ၾကားသိရသမွ်

စက်သုံးဆီ၊ စားသုံးဆီနှင့် ဆေးဝါးတင်သွင်း ကုမ္ပဏီများအတွက် ဗဟိုဘဏ်က ဒေါ်လာလျော့ဈေးနဲ့ ရောင်းပေးဟုဆို

စက္သုံးဆီ၊ စားသုံးဆီနဲ႕ ေဆးဝါးတင္သြင္းတဲ့ ကုမၸဏီေတြအတြက္ အပတ္စဥ္ ေလလံေခၚယူၿပီး ဘဏ္ကေနတဆင့္ နိုင္ငံျခားေငြေရာင္းခ်ေပးေနတယ္လို႔ စစ္ေကာ င္စီ ဗဟိုဘဏ္က စက္တင္ဘာ ၂၁ ရက္က ထုတ္ျပန္ပါတယ္။နိုင္ငံေတာ္ဗဟိုဘဏ္က အေမရိကန္ေဒၚလာလို အပ္ခ်က္ရွိေနတဲ့ အထူးသျဖင့္ စားသုံးဆီ၊ စက္သုံးဆီႏွင့္ေဆးဝါး က႑ေတြအတြက္ နိုင္ငံျခားေငြေရာင္းဝယ္ခြင့္ (AD) လုပ္ငန္းလိုင္စင္ရွိတဲ့ ဘဏ္ေတြကတဆင့္ အပတ္စဥ္ ေလလံေခၚယူၿပီး ေရာင္းခ်ေပးေနတာလို႔ ဆိုပါတယ္။…

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

ၿပီးခဲ့တဲ့သီတင္းပတ္ စက္တင္ဘာ ၁၃ ရက္ကေန ဒီေန႕ စက္တင္ဘာ ၂၀ ရက္အထိ အေမရိကန္ေဒၚလာသန္း ၄၀ ေရာင္းခ်ေပးခဲ့တဲ့အေၾကာင္း ဗဟိုဘဏ္ ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ဒီေန႕ စက္တင္ဘာ ၂၂ ရက္မွာလည္း အေမရိကန္ေဒၚလာ ၁၀ သန္းထပ္ေရာင္းခဲ့ပါတယ္။ေလလံေစ်းႏႈန္းက အေမရိကန္ ၁ ေဒၚလာကို ျမန္မာေငြ ၁၇၅၀ က်ပ္နဲ႕ ေရာင္းခ်ေပးခဲ့ၿပီး ဝယ္ယူခြင့္ရရွိတဲ့ဘဏ္ေတြက ကုမၸဏီေတြကို ၁ ေဒၚလာ ျမန္မာေငြ ၁၇၅၃ က်ပ္ႏႈန္းနဲ႕ ျပန္လည္ေရာင္းခ်ေစတယ္လို႔ဆိုပါတယ္။…

ဒီလိုေရာင္းခ်ရာမွာလည္း ကုန္သြယ္မႈနဲ႕ ကုန္စည္စီးဆင္းမႈ မွန္ကန္ ျမန္ဆန္ေစေရး ဗဟိုေကာ္မတီမွ စိစစ္ေပးပို႔လာတဲ့ ကုမၸဏီေတြကို သတ္မွတ္ထားတဲ့ ပမာဏအတိုင္း ေရာင္းခ်ေပးနိုင္ဖို႔အတြက္ ဒီကုမၸဏီေတြက စာရင္းဖြင့္ထားတဲ့ နိုင္ငံျခားေငြေရာင္းဝယ္ခြင့္ (AD) လုပ္ငန္းလိုင္စင္ရွိတဲ့ဘဏ္ေတြဆီ တဆင့္ခံေရာင္းခ်ေပးေနတာ ျဖစ္ပါတယ္။…

