ဒီကောင်မလေး နဲ့ Fb acc မှာ Fri ဖြစ်နေတာ အတော်တော့ ကြာခဲ့ပါပြီ ။ ခန်မှန်းခြေ 2 နှစ် လောက်တောင် ရှိမလားပဲ ။ သူမကို ကြည့်ရတာ.. အချစ်ရေးနဲ့ ပတ်သက်လာရင်တော့ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေပုံရတယ် ။ တစ်ယောက်နဲ့မှ Anniversary အထိ မရောက်လိုက်ဘူး ။ အချိန်တန်ရင် ပျက်သွားတာ ချည်းပဲရယ် ။
လှတာကတော့ တော်တော့်ကို လှပပါတယ် ။ မျက်လုံးလေးတွေဆို ဝိုင်းစက်ပြီး Brown Colour လေးနဲ့.. အသားအရေက နေပူထဲထွက်လေ ပိုလှလေ ၊ ဥမ္မာဓါနီ ပပဝတီ ဝင်စားသလား ထင်မှတ်ရတယ် ၊ ဝင်းနေတာပဲရယ် ။ အရပ်က မနိမ့်မမြင့် မြန်မာ မိန်းခလေးပီသတဲ့ Normal Size ။ ဆံပင်က အမြဲတမ်း Update ဖြစ်တယ် ၊ ဖြောင်လိုက်ကောက်လိုက်နဲ့ Style က ကျပါ့.. ။
တခါတလေ သူမ Live လွှင့်လို့ ကြည့်မိတယ် ။ အသံလေးက မွေးကာစ ခလေးအတိုင်း အသဲယားစရာ မပီကလာ ပီကလာနဲ့ ။ လူပုံစံလေးက ကိုင်ပေါက် လွှင့်ပစ်ချင်စရာ ကျစ်ကျစ် လျစ်လျစ်နဲ့ ချစ်စရာလေး ။ စိတ်ထားလည်း ကောင်းပုံရတယ် ၊ ပရဟိတ လုပ်တဲ့ Post ခဏခဏ တွေ့ရတယ် ။ အနေအထိုင်လည်း အေးဆေးပါပဲ ၊ သိမ်သိမ်မွေ့မွေ့နဲ့ တည်ငြိမ်သူလေး ၊ ဘာသာတရားလည်း ကိုင်းရှိုင်းတယ် ။ သူ့ Wall ထဲမှာဆို ဘုရားသွား ကျောင်းတက် အမှတ်တရ Save ထားတဲ့ ပုံလေးတွေချည်း.. ။
ခက်တာက ဘယ်တယောက်ကမှ သူ့အနား ရက်ကြာကြာ မနေကြဘူး ၊ မတွဲကြဘူး ၊ စွန်ခွာ ထွက်ပြေးသွားကြတာချည်းပဲ ။ သိရသလောက်ကတော့ သူမက Silent မထားဘူး ၊ တွဲလိုက်ရင် Official ပဲ ၊ အေး ဒါပေမယ့် မြဲလည်း မမြဲဘူး။ ခု Relationships တက်တယ်နော် ၊ နောက် 1 လ ၊ 2 လဆို Single ပြန်ဖြစ်ရော ၊ အဲ့တော့ သတိထားမိ လာတော့တာပေါ့။
ဘာလားပေါ့.. ဒီလောက်လှတဲ့ ကောင်မလေး Perfect ဖြစ်တဲ့ ကောင်မလေးကိုများ ရာရာစစ ထားသွား ပစ်သွားတဲ့ သူကရှိသေး ။ သူ့ Ex တွေ တော်တော် တုံးတယ် ၊ နောက်မှ နောင်တ ရနေလိမ်မယ် ဆိုပြီး စိတ်ထဲက သူမအစား ပြောမိသေးတယ်။
တရက် သူမတင်တဲ့ ပုံကို Comment ဝင်ပေးမိတယ် ။ အဲ့ကစ ဘဝ ပျက်တော့မယ်မှန်း ဘယ်သိခဲ့မလဲ ? သူမ ဆီက Reply ပြန်လာတယ် ။ နောက်ပိုင်း Chat box မှာ ပြောဖြစ်ကြတယ် ။ ပြောရရင် ခင်မင် ရင်းနှီးတဲ့ အဆင့် ရောက်လာတယ် ၊ Video call ပြောဖြစ်တယ် ၊ အပြင်မှာ Dating လုပ်ဖြစ်တယ် ။ သိပ်မကြာဘူး ရည်းစားတွေ ဖြစ်သွားတယ်ပေါ့။
သူမ ဘာကြောင့် ရည်းစားနဲ့မမြဲလဲ ? အဖြေကို တဖြည်းဖြည်းနဲ့ သိလာရပြီလေ ၊ ဘယ့်နှယ့် သူမက ကျပ်မှ မပြည့်တာကိုး ။ ဘယ်လိုလုပ် သူ့ဒဏ်ခံနိုင်မလဲ ? မှတ်မှတ်ရရ ချစ်သူဖြစ်ပြီး 10 ရက်ကျော် လောက်ကပေါ့။ အဲ့နေ့က မိုးတွေ သည်းကြီး မည်းကြီးရွာတယ်။ Aww ကိုယ်က ထီးလေး ဖွင့်ဆောင်းမယ် လုပ်တော့.. သူမက..
