတယ်။အကျိုးပေးဂဏန်း 1/7/3အထူးဟော ကံမြင့်မားမှုတွေရှိမယ်။ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပါ
ဗုဒ္ဓဟူး၊ရာဟု
စိတ်လက်ချမ်းသာစွာနဲ့ ဖြတ်သန်းရမဲ့ကာလတွေပဲဖြစ်ပါတယ်။ မိမိအထိုင်ချချင်တဲ့အလုပ်တွေ၊စီးပွားရေး တွေစတင်လို့ကောင်းပါတယ်။ ငွေကြေးရှာဖွေရလွယ်ကူတာ ချေးရငှားရလွယ်တာ..ရစရာရှိတာတွေပြန်ရတာမျိုး တွေကြုံရတတ်ပါတယ်။ ဒီအပတ်ထဲ အိမ်ပူနေတာတွေ၊ အိမ်တွင်းရေးမပြေလည်တာတွေရှိရင် ညှိနှိုင်းဆောင်ရွက်လို့ အဆင်ပြေပါလိမ့်မယ်။ ငွေရှာလွယ်ပေမဲ့ အသုံးအစွဲအကုန်အကျလေးတွေများနေတတ်ပါတယ်။ လူမှုရေးကိစ္စတွေ မှာ ကူညီခွင့်တွေ၊လှူဒါန်းခွင့်တွေရလာတတ်ပါတယ်။
သားသမီးတွေအတွက် စိတ်ချမ်းသာစရာ သတင်းစကားတွေ ကြားရတတ်ပါတယ်။ ကျက်သရေမင်္ဂလာနှင့်ပြည့်စုံသော ဘာသာရေးကိုးကွယ်ရာပစ္စည်းများဝင်လာရင်ကံအလွန် ကောင်းတတ်ပါတယ်။ စီးပွားရေးကိစ္စတွေမှာတော့ ဆရာသမားတွေနဲ့ စပ်ပြီးလုပ်တဲ့အလုပ်တွေအဆင်မပြေဖြစ်ရ တတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့မရှိသလောက်နည်းပါတယ်။
လက်ရှိကျန်းမာရေးအားနည်းသူတောင် ဆေးကောင်းတွေ့ပြီး နလန်ပြန်ထလာနိုင်ပါတယ်။ အချစ်ရေးမှာတော့ အရာရာပူဆာနေတဲ့ချစ်သူကြောင့် ငွေကုန်နေရ တတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့စိတ်ချမ်းသာစရာများပါတယ်။ အိမ်ထောင်ဘက်နဲ့ နားလည်မှုရှိရှိရှေ့ဆက် နိုင်ပါလိမ့်မယ်။ ပညာရေးကံကတော့ အားနည်းချက်များပါတယ်။အကျိုးပေးဂဏန်း 1/2/8အထူးဟော အကူအညီအထောက်အပံ့ပေါများမယ် ယတြာ ပုစွန်ကြော်ဘုရားကပ်လှူပေးပါ
ကြာသပတေး
တစ်ခါတလေ တွေးထားတာတွေမဖြစ်ဘဲ မရည်ရွယ်တာတွေဖြစ်လာတတ်တဲ့ကာလပါပဲ။မထင်မှတ်တဲ့ အပြောင်းအလဲတွေကြုံလာရတတ်ပါတယ်။ ထိုပြောင်းလဲခြင်းက အချို့သူတွေအတွက် ကောင်းသောပြောင်းလဲခြင်း ဖြစ်ပေမဲ့ အချို့အတွက် ဆိုးဖို့ဖြစ်လာနိုင်ပါတယ်။ ဂြိုဟ်တူတွေပူးနေတဲ့အချိန်ကာလဖြစ်တာမို့ ကံကြမ္မာအတိုင်း မီးစင်ပြီးကဖို့လိုပါတယ်။ စိတ်ထဲထင်ရာလုပ်လေ အမှားများလေကြုံရတတ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲနိုင်မှု ကိုယ် တိုင်ကအားနည်းတတ်ပါတယ်။
