ကြားသိရသမျှ

မိန်းမခိုးမည့်ညမှာ ဆက်ဖီဆွဲတတ်လွန်းတဲ့ ညီမသိသွားလို့ နွားဖြစ်မှန်းသိလိုက်ရတဲ့အဖြစ်

မိန်းမခိုးမည့်ညမှာ ဆက်ဖီဆွဲတတ်လွန်းတဲ့ ညီမသိသွားလို့ နွားဖြစ်မှန်းသိလိုက်ရတဲ့အဖြစ်

“ကိုရီး ကုပ်ချောင်းချောင်းနဲ့ ဘာလုပ်နေတာလဲ”

“ငင် … ” လှည့်ကြည့်လိုက်တော့ ကျုပ်ညီမဗျ အိပ်ချင်မူးတူးနဲ့ သူ့အခန်းထဲကထွက်လာတယ်…

” နင်ခုထိ မအိပ်သေးဘူးလား ”

“အိပ်မက်ထဲမှာ ကိုရီး မိန်းမသွားခိုး မယ်လို့ မက်လို့ လန့်နိုးလာတာ ”

” ငါ့နှယ် အဲဒါမက်တာနဲ့ လန့်နိုးစရာလား ”

” နိုးတာပေါ့ ကိုရီးနဲ့ညားပြီး ဘယ်ငတိမ ကံဆိုးမလဲပဲ စိတ်ပူနေရတာ ”

” ငိမ့် … ” မောင်နှမ အချင်းချင်းတောင် ကပ်ဖဲ့နေသေးတယ်

“ကလေးနေရာ ကလေးနေစမ်းပါဟာ သွားအိပ်တော့ ”

“ဒါနဲ့ ကိုရီးက ဘယ်သွားမှာလဲ”

“အဟိမ်း ” (ပီတိသံကြီးနဲ့ )

“မိန်းမသွားခိုးမလို့ … ”

“ဟယ် ဘယ်သူ့ကိုလဲ ”

“ တောင်ပိုင်းက စက်သူဌေးသမီး အေးကြည် ”

“အားလားလား … နေဦး ဒါဆို နေဦး ”

ကျုပ်ညီမက အံ့ဩတဲ့ အသံကြီးနဲ့ အခန်းထဲ ပြန်ဝင်သွားပါလေရောခဏနေတော့ သူ့ဖုန်းကြီးနဲ့ ပြန်ထွက်လာတယ်လေ….

“ငင် … အာ့ ဘာလုပ်ဖို့တုန်း ”

“ကိုရီး လူပျိုဖြစ်တဲ့ နောက်ဆုံးအချိန်လေး အမှတ်တရပေါ့ကွာ ”

“အွင့် အရေးကြီးနေပါတယ်ဆိုမှ ဒီညီမက တစ်မှောင့်ကဲကွာ ရိုက်ရိုက် … ”

ကိုယ်ကလည်း စိတ်မပါဘူး လက်ကလေးနှစ်ချောင်းတောင်ထောင်ပြလိုက်သေးတယ်….

ဒီလိုနဲ့ ညီမဖြစ်သူကို ထားခဲ့ပြီး အိမ်ရှေ့ကလှေပေါ် တက်တာပေါ့ရွာမှာဆိုတော့ တောင်ပိုင်းကိုလှေနဲ့သွားရတာကိုးလှေထဲမှာက လှေလှော်မယ့်ငတိက အသင့် …

” ဟျောင့် မင်းပုံစံက အလွင့်ကြီးပါလားဟ … ”

“မင်းကလည်းကွာ ငါဘာမှပြင်မထားပါဘူးဟ … ”

“ပုံထဲမှာ ပြောနေတာဟ … ”

“ဘယ်ကပုံလဲ”

“ခုလေးမှ မင်းညီမ တင်ထားတဲ့ပုံလေ … မင်းကိုတောင်တက် လုပ်ထားသေးတယ် …

ပြီးတော့ စာတောင် ရေးထားသေးတယ်အေးကြည်မကို အစ်ကိုကြီး သွားမခိုးခင်တဲ့ … ”

ငတိပြောတာ မယုံတာနဲ့ ခါးကြားထဲက အိုင်ဖုန်း (ကလုန်း) ကြီးဆွဲထုတ်လိုက်တယ် …

ပြီးတော့ လိုင်း ဖွင့်ကြည့်တာထိပ်ဆုံးမှာ ငတိမနဲ့ ရိုက်လာတဲ့ပုံကြီးကို ပြူးလို့….

အမယ် ဟ ဟ ရီအက်တောင် ၁၆ခုရနေပြီ …ပြီးတော့ ကွန်မန့် တိုင်ပင်လေးဝင်နေတာနဲ့ စောင့်ကြည့်နေလိုက်တယ် …

~~ငါ့သား လှေကို ဖြေးဖြေးလှော်သွားဦး…

ပုံ………မင်းအဖေ သာဂွ …

အမယ် ထိပ်ဆုံးက ကျုပ်အဖေ ရေးတာဗျ ….အားကိုးရပြီဆိုတော့လွှတ်ပျော်တာပေါ့ဗျာ .…မကြာဘူး နောက်ထပ် ကွန်မန့်တစ်ခုဝင်လာတယ် …

~~ဖိုက်တင်း သားရေ မရရအောင်ခိုး

ပုံ……မင်းအမေ ပူစူးမ

ဒုတိယမြောက်က အမေကိုးဗျ … မဆိုးဘူး တစ်အိမ်သားလုံးကကျုပ်မိန်းမရမှာကို အားပေးကြတယ် ဆိုတော့ အားတက်စရာဗျ….

