ၾကားသိရသမွ်

ကြီးမားသည့် ဥက္ကာခဲကြီး တလုံး ၉ ရက်နေ့တွင် ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည်

နယူးယောက်ရှိ Empire State အဆောက်အဦး အရွယ်အစား၏ ၂ ဆလောက် ရှိတဲ့ ကြီးမားတဲ့ ဥက္ကာခဲကြီးတခုဟာ စက်တင်ဘာလထဲမှာ ကမ္ဘာအနီးကနေ ဖြတ်သန်းသွားမယ်လို့ ဂျေရုဆလင်ပို့စ်တ်၏ သတင်းအရ သိရပါတယ်။

2010 RJ53 လို့ သိထားကြတဲ့ ဒီ ဥက္ကာခဲဟာ အချင်းအားဖြင့် ၇၇၄ မီတာ (၂,၅၃၉.၃၇ ပေ) လောက်ရှိပြီး လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားမှာ ဖြစ်တယ်လို့ NASA ၏ Jet Propulsion ဓာတ်ခွဲခန်း၏ ဥက္ကာခဲ အချက်အလက် မှတ်တမ်းများအရ သိရပါတယ်။

အဲဒီ့ ကြီးမားတဲ့ ဥက္ကာခဲကြီးမှာ ကမ္ဘာနှင့် အကွာအဝေး ၃၆၆,၀၀၀ ကီလိုမီတာ လောက်မှ နေပြီး ဖြတ်သန်းသွားမှာ ဖြစ်ပေမယ့် ကမ္ဘာဆီ ရောက်နိုင်ချေ လုံးဝ မရှိတာတော့ မဟုတ်ပါဘူး။

ဒီ အကွာအဝေးဟာ ၃၈၄,၄၀၀ ကီလိုမီတာ လောက်ရှိတဲ့ ကမ္ဘာနှင့် လ အကွာအဝေးထက် ပိုမို နီးကပ်တဲ့ အကွာအဝေးတခု ဖြစ်ပါတယ်။

ယခု ဥက္ကာခဲလို ကြီးကြီးမားမား မဟုတ်တဲ့ နောက်ထပ် ဥက္ကာခဲတခုဟာလည်း မကြာခင်မှာ ကမ္ဘာအနီးမှ ဖြတ်သန်းသွားဦးမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ အဲဒီ့ 2021 PT ဥက္ကာခဲဟာ ကမ္ဘာနှင့် ခန့်မှန်းချေ ကီလိုမီတာ ၄.၉ သန်းလောက်မှ နေပြီး ဖြစ်သန်းသွားမှာ ဖြစ်ပါတယ်။

2021 PT ဟာ လာမယ့် ၉ ရက်နေ့မှာ ဖြတ်သွားမယ့် 2010 RJ53 လောက် မကြီးမားပေမယ့် ၎င်းဟာလည်း ၁၃၇ မီတာ အချင်းလောက်ရှိပြီး အမေရိကန် ဘောလုံးကွင်းထက်ကြီးကာ လစ်ဘာတီ ရုပ်တုထက် ရှည်ပါတယ်။

နီးကပ်တဲ့ အကွာအဝေးလို့ ပြောနိုင်ပေမယ့် 2010 RJ53 သို့မဟုတ် 2021 PT ဟာ ကမ္ဘာဆီကို သက်ရောက်မှု မရှိနိုင်ဖွယ် မရှိပါဘူး။

အကြောင်းကတော့ NASA မှ ကမ္ဘာကြီးဟာ နောင်လာမယ့် ရာစုနှစ်အထိ ဂြိုဟ်သိမ် ဂြိုဟ်မွှား အန္တရာယ်က ကင်းစင်နေသေးတယ်ဆိုတာကို ကြေငြာထားပြီး ဖြစ်လို့ ဖြစ်ပါတယ်။

ဥက္ကာခဲများဟာ မကြာခဏဆိုသလို ကမ္ဘာအနီးမှ ဖြတ်သန်းသွားလေ့ ရှိပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က အီဂျစ်ရှိ ပိရိမစ် Giza အရွယ်အစားလောက်ရှိတဲ့ ဥက္ကာခဲကြီး ဖြတ်သန်းသွားခဲ့ဖူးပြီး ဩဂုတ်လ နှောင်းပိုင်းလောက်မှာတော့ ပင်တဂွန် စစ်ဌာနချုပ်လောက် ရှိတဲ့ ဥက္ကာခဲကြီး ဖြတ်သန်းသွားပါသေးတယ်။

သို့ပေမယ့် ကမ္ဘာ့ မြေဆွဲအား သက်ရောက်မှုကြောင့် အဆိုပါ ဥက္ကာခဲ/ဂြိုဟ်သိမ် ဂြိုဟ်မွှားများ၏ လမ်းကြောင်းများကို ပြောင်းလဲနိုင်သဖြင့် အန္တရာယ်ကတော့ ရှိနိုင်ခြေ ရှိနေပါသေးတယ်။