” ပြန် ပိတ်လိုက် ”
” ဟင်.. ဘာလို့လဲ မိုးရွာနေတယ်လေ စိုကုန်မှာပေါ့ ”
” မရှည်နဲ့ ပိတ်ဆိုပိတ် ၊ လာ မိုးရေထဲ လမ်းလျှောက်ရအောင် Romantic ဆန်တာပေါ့ ” တဲ့။
ကိုယ်လည်း အတိုက်အခံ လုပ်မနေတော့ဘူး ။ ချစ်သူဖြစ်ကာစ ဆိုတော့ အလျှော့ ပေးလိုက်ပါတယ် ။ သူမနဲ့အတူ ထီးကို လမ်းဘေးပစ်ချ မိုးရေထဲ လျှောက်ရတော့တာပေါ့ ။
ကဲ နာရီဝက်လောက်လျှောက် ကျနော် မပြောဘူး။ အလွန်ဆုံး တနာရီထိလား ရသေးတယ် ။ ခုဟာက သုံးနာရီ လေးနာရီလောက်ကို မိုးရေထဲ မနားတမ်း Run တာဗျာ သေရချည်ရဲ့ ။ လူလည်း သေမလို ရှင်မလိုပဲ ။ နှာတွေလည်း ချေ.. ချမ်းလို့ ဂတ်ဂတ် ဂတ်ဂတ်တုန် တိုတက်နေရော..။
အံမယ် သူမကိုကြည့်တော့ အေးဆေးပဲ ၊ ကိုရီးယားကားထဲက မျက်နှာပေးနဲ့ လက်ကိုဆန် မိုးစက်တွေ ဆော့ကစားနေသေး ။ ကိုယ့်မှာသာ တပတ်ကျော် အပြင်းဖျားတာ.. မနည်း ဆေးပြန်ကုလိုက် ရတယ်လေ အဲ့လိုတွေပါဆို။
နောက်ပီး ရှိသေးတယ်.. ကုန်းပိုး ပိုးခိုင်းတဲ့ ကိစ္စ။ ရတယ် မလုပ်ဘူး မပြောဘူး ၊ ချစ်သူပဲ အနွံတာခံရမှာ အလိုလိုက်ရမှာပေါ့ ။ လူရှင်းတဲ့ ပန်းခြံ ဒါမှမဟုတ် တံတားပေါ်တို့ လမ်းကြားထဲတို့ပေါ့ ဟုတ်ဘူးလား?