ခဏနေတော့ အဖေနဲ့အမေ ကွန်မန့်တွေကို ဟ ဟ ရီအက်ရှင် ပေးပြီး ညီမလေးက ထပ်ရေးတယ်….

~~ကွန်ဂရစ် ကိုရီး

ပုံ…….ကိုရီး တစ်ဦးတည်းသောညီမ နှင်းမြ

ဒီလိုနဲ့ လှေကလည်း အေးကြည်မတို့ အိမ်ကို လှမ်းမြင်ရတဲ့နား ရောက် လာ ပါလေရော …

အဲဒီအချိန်ကျမှ ကွန်မန့်တစ်ခု ထပ်ဝင်လာတယ်….

~~ ကမ်းစပ်က ဓားနဲ့စောင့်နေတယ်

ပုံ……အေးကြည်မ အစ်ကိုအကြီးဆုံး တာတီး

အောင်မယ်ငီး ကြက်သီးတောင်ထတယ် …တာတီးဆိုတဲ့ကောင်က တကယ်လုပ်တာဗျ ….

အရပ်ထဲမှာလည်း သူသတ်ခဲ့တဲ့ ဝက်တွေ နည်းတာမဟုတ်ဘူးလေ….

ခဏနေတော့ ကွန်မန့်တစ်ခုထပ်ဝင်လာတယ် …

~~~စိတ်မပူနဲ့ငြိမ်းမောင် တာတီးက ငါနဲ့အရက်ဝိုင်းမှာဟ….

ပုံ……….မင်းအစ်ကို တစ်ဝမ်းကွဲ လှဆောင်

“ဟူး … တော်သေးလို့ သူငယ်ချင်းရေ ကိုလှဆောင်ကြီး ကယ်လို့ဟမဟုတ်ရင် တာတီးက မလွယ်ဘူး ”

“ငါပါနေတာပဲ ငြိမ်းမောင်ရာ ဘာပူစရာရှိလို့လဲ… ”

“ အေးပါကွာ … ”

ခဏနေတော့ နောက်ဆုံးကနေပြီး ကွန်မန့်ထပ်ဝင်လာတယ်ဗျ….

~~ကိုငြိမ်းမောင် မြန်မြန်လာခဲ့တော့ ဒီမှာ ဖေဖေတို့နိုးနေပြီလားမသိဘူး …

ပုံ……နင့်ချစ်သူ အေးကြည်မ

ချစ်သူလေးကပါ ကွန်မန့်ဝင်ရေးတော့ အားတက်သွားတာပေါ့….

” မြန်မြန်လှော်ပါဟ သူငယ်ချင်းရ ”

” လှော်နေတာပဲလေကွာ ဟိုမှာလှမ်း မြင်နေရပြီ ”

ကျုပ်လှမ်းကြည့်တော့ ကမ်းစပ်မှာ အေးကြည်မက အဝတ်ထုပ်လေးပိုက်လို့ …

ခဏနေတော့ အေးကြည်မကွန်မန့်ကို သူ့အစ်ကိုငယ်က အန်ဂရီးရီအက်ရှင် ပေးပြီး ရီပလိုင်းပြန်ပါလေရော….

~~ငါ့ညီမလာခိုးတဲ့ကောင်ကတော့ ငါ့ဓားစာမိမယ်… အေးကြည်မနင်အထဲပြန်ဝင်စမ်း …

ပုံ………..အေးကြည်မ အစ်ကိုလေး ဓားငသောင်း…. “ငိန် … ”

သေပြီနဲ့တူတယ် လှမ်းကြည့်တော့ ငတိကလည်း အိမ်ထဲကနေတကယ်ကြီးထွက်လာတာဗျ …

ကျုပ်တော့ဒီတစ်သက်မိန်းမမရတော့ဘူးနဲ့ တူပါတယ် …

မကြာဘူး အဲဒီရီပလိုင်းထဲမှာပဲ နောက်ကွန်မန့်တစ်ခု ဝင်လာရောဗျ….

~ငသောင်း အိမ်ထဲပြန်ဝင် … အေးကြည်မ ဂရုစိုက်ပြီးလိုက်သွား ဟိုကောင်ငြိမ်းမောင် ငါ့သမီးကိုသေသေချာချာစောင့်ရှောက် …

ပုံ……….မင်းမတော်ရသေးတဲ့ ယောက္ခထီး စက်သူဌေးဘစိန်

အဲဒီကွန်မန့်ဝင်လာတာနဲ့ လှေကိုချက်ချင်းကမ်းကိုကပ် …အေးကြည်မကို လှေပေါ်တင်ပြီး အသေလှော် လစ်တာပေါ့ …..

အိမ်နဲ့ဝေးလာမှ ယောက္ခမလောင်းကြီးကွန်မန့်ကို လက်ဖ်ရီအက်ရှင်ပေးပြီး ရီပလိုင်းပြန်လိုက်တယ်…..

~ဟုတ်ကဲ့ခင်ဗျလို့လေ … ။

ဘလာ. . . ဘလာ . . ဘလာ . . .ဘလာ. . .

မနက်လင်းတော့ ဘာတွေများရေးထားမလဲလို့ Facebook လေးဖွင့်ကြည့်လိုက်တယ်. .

(အေးကြည်မကတော့ အိပ်ကောင်းနေတုန်း. .ညက ပင်ပန်းထားတာကိုး. . . ငိငိ..)

အကောင့်စိမ်းတစ်ခုက Commemt လာရေးထားတယ်. . “.ဟျောင့် မင်းတော့ နွားဖြစ်ပီ” တဲ့. .

သေရောဗျာ. ……ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ……။

Crd – Original Uploader