ၾကားသိရသမွ်

သီလရှင်ကနေ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာတဲ့ ဒေါ်ဝရဉာဏီ

သီလရွင္ကေန လက္နက္ကိုင္ေတာ္လွန္ေရးသမားျဖစ္လာတဲ့ ေဒၚဝရဉာဏီ

အသက္ ၃၀ ေက်ာ္အ႐ြယ္ ရွမ္း-ကရင္စပ္ မနန္းဝင့္ဝါဟာ စစ္တပ္အာဏာမသိမ္းခင္က ဆရာေလး ေဒၚဝရဉာဏီ ဆိုတဲ့ဘြဲ႕အမည္နဲ႔ သီလရွင္ဘဝနဲ႔ တရားေဆာက္တည္ေနခဲ့သူပါ။အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ PDF ေတြကို ေထာက္ပံ့လို႔ဆိုၿပီး စစ္ေကာင္စီ တပ္သားေတြက သူ႔ကို ႐ိုက္ႏွက္ဖမ္းဆီးဖို႔ႀကိဳးစားခဲ့တယ္လို႔ မနန္းဝင့္ဝါက ေျပာျပပါတယ္။

“သူတို႔က ရင္သားေတြ ရင္ဘတ္ေတြကို ၾကမ္းၾကမ္းတမ္းတမ္းေတြ ကိုင္တြယ္တဲ့အခါက်ေတာ့ ဒီကိုက္ ၿပဲသြားတယ္။ အထဲက အခံအက်ႌႏွိပ္သီးက ၿပဲထြက္သြားတယ္။ ဒါႀကီးက ဘတ္လပ္ႀကီး ဆိုေတာ့ ရင္သားေတြ ေပၚသြားတာေပါ့။ အေပၚက ကိုယ္႐ုံကို စည္းၿပီးေျပးရတာေပါ့။ ဒါက နမူနာျပတာ။ သကၤန္းဆြဲလိုက္လို႔ ၿပဲသြားတဲ့ တစ္စိတ္တပိုင္းကို နမူနာျပတာ“

ဆရာေလး ေဒၚဝရဉာဏီကို ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္က တစ္ပါးထိုင္သီလရွင္ေက်ာင္းမွာ ရွိေနတုန္း ၿပီးခဲ့တဲ့ ဇူလိုင္လမွာ စစ္ေကာင္စီတပ္သား ငါးေယာက္နဲ႔ အရပ္ဝတ္တစ္ေယာက္က ဖမ္းဖို႔ႀကိဳးစားခဲ့တာပါ။ သူ႔ကို PDF ကိုေထာက္ပံ့တဲ့ သီလရွင္အတုလို႔ဆိုၿပီး ေက်ာင္းေပၚကေန ဆြဲခ်ၿပီးတဲ့ေနာက္ ေျမႀကီးေပၚမွာ ေမွာက္ခိုင္းထားခဲ့တာပါ။

အဲဒီအခ်ိန္ ေခါင္းတစ္ခ်က္ေမာ့ၾကည့္လိုက္မိတဲ့အခါ ႐ိုက္ႏွက္ခံရတဲ့ပုံစံေတြကိုလည္း မနန္းဝင့္ဝါက ေျပာျပပါတယ္။“ေျခေထာက္နဲ႔ကန္တယ္ ေခါင္းကို၊ ေခါင္းျပန္ေထာင္လို႔ဆိုၿပီးေတာ့ ေျခေထာက္နဲ႔ေဆာင့္ခ်ၿပီး ကန္လိုက္တဲ့ အခ်ိန္မွာ မ်က္ႏွာေတြ ထိသြားတယ္။ ေနာက္ၿပီး ေသနတ္ဒင္ေတြနဲ႔ ေက်ာကုန္ေတြထုတယ္။ ရင္ဘတ္ေတြ ႐ိုက္တယ္။ ေခါင္းေတြ ႐ိုက္တယ္“