ငွေကို မသုံးသင့်တဲ့နေရာမှာသုံးမိနေပြီးတော့ သုံးသင့်တဲ့နေရာမှာတော့ မသုံးမိဖြစ် နေတတ်ပါတယ်။ ကြီးပွားတိုးတတ်ရေးကိစ္စတွေမှာဖြတ်လမ်းလိုက်တာ၊အောက်ဆိုက်ရှာတာ လောင်းကစားလုပ် တာမျိုးတွေအထူးရှောင်ပါ။ ငွေကိုလူငယ်တွေအနေနဲ့အပျော်အပါးအတွက်သုံးတာမျိုးအထူးရှောင်လိုက်စေချင်ပါ တယ်။ ခင်မင်သူတွေ ရင်းနှီးသူတွေဆီက အကူအညီတွေရလာတတ်ပါတယ်။ အလုပ်ရှာနေသူများ အင်တာဗျူးအောင်ပြီးအလုပ်ရတတ်ပါတယ်။
အချစ်ရေးအတွက် ကောင်းသောအတွေးအခေါ်အမြင်သစ်တွေရလာမယ်။ ချစ်သူပေါ်ကောင်းသောအမြင်တွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာလဲ အဆင်မပြေတဲ့ အိမ်ထောင်ရေးသောကတွေ ပြန်လည်ပြေလည်ခွင့်ရလာနိုင်ပါတယ်။ ကျန်းမာရေးမှာတော့ ဂရုစိုက်ရမယ်။ ဝမ်းဗိုက်၊အစာအိမ်၊အဆုတ် ၊အသည်း အားနည်းချိန်ပါ။အကျိုးပေးဂဏန်း 2/3/5အထူးဟော မထင်မှတ်တာတွေဖြစ်လာလိမ့်မယ်။ယတြာ ကန်စွန်းရွက်ကြော်နဲ့ဘုရားဆွမ်းကပ်ပါ
သောကြာ
ဒီကာလအတွင်းမိမိအတွက် ဆိုင်အထားအသိုပြောင်းခြင်း၊နေရာထိုင်ခင်းပြင်ဆင်ခြင်းတွေအထူးအလေးပေး ဆောင်ရွက် နိုင်ပါတယ်။မိသားစုအတွင်း ကျန်းမာရေးညံ့တာမျိုးတွေဖြစ်နေတတ်ပါတယ်။ ပြဿနာတွေရှုပ်ထွေးနေပေမဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ်။ မရေရာနဲ့ အချိန်ကုန်လူပန်းမဖြစ်အောင်တော့ မိမိကိုယ်တိုင်သတိထားရပါလိမ့်မယ်။ မိမိရဲ့ကျန်းမာရေးကတော့ ဒီကာလမှာ ခြေ ထောက်၊ခါးနဲ့ ပတ်သက်ပြီးဥပဒ်ဖြစ်လွယ်ပါတယ်။
ပစ္စည်းအလဲ အထပ်တွေဆောင်ရွက်နိုင်သလို အရောင်းအဝယ်ကိစ္စ တွေကိုလဲ အထူးပဲအရေးပေးဆောင်ရွက်နိုင်ပါတယ်။ စီးပွားရေးလုပ်ကိုင်ရာမှာတော့ မိမိကိုယ်တိုင်နားလည်ဖို့လို ပါတယ်။ ဟုန်းကနဲထပြီးမအောင်မြင်နိုင်ပါဘူး။ အချိန် ယူကြိုးစားရလိမ့်မယ်။ဘာမှလွယ်လွယ်မရပါဘူး၊ ဇွဲတော့ မလျှော့လိုက်ပါနဲ့။ စီးပွားရေးကံကဒီကာလကောင်းပါ တယ်။ ဒါပေမဲ့စိတ်ရှည်ဖို့လိုတယ်လို့ပြောချင်တာပါ။ အချစ်ရေး ကိစ္စတွေအဆင်ပြေနိုင်ပါတယ်။
