ကောင်လေးတွေ အနေနဲ့ ဒီခေတ် ဒီအခါမှာ ကောင်မလေးတွေ ကြွေအောင် နေထိုင်နည်းတွေ အများကြီး ရှိပါသေးတယ် ။ အခုခေတ်မှာ ပြောနေကြတာက ငွေက အဓိက ဆိုပေမယ့် တကယ်လို့ ငွေတခုထဲ ကြည့်တတ်တဲ့ မိန်းမမျိုးဆိုရင်တော့ မကြည်ရင် နေပါစေ ဝေးဝေးသာ ရှောင်ပေတော့ ။
အောက်က အချက် ၁ဝ ချက်ကို အကျိုးရှိရှိ အသုံးချပြီး ဆော်တွေ သဲသဲ လှုပ်အောင် လုပ်လိုက်ပါ ။
၁ ။ အာပုတ်နံ့ မရှိပါစေနဲ့
အခြားလူ တစ်ယောက်ယောက်နဲ့ စကားပြောနေတဲ့ အချိန် အဲသည်လူ ပါးစပ်ကနေ အာပုတ်နံ့ကို ရဖူးပြီး ကိုယ်က အားနာနာ နဲ့ အောင့်အီးလိုက်တာ လူတိုင်းလိုလို ကြုံတွေ့ဖူးမှာပါ။ ဒါကို ကိုယ့်ကြောင်နေတဲ့ ဆော်ကရတယ် ဆိုရင် ဘယ်လိုနေမလဲ။ ကိုယ်နံနေတာကို ကိုယ်ကတော့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး။ အဓိကအနံ့ ထွက်တာက သွားကမဟုတ် လျှာကနေ ထွက်တာပါ။
တကယ်တမ်း ကိုယ်အနံ့ ရှိမရှိ စမ်းချင်တယ် ဆိုရင် လက်ဖမိုးကို ရှာနဲ့ လျက် အခြောက်နဲနဲခံပြီး နမ်းကြည့်လိုက်ပါ။ အဲဒီ အနံ့က ကိုယ်စကားပြောလို့ ထွက်လာတဲ့အနံ့ပါ။ အာပုတ်နံ့ကို မထွက်အောင် ပီကေဝါးခြင်း၊ သွားတိုက်လျင် လျှာကို သေသေချာချာတိုက်ခြင်း၊ လူတစ်ဖက်သာ နှစ်ခေါင်းနှင့် ဝေးရာ လေလမ်းကြောင်းလွှဲကာ စကားပြောခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
၂ ။ ခန္ဓာကိုယ်က အမွှေးအပိုများကို ညှပ်ပေး ၊ ရိတ်ပေးပါ
ယောကျ်ားလေး တော်တော်များများက ကိုယ်အမွေးများကို မရိတ်ပဲ ထားကြပါတယ် ။ တစ်ချို့က ရိတ်စရာမလိုဘူး ထင်ကြ ပါတယ် ။ မိန်းမတွေ ဂျိုင်းမွေး မရိတ်ရင် ယောကျ်ားတွေ မကြိုက်ကြသလို ယောကျ်ားလေး တွေမှာ အမွေးတွေ မြောက်တကောင်လို ပေါက်နေရင်လည်း မိန်းမတွေ တော်တော် များများ က မကြိုက်ကြပါဘူး ။
ဒီတော့ သေချာအောင် ယောကျ်ားလေးများက ရင်ဘတ်နဲ့ ကျောဘက်မှ အမွေးများ ရှိပါက အပြောင်ရိတ်ကာ ဂျိုင်းမွေး နဲ့ အလယ်ပိုင်းက တောကိုတော့ အပြောင် မဟုတ်ရင်တောင် ခပ်တိုတို ရိတ်ထားပါ ။ အလယ်ပိုင်း တောအုပ်ကို ရှင်းထားခြင်းဖြင့် သင့်ငယ်ပါ ကို တကယ် ရှိသည် ထက်ပိုမိုကြီး သည်ဟုလည်း မြင်နိုင်စေပါတယ် ။ မယုံရင် စမ်းကြည့်ပါ။