ခုဟာက လူကြပ်ပါတယ်ဆိုတဲ့ Bus ကားပေါ်မှာ စတိုင်ကျကျ ၊ လိမ့်ကျမယ့် Junction City တို့ Myanmar Plaza လို နေရာမျိုးမှာ ရွှေတိဂုံဘုရားပေါ်လို လူထူထပ်တဲ့ နေရာမှာ ၊ ရုပ်ရှင်ရုံထဲ ဝင်တာကအစ ၊ ဆူရှီဆိုင် ကြေးအိုးဆိုင်ထဲ ဝင်သွားတာက အဆုံး အလကားနေ ကုန်းပိုး ပိုးခိုင်းတာဗျာ စဉ်းစားကြည့် ။
ရည်းစားထားတာလေ မင်္ဂလာဈေးက အထုပ်ထမ်းတဲ့ ကူလီမှ မဟုတ်ဘဲ ။ ကြာတော့ ကျောကုန်းမှာ ပွေးလိုလို ညှင်းလိုလို အကွက်အကွက်လေးတွေပါ ပေါက်လာတဲ့ အထိ ။
နောက်တခုကလည်း ရောက်လေရာ ဓာတ်ပုံ ရိုက်ခိုင်းတာ ။ ရိုက်ပါ ။ မရိုက်နဲ့ မပြောဘူး ။ ကျနော်က Camera Men သူမက Photo Model စတွဲကတည်းက ဒီလိုဖြစ်မယ် သိပြီးသား ။ ဒါပေမယ့်ဗျာ သူမက Over ကို လုပ်လွန်းတယ် ။ သူ့ပုံတွေကို သူများနဲ့ မတူချင်တာရယ် နေရာကအစ အဆန်း ဖြစ်ချင်တာရယ် အဲ့အချက်တွေက ရှော့သိပ်တက်ခဲ့တာ။
ဥပမာဗျာ.. ရေမြောင်းထဲ ဆင်းရိုက်ရတယ် ။ အံမယ် သူမကကျ ပလက်ဖောင်းပေါ်မှာ ထီးလေးဆောင်း အခန်သားနဲ့လေ။ ပေ 30 လောက်အမြင့်ကို လှေကားနဲ့တက် ၊ အသဲတယားယား ရင်တလှပ်လှပ်နဲ့ ရိုက်ရတယ် ။ ဒင်းက အောက်မှာ ပန်းလေးတွေ ကျဲထားတဲ့ အလယ်မှာ ပက်လက်လေးလှန် အိပ်လို့ ၊ အံမယ် အသည်းပုံလေးပါ လုပ်ထားသေး.. ။ Post က အသေမိုက် အလန်းဇယား ကိုယ်မှာသာ ပြုတ်ကျရင် ကွိကနဲ မျိုးတုန်းမှာ။
ဝမ်းလျားမှောက် ရိုက်ပေးရတာက တမျိုး ဇောက်ထိုး ရိုက်ပေးရတာက တစ်မျိုး လူကကြာတော့ ဖုန်အလိမ်းလိမ်းတက်ပြီး သူတောင်းစားလေးနဲ့ တူမှန်းမသိ တူလာတယ် ။ အိမ်က ထွက်လာတော့ အကောင်း ပြန်ရောက်ရင် စုတ်ပျက်သတ် နေလို့ အိမ်ကတောင် မေးတယ် ။ ငါ့သား ပန်းရံများ ဝင်ရွက်လာတာလား တဲ့ ။
ညဘက်ကျတော့လည်း အိပ်ကောင်းတဲ့ အချိန် 2 နာရီ 3 နာရီ လောက် ဖုန်းဆက်ပြီ ။ ဘာလို့လဲ မေးကြည်တော့ ရှုး ထပေါက်တာ သရဲကြောက် လို့တဲ့ သေရော ။ ကိုယ်မှာ နေ့တိုင်း အိပ်ရေးကို ပျက်လို့ မနက်ဆို အလုပ် နောက်ကျလို့ Fine တပ် ခံရတယ် ။ ကြာတော့ မျက်တွင်းဟောက်ပက်နဲ့ မှန်တောင် မကြည်ရဲဘူး ကိုယ့်ရုပ်ကိုယ် ပြန်ပြန်လန့်မိလို့လေ။
နောက်ထပ် ကျန်သေးတယ် ။ ရောက်တဲ့ အရပ်ကနေ Video Call ဖွင့်ခိုင်းတဲ့ ကိစ္စ ။ စဉ်းစားကြည့်လေ တစ်ချို့ နေရာတွေဆို ဘယ်လိုလုပ် Video Call ပြောလို့ အဆင်ပြေပါ့မလဲ ?