လူသားများဟာ ဂြိုဟ်သိမ် ဂြိုဟ်မွှားများ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ နည်းလမ်းများစွာ မရှိသေးတဲ့အတွက် ကမ္ဘာအတွက် ဥက္ကာခဲများဟာ အဆိုးရွားဆုံး ဖြစ်ပေါ်နိုင်သည့် သဘာဝ ဘေးအန္တရာယ်များထဲမှ တခုအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် NASA ၏ ကမ္ဘာဂြိုဟ်ကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ရုံး အပါအဝင် နက္ခတ္တဗေဒ ပညာရှင်များ ဟာ အနီးရှိ ဥက္ကာခဲများ အားလုံးကို စောင့်ကြည့်ခြင်းနှင့် ကမ္ဘာကို ခြိမ်းခြောက်နိုင်မှု ရှိမရှိ တွက်ချက်ခြင်းများကို လုပ်ဆောင်နေကြပါတယ်။

ဒီလို စောင့်ကြည့် တွက်ချက်မှုများကို အထူးပြုလုပ်ထားသည့် “ဂြိုဟ်သိမ်ဂြိုဟ်မွှားရှာဖွေရေး” တယ်လီစကုပ်များကို အသုံးပြုပြီး ဆောင် ရွက်နေကြတာ ဖြစ်ပါတယ်။

PDCO နှင့် John Hopkins တက္ကသိုလ်တို့မှ လွှတ်တင်ခဲ့သည့် Double Asteroid Redirection Test (DART) မစ်ရှင်ကဲ့သို့ အချို့သော စီမံ ကိန်းများမှလည်း ကမ္ဘာကြီးကို ဘယ်လို ကာကွယ်ရမယ်ဆိုတဲ့ အဖြေများကို ရှာဖွေနေကြပါတယ်။

Credit

နယူးေယာက္ရွိ Empire State အေဆာက္အဦး အ႐ြယ္အစား၏ ၂ ဆေလာက္ ရွိတဲ့ ႀကီးမားတဲ့ ဥကၠာခဲႀကီးတခုဟာ စက္တင္ဘာလထဲမွာ ကမာၻအနီးကေန ျဖတ္သန္းသြားမယ္လို႔ ေဂ်႐ုဆလင္ပို႔စ္တ္၏ သတင္းအရ သိရပါတယ္။

2010 RJ53 လို႔ သိထားၾကတဲ့ ဒီ ဥကၠာခဲဟာ အခ်င္းအားျဖင့္ ၇၇၄ မီတာ (၂,၅၃၉.၃၇ ေပ) ေလာက္ရွိၿပီး လာမယ့္ စက္တင္ဘာလ ၉ ရက္ေန႔မွာ ကမာၻအနီးမွ ျဖတ္သန္းသြားမွာ ျဖစ္တယ္လို႔ NASA ၏ Jet Propulsion ဓာတ္ခြဲခန္း၏ ဥကၠာခဲ အခ်က္အလက္ မွတ္တမ္းမ်ားအရ သိရပါတယ္။

အဲဒီ့ ႀကီးမားတဲ့ ဥကၠာခဲႀကီးမွာ ကမာၻႏွင့္ အကြာအေဝး ၃၆၆,၀၀၀ ကီလိုမီတာ ေလာက္မွ ေနၿပီး ျဖတ္သန္းသြားမွာ ျဖစ္ေပမယ့္ ကမာၻဆီ ေရာက္ႏိုင္ေခ် လုံးဝ မရွိတာေတာ့ မဟုတ္ပါဘူး။

ဒီ အကြာအေဝးဟာ ၃၈၄,၄၀၀ ကီလိုမီတာ ေလာက္ရွိတဲ့ ကမာၻႏွင့္ လ အကြာအေဝးထက္ ပိုမို နီးကပ္တဲ့ အကြာအေဝးတခု ျဖစ္ပါတယ္။

ယခု ဥကၠာခဲလို ႀကီးႀကီးမားမား မဟုတ္တဲ့ ေနာက္ထပ္ ဥကၠာခဲတခုဟာလည္း မၾကာခင္မွာ ကမာၻအနီးမွ ျဖတ္သန္းသြားဦးမွာ ျဖစ္ပါတယ္။

စက္တင္ဘာလ ၁၂ ရက္ေန႔မွာ အဲဒီ့ 2021 PT ဥကၠာခဲဟာ ကမာၻႏွင့္ ခန႔္မွန္းေခ် ကီလိုမီတာ ၄.၉ သန္းေလာက္မွ ေနၿပီး ျဖစ္သန္းသြားမွာ ျဖစ္ပါတယ္။

