လတ်တေလာတွင်လည်း CB ဘဏ်တခုတည်းမွသာ ထိုဝန်ေဆာင်မႈကို မရရွိေတာ့ခြင်းဖြဈပြီး ကေမာ္ဘဇ KBZ ၊
ဧရာဝတီ AYA ဘဏ်အပါအဝင် တခြားေသာဘဏ် အသုံးပြဳမႈ ရနေဆဲဖြဈေကြာင်း အဆိုပါ ဝန်ေဆာင်မႈအသုံးပြဳသူတၿခိဳ႕က ေပြာ သည်
Crd
CB ဘဏ်ကနေ စတင်ကန့်သတ်လိုက်ပြီ….CBသမားတေတိုင်ပတ်တာပဲ…
မြန်မာကျပ်ငွေဘဏ်အကောင့်မှဗီဇာကတ်သို့အမေရိကန်ဒေါ်လာပြောင်းလဲခြင်းကိုမြန်မာကျပ်ငွေ ဘဏ်အကောင့်မှ VISA ကတ်များသို့ အမေရိကန်ဒေါ်လာ ပြောင်းလဲထည့်သွင်းခြင်းကို အွန်လိုင်းမိုဘိုင်းလ် ဘဏ်စနစ်ဖြင့် လုပ်ဆောင်
ခြင်း ခွင့်မပြုတော့ဘဲ ကိုယ်တိုင် ကျပ်ငွေ လာရောက်ပေးသွင်းမှသာ ပြောင်းလဲနိုင်မည် ဖြစ် ကြောင်း CB ဘဏ်ထံက သိရသည်
အဓိက ကတော့ VISA Debit ကတ်ကို အမေရိကန်ဒေါ်လာ ပြောင်းလဲဖြည့်သွင်းတာ (Top up) ကို ပြောင်းလိုက်တာ အရင်ကတော့ အကောင့်ထဲကနေလွှဲလိုက်ရင် ရတယ်။ အခုကတော့ ငွေသားနဲ့ပဲ ပေးလို့ ရတော့မယ်ဟု CB ဘဏ်မှ
တာဝန်ရှိသူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်သို့သော်လည်း ထို့သို့ ပြောင်းလဲလုပ်ဆောင်ခြင်းအတွက် ၎င်းအနေဖြင့် အသေးစိတ် မသိရှိကြောင်း သူက ဆိုသည်
စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ဘဏ်တွေကလည်း VISA တို့ Master ကတ်တို့ကို ဒေါ်လာပြန်ထည့်ပေးဖို့ ကလည်းပို့ကုန်သမားတွေဆီက ဒေါ်လာ ပြန်ဝယ်ရတာဆိုတော့ ဝယ်တဲ့နေရာမှာလည်း သူတို့လည်း Cash (ငွေသား) နဲ့ ပေးရတယ် အကောင့်နဲ့ ဝယ်လို့ မရဘူး
အရင်တုန်းက ပမာဏနည်းတော့ သူတို့က စိုက်ပြီး သုံးတာပေါ့အခုက သုံးတဲ့သူ တွေ များလာတော့ လူတွေကလည်း ဘဏ်တွေက ငွေထုတ်လို့ မရတော့ ဒေါ်လာနဲ့ကတ်နဲ့ ဆွဲပြီး သုံးလာကြတာလေ”\ ဟု ဆိုသည်
လက်ရှိ အခြေအနေအရ ငွေသားနှင့် ဘဏ်စာရင်းအကောင့် သို့ ငွေသားပြောင်းလဲပါက ဝန်ဆောင်ခအနေဖြင့် ရာခိုင်နှုန်း တခု သတ်မှတ်ကာလုပ်ဆောင်လျက်ရှိနေပြီး ဘဏ်အနေဖြင့်လည်း ထို့သို့ ငွေသားနှင့် ဘဏ်စာရင်းကြား နှုန်းထားတခု အပြောင်းအလဲဖြစ်လာ၍ ငွေသားဖြင့်သာ လက်ခံရန် ပြောင်းလဲ ကျင့်သုံးခြင်း ဖြစ်ကြောင်း သူက မှတ်ချက်ပြုသည်
ဒေါက်တာ စိုးထွန်းက အကောင့်နဲ့ Cash ကြားမှာ ရာခိုင်နှုန်းတခု ကွာဟချက်ရှိလာတော့၊ ရာခိုင်နှုန်း တောင်းရင်လည်း အဖမ်းခံရမှာဆိုတော့ Cash ပဲ ပြောင်းလိုက်တာပေါ့ဟု ဆိုသည်စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ငွေ
ထုတ်ယူနိုင်သည့် ပမာဏ ကန့်သတ်ခြင်း ဘဏ်များကို အတင်း အကျပ် ပြန်လည်ဖွင့်လှစ်စေခြင်း ကုန်သည်များ၏ ဘဏ်ငွေစာရင်းများကို ဘဏ်များ အချိန်မှီ မဖွင့်လှစ်ပါက နိုင်ငံတော်ပိုင် နှင့် တပ်ပိုင်ဘဏ်များသို့ လွှဲပြောင်းရန် ခြိမ်းခြောက်ခြင်း၊အထူးငွေ စာရင်းအသစ်များ ဖွင့်လှစ်စေခြင်းများကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ
အကျပ်အတည်း ဖြစ်ပေါ်စေခဲ့ကြောင်းလွတ်လပ်သည့် မြန်မာစီးပွားရေး ပညာရှင်အဖွဲ့ (Independent Economists for Myanmar-IEM) က ဆိုထားသည်
အာဏာသိမ်းပြီးနောက် မြန်မာငွေကျပ် တန်ဖိုး ဆက်တိုက်ကျဆင်းခြင်းနှင့် ဘဏ်များတွင် အကန့်အသတ်ဖြင့်သာ ငွေ သား ထုတ်ယူနိုင်မှုတို့ကြောင့်အများပြည်သူများက ကျပ်ငွေအပေါ် ယုံကြည်မှု ကျဆင်းလာပြီး ငွေကိုဘဏ်တွင် အပ်နှံ
မည့်အစား ရွှေနှင့်ဒေါ်လာများကို ဝယ်ယူ စုဆောင်းမှု မြင့်တက်သွားခဲ့သည်
Crd