လာဖမ္းတဲ့ စစ္သားေတြက သီလရွင္ေက်ာင္းထဲမွာ စုေဆာင္းထားတဲ့အလႉေငြ သိန္း ၂၀ နဲ႔ ေဆးဝါးေတြကို အာ႐ုံစိုက္ေနခ်ိန္မွာ၊ အနားမွာေစာင့္ေနတဲ့ စစ္သားကို တြန္းလွဲၿပီး ထြက္ေျပးခဲ့တယ္လို႔ ေျပာပါတယ္။“ကိုယ္က ဒီေန႔ ၾကားထားတယ္။ ေနာက္ေန႔ အေလာင္းလာထုတ္ဆိုတာေတြ ၾကားထားေတာ့ အေသေတာ့ မခံႏိုင္ဘူး။ အေသမခံႏိုင္ေတာ့ ေျပးမယ္ေပါ့။ သူတို႔ဟိုဘက္မွာ သည္းႀကီးမည္းႀကီး ရွာေနတုန္း ေဘးက စစ္သားကို တြန္းခ်ၿပီးေတာ့ ထြက္ေျပးရတာ။ ေက်ာင္းေဘးမွာ လ်ိဳရွိတယ္။ အဲဒီကေန တက္သြားရင္ လမ္းမေရာက္တယ္။ အဲဒီကေန ေတာက္ေလွ်ာက္ေျပးတာ လုံးဝလွည့္မၾကည့္ေတာ့ဘူး“

ရင္သားေတြကို ၾကမ္းၾကမ္းတမ္းတမ္း ဆြဲကိုင္ခံခဲ့ရတာ၊ ေသနတ္ဒင္နဲ႔ ထုခံရတာေတြေၾကာင့္ ရင္ဘတ္၊ ေက်ာနဲ႔လက္ျပင္ေတြမွာ အညိဳအမည္းစြဲတဲ့ ဒဏ္ရာေတြ၊ ႏႈတ္ခမ္းေပါက္သြားတဲ့ ဒဏ္ရာေတြကို ရန္ကုန္မွာ အခ်ိန္ႏွစ္လေလာက္ၾကာေအာင္ ေဆးကုခဲ့ရပါတယ္။

မနန္းဝင့္ဝါဟာ မိဘမဲ့ကေလးဘဝနဲ႔ ႀကီးျပင္းခဲ့ရေပမယ့္ ဥပေဒဘြဲ႕ရတဲ့အထိ ပညာသင္ခဲ့ပါတယ္။ သာသနာ့ေဘာင္ မဝင္ခင္က စင္ကာပူႏိုင္ငံမွာ အလုပ္သြားလုပ္ခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ သီလရွင္ခဏဝတ္မယ္ဆိုၿပီး ဝတ္ခဲ့ေပမယ့္ စိတ္ေအးခ်မ္းတာေၾကာင့္ လူမထြက္ျဖစ္ေတာ့ဘဲ သာသနာ့ေဘာင္မွာပဲ ဆက္ေနျဖစ္ေတာ့တာလို႔ ေျပာျပပါတယ္။

ဒါေပမဲ့ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူေတြဆႏၵျပတာကို စစ္တပ္က အၾကမ္းဖက္ၿဖိဳခြဲတာေတြလည္း သူၾကားသိခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ မတ္လက ရန္ကုန္တိုင္း ေျမာက္ဥကၠလာၿမိဳ႕နယ္မွာ ဆႏၵျပသူေတြ အၾကမ္းဖက္ၿဖိဳခြဲခံရတာ၊ ပရဟိတလူငယ္ေတြ ႐ိုက္ႏွက္ခံရတာေတြကို ျမင္ခဲ့ရၿပီး စိတ္မေကာင္း ျဖစ္ခဲ့ပါတယ္။အဲဒီအျပင္ ကိုဗစ္တတိယလႈိင္း ျမင့္တက္ခ်ိန္မွာ ေအာက္ဆီဂ်င္ျပတ္လို႔ ဒကာ၊ ဒကာမေတြ ေသဆုံးလာတဲ့အတြက္ ေအာက္ဆီဂ်င္အိုးရဖို႔ တန္းစီေပးတာေတြလည္း သူက လုပ္ေပးခဲ့ပါတယ္။ ေအာက္ဆီဂ်င္တန္းစီေနရင္း စစ္ေကာင္စီတပ္ေတြရဲ႕ ႏိုင္ထက္စီးနင္းလုပ္တာကိုလည္း ခံခဲ့ရတဲ့အတြက္ ေတာ္လွန္ခ်င္စိတ္ေတြ အစပ်ိဳးလာခဲ့တယ္လို႔ သူက ေျပာပါတယ္။

