ရန္ကုန္ေအာင္မဂၤလာအေဝးေျပးဂိတ္မွာ ဒီလူအုပ္စုအေယာက္၂၀ ေလာက္က
ကားမွတ္တိုင္မွာငယ္ရြယ္တဲ့ လူငယ္ေလးမ်ားမိန္းမပ်ိဳေလးမ်ား
ကားရပ္ေစာင့္ေနေသာခရီးသည္မ်ားကိုအုပ္စုဖြဲ႕ၿပီး လမ္းမေပၚမွာအသင့္ပါလာတဲ့
အဝတ္ကိုခ်က္ခ်င္းခင္း ဖဲကဒ္ေတြခ်ၿပီး ေလာင္းကစားဝိုင္းပုံခ်က္ခ်င္းဖန္တီးကာ လာတဲ့ခရီးသည္ေတြကိုလက္ကဆြဲၿပီး ကစားဖို့ေခၚပါတယ္
သူတို့လက္ထဲတြင္ကိုင္ထားေသာေငြတစ္ေသာင္းတန္အထပ္လိုက္(scan)ေငြအတုမ်ားကိုလက္ထဲအတင္းထိုးထည့္ၿပီးအဓမၼကစားခိုင္းပါတယ္
ငယ္ရြယ္တဲ့လူငယ္ေလးမိန္းမပ်ိဳေလးမ်ားကရွက္လို့ျပန္မေျပာရဲပဲ အငိုက္မိၿပီးရပ္ၾကည့္ေနပါတယ္
ဒီအခ်ိန္သူတို့လူအုပ္နဲ႔ဝိုင္းလိုက္ပါတယ္

သူတို့ကမကစားတတ္ရင္ ကၽြန္ေတာ္တို့ကစားေပးမယ္ မယုံရင္အဲ့ေငြေတြကိုယူထား ရွုံးရင္ျပန္မေပးနဲ႔လို့ေျပာၿပီးကိုယ္စား အတင္းႀကီးကိုကစားေပးပါတယ္
သူတို့လူေတြနဲ႔ဇာတ္တိုက္ထားၿပီး ေဘးကသူတို့လူေတြကပါဝင္ကစားပါတယ္
ပြဲတိုင္းရွုံးပါတယ္ အရွုံးေငြ၃သိန္းျဖစ္သြားၿပီ ေလ်ာ္ပါလို့ေျပာပါတယ္
သူတို့ႀကိဳေပးထားတဲ့ပိုက္ဆံအတုေတြကိုျပန္ယူၿပီးရွုံးေငြေတြေတာင္းပါတယ္
မေပးနိုင္ဘူးသမီးတို့ကစားတာမဟုတ္ဘူးဘာမွမသိပါဘူးလို့ေျပာရင္အုပ္စုဖြဲ႕ၿပီးပါလာတဲ့အိတ္ေတြအကုန္ဖြင့္ရွိသမၽွပိုက္ဆံေတြထုတ္ယူဖုံးေတြသိမ္း ေယာက္က်ားေလးေတြဆို ဆြဲထိုးတဲ့အထိလုပ္ပါတယ္
ကားဝန္းထဲကကယ္ရီသမားတေယာက္က ဟုတ္တယ္အစ္မ တေန႔ကေကာင္မေလး၂ေယာက္ငိုၿပီးျပန္သြားရတယ္
တခါကလည္းေကာင္ေလးတေယာက္ေအာက္စီဂ်င္အိုးဝယ္ဖို့အိမ္ကေပးလိုက္တဲ့ေငြသိန္း၂၀ပါသြားလို့ေအာ္ငိုတယ္လို့ေျပာပါတယ္ ဟယ္မဖမ္းဘူးလား
မတိုင္ၾကဘူးလားဆိုေတာ့ သူတို့ကလူမိုက္ေတြအုပ္ဖြဲ႕ၿပီးလုပ္စားေနတာ ကၽြန္ေတာ္တို့လည္းဘာမွမလုပ္ရဲဘူး
အခုျပထားတဲ့ကား၂စီးနဲ႔ မနက္ဆိုလာတယ္ညေနျပန္ၾကပါတယ္တဲ့
ေဘးမွာလည္းအမွတ္၁ စစ္ဘက္ေရးရာလုံျခဳံေရးအကူတပ္ရွိပါတယ္
သြားတိုင္လည္းခဏပဲလုံးဝကိုအေရးမယူပါဘူးတဲ့ ဒီေန႔လည္းအမ်ိဳးသမီးတေယာက္သူတို့ကို videoရိုက္လိုက္တာသိသြားၿပီးအုပ္စုဖြဲ႕ၿပီးျပန္ဖ်က္ခိုင္းပါတယ္
အဲ့အမ်ိဳးသမီးျပန္ဖ်က္ေပးေနတုန္းက်မလည္းသူတို့ကိုဓာတ္ပုံခိုးရိုက္လိုက္တာ သူတို့မသိလိုက္ပါဘူး
အဲ့အမ်ိဳးသမီးကိုလည္းဘယ္သခၤ်ိဳင္းကုန္းႀကိဳက္လဲေရြးလိုက္လို့ေျပာပါတယ္
ကယ္ရီသမားက အစ္မေရလုပ္စားေနတာၾကာၿပီတဲ့ဖမ္းမဲ့သူကိုမရွိတာ ေဘးက တပ္ကလည္းဘာမွကိုလုပ္မေပးဘူးတဲ့ အမ်ားျပည္သူအႏၲာရာယ္ႀကီးလြန္းတာမို့ အျမန္ဆုံးအေရးယူေပးဖို့ေတာင္းဆိုအပ္ပါတယ္
zawgyi version
ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဂိတ်မှာ ဒီလူအုပ်စုအယောက်၂၀ လောက်က
ကားမှတ်တိုင်မှာငယ်ရွယ်တဲ့ လူငယ်လေးများမိန်းမပျိုလေးများ
ကားရပ်စောင့်နေသောခရီးသည်များကိုအုပ်စုဖွဲ့ပြီး လမ်းမပေါ်မှာအသင့်ပါလာတဲ့
v
အဝတ်ကိုချက်ချင်းခင်း ဖဲကဒ်တွေချပြီး လောင်းကစားဝိုင်းပုံချက်ချင်းဖန်တီးကာ လာတဲ့ခရီးသည်တွေကိုလက်ကဆွဲပြီး ကစားဖို့ခေါ်ပါတယ်
သူတို့လက်ထဲတွင်ကိုင်ထားသောငွေတစ်သောင်းတန်အထပ်လိုက်(scan)ငွေအတုများကိုလက်ထဲအတင်းထိုးထည့်ပြီးအဓမ္မကစားခိုင်းပါတယ်