ဒါနဲ႕ပတ္သက္ၿပီး ပို႔ကုန္သြင္းကုန္လုပ္ငန္းရွင္တဦးက “ဗဟိုဘဏ္အေနနဲ႕ မရွိမျဖစ္လိုအပ္တဲ့ကုန္ပစၥည္း (Essential Goods) အတြက္ လိုအပ္တဲ့ နိုင္ငံျခားေငြ ေရာင္းခ်ေပးတာက ျဖစ္သင့္တဲ့ကိစၥပါ။ ဒါေပမဲ့ ေမးစရာရွိတာက တကယ္လိုအပ္တဲ့ သူေတြရဲ႕လက္ထဲ ေရာက္ရဲ႕လားေပါ့။ ဘာလို႔ဆို သူက ဘဏ္က တဆင့္ခံၿပီး ေရာင္းတာေလ။ ဟုတ္လား၊ ကဲေကာင္းၿပီ။ သူ႕သတ္မွတ္ေပးတဲ့ ႏႈန္းနဲ႕ ျပန္ေရာင္းေပးရမယ္လို႔ ေျပာေပမဲ့ ေစ်းကြက္မွာရွိတဲ့ ေစ်းႏႈန္းေတြက ဘာလို႔ မက်တာလဲ။ အခု ျမန္မာျပည္မွာ စားသုံးဆီနဲ႕ ပတ္သက္ၿပီး အမ်ားဆုံး တင္သြင္းေနတာ ဘယ္သူေတြလဲ။ စက္သုံးဆီကေကာ ဘယ္သူေတြလဲ ျပန္ၾကည့္ပါ။ ဦးပိုင္နဲ႕ ခရိုနီေတြပဲ ႀကီးစိုးေနတာမဟုတ္လား။ ဘဏ္ပိုင္တဲ့သူေတြကေကာ ဒီလူေတြပဲ မဟုတ္လား” လို႔ ေျပာပါတယ္။…

စီးပြားေရးသုေတသီတဦးကေတာ့ ခုလို ဗဟိုဘဏ္က ေဒၚလာေတြ ထုတ္ေရာင္းေနတာက လက္ပူတိုက္ေျဖရွင္းေနတဲ့ နည္းလမ္းျဖစ္လို႔ အလုပ္မျဖစ္ဘူးလို႔ သုံးသပ္ေျပာပါတယ္။…

“ဗဟိုဘဏ္က ေဒၚလာေတြ ထုတ္ေရာင္းေနတာက လက္ပူတိုက္ေျဖရွင္းေနတဲ့ နည္းလမ္းပါ။ ဘယ္နိုင္ငံမွာမွ လုပ္ေလ့မရွိပါဘူး။ဒါက နိုင္ငံရဲ႕ နိုင္ငံျခားအရံေငြကို ေလ်ာ့က်ေစပါတယ္။ရလဒ္က တိုင္းျပည္ရဲ႕ ေငြ‌‌ေၾကးတန္ဖိုးေလ်ာ့က်ေစတာပါ။မလုပ္သင့္တဲ့ ေရွးက်တဲ့ နည္းလမ္းပါ။ ဘာမွ မထုတ္နိုင္ဘဲ သြင္းကုန္အားကိုးေနတဲ့ တိုင္းျပည္အေနနဲ႕ ေဒၚလာလိုအပ္ခ်က္က အၿမဲရွိေနမွာပါ။ စက္သုံးဆီ စားသုံးဆီနဲ႕ ေဆးဝါးက လိုအပ္ခ်က္အျဖစ္ရွိေနေတာ့ သြင္းကုန္ေတြအတြက္ နိုင္ငံျခားေငြက အၿမဲလိုေနတဲ့အတြက္ ေဒၚလာတန္ဖိုးက က်ေနဖို႔လိုပါတယ္။ ဒီေနရာမွာ ဗဟိုဘဏ္အေနနဲ႕ Export Financing ကို ပို႔ကုန္သမားအတြက္လုပ္ေပးနိုင္ရင္ အုပ္ခ်ဳပ္သူအတြက္ေကာ နိုင္ငံအတြက္ေကာ မ်က္ႏွာရေစပါတယ္။ ဒါေၾကာင့္ ဗဟိုဘဏ္က ပို႔ကုန္သမားေတြအတြက္ ႏွစ္ပတ္က‌‌ေန တလအထိ Financing လုပ္ေပးရင္ Exporter ေတြအတြက္ Cash Cycle ျမန္လာမယ္။ ဒီ့အတြက္ ထိုက္သင့္တဲ့ အတိုးယူေပါ့။ သြင္းကုန္သမားေတြက ပို႔ကုန္သမားေတြဆီက ေစ်းသက္သာစြာနဲ႕ဝယ္နိုင္မွာ ျဖစ္လို႔ ေစ်းကြက္ထဲကေနဝယ္ေနရတဲ့ ေဒၚလာလိုအပ္ခ်က္ ေလ်ာ့က်ၿပီး exchange rate ကို stabilizing ျပန္ျဖစ္ေစမွာပါ။”