ချစ်သူကိုပိုးပန်း နေသူများ အခြေအနေရလဒ်တွေကောင်းပါလိမ့်မယ်။ အိမ်ထောင်ရေးကိစ္စတွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် စကားများ ရန်မဖြစ်ဖူးသူတွေ တောင် ကတောက်ကဆတွေများနေရတတ်ပါတယ်။ ပညာရေးကံကောင်းပါတယ်။ ဆရာသမားတွေရဲ့ ဂရုစိုက်သင် ပြမှုကိုလဲ ရရှိပါလိမ့်မယ်။အကျိုးပေးဂဏန်း 3/4/8အထူးဟော ဖြေးဖြေး အေးအေး သာဆောင်ရွက်လိုက်ပါ ယတြာ စတုမတု လူကြီးသူမတစ်ဦးကိုလှူလိုက်ပါ
စနေ
ဒီကာလလအတွင်း အိမ်နီးချင်းတွေနဲ့မသင့်မတင့်ဖြစ်ရတတ်ပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီးတော့လဲ အား ကိုးစရာမိမိသာရှိပါတယ်။ အောက်လက်ငယ်သားတွေကိုအားကိုးလို့မရပါဘူး။ ပတ်ဝန်း ကျင်မှာလုပ်ငန်းပြိုင်တွေရှိ နေမယ်ဆိုရင်တော့ ပိုမိုစိတ်ညစ်ရတတ်ပါတယ်။မိသားစုအတွင်း၊လုပ်ငန်းခွင်အတွင်း အထင်မြင်လွဲစရာများပေါ် ပေါက်လာ တတ်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကိုစောင့်ဆိုင်းလုပ်ကိုင်ခြင်းတွေ၊ လုပ် ငန်းသစ်များအတွက် ကြိုတင်ပြင်ဆင်ခြင်းများကိုဦးစားပေးဆောင်ရွက်နိုင်ပါတယ်။
အတိုက်အခံတွေများနေတတ် ပါတယ်။ တရားသဖြင့် ပဲပြန်လည်တုန့်ပြန်တတ်ဖို့လိုပါတယ်။ အဝေးရောက်မိတ်ဆွေတွေက မိမိကိုဒုက္ခပေးတာမျိုး တွေခံရတတ်ပါတယ်။ ကျန်းမာရေးညံ့ဖျင်းနိုင်တာမျိုးတော့တွေ့ရပါတယ်။ အစားမှား၊ဆေးမှား၊ဖြစ်လွယ်ပါတယ်။ ရောဂါအဖြေတစ်ခုထဲကို ကောက် ချက်ချပြီး ဆေးစားတာမျိုးမလုပ်ပါနဲ့။ အချစ်ရေးတွေမှာတော့ ချစ်သူနဲ့ဝေးနေရတဲ့အချိန်က ပိုများပါတယ်။ တွေ့ဖို့ဆုံဖို့ခက်ခဲတတ်ပါတယ်။
အိမ်ထောင်ရေးကံကောင်းနေပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာအဆင်ပြေပါ လိမ့်မယ်။ အိမ်ထောင် ဘက်ထံမှအကူအညီတွေကောင်းစွာရရှိပါလိမ့်မယ်။ ပညာရေးကတော့ ဒါပေမဲ့မိမိကိုယ်တိုင် ကသင်ယူလိုစိတ်တွေ၊သင်ကြားလိုစိတ်တွေလျော့ရဲနေတတ်ပါတယ်။အကျိုးပေးဂဏန်း 4/5/0အထူးဟော စီးပွားရေးကိုယ်တိုင်ကိုယ်ကျသာ လုပ်ပါ ယတြာ ပြောင်းဖူးကြော်ဘုရားကပ်ပါ
၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)0977 5555 695
Zawgyi
26.8.2021 မွ 1.9.2021 အထိတစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း
တနဂၤေႏြ
ဒီကာလအတြင္းျဖတ္သန္းရမဲ့အခ်ိန္ေတြမွာ သတိဆိုတာကိုအၿမဲကပ္ထားဖို႔လုပ္ငန္းခြင္အတြင္းအတိမ္း အေစာင္းအမွားအယြင္းေလးေတြမ်ားေနတတ္ပါတယ္။အလုပ္ေနရာအေျပာင္းအလဲေတြ၊အလုပ္နားရတာေတြျဖစ္ရတတ္ပါတယ္။ စီးပြားေရးအတြက္ ကိုယ္တစ္ေယာက္ထဲ မႏိုင္လို႔အမ်ားရွယ္ယာေခၚတာမ်ိဳး စပ္တူလုပ္တာမ်ိဳးေတြကပိုဆိုးသြားတတ္ပါတယ္။ေဆြမ်ိဳးသားခ်င္းေတြထဲက ကူညီမဲ့သူေတြေပၚလာတတ္ပါတယ္။
ေလလႈိင္းထဲကေန စကားနဲ႔ ဒုကၡေပးမဲ့သူေတြနဲ႔ႀကဳံေနရတတ္ပါတယ္။ ဆရာေတြ အႀကီးအကဲေတြ၊ လူေလးစားတဲ့ပုဂၢိဳလ္ေတြအေနနဲ႔ ဒီကာလအတြင္း လူအမ်ားအထင္အျမင္လြဲစရာ ကိစၥေတြႀကဳံေနရတတ္ပါတယ္။ က်န္းမာေရးအားနည္းခ်က္အနည္း ငယ္ရွိပါတယ္။ ငန္လြန္းတဲ့အစားအေသာက္ႏွင့္ ဝမ္းပ်က္စာမ်ားအထူးေရွာင္လိုက္ပါ။ အခ်စ္ေရးမွာအေနေဝးေနသူ ေတြ အဆင္ေျပၾကေပမဲ့ အေနနီးသူေတြ ခဏခဏစကားမ်ားရတတ္ပါတယ္။
ရပ္ေဝးခရီးကိစၥေလးေတြ အခက္အခဲ မ်ားတတ္ပါတယ္။ အလႉနဲ႔ဆိုင္ေသာခရီးမ်ားရက္ေ႐ႊ႕ရတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာေျပလည္တာမ်ားမဲ့ ကာလပါပဲ။ ပညာေရးကိစၥေတြမွာေတာ့ ထင္တိုင္းမေပါက္ျဖစ္ရတတ္ပါတယ္။ စိတ္ကူးထားသလို ပညာေရးမွာ ပုံေဖာ္လို႔မရႏိုင္ေသးပါ။အက်ိဳးေပးဂဏန္း 1/5/6အထူးေဟာ အနည္းငယ္အခက္အခဲေလးေတြႀကဳံရမယ္။ယၾတာ ေပါက္ဆီ ၃လုံးဘုရားကပ္ပါ
တနလၤာ
ကိစၥမ်ားေျမာင္ လူတို႔ေဘာင္ဆိုသလိုပဲ တနလၤာသားသမီးေတြအတြက္ အလုပ္မ်ားကိစၥမ်ားမဲ့ကာလပါပဲ။ ပိုက္ဆံရမဲ့အလုပ္ေရာ၊မရဘဲအက်ိဳးေဆာင္ရတဲ့အလုပ္ေတြေရာ ေရာလုပ္ေနရတတ္ပါတယ္။ ဒီကာလအတြင္း က်န္း မာေရးမေကာင္းသူေတြကို ျပဳစုရေစာင့္ေရွာက္ရတတ္ပါတယ္။ စပ္တူေငြေၾကးကိစၥေတြကိုေတာ့ေရွာင္သင့္တဲ့အခ်ိန္ ပါပဲ။ ဒီကာလအတြင္း အထိုင္ခ်မဲ့ကိစၥေတြ ဆိုင္သစ္ဖြင့္မွာေတြ၊ အိုးအိမ္သစ္မွာစေနတာေတြအနည္းငယ္အဆင္မေျပျဖစ္ရတတ္ပါတယ္။