“ေျမာင္းတကာ သံမဏိစက္႐ုံမွာ ဆရာေလး တန္းစီတဲ့အခ်ိန္တုန္းက မိုးႀကီးေလႀကီးထဲမွာ တန္းစီရတယ္။ ဒါေပမဲ့ ကိုယ္ေတြက မရဘူးခ်က္ခ်င္း။ ခ်က္ခ်င္းမရတဲ့အျပင္ သူတို႔ေတြက စစ္ကားေတြနဲ႔ လာၿပီးေတာ့ ႏွစ္စီး၊ သုံးစီးေလာက္က အျပည့္တင္သြားၿပီးေတာ့ တန္းမစီဘူး။ ေသနတ္ႀကီးေတြနဲ႔လာၿပီးေတာ့ လုပ္သြားတယ္။ ကိုယ္ေတြကိုေတာ့ ေနာက္ဆုတ္ခိုင္းတယ္။ ဒါေတြက ရင္ထဲမွာ မခံႏိုင္ေတာ့ ဒီလိုေတာင္မွ လုပ္ရက္လားေပါ့“

ဒီလိုမ်ိဳး စစ္တပ္ရဲ႕အၾကမ္းဖက္မႈေတြကို ေတြ႕ျမင္ၾကားသိခဲ့ရသလို ကိုယ္တိုင္လည္း အၾကမ္းဖက္ ဖမ္းဆီးခံရၿပီး ထြက္ေျပးလြတ္ေျမာက္လာတဲ့အခါ ေဒၚဝရဉာဏီ တစ္ျဖစ္လဲ မနန္းဝင့္ဝါဟာ အာဏာရွင္ကို မျဖစ္မေန ေတာ္လွန္မွရေတာ့မယ္ဆိုတဲ့စိတ္နဲ႔ သီလရွင္အဝတ္နဲ႔ ေတာထဲကိုေရာက္သြားၿပီးမွ လူထြက္ျဖစ္ခဲ့တာပါ။

အရင္က သီလရွင္ဝတ္ခ်ိန္မွာ စိတ္ေအးခ်မ္းခဲ့ရသေလာက္ လူထြက္လိုက္ခ်ိန္မွာေတာ့ ဝမ္းနည္းစိတ္နဲ႔ ဆရာေလး ေဒၚဝရဉာဏီ မ်က္ရည္က်ခဲ့ပါတယ္။စစ္အာဏာရွင္ကို ေတာ္လွန္ဖို႔ လူထြက္ၿပီးေနာက္ပိုင္း သူေလးစားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ပုံနဲ႔ လက္မွတ္ကို ရင္ဘတ္မွာတက္တူးထိုးခဲ့ၿပီး မိန္းကေလးေတြလည္း ကိုယ့္ကိုယ္ပိုင္အခြင့္အေရးအရ တက္တူးထိုးခြင့္ရွိတယ္ဆိုတဲ့ အယူအဆကို အေကာင္ထည္ေဖာ္ခဲ့ပါတယ္။

တက္တူးထိုးထားတဲ့ မိန္းကေလးတိုင္းဟာ အက်င့္စာရိတၱ ေဖာက္ျပားသူ မဟုတ္ဘူးလို႔ ေဒၚဝရဉာဏီ တစ္ျဖစ္လဲ မနန္းဝင့္ဝါ က ေျပာပါတယ္။

“တက္တူးနဲ႔ ကိုယ္က်င့္တရားက ဘာမွမဆိုင္ဘူး။ တက္တူးမရွိဘဲနဲ႔လည္း ကိုယ္က်င့္တရား ခ်ိဳ႕ယြင္းေနတာေတြ ၾကည့္ပါလား။ မအလ ဆိုရင္ သူ႔မွာတက္တူးရွိခ်င္မွရွိမွာ ကိုယ္က်င့္တရားကေတာ့ စုတ္ျပတ္သတ္ေနတာ။ တကိုယ္လုံး တက္တူးပရပြနဲ႔လူကလည္း ပရဟိတလုပ္ၿပီး စိတ္ေကာင္းႏွလုံးေကာင္းနဲ႔ ကိုယ္က်င့္တရား ေကာင္းေနတာေတြ အမ်ားႀကီးပါပဲ“