သူမက မရဘူး ၊ ချက်ချင်းဆို ချက်ချင်းမှ။ ကိုယ့်မှာ ရေချိုးရင်း တန်းလန်း VC ဖွင့်ပြောရတာ ဆောင်းတွင်း အေးရတဲ့အထဲ နာရီပေါင်းများစွာ VC ပြောရတာ ရေစိုလက်စနဲ့ လူက အဆုတ်အအေးမိ ရောဂါပါ ဖြစ်ရော ။
ခုတော့လည်း သူမနဲ့ ပြတ်သွားပါပြီလေ ။ ဒီတစ်ခါ သူမဘက်က အရင် စဖြတ်တာ အကြောင်းရင်းက တွဲရတာ ပျင်းလာလို့ တဲ့လေ ၊ ကျေးဇူးများတောင် Double တင်သေး ။ အဲ့နေ့က အပျော်တွေလွန်ပြီး တွေ့သမျှ အလှုခံ အကုန် ထည့်ပြစ်တာ.. တွေ့ကရာလူ Fly kiss တွေ ချည်းပေးပစ်တာ.. ။
ခင်ဗျား တို့လည်း သတိထားပါ ။ မိန်းခလေး တစ်ယောက် သိပ်လှလွန်းနေပါလျက် Single ဖြစ်နေတယ် ။ Perfect ဖြစ်ပါလျက်နဲ့ ရည်းစားနဲ့ မမြဲဘဲ မကြာခဏ ဆိုသလို FA ဖြစ်နေတယ်ဆို Propose လုပ်ရင် ကြည့်လုပ် ၊ ကျပ်မပြည့် ပြား 90 တွေ ။ အဲ့ဒါမှ Danger အစစ်တွေ ဖြစ်နေတတ်တယ်လေ ။ စိတ္တဇ ဆေးရုံ ရောက်ဖို့က 100 % သေချာပြီသာမှတ်.. ။
SM
for zawgyi
အရမ္းကိုလွတဲ့ ေကာင္မေလးေတြ Single ျဖစ္ေနရတဲ့ အေၾကာင္းအရင္း
ဒီေကာင္မေလး နဲ႔ Fb acc မွာ Fri ျဖစ္ေနတာ အေတာ္ေတာ့ ၾကာခဲ့ပါၿပီ ။ ခန္မွန္းေျခ 2 ႏွစ္ ေလာက္ေတာင္ ရွိမလားပဲ ။ သူမကို ၾကည့္ရတာ.. အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ေတာ့ ႏွလုံးလမ္းေၾကာင္းမွာ ကြၽန္းခံေနပုံရတယ္ ။ တစ္ေယာက္နဲ႔မွ Anniversary အထိ မေရာက္လိုက္ဘူး ။ အခ်ိန္တန္ရင္ ပ်က္သြားတာ ခ်ည္းပဲရယ္ ။
လွတာကေတာ့ ေတာ္ေတာ့္ကို လွပပါတယ္ ။ မ်က္လုံးေလးေတြဆို ဝိုင္းစက္ၿပီး Brown Colour ေလးနဲ႔.. အသားအေရက ေနပူထဲထြက္ေလ ပိုလွေလ ၊ ဥမၼာဓါနီ ပပဝတီ ဝင္စားသလား ထင္မွတ္ရတယ္ ၊ ဝင္းေနတာပဲရယ္ ။ အရပ္က မနိမ့္မျမင့္ ျမန္မာ မိန္းခေလးပီသတဲ့ Normal Size ။ ဆံပင္က အၿမဲတမ္း Update ျဖစ္တယ္ ၊ ေျဖာင္လိုက္ေကာက္လိုက္နဲ႔ Style က က်ပါ့.. ။
