ၾကားသိရသမွ်

အဖိုးနှင့် အဖွားကို မြင်းဖြင့်လယ်ထွန်ပီးလုပ်ကျွေးနေခဲ့တဲ့ အသက် (၁၀ )နှစ်အရွယ်ကောင်လေး

များသောအားဖြင့် ၁၀နှစ်အရွယ်ဆိုတာ ကလေးငယ်တို့၏ သဘာဝအတိုင်း ဆော့ကြပျော်ကြနှင့်

လောကကြီးအကြောင်းလည်း ကောင်းကောင်းနားမလည်သေးသလို လွတ်လပ်ပြီး အပူအပင်မရှိ အချိန်ကုန်ကြသော အရွယ်လေးများဖြစ်ကြသည်။

သို့သော်လည်း ဖိလစ်ပိုင်နိုင်ငံတွင်နေထိုင်သော ကောင်လေးအတွက်တော့ အသက် ၁၀နှစ်သာ ရှိသေးသော်လည်း လယ်ထဲ

ခြံထဲသွားပြီး စိုက်ပျိုးရေးတာဝန်ကို ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင်နေရပြီး မိသားစု၏စားဝတ်နေရေးကို တာဝန်ယူနေရပြီဖြစ်သည်။

ကောင်လေး၏ မိဘနှစ်ပါးသည် ဖခင်ဖြစ်သူမှာ အိမ်ကထွက်သွားပြီး သတင်းအစအနပင်မရပဲရှိရာ မိခင်ဖြစ်သူမှလည်း

အသက် ၄နှစ်အရွယ်ကတည်းက နောက်အိမ်ထောင်ပြုသွား၍ အဖိုးအဖွားနှင့်သာ နေထိုင်ခဲ့ရသည်။

အဖိုးအဖွားသည်လည်း အသက်အရွယ်အရ အိုမင်းနေပြီဖြစ်၍ ပင်ပင်ပန်းပန်း မလုပ်နိုင်မကိုင်တော့သည့်အတွက်

ကောင်လေးခမျာ ကျောင်းထွက်ပြီး အိမ်တွင်ရှိသော မြင်းတစ်ကောင်ကိုအားကိုးပြီး လယ်ယာများ ထွန်ယက်ပြီး သီးနှံများစိုက်ပျိုးခဲ့သည်။

အလုပ်အကိုင်မှာလည်း အမြဲတမ်း အဆင်ပြေသည် မရှိ၍ တစ်ခါတစ်လေ ထမင်းကို ဆားဖြူးပြီး စားသောက်ခဲ့ရသည်။

ကောင်လေး၏အလုပ်ကြိုးစားမှုနှင့်လိမ်မာရေးခြားရှိမှုကြောင့်လူမှုကွန်ယက်တွင်ပျံ့နှံ့ပြီးနောက် အများ၏လေးစားချီးကျူးခံနေရသည်။Credit

Zawgyi
မ်ားေသာအားျဖင့္ ၁၀ႏွစ္အ႐ြယ္ဆိုတာ ကေလးငယ္တို႔၏ သဘာဝအတိုင္း ေဆာ့ၾကေပ်ာ္ၾကႏွင့္

ေလာကႀကီးအေၾကာင္းလည္း ေကာင္းေကာင္းနားမလည္ေသးသလို လြတ္လပ္ၿပီး အပူအပင္မရွိ အခ်ိန္ကုန္ၾကေသာ အ႐ြယ္ေလးမ်ားျဖစ္ၾကသည္။

သို႔ေသာ္လည္း ဖိလစ္ပိုင္နိုင္ငံတြင္ေနထိုင္ေသာ ေကာင္ေလးအတြက္ေတာ့ အသက္ ၁၀ႏွစ္သာ ရွိေသးေသာ္လည္း လယ္ထဲ

ၿခံထဲသြားၿပီး စိုက္ပ်ိဳးေရးတာဝန္ကို ပိုင္ပိုင္နိုင္နိုင္ လုပ္ကိုင္ေနရၿပီး မိသားစု၏စားဝတ္ေနေရးကို တာဝန္ယူေနရၿပီျဖစ္သည္။

ေကာင္ေလး၏ မိဘႏွစ္ပါးသည္ ဖခင္ျဖစ္သူမွာ အိမ္ကထြက္သြားၿပီး သတင္းအစအနပင္မရပဲရွိရာ မိခင္ျဖစ္သူမွလည္း

အသက္ ၄ႏွစ္အ႐ြယ္ကတည္းက ေနာက္အိမ္ေထာင္ျပဳသြား၍ အဖိုးအဖြားႏွင့္သာ ေနထိုင္ခဲ့ရသည္။

အဖိုးအဖြားသည္လည္း အသက္အ႐ြယ္အရ အိုမင္းေနၿပီျဖစ္၍ ပင္ပင္ပန္းပန္း မလုပ္နိုင္မကိုင္ေတာ့သည့္အတြက္

ေကာင္ေလးခမ်ာ ေက်ာင္းထြက္ၿပီး အိမ္တြင္ရွိေသာ ျမင္းတစ္ေကာင္ကိုအားကိုးၿပီး လယ္ယာမ်ား ထြန္ယက္ၿပီး သီးႏွံမ်ားစိုက္ပ်ိဳးခဲ့သည္။

အလုပ္အကိုင္မွာလည္း အၿမဲတမ္း အဆင္ေျပသည္ မရွိ၍ တစ္ခါတစ္ေလ ထမင္းကို ဆားျဖဴးၿပီး စားေသာက္ခဲ့ရသည္။

ေကာင္ေလး၏အလုပ္ႀကိဳးစားမႈႏွင့္လိမ္မာေရးျခားရွိမႈေၾကာင့္လူမႈကြန္ယက္တြင္ပ်ံ့ႏွံ႕ၿပီးေနာက္ အမ်ား၏ေလးစားခ်ီးက်ဴးခံေနရသည္။Credit