ကိုယ္ပိုင္စီးပြားလုပ္ငန္းမ်ား ဝန္ထမ္းေတြကို က်စ္က်စ္လစ္လစ္ ျပန္လည္ဖြဲ႕စည္းသင့္တယ္ လို႔ျမင္ပါတယ္။ လိင္မတူသူေတြဆီကေနျဖစ္ေစ၊ မိမိကို တစ္ဖက္သတ္ခ်စ္ႀကိဳက္ေနသူဆီကျဖစ္ေစ အကူအညီေတြ ရလာတတ္ပါတယ္။ အလုပ္မွာ မေပ်ာ္သူေတြအတြက္ခဏသည္းခံေနဖို႔ ေျပာလိုပါတယ္။ အလုပ္သစ္ရွာလဲအဆင္ မေျပႏိုင္ေသးပါ။ က်န္းမာေရးကေတာ့ အထူးမညံ့ေပမဲ့ အေနအထိုင္ ေပါ့ေလ်ာ့လိုက္တာနဲ႔ ေရာဂါဝင္လာတတ္တဲ့ ကာလပါပဲ။
အခ်စ္ေရး ေျပလည္မႈေတြရရွိလာႏိုင္သလို အခ်စ္ေရးေၾကာင့္ပဲ စီးပြားေရးမွာတစ္ဖက္တစ္လမ္းက အက်ိဳးရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးမွာေတာ့ အလုပ္ကိစၥနဲ႔ပတ္သက္ၿပီး အိမ္ေထာင္ဘက္နဲ႔စကားမ်ားရတတ္ပါ တယ္။ ပညာရွာေနသူမ်ား ပညာေရးအတြက္စိတ္ခ်မ္းသာေပ်ာ္႐ႊင္ရပါလိမ့္မယ္။ အက်ိဳးေပးဂဏန္း 6/9/0အထူးေဟာ စိတ္ပင္ပန္းစရာေလးေတြအနည္းငယ္ရွိမယ္ ယၾတာ သစ္ေတာ္သီးဘုရားကပ္လႉေပးပါ
အဂၤါ
ဒီကာလအတြင္း အဘက္ဘက္ကကံေကာင္းမႈေတြဝင္လာတတ္ပါတယ္။ စိတ္ခ်မ္းသာစရာကိစၥေတြတစ္ခု ၿပီးတစ္ခုႀကဳံရတတ္ပါတယ္။ ေငြေၾကးရစရာရွိတာေတြရလာတတ္ပါတယ္။ေငြရွာေနသူမ်ား ေငြေၾကးရေပါက္ရ လမ္းေကာင္းေတြႀကဳံရတတ္ပါတယ္။ စိတ္ထဲမေက်နပ္စရာအစိုင္အခဲေတြေျပေပ်ာက္ပါလိမ့္မယ္။ ခရီးတိုေလးေတြ ေန႔ခ်င္းျပန္ခရီးေတြႀကဳံေနရတတ္ပါတယ္။ သတိထားစရာကိစၥကေတာ့ ကိုယ္အဆင္ေျပေလ လူမုန္းမ်ားေလဆိုတာ ပါပဲ။ မိမိကို ျပႆနာရွာမဲ့သူေတြဝိုင္းေနတတ္ပါတယ္။
အလုပ္အကိုင္ေတြအေနနဲ႔ မိတ္ေဟာင္း၊မိတ္သစ္ေတြနဲ႔ ေကာင္းစြာခ်ိတ္ဆက္ႏိုင္လိမ့္မယ္။သတိထားရမွာက ဒီကာလမွာတစ္ဦးတစ္ေယာက္ကိုဆရာတင္မိရင္ ဆရာတင္ မွားတတ္ပါတယ္။ ဒီကာလအတြင္းမွာ ဆီးဝမ္းေသြးေလမမွန္တာမ်ိဳးျဖစ္တတ္ပါတယ္။ အေရျပားနဲ႔ပတ္သက္ၿပီး အဖုအပိန႔္ေတြထြက္လာတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ က်န္းမာေရးမွာအရမ္းႀကီးညံ့ေနတာမ်ိဳးေတာ့ မေတြ႕ရႏိုင္ပါဘူး။
