ဗဟုသုတ

လင်မယားအိပ်စက်ပုံကနေ ပြောပြနေသည့် အိမ်ထောင်ရေးအကြောင်း..

အိမ်ထောင်ရှင် ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ အိပ်စက်ခြင်းပုံစံကနေ လင်မယားနှစ်ယောက်ရဲ့ လက်ရှိ

အခြေအနေကို တွက်ဆလို့ရတဲ့ အလွယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်

ခန္ဓာဗေဒဘာသာစကား ကျွမ်းကျင်ပညာရှင် ဒေါက်တာ Patti Wood က ပြောထားတဲ့ နည်းတွေ ဖြစ်ပါတယ်။

(၁) ရောထွေးယှက်တင်အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ….ရောထွေးယှက်တင် အိပ်စက်ခြင်းမျိုးကိုတော့ လက်ထပ်ပြီး နှစ်

အနည်းငယ်ကြာတဲ့အထိ အိမ်ထောင်သည်တွေ အိပ်စက်တတ်ကြောင်း တွေ့ရှိ့ရပါတယ်။

အနေအထားကတော့ များသောအားဖြင့် အမျိုးသားက နောက်မှ အမျိုးသမီးရဲ့ခါးကိုသိုင်းဖက်ထားတဲ့ အိပ်စက်နည်း ဖြစ်

ပါတယ်

ဒီအဓိပ္ပါယ်ဟာ အချစ်နဲ့ယုံကြည်မှု နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်နေသေးတဲ့ သဘောဖြစ်ပါတယ်။

(၂) ခပ်ခွာခွာ အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး …..ဒါကတော့ ပထမပုံစံနဲ့ မတိမ်းမယိမ်းပါဘဲ။ အမျိုးသားက အမျိုးသမီးကို လက်နဲ့ ခပ်ခွာခွာ ဖက်ထားတဲ့ ပုံစံပါ။

အဲဒီလိုပုံစံကို လက်ထပ်ပြီး ငါးနှစ်/ခြောက်နှစ်အတွင်းမှာ အိမ်ထောင်သည်တွေ ကျင့်သုံးတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးနေသေးတဲ့ သဘောဖြစ်ပါတယ်။

(၃) မုန့်ကြိုးလိမ် အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ……ဒီပုံစံကတော့ တစ်ယောက်နဲ့တစ်ယောက် ရင်ခြင်းအပ်ပြီး ရနိုင်သမျှ ကပ်ကာ ဖက်ပြီး အိပ်တဲ့ ပုံစံဖြစ်ပါတယ်။

လက်ထက်ပြီးစမှစပြီး ညစဉ်နီးပါး ဒီနည်းကို ကျင့်သုံးအိပ်စက်တယ်ဆိုရင် နှစ်ပေါင်း 60/40 အထိ အိမ်ထောက်သက်တမ်း ရှည်မယ့် စုံတွဲဖြစ်တယ်လို့ ကောက်ချက်ချလို့ ရပါတယ်။

(၄) ပူးလိုက် ခွာလိုက် အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး …..တစ်ညတည်းမှာပဲ လင်နဲ့မယားဟာ ပူးလိုက်ခွာလိုက် ပုံစံနဲ့ အိပ်စက်တယ်ဆိုရင် အိမ်ထောင်သက်တမ်း ခိုင်မြဲနေတဲ့ …..

သဘော တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချနေတဲ့ သဘောဖြစ်ပါတယ်။ ဒီအိပ်စက်ခြင်းကို ချစ်ခင်ရင်းနီးတဲ့ စုံတွဲတွေ တော်တော်များများမှာ တွေ့ရပါတယ်။

(၅) ဖက်ပြီး အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး…..ဒီအိပ်စက်နည်းကို လက်ထပ်ပြီးစမှ အိမ်ထောင်သည် ဆယ်နှစ်ကျော်တဲ့အထိ အသုံးပြု အိပ်စက်တဲ့ စုံတွဲတွေမှာ အမျိုးသားဟာ ….

