မက္ကဆီကို အနောက်တောင်ပိုင်း San Lucas Ojitlan မြို့မှာနေထိုင်တဲ့ လယ်သမားတစ်ယောက်ဟာ အရက်အလွန်အကျွံမူးနေစဉ် အိမ်မွေးဝက်နဲ့ ခိုက်ရန်ဖြစ်ပွားခဲ့ပါတယ်။ သူဟာ အရက်မူးပြီး ဝက်ကို မဟားဒယား တိုက်ခိုက်ခဲ့ပေမယ့် နောက်ဆုံးတော့ ဝက်ရဲ့ ပြင်းထန်လှတဲ့ ကိုက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
အရက်မူးနေတဲ့အတွက် မိမိခန္ဓာကိုယ် ဟန်ချက်ကိုပင် နိုင်အောင်မထိန်းနိုင်တဲ့ လယ်သမားဟာ လက်ချောင်းသုံးချောင်း အရင် ကိုက်ဖြတ်တာကို ခံခဲ့ရပါတယ်။ ယင်းနောက် ဝှေးစေ့များထွက်သည်အထိ ဝက်က ထပ်မံကိုက်ခဲ့လို့ ရရှိတဲ့ ဒဏ်ရာတွေနဲ့ပင် သေဆုံးသွားခဲ့ကြောင်း မက္ကဆီကိုအခြေစိုက် သတင်းစာတွေက ရေးသားခဲ့ပါတယ်။
မက္ကဆီကို အခြေစိုက် သတင်းစာ El Debate မှာ ဖော်ပြထားချက်အရ အသက် 60 အရွယ်ကိုတောင် ရောက်နေပြီဖြစ်တဲ့ လယ်သမား Miguel Anaya Pablo ဟာ ဝက်ရဲ့ ဆိုးဆိုးဝါးဝါး ကိုက်ခဲမှုကို ခံခဲ့ရပြီး ငယ်ပါနဲ့ လက်ချောင်းသုံးချောင်း ပြတ်တောက်ကာ သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
သူဟာ ပါတီပွဲတစ်ခုမှ အရက်တွေ အမူးလွန်ပြီး ပြန်လာစဉ်မှာ အိမ်မွေးဝက်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ သူဟာ ဝက်ခြံထဲမှာ ဒဏ်ရာကြောင့် ဆူညံစွာ အော်ဟစ်နေခဲ့ပြီး၊ သူ့ကို အိမ်နီးနားချင်းတွေက ဆေးရုံကို အမြန်ပို့ပေးခဲ့ပါတယ်။ ပထမတစ်ရက်အထိ သတိလစ်မေ့မျောနေသေးပြီး၊
နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့ပါတယ်။ သူရဲ့ ဓာတ်ပုံကိုလည်း မက္ကဆီကိုမီဒီယာတွေကို ဖော်ပြခွင့် သက်ဆိုင်ရာက ကန့်သတ်ထားတယ်လို့ သိရပါတယ်။
Zawgyi

မကၠဆီကို အေနာက္ေတာင္ပိုင္း San Lucas Ojitlan ၿမိဳ႕မွာေနထိုင္တဲ့ လယ္သမားတစ္ေယာက္ဟာ အရက္အလြန္အကြၽံမူးေနစဥ္ အိမ္ေမြးဝက္နဲ႔ ခိုက္ရန္ျဖစ္ပြားခဲ့ပါတယ္။ သူဟာ အရက္မူးၿပီး ဝက္ကို မဟားဒယား တိုက္ခိုက္ခဲ့ေပမယ့္ ေနာက္ဆုံးေတာ့ ဝက္ရဲ႕ ျပင္းထန္လွတဲ့ ကိုက္ခ်က္နဲ႔ ေသဆုံးခဲ့ပါတယ္။
အရက္မူးေနတဲ့အတြက္ မိမိခႏၶာကိုယ္ ဟန္ခ်က္ကိုပင္ ႏိုင္ေအာင္မထိန္းႏိုင္တဲ့ လယ္သမားဟာ လက္ေခ်ာင္းသုံးေခ်ာင္း အရင္ ကိုက္ျဖတ္တာကို ခံခဲ့ရပါတယ္။ ယင္းေနာက္ ေဝွးေစ့မ်ားထြက္သည္အထိ ဝက္က ထပ္မံကိုက္ခဲ့လို႔ ရရွိတဲ့ ဒဏ္ရာေတြနဲ႔ပင္ ေသဆုံးသြားခဲ့ေၾကာင္း မကၠဆီကိုအေျခစိုက္ သတင္းစာေတြက ေရးသားခဲ့ပါတယ္။
မကၠဆီကို အေျခစိုက္ သတင္းစာ El Debate မွာ ေဖာ္ျပထားခ်က္အရ အသက္ 60 အ႐ြယ္ကိုေတာင္ ေရာက္ေနၿပီျဖစ္တဲ့ လယ္သမား Miguel Anaya Pablo ဟာ ဝက္ရဲ႕ ဆိုးဆိုးဝါးဝါး ကိုက္ခဲမႈကို ခံခဲ့ရၿပီး ငယ္ပါနဲ႔ လက္ေခ်ာင္းသုံးေခ်ာင္း ျပတ္ေတာက္ကာ ေသဆုံးခဲ့ရတယ္လို႔ ေဖာ္ျပထားပါတယ္။
သူဟာ ပါတီပြဲတစ္ခုမွ အရက္ေတြ အမူးလြန္ၿပီး ျပန္လာစဥ္မွာ အိမ္ေမြးဝက္ကို စိတ္ဆိုးမာန္ဆိုးနဲ႔ ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္။ သူဟာ ဝက္ၿခံထဲမွာ ဒဏ္ရာေၾကာင့္ ဆူညံစြာ ေအာ္ဟစ္ေနခဲ့ၿပီး၊ သူ႔ကို အိမ္နီးနားခ်င္းေတြက ေဆး႐ုံကို အျမန္ပို႔ေပးခဲ့ပါတယ္။ ပထမတစ္ရက္အထိ သတိလစ္ေမ့ေမ်ာေနေသးၿပီး၊ ေနာက္ဆုံးမွာေတာ့ ေသဆုံးသြားခဲ့ပါတယ္။ သူရဲ႕ ဓာတ္ပုံကိုလည္း မကၠဆီကိုမီဒီယာေတြကို ေဖာ္ျပခြင့္ သက္ဆိုင္ရာက ကန႔္သတ္ထားတယ္လို႔ သိရပါတယ္။