ငယ်ရွယ်တဲ့လူငယ်လေးမိန်းမပျိုလေးများကရှက်လို့ပြန်မပြောရဲပဲ အငိုက်မိပြီးရပ်ကြည့်နေပါတယ်
ဒီအချိန်သူတို့လူအုပ်နဲ့ဝိုင်းလိုက်ပါတယ်
သူတို့ကမကစားတတ်ရင် ကျွန်တော်တို့ကစားပေးမယ် မယုံရင်အဲ့ငွေတွေကိုယူထား ရှုံးရင်ပြန်မပေးနဲ့လို့ပြောပြီးကိုယ်စား အတင်းကြီးကိုကစားပေးပါတယ်
သူတို့လူတွေနဲ့ဇာတ်တိုက်ထားပြီး ဘေးကသူတို့လူတွေကပါဝင်ကစားပါတယ်
ပွဲတိုင်းရှုံးပါတယ် အရှုံးငွေ၃သိန်းဖြစ်သွားပြီ လျော်ပါလို့ပြောပါတယ်
သူတို့ကြိုပေးထားတဲ့ပိုက်ဆံအတုတွေကိုပြန်ယူပြီးရှုံးငွေတွေတောင်းပါတယ်
မပေးနိုင်ဘူးသမီးတို့ကစားတာမဟုတ်ဘူးဘာမှမသိပါဘူးလို့ပြောရင်အုပ်စုဖွဲ့ပြီးပါလာတဲ့အိတ်တွေအကုန်ဖွင့်ရှိသမျှပိုက်ဆံတွေထုတ်ယူဖုံးတွေသိမ်း ယောက်ကျားလေးတွေဆို ဆွဲထိုးတဲ့အထိလုပ်ပါတယ်

ကားဝန်းထဲကကယ်ရီသမားတယောက်က ဟုတ်တယ်အစ်မ တနေ့ကကောင်မလေး၂ယောက်ငိုပြီးပြန်သွားရတယ်
တခါကလည်းကောင်လေးတယောက်အောက်စီဂျင်အိုးဝယ်ဖို့အိမ်ကပေးလိုက်တဲ့ငွေသိန်း၂ဝပါသွားလို့အော်ငိုတယ်လို့ပြောပါတယ် ဟယ်မဖမ်းဘူးလား
မတိုင်ကြဘူးလားဆိုတော့ သူတို့ကလူမိုက်တွေအုပ်ဖွဲ့ပြီးလုပ်စားနေတာ ကျွန်တော်တို့လည်းဘာမှမလုပ်ရဲဘူး
အခုပြထားတဲ့ကား၂စီးနဲ့ မနက်ဆိုလာတယ်ညနေပြန်ကြပါတယ်တဲ့
ဘေးမှာလည်းအမှတ်၁ စစ်ဘက်ရေးရာလုံခြုံရေးအကူတပ်ရှိပါတယ်
သွားတိုင်လည်းခဏပဲလုံးဝကိုအရေးမယူပါဘူးတဲ့ ဒီနေ့လည်းအမျိုးသမီးတယောက်သူတို့ကို videoရိုက်လိုက်တာသိသွားပြီးအုပ်စုဖွဲ့ပြီးပြန်ဖျက်ခိုင်းပါတယ်
အဲ့အမျိုးသမီးပြန်ဖျက်ပေးနေတုန်းကျမလည်းသူတို့ကိုဓာတ်ပုံခိုးရိုက်လိုက်တာ သူတို့မသိလိုက်ပါဘူး
အဲ့အမျိုးသမီးကိုလည်းဘယ်သင်္ချိုင်းကုန်းကြိုက်လဲရွေးလိုက်လို့ပြောပါတယ်
ကယ်ရီသမားက အစ်မရေလုပ်စားနေတာကြာပြီတဲ့ဖမ်းမဲ့သူကိုမရှိတာ ဘေးက တပ်ကလည်းဘာမှကိုလုပ်မပေးဘူးတဲ့ အများပြည်သူအန္တာရာယ်ကြီးလွန်းတာမို့ အမြန်ဆုံးအရေးယူပေးဖို့တောင်းဆိုအပ်ပါတယ်



