ၾကားသိရသမွ်

မင်္ဂလာပွဲကို သတိုးသမီးဝတ်စုံဖြင့် ကိုယ်တိုင်ဆိုင်ကယ်မောင်းကာ မြို့ပတ်ပြီးကျင်းပခဲ့လို့seemore

မင်္ဂလာပွဲကို သတိုးသမီးဝတ်စုံဖြင့် ကိုယ်တိုင်ဆိုင်ကယ်မောင်းကာ မြို့ပတ်ပြီးကျင်းပခဲ့လို့ မြင်တွေ့သူတိုင်းက ပါးစပ်အဟောင်းသားဖြစ်သွားရသည့် ဘိုက်ကာကောင်မလေး၏မင်္ဂလာပွဲ

စာဖတ်သူတို့အနေဖြင့်လည်း မိမိရည်မှန်းထားသောချစ်သူလေးနှင့် လက်ထပ်ပွဲလေးကျင်းပရာတွင် ခမ်းနားပြီးပြည့်စုံစွာ ကျင်းပချင်သည်ဟု စိတ်ကူးယဉ်မိမှာသေချာပါတယ်။

ထိုင်ဝမ်နိုင်ငံမှ စုံတွဲနှစ်ဦး၏ မင်္ဂလာပွဲလေးကတော့ ချစ်သူနှစ်ဦး၏ရင်ထဲတွင် အမှတ်တရများစွာကျန်ရှိနေမည့်အပြင် မြင်တွေ့သူများကပါ အားကျနေမိမှာသေချာပါတယ်။

ထိုင်ဝမ်နိုင်ငံ New Taipei Cityမြို့တွင် QuyenQuyenဆိုသည့်ကောင်မလေးဟာ မင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

သူမဟာဆိုင်ကယ်ဘီးကြီးများကိုသဘောကျသည့် ဘိုက်ကာမလေးတစ်ဦးလည်းဖြစ်ပါတယ်။

ထို့ကြောင့်လည်း ကောင်မလေးဟာ သတိုးသမီးဝတ်စုံနှင့်ပင် ဆိုင်ကယ်ကြီးကိုမောင်းပြီး မြို့ပတ်ကာ မင်္ဂလာပွဲလေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

သတိုးသားနှင့်သတိုးသမီးတို့၏ ဆိုင်ကယ်နှစ်စီးကို ဝန်းရံပြီး အခြားဆိုင်ကယ်လေးများက မောင်းနှင်သွားလာပုံဟာ အားကျဖို့ကောင်းနေခဲ့ပါတယ်။

Shoon (Cele Daily)







Shoon (Cele Daily)