နီးလွန်းလို့များ မမြင်ခဲ့တာလား …

ကိုယ်ပေးနေပေမယ့် အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြားမှာ တစ်ခါတစ်ခါရပ်နေရင်းက ပင်ပန်းလာတတ်တယ် အကောင်းတကာ့အကောင်းတွေမဟုတ်ရင်တောင် သေချာတစ်ခုကတော့ ကိုယ်ပေးခဲ့တဲ့အရာဟာ ကိုယ်အကောင်းဆုံးကြိုးစားပြီးပေးခဲ့ဖူးတာပါ
ရောင်ပြန်တွေဆိုတာဝေးပါသေးတယ် တန်ပြန်သက်ရောက်မှုတွေဆိုတာလဲ မမျှော်ပဲ ပေးပါတယ် ဒါပေမယ့် အသိအမှတ်ပြုမှုလေးတောင် မရခဲ့တဲ့ ကိုယ့်မှာ တစ်ခါတစ်လေကျတော့ ဝမ်းလည်းဝမ်းနည်းမိသလို ဘာကြောင့်များလဲလို့တွေးနေမိတယ် နီးလွန်းလို့များ မမြင်ခဲ့တာလား
ကိုယ်ပေးခဲ့တာအချစ်ပါ ပြန်ရလာခဲ့တာကတော့ တန်ဖိုးမထားခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာ ဂရုစိုက်မှုတွေပါ ပြန်ရလာခဲ့တာကတော့ လျစ်လျူရှုခံရခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာစေတနာပါ ပြန်ရလာခဲ့တာတော့ ဝေဒနာပေါ့ တန်ပြန်သက်ရောက်မှုတွေရှိပေမယ့် ဆန့်ကျင်ဖက်တွေဖြစ်နေတာဟာ ရင်နာစရာ
အဝေးထွက်သွားတဲ့တစ်နေ့မှ တန်ဖိုးတွေသိလာမယ်ဆိုရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်လို့ပဲ ထင်ပါတယ် ဘေးနားမှာရပ်နေရင်းက ကိုယ့်ကို ဘယ်သူ့မှမမြင်တဲ့အဖြစ်တွေကလဲ ဆက်ပြီးရပ်နေဖို့အတွက် အင်အားတွေမဲ့လာတယ် ဖြစ်နိုင်ရင် မမြင်နိုင်တဲ့ မျက်လုံးတွေကို တစ်ခါတစ်လေကျတော့ ကိုယ့်ကို ပြန်ကြည့်စေချင်တယ်
အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့ နီးလွန်းသွားတဲ့အခါ လူတွေက မမြင်တတ်တော့တာတော့ အမှန်ပါ
crd
zawgyi

ကိုယ်ပေးနေပေမယ့် အကောင်းမမြင်နိုင်တဲ့ မျက်လုံးတွေကြားမှာ တစ်ခါတစ်ခါရပ်နေရင်းက ပင်ပန်းလာတတ်တယ် အကောင်းတကာ့အကောင်းတွေမဟုတ်ရင်တောင် သေချာတစ်ခုကတော့ ကိုယ်ပေးခဲ့တဲ့အရာဟာ ကိုယ်အကောင်းဆုံးကြိုးစားပြီးပေးခဲ့ဖူးတာပါ
ရောင်ပြန်တွေဆိုတာဝေးပါသေးတယ် တန်ပြန်သက်ရောက်မှုတွေဆိုတာလဲ မမျှော်ပဲ ပေးပါတယ် ဒါပေမယ့် အသိအမှတ်ပြုမှုလေးတောင် မရခဲ့တဲ့ ကိုယ့်မှာ တစ်ခါတစ်လေကျတော့ ၀မ်းလည်းဝမ်းနည်းမိသလို ဘာကြောင့်များလဲလို့တွေးနေမိတယ် နီးလွန်းလို့များ မမြင်ခဲ့တာလား
ကိုယ်ပေးခဲ့တာအချစ်ပါ ပြန်ရလာခဲ့တာကတော့ တန်ဖိုးမထားခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာ ဂရုစိုက်မှုတွေပါ ပြန်ရလာခဲ့တာကတော့ လျစ်လျူရှုခံရခြင်းတွေပေါ့ ကိုယ်ပေးခဲ့တာစေတနာပါ ပြန်ရလာခဲ့တာတော့ ဝေဒနာပေါ့ တန်ပြန်သက်ရောက်မှုတွေရှိပေမယ့် ဆန့်ကျင်ဖက်တွေဖြစ်နေတာဟာ ရင်နာစရာ
အဝေးထွက်သွားတဲ့တစ်နေ့မှ တန်ဖိုးတွေသိလာမယ်ဆိုရင်တော့ သိပ်နောက်ကျသွားလိမ့်မယ်လို့ပဲ ထင်ပါတယ် ဘေးနားမှာရပ်နေရင်းက ကိုယ့်ကို ဘယ်သူ့မှမမြင်တဲ့အဖြစ်တွေကလဲ ဆက်ပြီးရပ်နေဖို့အတွက် အင်အားတွေမဲ့လာတယ် ဖြစ်နိုင်ရင် မမြင်နိုင်တဲ့ မျက်လုံးတွေကို တစ်ခါတစ်လေကျတော့ ကိုယ့်ကို ပြန်ကြည့်စေချင်တယ်
အဝေးပြေးထွက်မသွားနိုင်သေးတာလဲ ကိုယ့်အားနည်းချက်ပေါ့ နီးလွန်းသွားတဲ့အခါ လူတွေက မမြင်တတ်တော့တာတော့ အမှန်ပါ
crd



