ယနေ့ခေတ်တွင် မိုဘိုင်းဖုန်းများ အသုံးပြုပြီး လိုင်းပေါ်ကနေ ချစ်ရေးဆိုကာ ချစ်သူရည်းစားဖြစ်ခဲ့ကြပြီး အပြင်မှာတွေ့ခါကျ ဂျင်းထည့်ခံရသည်ကို သိလိုက်ရသော အဖြစ်နှင့် ကြုံတွေ့၍ အခက်တွေ့သူများလည်း ရှိသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၂၀ကျော်ကောင်လေးသည် ရည်းစားရှာသော ဆော့ဝဲလ်တစ်ခုကနေ ၃၆နှစ်အရွယ် ကောင်မလေးတစ်ယောက်နှင့် တွေ့ခဲ့ပြီး ချစ်သူတွေဖြစ်သွားကြ၍ အပြင်မှာတွေ့ရန် ချိန်းဆိုခဲ့ကြသည်။
ထိုသို့ချိန်းတွေ့စဉ် ချစ်သူကောင်မလေးမှာ ဖုန်းထဲက ၃၆နှစ်အရွယ် မဟုတ်ပဲ ၆၃နှစ်အရွယ် အဖွားအို တစ်ယောက်သာ ဖြစ်နေခဲ့၍ ကောင်လေးသည် အလွန်ကြေကွဲခဲ့ရသည်။
သို့သော်လည်း ချစ်သူအဖွားအိုမှ ကောင်လေးလိုချင်သော အရာမှန်သမျှ မငြိုငြင်ပဲ ဖြည့်ဆည်းပေးခဲ့ရာ i phone 12 အားဝယ်ပေးရန် တောင်းဆိုခဲ့ပြီး အိမ်တစ်လုံးဝယ်ပေး ဆိုရင်တောင် အဖွားပိုမှ ချစ်တဲ့စိတ်တစ်ခုတည်းနှင့် ဝယ်ပေးရန် အဆင်သင့်ဖြစ်နေခဲ့သည်။
ထိုအချက်တွေနှင့်အတူ ကောင်လေးမှာ အဖွားအိုအပေါ်တွင် သံယောဇဉ်ဖြစ်ပြီး ချစ်ခင်တွယ်တာလာခဲ့သည်။
ထို့ကြောင့် နှစ်ယောက်သား ကြည်နူးစရာ စုံတွဲဓာတ်ပုံများရိုက်ပြီး လိုင်းပေါ် တင်ခဲ့ရာ အများမှ “ကလေး မုန့်ပေးကြိုက်တယ်”ဆိုပြီး ပြောဆိုခဲ့ကြသည်။
Hlaing (Love Feeling )
Zawgyi
“ကလေးမုန့်ပေး ကြိုက်တယ်” ဆိုပြီး လိုင်းပေါ်တွင် နာမည်ကြီးနေသော ၆၃နှစ်အရွယ် အဖွားအိုနှင့် ၂၀ကျော် ကောင်လေးတို့ဧ။် အချစ်ဇာတ်လမ်း
Hlaing (Love Feeling )