စက္ပစၥည္းအသစ္ေတြဝယ္ခ်င္တာဆိုဒီကာလမွာဝယ္တာက ပစၥည္းေကာင္းရႏိုင္ပါတယ္။ အခ်စ္ေရးမွာေတာ့ ထင္သေလာက္ အဆင္မေျပျဖစ္ရတတ္ပါတယ္။ ခ်စ္သူနဲ႔လူႀကီးေတြကိုအေၾကာင္းျပဳၿပီးစကားမ်ားရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အရာရာအသုံးမက်ဘူးလို႔ အိမ္ေထာင္ဘက္ကိုထင္ေနမိတတ္ပါတယ္။အက်ိဳးေပးဂဏန္း 1/7/3အထူးေဟာ ကံျမင့္မားမႈေတြရွိမယ္။ယၾတာ အုန္းႏို႔ေခါက္ဆြဲဘုရားကပ္ပါ
ဗုဒၶဟူး၊ရာဟု
စိတ္လက္ခ်မ္းသာစြာနဲ႔ ျဖတ္သန္းရမဲ့ကာလေတြပဲျဖစ္ပါတယ္။ မိမိအထိုင္ခ်ခ်င္တဲ့အလုပ္ေတြ၊စီးပြားေရး ေတြစတင္လို႔ေကာင္းပါတယ္။ ေငြေၾကးရွာေဖြရလြယ္ကူတာ ေခ်းရငွားရလြယ္တာ..ရစရာရွိတာေတြျပန္ရတာမ်ိဳး ေတြႀကဳံရတတ္ပါတယ္။ ဒီအပတ္ထဲ အိမ္ပူေနတာေတြ၊ အိမ္တြင္းေရးမေျပလည္တာေတြရွိရင္ ညႇိႏႈိင္းေဆာင္႐ြက္လို႔ အဆင္ေျပပါလိမ့္မယ္။ ေငြရွာလြယ္ေပမဲ့ အသုံးအစြဲအကုန္အက်ေလးေတြမ်ားေနတတ္ပါတယ္။ လူမႈေရးကိစၥေတြ မွာ ကူညီခြင့္ေတြ၊လႉဒါန္းခြင့္ေတြရလာတတ္ပါတယ္။
သားသမီးေတြအတြက္ စိတ္ခ်မ္းသာစရာ သတင္းစကားေတြ ၾကားရတတ္ပါတယ္။ က်က္သေရမဂၤလာႏွင့္ျပည့္စုံေသာ ဘာသာေရးကိုးကြယ္ရာပစၥည္းမ်ားဝင္လာရင္ကံအလြန္ ေကာင္းတတ္ပါတယ္။ စီးပြားေရးကိစၥေတြမွာေတာ့ ဆရာသမားေတြနဲ႔ စပ္ၿပီးလုပ္တဲ့အလုပ္ေတြအဆင္မေျပျဖစ္ရ တတ္ပါတယ္။က်န္းမာေရးကေတာ့ အညံ့မရွိသေလာက္နည္းပါတယ္။
လက္ရွိက်န္းမာေရးအားနည္းသူေတာင္ ေဆးေကာင္းေတြ႕ၿပီး နလန္ျပန္ထလာႏိုင္ပါတယ္။ အခ်စ္ေရးမွာေတာ့ အရာရာပူဆာေနတဲ့ခ်စ္သူေၾကာင့္ ေငြကုန္ေနရ တတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့စိတ္ခ်မ္းသာစရာမ်ားပါတယ္။ အိမ္ေထာင္ဘက္နဲ႔ နားလည္မႈရွိရွိေရွ႕ဆက္ ႏိုင္ပါလိမ့္မယ္။ ပညာေရးကံကေတာ့ အားနည္းခ်က္မ်ားပါတယ္။အက်ိဳးေပးဂဏန္း 1/2/8အထူးေဟာ အကူအညီအေထာက္အပံ့ေပါမ်ားမယ္ ယၾတာ ပုစြန္ေၾကာ္ဘုရားကပ္လႉေပးပါ
ၾကာသပေတး
တစ္ခါတေလ ေတြးထားတာေတြမျဖစ္ဘဲ မရည္႐ြယ္တာေတြျဖစ္လာတတ္တဲ့ကာလပါပဲ။မထင္မွတ္တဲ့ အေျပာင္းအလဲေတြႀကဳံလာရတတ္ပါတယ္။ ထိုေျပာင္းလဲျခင္းက အခ်ိဳ႕သူေတြအတြက္ ေကာင္းေသာေျပာင္းလဲျခင္း ျဖစ္ေပမဲ့ အခ်ိဳ႕အတြက္ ဆိုးဖို႔ျဖစ္လာႏိုင္ပါတယ္။ ၿဂိဳဟ္တူေတြပူးေနတဲ့အခ်ိန္ကာလျဖစ္တာမို႔ ကံၾကမၼာအတိုင္း မီးစင္ၿပီးကဖို႔လိုပါတယ္။ စိတ္ထဲထင္ရာလုပ္ေလ အမွားမ်ားေလႀကဳံရတတ္ပါတယ္။ ေငြေၾကးစီမံခန႔္ခြဲႏိုင္မႈ ကိုယ္ တိုင္ကအားနည္းတတ္ပါတယ္။