ျမန္မာနိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္းကေတာ့ စားသုံးဆီေစ်းတည္ၿငိမ္ဖို႔အတြက္ ဆိုကာ ေစ်းကြက္မွာလက္ကားေစ်းတစ္ပိသာ ကို က်ပ္ ၄၀၀၀အထက္ ရွိေနတဲ့ စားအုန္းဆီကို ၃၇၀၀ က်ပ္ ႏႈန္းနဲ႕ ေရာင္းခ်ေပးမယ္လို႔ စက္တင္ဘာ၂၁ ရက္ေန႕က ၾကညာခဲ့ပါတယ္။အဆိုပါေစ်းနဲ႕ေရာင္းခ်ေပးမယ့္ ပမာ ဏက သတ္မွတ္ခ်က္ရွိၿပီး အျမတ္ ၂ ရာခိုင္ႏႈန္းယူကာ စားသုံးသူထံသက္သာတဲ့ႏႈန္းနဲ႕ ျပန္လည္ ေရာင္းခ်လိဳသူေတြကို အသင္း႐ုံးကို ဆက္သြယ္ဝယ္ယူဖို႔ လည္း ဖိတ္ေခၚထားပါတယ္။…

ျမန္မာနိုင္ငံမွာ လက္ရွိသုံးစြဲေနတဲ့ အိမ္သုံးေဆးဝါးေတြရဲ႕ ၈၅ ရာခိုင္ႏႈန္းက ျပည္ပနိုင္ငံေတြဆီက တင္သြင္းေနရတာျဖစ္ၿပီး တရားဝင္တင္သြင္းတဲ့ ပမာဏက ပွ်မ္းမ် တႏွစ္ကို အေမရိကန္ ေဒၚလာ သန္း ၆၀၀ ေက်ာ္ဖိုး ရွိပါတယ္။အလားတူ စက္သုံးဆီတင္သြင္းမႈကလည္း ၿပီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ တန္ခ်ိန္ ၆ သန္းေက်ာ္တင္သြင္းခဲ့ရၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ ၂ ဒသမ ၆ ဘီလီယံ ရွိပါတယ္။…

ျပည္တြင္းမွာ ဆီစားသုံးမႈပမာဏက တႏွစ္ကို တန္ခ်ိန္ ၁၀ သိန္းေက်ာ္ရွိတဲ့အနက္ ျပည္တြင္းထုတ္လုပ္နိုင္မႈက တန္ခ်ိန္ ၄ သိန္းေလာက္သာ ရွိတာေၾကာင့္ ႏွစ္စဥ္ စားသုံးဆီတန္ခ်ိန္ ၇ သိန္းခန႔္ တင္သြင္းေနရၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ သန္း ၅၀၀ ေက်ာ္ရွိပါတယ္။ျမန္မာျပည္မွာ စစ္တပ္က အာဏာသိမ္းယူၿပီးေနာက္ နိုင္ငံျခားေငြလဲလွယ္ႏႈန္းမွာ ျမန္မာက်ပ္ေငြ တန္ဖိုးအဆမတန္က်ဆင္းေနၿပီး ျပည္ပသြင္းကုန္ေတြေစ်းတဟုန္ထိုးျမင့္တက္ေနပါတယ္။…