တခါတေလ သူမ Live လႊင့္လို႔ ၾကည့္မိတယ္ ။ အသံေလးက ေမြးကာစ ခေလးအတိုင္း အသဲယားစရာ မပီကလာ ပီကလာနဲ႔ ။ လူပုံစံေလးက ကိုင္ေပါက္ လႊင့္ပစ္ခ်င္စရာ က်စ္က်စ္ လ်စ္လ်စ္နဲ႔ ခ်စ္စရာေလး ။ စိတ္ထားလည္း ေကာင္းပုံရတယ္ ၊ ပရဟိတ လုပ္တဲ့ Post ခဏခဏ ေတြ႕ရတယ္ ။ အေနအထိုင္လည္း ေအးေဆးပါပဲ ၊ သိမ္သိမ္ေမြ႕ေမြ႕နဲ႔ တည္ၿငိမ္သူေလး ၊ ဘာသာတရားလည္း ကိုင္းရႈိင္းတယ္ ။ သူ႔ Wall ထဲမွာဆို ဘုရားသြား ေက်ာင္းတက္ အမွတ္တရ Save ထားတဲ့ ပုံေလးေတြခ်ည္း.. ။
ခက္တာက ဘယ္တေယာက္ကမွ သူ႔အနား ရက္ၾကာၾကာ မေနၾကဘူး ၊ မတြဲၾကဘူး ၊ စြန္ခြာ ထြက္ေျပးသြားၾကတာခ်ည္းပဲ ။ သိရသေလာက္ကေတာ့ သူမက Silent မထားဘူး ၊ တြဲလိုက္ရင္ Official ပဲ ၊ ေအး ဒါေပမယ့္ ၿမဲလည္း မၿမဲဘူး။ ခု Relationships တက္တယ္ေနာ္ ၊ ေနာက္ 1 လ ၊ 2 လဆို Single ျပန္ျဖစ္ေရာ ၊ အဲ့ေတာ့ သတိထားမိ လာေတာ့တာေပါ့။
ဘာလားေပါ့.. ဒီေလာက္လွတဲ့ ေကာင္မေလး Perfect ျဖစ္တဲ့ ေကာင္မေလးကိုမ်ား ရာရာစစ ထားသြား ပစ္သြားတဲ့ သူကရွိေသး ။ သူ႔ Ex ေတြ ေတာ္ေတာ္ တုံးတယ္ ၊ ေနာက္မွ ေနာင္တ ရေနလိမ္မယ္ ဆိုၿပီး စိတ္ထဲက သူမအစား ေျပာမိေသးတယ္။
တရက္ သူမတင္တဲ့ ပုံကို Comment ဝင္ေပးမိတယ္ ။ အဲ့ကစ ဘဝ ပ်က္ေတာ့မယ္မွန္း ဘယ္သိခဲ့မလဲ ? သူမ ဆီက Reply ျပန္လာတယ္ ။ ေနာက္ပိုင္း Chat box မွာ ေျပာျဖစ္ၾကတယ္ ။ ေျပာရရင္ ခင္မင္ ရင္းႏွီးတဲ့ အဆင့္ ေရာက္လာတယ္ ၊ Video call ေျပာျဖစ္တယ္ ၊ အျပင္မွာ Dating လုပ္ျဖစ္တယ္ ။ သိပ္မၾကာဘူး ရည္းစားေတြ ျဖစ္သြားတယ္ေပါ့။
သူမ ဘာေၾကာင့္ ရည္းစားနဲ႔မၿမဲလဲ ? အေျဖကို တစ္ျဖည္းျဖည္းနဲ႔ သိလာရၿပီေလ ၊ ဘယ့္ႏွယ့္ သူမက က်ပ္မွ မျပည့္တာကိုး ။ ဘယ္လိုလုပ္ သူ႔ဒဏ္ခံႏိုင္မလဲ ? မွတ္မွတ္ရရ ခ်စ္သူျဖစ္ၿပီး 10 ရက္ေက်ာ္ ေလာက္ကေပါ့။ အဲ့ေန႔က မိုးေတြ သည္းႀကီး မည္းႀကီး႐ြာတယ္။ Aww ကိုယ္က ထီးေလး ဖြင့္ေဆာင္းမယ္ လုပ္ေတာ့.. သူမက..