အမျိုးသမီးရဲ့ အထူးချစ်မြတ်နိုးခြင်းကို ခံရသလို၊ အမျိုးသမီးကို အမျိုးသားက အထူးကြင်နာတဲ့ သဘောဖြစ်ပါတယ်။ အသက်အရွယ် ဘယ်လောက်ကြီးပါစေ အချစ်တွေ နုပျိုနေမယ့် သဘောပါ။

(၆) ခြေထောက်ယှက်တင် အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး….လင်နဲ့မယား အိပ်စက်တဲ့အခါ တစ်ယောက်ယောက်က အခြားတစ်ယောက်ရဲ့ ခြေထောက်ပေါ်ကို တင်ပြီးမှာ အိပ်တတ်တယ်ဆိုတဲ့ အတွဲတွေလည်း ရှိတတ်ပါတယ်။

ဒီပုံစံကတော့ လင်နဲ့မယားဟာ ဘယ်လောက်ပဲ အိမ်ထောင်သက် ရင့်မာနေပါစေ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အတ္တတွေနဲ့ ရှေ့ဆက်နေရလို့ ခဏခဏ ပူညံပူညံဖြစ်မယ့် အိမ်ထောင်ရေးလို့ ကောက်ချက်ချလို့ရပါတယ်။

(၇) ကျောပေးအနေအထား အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး…..လင်နဲ့မယားဟာ ဗွီပုံစံ ခပ်ကွေးကွေးအနေအထားနဲ့ တစ်ယောက်ကို တစ်ယောက် ကျောပေး အိပ်စက်လေ့ရှိတယ်ဆိုရင် ….

တစ်ယောက်နဲ့တစ်ယောက် လိုအင်ဆန္ဒတွေကို မသိကျိုးကျွန်ပြုခြင်း၊ လိင်ပိုင်ဆိုင်းရာ ကျေနပ်မှုမရှိခြင်း၊ စိတ်ကသိအောက် ဖြစ်ခြင်းကို ဖော်ပြပါတယ်။ အခန့်မသင့်ရင် ကွဲနိုင်တဲ့ အိမ်ထောင်ရေးပါ။

(၈) အမိဖမ်းသည့်ပုံစံ အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ဒီနည်းကတော့ ယောက်ျားကပဲဖြစ်ဖြစ်၊ မိန်းမကပဲ ဖြစ်ဖြစ် နောက်ကနေ အတိုင်းသိုင်းဖက်ပြီး လွတ်ထွက်သွားမှာစိုးတဲ့ သဘောမျိုးနဲ့ အိပ်စက်တာ ဖြစ်ပါတယ်။

သိုင်းဖက်ထားတဲ့သူဟာ သူရဲ့အိမ်ထောင်ဘက်ကို စိတ်မချတဲ့ သဘော၊ အချစ်တွေ မညီမျှတဲ့သဘော သက်ရောက်ပါတယ်။

(၉) နေရာလု အိပ်စက်ခြင်း

လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး…..အိမ်ထောင်ဘက်တစ်ဦးတစ်ယောက်က မိမိ သက်သာအဆင်ပြေစေရေးကိုသာ ဦးစားပေးပြီး အိပ်ယာနေရာကို ရတတ်သမျှ ရအောင်ယူကာ အိပ်စက်တဲ့ ပုံစံဖြစ်ပါတယ်။

ဒါကတော့ အလွန်အတ္တကြီးတဲ့ အိမ်ထောင်ဘက်ရဲ့ သဘောလက္ခဏာကို ပြသတဲ့ အိပ်စက်ခြင်းလို့ ဒေါက်တာ Patti Wood က ကောက်ချက်ချထားပါတယ်။

crd

Zawgyi




























(၉) နေရာလု အိပ်စက်ခြင်း



crd