ဒီအထဲမွာ ျပည္ပကေန ပုံမွန္တင္သြင္းေနတဲ့ စားသုံးဆီ ေစ်းႏႈန္းေတြက ရွစ္လအတြင္း ၇၀ ရာခိုင္ႏႈန္းေက်ာ္ျမင့္တက္ခဲ့ၿပီး စက္သုံးဆီေစ်းႏႈန္းက ရွစ္လအတြင္း ရာခိုင္ႏႈန္း ၉၀ နီးပါး ျမင့္တက္ခဲ့ပါတယ္။ဒီကေန႕ စက္ တင္ဘာ ၂၂ ရက္မွာ အေမရိကန္ ၁ ေဒၚလာတန္ဖိုးက ေငြလဲေကာင္တာေတြမွာ ဝယ္ေစ်း ၂၀၀၅ က်ပ္ နဲ႕ ေရာင္းေစ်း ၂၀၃၅ က်ပ္ ရွိၿပီး စက္သုံးစီ ဒီဇယ္ ၁လီတာ ၁၂၀၀ က်ပ္၊ ဒီဇယ္(ပရီမီယံ) ၁လီတာ ၁၂၂၀ က်ပ္၊ ေအာက္တိန္း(၉၂) ၁လီတာ ၁၂၁၅ က်ပ္၊ ေအာက္တိန္း(၉၅) ၁လီတာ ၁၂၅၅ က်ပ္ ရွိပါတယ္။…

ယူနီကုဒ်ဖြင့် ဖတ်ရန်

စက်သုံးဆီ၊ စားသုံးဆီနဲ့ ဆေးဝါးတင်သွင်းတဲ့ ကုမ္ပဏီတွေအတွက် အပတ်စဉ် လေလံခေါ်ယူပြီး ဘဏ်ကနေတဆင့် နိုင်ငံခြားငွေရောင်းချပေးနေတယ်လို့ စစ်ကော င်စီ ဗဟိုဘဏ်က စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ပါတယ်။နိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာလို အပ်ချက်ရှိနေတဲ့ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့်ဆေးဝါး ကဏ္ဍတွေအတွက် နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ ဘဏ်တွေကတဆင့် အပတ်စဉ် လေလံခေါ်ယူပြီး ရောင်းချပေးနေတာလို့ ဆိုပါတယ်။…

ပြီးခဲ့တဲ့သီတင်းပတ် စက်တင်ဘာ ၁၃ ရက်ကနေ ဒီနေ့ စက်တင်ဘာ ၂၀ ရက်အထိ အမေရိကန်ဒေါ်လာသန်း ၄၀ ရောင်းချပေးခဲ့တဲ့အကြောင်း ဗဟိုဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာလည်း အမေရိကန်ဒေါ်လာ ၁၀ သန်းထပ်ရောင်းခဲ့ပါတယ်။လေလံစျေးနှုန်းက အမေရိကန် ၁ ဒေါ်လာကို မြန်မာငွေ ၁၇၅၀ ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး ဝယ်ယူခွင့်ရရှိတဲ့ဘဏ်တွေက ကုမ္ပဏီတွေကို ၁ ဒေါ်လာ မြန်မာငွေ ၁၇၅၃ ကျပ်နှုန်းနဲ့ ပြန်လည်ရောင်းချစေတယ်လို့ဆိုပါတယ်။…

