ၾကားသိရသမွ်

အလောင်းတော်ကဿပကြိုးဝိုင်းက သစ်ခိုးထုတ်မှုတွေကို PDF စောင့်ကြည့်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းအတွင်းက တစ်နိုင်တစ်

ပိုင်သစ်ခိုးထုတ်မှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စောင့်ကြည့်ဖမ်းဆီးခဲ့ရာမှာ ဒီနေ့အထိ သစ်

ငါးတန်လောက်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရင်ကတော့ ဖမ်းမိသစ်တွေကို မီးရှို့ဖျက်စီးခဲ့ပေမယ့် လွန်ခဲ့တဲ့နှစ်လလောက်ကစလို့ မီးမရှို့တော့ဘဲ သိမ်းဆည်းခဲ့တာ

လို့ ယင်းမာပင်မြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်လတွေက တစ်ရက်ကို ဆိုင်ကယ်အစီးရေ ၅၀ နဲ့ ၁၀၀ ကြားရှိတယ်။ နိုင်ငံရေး မတည်ငြိမ်တော့ ခိုးထုတ်တဲ့သူ

တွေ တအားဆိုးလာတာ။ တဖြေဖြေးနဲ့ တောကပါးလာတော့ ထိန်းသိမ်းရတော့မယ်ဆိုပြီး ကနီ၊ ယင်းမာပင်နဲ့ ပုလဲမြို့နယ်

က ဒေသခံခေါင်းဆောင်တွေတိုင်ပင်ပြီး သတိပေးတာ၊ ဖမ်းတာတွေလုပ်လိုက်တယ်။ အခုတော့ သစ်ခိုးထုတ်သူတွေဆီ

က သိမ်းထားတဲ့ သစ်တွေကိုသိမ်းထားတယ်။ အရေးတော်ပုံအတွက် လိုအပ်လာတဲ့အချိန်မှာ ဒီသစ်တွေကို ရောင်းချပြီး

ရန်ပုံငွေရှာမှာပါ”

သစ်ခိုးထုတ်တဲ့သူတွေကိုတော့ ပညာပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ဧပြီလနဲ့ ဇွန်လတွေက

အလောင်းတော်ကဿပနယ်မြေအနီးတစ်ဝိုက်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့

ကာလမှာ သစ်ခိုးထုတ်တဲ့သူတွေများပြားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ယင်းမာပင်၊ ကနီ၊ ပုလဲနဲ့ မင်းကင်း စတဲ့မြို့နယ်တွေနဲ့ ထိစပ်နေတဲ့ အလောင်းတော်ကဿပ သစ်တောဥယျာဉ်ကနေ

သစ်ခိုးထုတ်သူတွေဟာ များသောအားဖြင့် ယာကြီး၊ ဝင်းကုန်း၊ အင်းပေါ် စတဲ့ဒေသတွေကဖြစ်ပြီး သစ်အမျိုးအစား

ကတော့ ပိတောက်သားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းရှိတဲ့ အမျိုးသားဥယျာဉ်ဟာ ၂၀၀၃ ခုနှစ်က အာဆီယံအမွေအနှစ်စာရင်းဝင်

အဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။

———————–

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္အတြင္းမွာရွိတဲ့ အေလာင္းေတာ္ကႆပ သစ္ေတာႀကိဳးဝိုင္းအတြင္းက တစ္ႏိုင္တစ္ပိုင္သစ္

ခိုးထုတ္မႈေတြကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ေတြက ေစာင့္ၾကည့္ဖမ္းဆီးခဲ့ရာမွာ ဒီေန႔အထိ သစ္ငါးတန္ေလာက္

ကို သိမ္းဆည္းႏိုင္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အရင္ကေတာ့ ဖမ္းမိသစ္ေတြကို မီးရႈိ႕ဖ်က္စီးခဲ့ေပမယ့္ လြန္ခဲ့တဲ့ႏွစ္လေလာက္ကစလို႔ မီးမရႈိ႕ေတာ့ဘဲ သိမ္းဆည္းခဲ့တာ

လို႔ ယင္းမာပင္ၿမိဳ႕နယ္မွာေနထိုင္တဲ့ အမည္မေဖာ္လိုတဲ့ ေဒသခံတစ္ဦးက ေျပာပါတယ္။

“အရင္လေတြက တစ္ရက္ကို ဆိုင္ကယ္အစီးေရ ၅၀ နဲ႔ ၁၀၀ ၾကားရွိတယ္။ ႏိုင္ငံေရး မတည္ၿငိမ္ေတာ့ ခိုးထုတ္တဲ့သူေတြ

တအားဆိုးလာတာ။ တေျဖေျဖးနဲ႔ ေတာကပါးလာေတာ့ ထိန္းသိမ္းရေတာ့မယ္ဆိုၿပီး ကနီ၊ ယင္းမာပင္နဲ႔ ပုလဲၿမိဳ႕နယ္က ေ

ဒသခံေခါင္းေဆာင္ေတြတိုင္ပင္ၿပီး သတိေပးတာ၊ ဖမ္းတာေတြလုပ္လိုက္တယ္။ အခုေတာ့ သစ္ခိုးထုတ္သူေတြဆီက သိမ္း

ထားတဲ့ သစ္ေတြကိုသိမ္းထားတယ္။ အေရးေတာ္ပုံအတြက္ လိုအပ္လာတဲ့အခ်ိန္မွာ ဒီသစ္ေတြကို ေရာင္းခ်ၿပီး ရန္ပုံေငြရွာ

မွာပါ”

သစ္ခိုးထုတ္တဲ့သူေတြကိုေတာ့ ပညာေပးၿပီး ျပန္လႊတ္ေပးလိုက္တယ္လို႔ ဆိုပါတယ္။ၿပီးခဲ့တဲ့ဧၿပီလနဲ႔ ဇြန္လေတြက အေ

လာင္းေတာ္ကႆပနယ္ေျမအနီးတစ္ဝိုက္မွာ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားေနတဲ့ကာလ

မွာ သစ္ခိုးထုတ္တဲ့သူေတြမ်ားျပားခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။

ယင္းမာပင္၊ ကနီ၊ ပုလဲနဲ႔ မင္းကင္း စတဲ့ၿမိဳ႕နယ္ေတြနဲ႔ ထိစပ္ေနတဲ့ အေလာင္းေတာ္ကႆပ သစ္ေတာဥယ်ာဥ္ကေန သစ္

ခိုးထုတ္သူေတြဟာ မ်ားေသာအားျဖင့္ ယာႀကီး၊ ဝင္းကုန္း၊ အင္းေပၚ စတဲ့ေဒသေတြကျဖစ္ၿပီး သစ္အမ်ိဳးအစားကေတာ့ ပိေ

တာက္သားေတြျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အေလာင္းေတာ္ကႆပ သစ္ေတာႀကိဳးဝိုင္းရွိတဲ့ အမ်ိဳးသားဥယ်ာဥ္ဟာ ၂၀၀၃ ခုႏွစ္က အာဆီယံအေမြအႏွစ္စာရင္းဝင္

အျဖစ္ သတ္မွတ္ခံထားရတာျဖစ္ပါတယ္။