ေငြကို မသုံးသင့္တဲ့ေနရာမွာသုံးမိေနၿပီးေတာ့ သုံးသင့္တဲ့ေနရာမွာေတာ့ မသုံးမိျဖစ္ ေနတတ္ပါတယ္။ ႀကီးပြားတိုးတတ္ေရးကိစၥေတြမွာျဖတ္လမ္းလိုက္တာ၊ေအာက္ဆိုက္ရွာတာ ေလာင္းကစားလုပ္ တာမ်ိဳးေတြအထူးေရွာင္ပါ။ ေငြကိုလူငယ္ေတြအေနနဲ႔အေပ်ာ္အပါးအတြက္သုံးတာမ်ိဳးအထူးေရွာင္လိုက္ေစခ်င္ပါ တယ္။ ခင္မင္သူေတြ ရင္းႏွီးသူေတြဆီက အကူအညီေတြရလာတတ္ပါတယ္။ အလုပ္ရွာေနသူမ်ား အင္တာဗ်ဴးေအာင္ၿပီးအလုပ္ရတတ္ပါတယ္။
အခ်စ္ေရးအတြက္ ေကာင္းေသာအေတြးအေခၚအျမင္သစ္ေတြရလာမယ္။ ခ်စ္သူေပၚေကာင္းေသာအျမင္ေတြရလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာလဲ အဆင္မေျပတဲ့ အိမ္ေထာင္ေရးေသာကေတြ ျပန္လည္ေျပလည္ခြင့္ရလာႏိုင္ပါတယ္။ က်န္းမာေရးမွာေတာ့ ဂ႐ုစိုက္ရမယ္။ ဝမ္းဗိုက္၊အစာအိမ္၊အဆုတ္ ၊အသည္း အားနည္းခ်ိန္ပါ။အက်ိဳးေပးဂဏန္း 2/3/5အထူးေဟာ မထင္မွတ္တာေတြျဖစ္လာလိမ့္မယ္။ယၾတာ ကန္စြန္း႐ြက္ေၾကာ္နဲ႔ဘုရားဆြမ္းကပ္ပါ
ေသာၾကာ
ဒီကာလအတြင္းမိမိအတြက္ ဆိုင္အထားအသိုေျပာင္းျခင္း၊ေနရာထိုင္ခင္းျပင္ဆင္ျခင္းေတြအထူးအေလးေပး ေဆာင္႐ြက္ ႏိုင္ပါတယ္။မိသားစုအတြင္း က်န္းမာေရးညံ့တာမ်ိဳးေတြျဖစ္ေနတတ္ပါတယ္။ ျပႆနာေတြရႈပ္ေထြးေနေပမဲ့ ေျဖရွင္းႏိုင္ပါလိမ့္မယ္။ မေရရာနဲ႔ အခ်ိန္ကုန္လူပန္းမျဖစ္ေအာင္ေတာ့ မိမိကိုယ္တိုင္သတိထားရပါလိမ့္မယ္။ မိမိရဲ႕က်န္းမာေရးကေတာ့ ဒီကာလမွာ ေျခ ေထာက္၊ခါးနဲ႔ ပတ္သက္ၿပီးဥပဒ္ျဖစ္လြယ္ပါတယ္။
ပစၥည္းအလဲ အထပ္ေတြေဆာင္႐ြက္ႏိုင္သလို အေရာင္းအဝယ္ကိစၥ ေတြကိုလဲ အထူးပဲအေရးေပးေဆာင္႐ြက္ႏိုင္ပါတယ္။ စီးပြားေရးလုပ္ကိုင္ရာမွာေတာ့ မိမိကိုယ္တိုင္နားလည္ဖို႔လို ပါတယ္။ ဟုန္းကနဲထၿပီးမေအာင္ျမင္ႏိုင္ပါဘူး။ အခ်ိန္ ယူႀကိဳးစားရလိမ့္မယ္။ဘာမွလြယ္လြယ္မရပါဘူး၊ ဇြဲေတာ့ မေလွ်ာ့လိုက္ပါနဲ႔။ စီးပြားေရးကံကဒီကာလေကာင္းပါ တယ္။ ဒါေပမဲ့စိတ္ရွည္ဖို႔လိုတယ္လို႔ေျပာခ်င္တာပါ။ အခ်စ္ေရး ကိစၥေတြအဆင္ေျပႏိုင္ပါတယ္။