” ျပန္ ပိတ္လိုက္ ”
” ဟင္.. ဘာလို႔လဲ မိုး႐ြာေနတယ္ေလ စိုကုန္မွာေပါ့ ”
” မရွည္နဲ႔ ပိတ္ဆိုပိတ္ ၊ လာ မိုးေရထဲ လမ္းေလွ်ာက္ရေအာင္ Romantic ဆန္တာေပါ့ ” တဲ့။
ကိုယ္လည္း အတိုက္အခံ လုပ္မေနေတာ့ဘူး ။ ခ်စ္သူျဖစ္ကာစ ဆိုေတာ့ အေလွ်ာ့ ေပးလိုက္ပါတယ္ ။ သူမနဲ႔အတူ ထီးကို လမ္းေဘးပစ္ခ် မိုးေရထဲ ေလွ်ာက္ရေတာ့တာေပါ့ ။
ကဲ နာရီဝက္ေလာက္ေလွ်ာက္ က်ေနာ္ မေျပာဘူး။ အလြန္ဆုံး တနာရီထိလား ရေသးတယ္ ။ ခုဟာက သုံးနာရီ ေလးနာရီေလာက္ကို မိုးေရထဲ မနားတမ္း Run တာဗ်ာ ေသရခ်ည္ရဲ႕ ။ လူလည္း ေသမလို ရွင္မလိုပဲ ။ ႏွာေတြလည္း ေခ်.. ခ်မ္းလို႔ ဂတ္ဂတ္ ဂတ္ဂတ္တုန္ တိုတက္ေနေရာ..။
အံမယ္ သူမကိုၾကည့္ေတာ့ ေအးေဆးပဲ ၊ ကိုရီးယားကားထဲက မ်က္ႏွာေပးနဲ႔ လက္ကိုဆန္ မိုးစက္ေတြ ေဆာ့ကစားေနေသး ။ ကိုယ့္မွာသာ တပတ္ေက်ာ္ အျပင္းဖ်ားတာ.. မနည္း ေဆးျပန္ကုလိုက္ ရတယ္ေလ အဲ့လိုေတြပါဆို။
ေနာက္ပီး ရွိေသးတယ္.. ကုန္းပိုး ပိုးခိုင္းတဲ့ ကိစၥ။ ရတယ္ မလုပ္ဘူး မေျပာဘူး ၊ ခ်စ္သူပဲ အႏြံတာခံရမွာ အလိုလိုက္ရမွာေပါ့ ။ လူရွင္းတဲ့ ပန္းၿခံ ဒါမွမဟုတ္ တံတားေပၚတို႔ လမ္းၾကားထဲတို႔ေပါ့ ဟုတ္ဘူးလား?
ခုဟာက လူၾကပ္ပါတယ္ဆိုတဲ့ Bus ကားေပၚမွာ စတိုင္က်က် ၊ လိမ့္က်မယ့္ Junction City တို႔ Myanmar Plaza လို ေနရာမ်ိဳးမွာ ေ႐ႊတိဂုံဘုရားေပၚလို လူထူထပ္တဲ့ ေနရာမွာ ၊ ႐ုပ္ရွင္႐ုံထဲ ဝင္တာကအစ ၊ ဆူရွီဆိုင္ ေၾကးအိုးဆိုင္ထဲ ဝင္သြားတာက အဆုံး အလကားေန ကုန္းပိုး ပိုးခိုင္းတာဗ်ာ စဥ္းစားၾကည့္ ။
ရည္းစားထားတာေလ မဂၤလာေဈးက အထုပ္ထမ္းတဲ့ ကူလီမွ မဟုတ္ဘဲ ။ ၾကာေတာ့ ေက်ာကုန္းမွာ ေပြးလိုလို ညႇင္းလိုလို အကြက္အကြက္ေလးေတြပါ ေပါက္လာတဲ့ အထိ ။
ေနာက္တခုကလည္း ေရာက္ေလရာ ဓာတ္ပုံ ႐ိုက္ခိုင္းတာ ။ ႐ိုက္ပါ ။ မ႐ိုက္နဲ႔ မေျပာဘူး ။ က်ေနာ္က Camera Men သူမက Photo Model စတြဲကတည္းက ဒီလိုျဖစ္မယ္ သိၿပီးသား ။ ဒါေပမယ့္ဗ်ာ သူမက Over ကို လုပ္လြန္းတယ္ ။ သူ႔ပုံေတြကို သူမ်ားနဲ႔ မတူခ်င္တာရယ္ ေနရာကအစ အဆန္း ျဖစ္ခ်င္တာရယ္ အဲ့အခ်က္ေတြက ေရွာ့သိပ္တက္ခဲ့တာ။
