Zawgyi
Unicode
ကမ္ဘာ့အသေးဆုံးမိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသော အသက်၃နှစ်အရွယ် ချစ်စဖွယ်ကလေးမလေး
လူသားတို့နေထိုင်ရာ လောကကြီးသည် ထူးခြားဆန်းပြားသော အရာများစွာနှင့် ပြည့်နှက်နေကာ အချို့သောသူများသည် မွေးရာပါ အားနည်းချက် ချို့ယွင်းချက်တွေကြောင့် သာမန်မဟုတ်ပဲ မပြည့်စုံခြင်းတွေနှင့်အတူ မွေးဖွားလာခြင်းဖြင့် ဂရုဏာသက်ဖွယ် ကောင်းလှသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ Hunanပြည်နယ်တွင် နေထိုင်သော အသက်၃နှစ်အရွယ် ကလေးမလေးသည် အရပ်အမောင်းအားဖြင့် ၁၃လက်မ၊အလေးချိန် ၁.၅ကီ လို ဂရမ်နှင့် ၂.၃ပေါင်ဖြင့် မွေးဖွားလာခဲ့၍ ကမ္ဘာ့အသေးငယ်ဆုံး မိန်းကလေးအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
ဆရာဝန်များဧ။် ပြောကြားချက်အရ ကလေးမလေးသည် မျိုးရိုးဗီဇ ပြောင်းလဲမှုတွင် ကြီးထွားမှုနှုန်းကို ရပ်တန့်စေသည့် ချို့ယွင်းချက်ကြောင့် ဟုဆိုခဲ့ပြီး အရုပ်ကလေးနှင့်ပင် ဆင်တူနေခဲ့ကာ တစ်မိသားစုလုံးက ဝိုင်းချစ်တာကိုခံခဲ့ရသည်။
လက်ရှိတွင် ကလေးမလေးသည် အသက်၃နှစ်အရွယ် ရောက်ပြီဖြစ်သော်လည်း ခြေထောက်လေးတွေက မသန်စွမ်းဖြစ်နေသေးတာကြောင့် လမ်းမလျှောက်နိုင်သေးသည့်အပြင် ဆေးကုသမှုအမြဲခံနေရကာ ဆေးရုံဆေးခန်းသို့ ခဏခဏသွားခဲ့ရသည်။
ကလေးမလေးသည် ပတ်ဝန်းကျင်ရှိ အခြားသော သက်တူရွယ်တူ ကလေးတွေလိုပုံမှန်ဖြစ်မနေသော်လည်း မိသားစုရဲ့နွေးထွေးကြင်နာမှုတွေကြောင့် အမြဲလိုလို ရွှင်လန်းပြီး ရယ်ပြုံးနေလျက်ရှိသည်။