ခ်စ္သူကိုပိုးပန္း ေနသူမ်ား အေျခအေနရလဒ္ေတြေကာင္းပါလိမ့္မယ္။ အိမ္ေထာင္ေရးကိစၥေတြမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ား ရန္မျဖစ္ဖူးသူေတြ ေတာင္ ကေတာက္ကဆေတြမ်ားေနရတတ္ပါတယ္။ ပညာေရးကံေကာင္းပါတယ္။ ဆရာသမားေတြရဲ႕ ဂ႐ုစိုက္သင္ ျပမႈကိုလဲ ရရွိပါလိမ့္မယ္။အက်ိဳးေပးဂဏန္း 3/4/8အထူးေဟာ ေျဖးေျဖး ေအးေအး သာေဆာင္႐ြက္လိုက္ပါ ယၾတာ စတုမတု လူႀကီးသူမတစ္ဦးကိုလႉလိုက္ပါ
စေန
ဒီကာလလအတြင္း အိမ္နီးခ်င္းေတြနဲ႔မသင့္မတင့္ျဖစ္ရတတ္ပါတယ္။ အလုပ္နဲ႔ ပတ္သက္ၿပီးေတာ့လဲ အား ကိုးစရာမိမိသာရွိပါတယ္။ ေအာက္လက္ငယ္သားေတြကိုအားကိုးလို႔မရပါဘူး။ ပတ္ဝန္း က်င္မွာလုပ္ငန္းၿပိဳင္ေတြရွိ ေနမယ္ဆိုရင္ေတာ့ ပိုမိုစိတ္ညစ္ရတတ္ပါတယ္။မိသားစုအတြင္း၊လုပ္ငန္းခြင္အတြင္း အထင္ျမင္လြဲစရာမ်ားေပၚ ေပါက္လာ တတ္ပါတယ္။ အေျခအေနနဲ႔ အခ်ိန္အခါကိုေစာင့္ဆိုင္းလုပ္ကိုင္ျခင္းေတြ၊ လုပ္ ငန္းသစ္မ်ားအတြက္ ႀကိဳတင္ျပင္ဆင္ျခင္းမ်ားကိုဦးစားေပးေဆာင္႐ြက္ႏိုင္ပါတယ္။
အတိုက္အခံေတြမ်ားေနတတ္ ပါတယ္။ တရားသျဖင့္ ပဲျပန္လည္တုန႔္ျပန္တတ္ဖို႔လိုပါတယ္။ အေဝးေရာက္မိတ္ေဆြေတြက မိမိကိုဒုကၡေပးတာမ်ိဳး ေတြခံရတတ္ပါတယ္။ က်န္းမာေရးညံ့ဖ်င္းႏိုင္တာမ်ိဳးေတာ့ေတြ႕ရပါတယ္။ အစားမွား၊ေဆးမွား၊ျဖစ္လြယ္ပါတယ္။ ေရာဂါအေျဖတစ္ခုထဲကို ေကာက္ ခ်က္ခ်ၿပီး ေဆးစားတာမ်ိဳးမလုပ္ပါနဲ႔။ အခ်စ္ေရးေတြမွာေတာ့ ခ်စ္သူနဲ႔ေဝးေနရတဲ့အခ်ိန္က ပိုမ်ားပါတယ္။ ေတြ႕ဖို႔ဆုံဖို႔ခက္ခဲတတ္ပါတယ္။
အိမ္ေထာင္ေရးကံေကာင္းေနပါလိမ့္မယ္။ အိမ္ေထာင္ေရးသာယာအဆင္ေျပပါ လိမ့္မယ္။ အိမ္ေထာင္ ဘက္ထံမွအကူအညီေတြေကာင္းစြာရရွိပါလိမ့္မယ္။ ပညာေရးကေတာ့ ဒါေပမဲ့မိမိကိုယ္တိုင္ ကသင္ယူလိုစိတ္ေတြ၊သင္ၾကားလိုစိတ္ေတြေလ်ာ့ရဲေနတတ္ပါတယ္။အက်ိဳးေပးဂဏန္း 4/5/0အထူးေဟာ စီးပြားေရးကိုယ္တိုင္ကိုယ္က်သာ လုပ္ပါ ယၾတာ ေျပာင္းဖူးေၾကာ္ဘုရားကပ္ပါ
၇ရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)0977 5555 695