ဒီလိုရောင်းချရာမှာလည်း ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့လာတဲ့ ကုမ္ပဏီတွေကို သတ်မှတ်ထားတဲ့ ပမာဏအတိုင်း ရောင်းချပေးနိုင်ဖို့အတွက် ဒီကုမ္ပဏီတွေက စာရင်းဖွင့်ထားတဲ့ နိုင်ငံခြားငွေရောင်းဝယ်ခွင့် (AD) လုပ်ငန်းလိုင်စင်ရှိတဲ့ဘဏ်တွေဆီ တဆင့်ခံရောင်းချပေးနေတာ ဖြစ်ပါတယ်။…

ဒါနဲ့ပတ်သက်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တဦးက “ဗဟိုဘဏ်အနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်း (Essential Goods) အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ ရောင်းချပေးတာက ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့ မေးစရာရှိတာက တကယ်လိုအပ်တဲ့ သူတွေရဲ့လက်ထဲ ရောက်ရဲ့လားပေါ့။ ဘာလို့ဆို သူက ဘဏ်က တဆင့်ခံပြီး ရောင်းတာလေ။ ဟုတ်လား၊ ကဲကောင်းပြီ။ သူ့သတ်မှတ်ပေးတဲ့ နှုန်းနဲ့ ပြန်ရောင်းပေးရမယ်လို့ ပြောပေမဲ့ စျေးကွက်မှာရှိတဲ့ စျေးနှုန်းတွေက ဘာလို့ မကျတာလဲ။ အခု မြန်မာပြည်မှာ စားသုံးဆီနဲ့ ပတ်သက်ပြီး အများဆုံး တင်သွင်းနေတာ ဘယ်သူတွေလဲ။ စက်သုံးဆီကကော ဘယ်သူတွေလဲ ပြန်ကြည့်ပါ။ ဦးပိုင်နဲ့ ခရိုနီတွေပဲ ကြီးစိုးနေတာမဟုတ်လား။ ဘဏ်ပိုင်တဲ့သူတွေကကော ဒီလူတွေပဲ မဟုတ်လား” လို့ ပြောပါတယ်။…

စီးပွားရေးသုတေသီတဦးကတော့ ခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာက လက်ပူတိုက်ဖြေရှင်းနေတဲ့ နည်းလမ်းဖြစ်လို့ အလုပ်မဖြစ်ဘူးလို့ သုံးသပ်ပြောပါတယ်။…

“ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းနေတာက လက်ပူတိုက်ဖြေရှင်းနေတဲ့ နည်းလမ်းပါ။ ဘယ်နိုင်ငံမှာမှ လုပ်လေ့မရှိပါဘူး။ဒါက နိုင်ငံရဲ့ နိုင်ငံခြားအရံငွေကို လျော့ကျစေပါတယ်။ရလဒ်က တိုင်းပြည်ရဲ့ ငွေ‌‌ကြေးတန်ဖိုးလျော့ကျစေတာပါ။မလုပ်သင့်တဲ့ ရှေးကျတဲ့ နည်းလမ်းပါ။ ဘာမှ မထုတ်နိုင်ဘဲ သွင်းကုန်အားကိုးနေတဲ့ တိုင်းပြည်အနေနဲ့ ဒေါ်လာလိုအပ်ချက်က အမြဲရှိနေမှာပါ။ စက်သုံးဆီ စားသုံးဆီနဲ့ ဆေးဝါးက လိုအပ်ချက်အဖြစ်ရှိနေတော့ သွင်းကုန်တွေအတွက် နိုင်ငံခြားငွေက အမြဲလိုနေတဲ့အတွက် ဒေါ်လာတန်ဖိုးက ကျနေဖို့လိုပါတယ်။ ဒီနေရာမှာ ဗဟိုဘဏ်အနေနဲ့ Export Financing ကို ပို့ကုန်သမားအတွက်လုပ်ပေးနိုင်ရင် အုပ်ချုပ်သူအတွက်ကော နိုင်ငံအတွက်ကော မျက်နှာရစေပါတယ်။ ဒါကြောင့် ဗဟိုဘဏ်က ပို့ကုန်သမားတွေအတွက် နှစ်ပတ်က‌‌နေ တလအထိ Financing လုပ်ပေးရင် Exporter တွေအတွက် Cash Cycle မြန်လာမယ်။ ဒီ့အတွက် ထိုက်သင့်တဲ့ အတိုးယူပေါ့။ သွင်းကုန်သမားတွေက ပို့ကုန်သမားတွေဆီက စျေးသက်သာစွာနဲ့ဝယ်နိုင်မှာ ဖြစ်လို့ စျေးကွက်ထဲကနေဝယ်နေရတဲ့ ဒေါ်လာလိုအပ်ချက် လျော့ကျပြီး exchange rate ကို stabilizing ပြန်ဖြစ်စေမှာပါ။”

