ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်
တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ..ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။
ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး..ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။
(၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ဒါပေမယ့်လည်း မဟုတ်ပါဘူး။
အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ်တတ်တဲ့ သူတွေပါ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။
(၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ်။
(၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။ လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက် ကိုယ့်ရဲ့ ခံစားချက်တွေကို ဖုံးကွယ်ပြီး ပေါတောတောနေပေးတာဖြစ်ပါတယ်။တစ်ဖက်တလမ်းကနေ လူသားတွေကို အကျိုးပြုနေတဲ့သူတွေပါ။
(၄) တစ်ယောက်တည်းကြိတ်ခံစားတတ်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ခံစားချက်တွေကို ထုတ်မပြတတ်တဲ့သူတွေပါ။ဘယ်လောက်ပဲ ဝမ်းနည်းနေပါစေ တစ်ယောက်တည်း ကြိတ်ခံစားမယ့်သူတွေ ဖြစ်ပါတယ်။လူတွေနဲ့ဝေးရာမှာတစ်ယောက်တည်း ခံစားတတ်တဲ့သူတွေဖြစ်ပါတယ်။အရာရာကိုပေါ့ပျက်ပျက်တွေးတတ်တဲ့သူတွေလို့မထင်ပါနဲ့ အရမ်းကိုထိခိုက်ခံစားလွယ်တဲ့သူတွေပါ။
(၅) ကြီးမားတဲ့အနာဂတ်အစီအစဉ်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေဟာ မထင်မှတ်ထားလောက်အောင် ထက်မြက်နေတတ်ပါတယ်။သူတို့မှာ သူများနဲ့မတူတဲ့ အကြံဉာဏ်တွေ၊ ဘဝရည်မှန်းချက်တွေ၊ အနာဂတ်အစီအစဉ်ကောင်းတွေ ရှိနေတတ်ပါတယ်။မလုပ်ရင်လည်း မလုပ်ဘူး၊ လုပ်ပြီဆိုရင်လည်း လူတိုင်းအံံ့သြသွားလောက်အောင် လုပ်နိုင်တဲ့သူတွေပါ။
Crd;
Zawgyi
ေပါေတာေတာေနတဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းအရင္း (၅) ခ်က္
တစ္ခါတေလမွာ ေပါေတာေတာေနတတ္တဲ့သူေတြဟာ..ဘဝကိုေလးေလးနက္နက္မရွိဘူး၊ ခံစားခ်က္မရွိဘူးလို႔အထင္ခံရတတ္ပါတယ္။
ဒါေပမယ့္လည္း ဒီလိုမဟုတ္ပါဘူး..ေပါေတာေတာေနတဲ့သူေတြကို လုံးဝေလွ်ာ့မတြက္သင့္တဲ့ အေၾကာင္းရင္းေတြကိုေဖာ္ျပ ေပးလိုက္ပါတယ္။
(၁) လူေတြရဲ႕စိတ္ကို အလြယ္တကူျမင္ႏိုင္တယ္ ေပါေတာေတာေနတတ္တဲ့သူေတြဟာ ဘာကိုမွမစဥ္းစားပဲ ေနတတ္တဲ့သူေတြလို႔ ထင္ရတတ္ပါတယ္။ဒါေပမယ့္လည္း မဟုတ္ပါဘူး။
အေသးစိတ္ကအစ ေကာင္းေကာင္းေဝဖန္သုံးသပ္တတ္တဲ့ သူေတြပါ ဒါေၾကာင့္လူေတြရဲ႕ စိတ္ကို အလြယ္တကူျမင္ႏိုင္ပါတယ္။မ်က္ႏွာဖုံးေတြ ေနာက္ကြယ္မွာ ဘယ္သူေကာင္းလဲ၊ ဘယ္သူဆိုးလဲဆိုတာကို ေကာင္းေကာင္းသိႏိုင္တဲ့သူေတြပါ။
(၂) ဖုံးကြယ္ထားတဲ့စိတ္ခံစားခ်က္ေတြရွိတယ္ ေပါေတာေတာေနတတ္တဲ့သူေတြမွာ ဖုံးကြယ္ထားတဲ့ စိတ္ခံစားခ်က္ေတြ ရွိပါတယ္သူတို႔ရဲ႕ ဘဝမွာ ဒီလိုေပါေတာေတာေနလိုက္ဖို႔ ဆုံးျဖတ္လိုက္ရတဲ့ အေၾကာင္းရင္းေတြလည္း ရွိေနတတ္ပါတယ္။ သာမန္လူေတြေတာင္ မခံစားႏိုင္ေလာက္တဲ့ စိတ္ဒဏ္ရာေတြလည္းရွိေနတတ္ပါတယ္။
(၃) လူေတြကိုေပ်ာ္႐ႊင္ေစႏိုင္တယ္ ေပါေတာေတာေနတဲ့သူေတြဟာ လူေတြကို ေပ်ာ္႐ႊင္ေစခ်င္တဲ့သူေတြျဖစ္ၿပီး ေပ်ာ္ေအာင္လည္း တကယ္လုပ္ႏိုင္တဲ့သူေတြပါ။ လူေတြကိုေပ်ာ္႐ႊင္ေစခ်င္တဲ့အတြက္ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို ဖုံးကြယ္ၿပီး ေပါေတာေတာေနေပးတာျဖစ္ပါတယ္။တစ္ဖက္တလမ္းကေန လူသားေတြကို အက်ိဳးျပဳေနတဲ့သူေတြပါ။
(၄) တစ္ေယာက္တည္းႀကိတ္ခံစားတတ္တယ္ ေပါေတာေတာေနတတ္တဲ့သူေတြဟာ ခံစားခ်က္ေတြကို ထုတ္မျပတတ္တဲ့သူေတြပါ။ဘယ္ေလာက္ပဲ ဝမ္းနည္းေနပါေစ တစ္ေယာက္တည္း ႀကိတ္ခံစားမယ့္သူေတြ ျဖစ္ပါတယ္။လူေတြနဲ႔ေဝးရာမွာတစ္ေယာက္တည္း ခံစားတတ္တဲ့သူေတြျဖစ္ပါတယ္။အရာရာကိုေပါ့ပ်က္ပ်က္ေတြးတတ္တဲ့သူေတြလို႔မထင္ပါနဲ႔ အရမ္းကိုထိခိုက္ခံစားလြယ္တဲ့သူေတြပါ။
(၅) ႀကီးမားတဲ့အနာဂတ္အစီအစဥ္ေတြရွိတယ္ ေပါေတာေတာေနတတ္တဲ့သူေတြဟာ မထင္မွတ္ထားေလာက္ေအာင္ ထက္ျမက္ေနတတ္ပါတယ္။သူတို႔မွာ သူမ်ားနဲ႔မတူတဲ့ အႀကံဉာဏ္ေတြ၊ ဘဝရည္မွန္းခ်က္ေတြ၊ အနာဂတ္အစီအစဥ္ေကာင္းေတြ ရွိေနတတ္ပါတယ္။မလုပ္ရင္လည္း မလုပ္ဘူး၊ လုပ္ၿပီဆိုရင္လည္း လူတိုင္းအံံ့ၾသသြားေလာက္ေအာင္ လုပ္ႏိုင္တဲ့သူေတြပါ။
Crd;