ဥပမာဗ်ာ.. ေရေျမာင္းထဲ ဆင္း႐ိုက္ရတယ္ ။ အံမယ္ သူမကက် ပလက္ေဖာင္းေပၚမွာ ထီးေလးေဆာင္း အခန္သားနဲ႔ေလ။ ေပ 30 ေလာက္အျမင့္ကို ေလွကားနဲ႔တက္ ၊ အသဲတယားယား ရင္တလွပ္လွပ္နဲ႔ ႐ိုက္ရတယ္ ။ ဒင္းက ေအာက္မွာ ပန္းေလးေတြ က်ဲထားတဲ့ အလယ္မွာ ပက္လက္ေလးလွန္ အိပ္လို႔ ၊ အံမယ္ အသည္းပုံေလးပါ လုပ္ထားေသး.. ။ Post က အေသမိုက္ အလန္းဇယား ကိုယ္မွာသာ ျပဳတ္က်ရင္ ကြိကနဲ မ်ိဳးတုန္းမွာ။
ဝမ္းလ်ားေမွာက္ ႐ိုက္ေပးရတာက တမ်ိဳး ေဇာက္ထိုး ႐ိုက္ေပးရတာက တစ္မ်ိဳး လူကၾကာေတာ့ ဖုန္အလိမ္းလိမ္းတက္ၿပီး သူေတာင္းစားေလးနဲ႔ တူမွန္းမသိ တူလာတယ္ ။ အိမ္က ထြက္လာေတာ့ အေကာင္း ျပန္ေရာက္ရင္ စုတ္ပ်က္သတ္ ေနလို႔ အိမ္ကေတာင္ ေမးတယ္ ။ ငါ့သား ပန္းရံမ်ား ဝင္႐ြက္လာတာလား တဲ့ ။
ညဘက္က်ေတာ့လည္း အိပ္ေကာင္းတဲ့ အခ်ိန္ 2 နာရီ 3 နာရီ ေလာက္ ဖုန္းဆက္ၿပီ ။ ဘာလို႔လဲ ေမးၾကည္ေတာ့ ရႈး ထေပါက္တာ သရဲေၾကာက္ လို႔တဲ့ ေသေရာ ။ ကိုယ္မွာ ေန႔တိုင္း အိပ္ေရးကို ပ်က္လို႔ မနက္ဆို အလုပ္ ေနာက္က်လို႔ Fine တပ္ ခံရတယ္ ။ ၾကာေတာ့ မ်က္တြင္းေဟာက္ပက္နဲ႔ မွန္ေတာင္ မၾကည္ရဲဘူး ကိုယ့္႐ုပ္ကိုယ္ ျပန္ျပန္လန႔္မိလို႔ေလ။
ေနာက္ထပ္ က်န္ေသးတယ္ ။ ေရာက္တဲ့ အရပ္ကေန Video Call ဖြင့္ခိုင္းတဲ့ ကိစၥ ။ စဥ္းစားၾကည့္ေလ တစ္ခ်ိဳ႕ ေနရာေတြဆို ဘယ္လိုလုပ္ Video Call ေျပာလို႔ အဆင္ေျပပါ့မလဲ ?
သူမက မရဘူး ၊ ခ်က္ခ်င္းဆို ခ်က္ခ်င္းမွ။ ကိုယ့္မွာ ေရခ်ိဳးရင္း တန္းလန္း VC ဖြင့္ေျပာရတာ ေဆာင္းတြင္း ေအးရတဲ့အထဲ နာရီေပါင္းမ်ားစြာ VC ေျပာရတာ ေရစိုလက္စနဲ႔ လူက အဆုတ္အေအးမိ ေရာဂါပါ ျဖစ္ေရာ ။
ခုေတာ့လည္း သူမနဲ႔ ျပတ္သြားပါၿပီေလ ။ ဒီတစ္ခါ သူမဘက္က အရင္ စျဖတ္တာ အေၾကာင္းရင္းက တြဲရတာ ပ်င္းလာလို႔ တဲ့ေလ ၊ ေက်းဇူးမ်ားေတာင္ Double တင္ေသး ။ အဲ့ေန႔က အေပ်ာ္ေတြလြန္ၿပီး ေတြ႕သမွ် အလႈခံ အကုန္ ထည့္ျပစ္တာ.. ေတြ႕ကရာလူ Fly kiss ေတြ ခ်ည္းေပးပစ္တာ.. ။
ခင္ဗ်ား တို႔လည္း သတိထားပါ ။ မိန္းခေလး တစ္ေယာက္ သိပ္လွလြန္းေနပါလ်က္ Single ျဖစ္ေနတယ္ ။ Perfect ျဖစ္ပါလ်က္နဲ႔ ရည္းစားနဲ႔ မၿမဲဘဲ မၾကာခဏ ဆိုသလို FA ျဖစ္ေနတယ္ဆို Propose လုပ္ရင္ ၾကည့္လုပ္ ၊ က်ပ္မျပည့္ ျပား 90 ေတြ ။ အဲ့ဒါမွ Danger အစစ္ေတြ ျဖစ္ေနတတ္တယ္ေလ ။ စိတၱဇ ေဆး႐ုံ ေရာက္ဖို႔က 100 % ေသခ်ာၿပီသာမွတ္.. ။
SM