2021 PT ဟာ လာမယ့္ ၉ ရက္ေန႔မွာ ျဖတ္သြားမယ့္ 2010 RJ53 ေလာက္ မႀကီးမားေပမယ့္ ၎ဟာလည္း ၁၃၇ မီတာ အခ်င္းေလာက္ရွိၿပီး အေမရိကန္ ေဘာလုံးကြင္းထက္ႀကီးကာ လစ္ဘာတီ ႐ုပ္တုထက္ ရွည္ပါတယ္။

နီးကပ္တဲ့ အကြာအေဝးလို႔ ေျပာႏိုင္ေပမယ့္ 2010 RJ53 သို႔မဟုတ္ 2021 PT ဟာ ကမာၻဆီကို သက္ေရာက္မႈ မရွိႏိုင္ဖြယ္ မရွိပါဘူး။

အေၾကာင္းကေတာ့ NASA မွ ကမာၻႀကီးဟာ ေနာင္လာမယ့္ ရာစုႏွစ္အထိ ၿဂိဳဟ္သိမ္ ၿဂိဳဟ္မႊား အႏၲရာယ္က ကင္းစင္ေနေသးတယ္ဆိုတာကို ေၾကျငာထားၿပီး ျဖစ္လို႔ ျဖစ္ပါတယ္။

ဥကၠာခဲမ်ားဟာ မၾကာခဏဆိုသလို ကမာၻအနီးမွ ျဖတ္သန္းသြားေလ့ ရွိပါတယ္။

ဇူလိုင္လ ၂၅ ရက္ေန႔က အီဂ်စ္ရွိ ပိရိမစ္ Giza အ႐ြယ္အစားေလာက္ရွိတဲ့ ဥကၠာခဲႀကီး ျဖတ္သန္းသြားခဲ့ဖူးၿပီး ဩဂုတ္လ ေႏွာင္းပိုင္းေလာက္မွာေတာ့ ပင္တဂြန္ စစ္ဌာနခ်ဳပ္ေလာက္ ရွိတဲ့ ဥကၠာခဲႀကီး ျဖတ္သန္းသြားပါေသးတယ္။

သို႔ေပမယ့္ ကမာၻ႔ ေျမဆြဲအား သက္ေရာက္မႈေၾကာင့္ အဆိုပါ ဥကၠာခဲ/ၿဂိဳဟ္သိမ္ ၿဂိဳဟ္မႊားမ်ား၏ လမ္းေၾကာင္းမ်ားကို ေျပာင္းလဲႏိုင္သျဖင့္ အႏၲရာယ္ကေတာ့ ရွိႏိုင္ေျခ ရွိေနပါေသးတယ္။

လူသားမ်ားဟာ ၿဂိဳဟ္သိမ္ ၿဂိဳဟ္မႊားမ်ား အႏၲရာယ္ကို ကာကြယ္ႏိုင္ဖို႔ နည္းလမ္းမ်ားစြာ မရွိေသးတဲ့အတြက္ ကမာၻအတြက္ ဥကၠာခဲမ်ားဟာ အဆိုး႐ြားဆုံး ျဖစ္ေပၚႏိုင္သည့္ သဘာဝ ေဘးအႏၲရာယ္မ်ားထဲမွ တခုအျဖစ္ ရွိေနဆဲ ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ NASA ၏ ကမာၻၿဂိဳဟ္ကာကြယ္ေရး ပူးေပါင္း ေဆာင္႐ြက္မႈ ႐ုံး အပါအဝင္ နကၡတၱေဗဒ ပညာရွင္မ်ား ဟာ အနီးရွိ ဥကၠာခဲမ်ား အားလုံးကို ေစာင့္ၾကည့္ျခင္းႏွင့္ ကမာၻကို ၿခိမ္းေျခာက္ႏိုင္မႈ ရွိမရွိ တြက္ခ်က္ျခင္းမ်ားကို လုပ္ေဆာင္ေနၾကပါတယ္။

ဒီလို ေစာင့္ၾကည့္ တြက္ခ်က္မႈမ်ားကို အထူးျပဳလုပ္ထားသည့္ “ၿဂိဳဟ္သိမ္ၿဂိဳဟ္မႊားရွာေဖြေရး” တယ္လီစကုပ္မ်ားကို အသုံးျပဳၿပီး ေဆာင္ ႐ြက္ေနၾကတာ ျဖစ္ပါတယ္။

PDCO ႏွင့္ John Hopkins တကၠသိုလ္တို႔မွ လႊတ္တင္ခဲ့သည့္ Double Asteroid Redirection Test (DART) မစ္ရွင္ကဲ့သို႔ အခ်ိဳ႕ေသာ စီမံ ကိန္းမ်ားမွလည္း ကမာၻႀကီးကို ဘယ္လို ကာကြယ္ရမယ္ဆိုတဲ့ အေျဖမ်ားကို ရွာေဖြေနၾကပါတယ္။

Credit