၃ ။ လေ့ကျင့်ခန်း လုပ်ပါ
သင် ဆော်ကြည်ဘဲ တယောက် ဖြစ်ချင်တယ် ဆိုရင် ကျန်းမာ ဖြတ်လတ်တဲ့ ခန္ဓာကိုယ် တခုကို ပိုင်ဆိုင်ထားရမှာ ဖြစ်ပါတယ်။ ဘယ်ဆော် လန်းလန်း ကမှ ကိုယ့်ကိုယ် ကိုတောင် ဂရုမစိုက်နိုင်တဲ့ ပုံပျက်နေတဲ့ ငပြင်း ကို မကြိုက်ပါ ။
အသာစံဖို့ အတွက် ကတော့ သင် လေ့ကျင့်ခန်း များများလုပ် ကျန်းမာစေတဲ့ အစား များကို ပုံမှန်စာပြီး အနာခံရ ပါမယ် ။ အလေး တအားမပြီး ကာယ ဗလဝင်ပြိုင်မဲ့ ပုံ ပေါက်နေရင်လဲ ဆော်တွေ မကြိုက် ပါဘူး ။ ဒီတော့ ပုံမှန် တောင့်တောင့် တင်းတင်း ပုံလောက်ဆို ရပါပြီ ။
၄ ။ မတ်မတ်ရပ်ပါ
ကျန်းမာ သန်စွမ်းတဲ့ ယောကျာ်းတွေကို သင်ဘယ်တုန်းက ခါးကုန်းကုန်းနဲ့ သွားနေတာတွေ့ဖူး ပါသလဲ ။ အားနည်းပြီး အရမ်း ထိခိုက်လွယ်နေပုံ ပေါက်တဲ့ ယောကျ်ားတွေကို ဘယ်မိန်းခလေးကမှ စိတ်မဝင်စားပါဘူး ။ ခပ်မတ်မတ် ရပ်တက်တဲ့ အခါ စတိုင်ပိုမိ ၊ ယောကျ်ားပိုဆန်၊ အရပ် ပိုရှည်တဲ့ ပုံပေါက် ကာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့ ပုံထွက်နေလို့ မိန်းမတွေကို ဆွဲဆောင်မှုအားလည်း ကောင်းလာ ပါတယ် ။
၅ ။ ချွေးနံ့ မရှိပါစေနဲ့
ရေမွေး မမှောက်ကျ ပါစေနဲ့ ။ အဓိကကတော့ ချွေးနဲ့ တထောင်းထောင်း ထနေတဲ့ အချိန် ကိုယ့်ကိုယ်ကိုတောင် မှ နှာခေါင်းရှုံ့ချင်ကြ ပါတယ် ။ သူများတကာ နံတယ်ဆိုလို့ ကတော့ ထွက်ပါပြေးချင်မှာပါ ။ အဓိက ဂရုစိုက်ရမှာ က ချိုင်းချွေးနဲ့ပါ ။ ချိုင်းနံ့ ပျောက် အမွေးခဲ အမွေးရည်တွေ ကို အမြဲတမ်း သုံးသင့် ပါတယ် ။ လေ့ကျင့်ခန်း လုပ်တယ် ၊ လှုပ်လှုပ် ရှားရှားနေပြီး ချွေးထွက်ပြီးပြီ ဆိုလဲ အဝတ်အစား လဲ သင့် ပါတယ် ။ နောက်တခုက ချွေးနံ့ကင်းအောင် ရေမွှေး တအား သုံးခြင်းပါ ။ ရေမွှေးကို အနံ့ သင်းရုံသာ ဆွတ်ခြင်းက ဆွဲဆောင်မှု ရှိပေမယ့် အလွန်အကျွံ ဆွတ်ထားရင်တော့ နှာခေါင်းရှုံ့စရာ ဖြစ်လာမှာပါ။
၆ ။ ခွာမြင့်သော ဖိနပ်ကိုစီးပါ
မိန်းခလေးတွေက သူတို့ထက် အရပ်ရှည်တဲ့ လူကို ပိုပြီး စိတ်ဝင်စားကြ ပါတယ် ။ ဒီတော့ အရပ်ရှည်လေ ဆွဲဆောင်မှုအား ကောင်းလေ ပါပဲ ။ နဂိုက အရပ် မရှည်ဘူး ဆိုရင်တော့ အရပ်ရှည်စေမယ့် ဖိနပ်အမြင့်ကို စီးသင့်ပါတယ် ။ အနည်းဆုံးတော့ လက်မဝက်လောက် အသာလေး ရှည်လာမှာပါ ။