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကတော့ စားသုံးဆီစျေးတည်ငြိမ်ဖို့အတွက် ဆိုကာ စျေးကွက်မှာလက်ကားစျေးတစ်ပိသာ ကို ကျပ် ၄၀၀၀အထက် ရှိနေတဲ့ စားအုန်းဆီကို ၃၇၀၀ ကျပ် နှုန်းနဲ့ ရောင်းချပေးမယ်လို့ စက်တင်ဘာ၂၁ ရက်နေ့က ကြညာခဲ့ပါတယ်။အဆိုပါစျေးနဲ့ရောင်းချပေးမယ့် ပမာ ဏက သတ်မှတ်ချက်ရှိပြီး အမြတ် ၂ ရာခိုင်နှုန်းယူကာ စားသုံးသူထံသက်သာတဲ့နှုန်းနဲ့ ပြန်လည် ရောင်းချလိုသူတွေကို အသင်းရုံးကို ဆက်သွယ်ဝယ်ယူဖို့ လည်း ဖိတ်ခေါ်ထားပါတယ်။…

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက ပျှမ်းမျ တနှစ်ကို အမေရိကန် ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိပါတယ်။အလားတူ စက်သုံးဆီတင်သွင်းမှုကလည်း ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တန်ချိန် ၆ သန်းကျော်တင်သွင်းခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ရှိပါတယ်။…

ပြည်တွင်းမှာ ဆီစားသုံးမှုပမာဏက တနှစ်ကို တန်ချိန် ၁၀ သိန်းကျော်ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်နိုင်မှုက တန်ချိန် ၄ သိန်းလောက်သာ ရှိတာကြောင့် နှစ်စဉ် စားသုံးဆီတန်ချိန် ၇ သိန်းခန့် တင်သွင်းနေရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ရှိပါတယ်။မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ မြန်မာကျပ်ငွေ တန်ဖိုးအဆမတန်ကျဆင်းနေပြီး ပြည်ပသွင်းကုန်တွေစျေးတဟုန်ထိုးမြင့်တက်နေပါတယ်။…

ဒီအထဲမှာ ပြည်ပကနေ ပုံမှန်တင်သွင်းနေတဲ့ စားသုံးဆီ စျေးနှုန်းတွေက ရှစ်လအတွင်း ၇၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ပြီး စက်သုံးဆီစျေးနှုန်းက ရှစ်လအတွင်း ရာခိုင်နှုန်း ၉၀ နီးပါး မြင့်တက်ခဲ့ပါတယ်။ဒီကနေ့ စက် တင်ဘာ ၂၂ ရက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ငွေလဲကောင်တာတွေမှာ ဝယ်စျေး ၂၀၀၅ ကျပ် နဲ့ ရောင်းစျေး ၂၀၃၅ ကျပ် ရှိပြီး စက်သုံးစီ ဒီဇယ် ၁လီတာ ၁၂၀၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၁လီတာ ၁၂၂၀ ကျပ်၊ အောက်တိန်း(၉၂) ၁လီတာ ၁၂၁၅ ကျပ်၊ အောက်တိန်း(၉၅) ၁လီတာ ၁၂၅၅ ကျပ် ရှိပါတယ်။…