၇ ။ မေးရိုးကားကား ထားပေးပါ
မေးရိုးသွယ်ပြီး မိန်းမပုံ ပေါက်နေတဲ့ ယောကျ်ားကို ကြိုက်တဲ့ မိန်းမ တော်တော် ရှားပါတယ် ။ အကယ်၍ သင့်မှာ မေးသွယ်နေတယ်ဆိုရင် ပါးသိုင်းမွေး နည်းနည်းနဲ့ ဖုန်းထားလိုက်ရင် မေးကားနေတဲ့ပုံ ပေါက်စေပြီး ဆွဲဆောင်မှုအား ကောင်းလာမှာပါ ။
၈ ။ မျက်နှာ နှစ်ဖက် ညီအောင် ညှိပေးပါ
လူတိုင်းက မွေးကထဲက မျက်နှာ တစ်ဖက်နဲ့ တဖက် မညီပါဘူး ။ မိန်းမတွေအတွက် မျက်နှာနှစ်ဖက် အနီးစက်ဆုံး ညီတဲ့ ယောကျ်ားက အင်မတန်မှ ဆွဲဆောင်မှု ရှိပါတယ် ။ သင့်မျက်နှာ နှစ်ဖက် သိပ်မညီဘူးဆိုရင် စိတ်မပျက်ပါနဲ့ ။ ပသိုင်းမွေး နဲ့ မုတ်ဆိတ်မွေးကို ထားကာ လိုသလို ပုံသွင်းပြီး မျက်နှာ ညီနေတဲ့ပုံ ပေါက်အောင် လုပ်ထားလို့ ရပါတယ် ။
၉ ။ V ပုံစံ ခန္ဒာကိုယ်ကို အဝတ်အစားတွေနဲ့ ဖန်တီးပါ
ခါးထက် ရင်ဘတ်ကြီးတဲ့ V ပုံစံ ခန္ဓာကိုယ်မျိုးကို လေ့ကျင့်ခန်း လုပ်တဲ့ သန်စွမ်းတဲ့ ယောကျ်ားများမှာ အတွေ့ များပြီး မိန်းမများကို အတော် ဆွဲဆောင်နိုင် ပါတယ် ။ လေ့ကျင့်ခန်းလုပ် ဒိုက်ထိုးပြီး V ပုံ ခန္ဓာကိုယ်ကို လုပ်ယူသင့် ပါတယ် ။ ဒါမှမဟုတ် ပခုံး ဖော့ ထည့်ထားတဲ့ ကုတ်ကို ဝတ်ပြီး V ပုံစံ ဖန်တီးလို့ ရပါတယ်။
၁၀ ။ ဂရုမစိုက်သော မျက်နှာမျိုး ထားပါ
ဆော်ချောချောလေးတွေ လူ့ဂွစာတွေနဲ့ တွဲနေတာ တွေ့ဖူးမှာပါ ။ မိန်းမတွေက လူလိမ္မာထက် ဂျစ်ကန်ကန် လူတွေကို တော်တော်ကြွေ ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ မိန်းမတွေက သူတို့ကို အချိန်ပြည့် ဂရုစိုက်နေတဲ့ လူလိမ္မာတွေကို လိုတိုင်းရနေတဲ့ အတွက် တန်ဖိုးမထားတက်ပဲ သူတို့ကို သိပ်ဂရုမစိုက်တက်တဲ့ သိပ်အချိန် မပေးနိုင်တဲ့ လူမိုက်လေးတွေကို ရွေးချယ်တက်ကြ ပါတယ် ။ လူမိုက်လုပ်ဖို့တော့ အကြံပြုတာ မဟုတ်ပါဘူး။ လူလိမ္မာပုံ သိပ်မဖမ်းဖို့ ရယ် နဲ့ သိပ်ပြီး သိတတ်ပြီး လိုက်ကောင်းပြ မနေဖို့ ရယ်နဲ့ သိပ်ကြွေမပြနေဖို့ ပဲ တိုက်တွန်းပါတယ် ။
crd