ဆရာေလး ေဒၚဝရဉာဏီ တစ္ျဖစ္လဲ မနန္းဝင့္ဝါ လက္ရွိေနတဲ့ စစ္သင္တန္းေနရာေလးမွာ ရိကၡာအတြက္ အသီးအ႐ြက္ေတြကို ကိုယ္တိုင္စိုက္ပ်ိဳး စားေသာက္ၾကရပါတယ္။ အမ်ိဳးသား ညီၫြတ္ေရး အစိုးရ NUG ကို အကူအညီေတာင္းထားေပမယ့္လည္း မရေသးပါဘူးလို႔ ဆိုပါတယ္။

ျပည္သူေတြကလည္း ေတာ္လွန္ေရးမွာ ပါဝင္တဲ့အေနနဲ႔ မလိုအပ္ဘဲ အျပင္မထြက္တာ၊ ေတာ္လွန္ေရး လုပ္ေနတဲ့ လူငယ္ေတြကို ေထာက္ပံ့တာ၊ ေစာင့္ေရွာက္တာေတြအျပင္ ေတာ္လွန္ေရးအတြက္ အေထာက္အပံ့ျဖစ္ေစမယ့္ ေဆာင္႐ြက္ခ်က္ေတြကို ႏိုင္တဲ့ေနရာကေန ကူညီဝိုင္းဝန္းေပးၾကဖို႔ ဆရာေလး ေဒၚဝရဉာဏီက တစ္ျဖစ္လဲ မနန္းဝင့္ဝါက ေမတၱာရပ္ခံပါတယ္။

source-RFA

သီလရှင်ကနေ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာတဲ့ ဒေါ်ဝရဉာဏီ

အသက် ၃၀ ကျော်အရွယ် ရှမ်း-ကရင်စပ် မနန်းဝင့်ဝါဟာ စစ်တပ်အာဏာမသိမ်းခင်က ဆရာလေး ဒေါ်ဝရဉာဏီ ဆိုတဲ့ဘွဲ့အမည်နဲ့ သီလရှင်ဘဝနဲ့ တရားဆောက်တည်နေခဲ့သူပါ။အာဏာသိမ်းပြီးနောက်ပိုင်းမှာ PDF တွေကို ထောက်ပံ့လို့ဆိုပြီး စစ်ကောင်စီ တပ်သားတွေက သူ့ကို ရိုက်နှက်ဖမ်းဆီးဖို့ကြိုးစားခဲ့တယ်လို့ မနန်းဝင့်ဝါက ပြောပြပါတယ်။

“သူတို့က ရင်သားတွေ ရင်ဘတ်တွေကို ကြမ်းကြမ်းတမ်းတမ်းတွေ ကိုင်တွယ်တဲ့အခါကျတော့ ဒီကိုက် ပြဲသွားတယ်။ အထဲက အခံအင်္ကျီနှိပ်သီးက ပြဲထွက်သွားတယ်။ ဒါကြီးက ဘတ်လပ်ကြီး ဆိုတော့ ရင်သားတွေ ပေါ်သွားတာပေါ့။ အပေါ်က ကိုယ်ရုံကို စည်းပြီးပြေးရတာပေါ့။ ဒါက နမူနာပြတာ။ သင်္ကန်းဆွဲလိုက်လို့ ပြဲသွားတဲ့ တစ်စိတ်တပိုင်းကို နမူနာပြတာ“

ဆရာလေး ဒေါ်ဝရဉာဏီကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က တစ်ပါးထိုင်သီလရှင်ကျောင်းမှာ ရှိနေတုန်း ပြီးခဲ့တဲ့ ဇူလိုင်လမှာ စစ်ကောင်စီတပ်သား ငါးယောက်နဲ့ အရပ်ဝတ်တစ်ယောက်က ဖမ်းဖို့ကြိုးစားခဲ့တာပါ။ သူ့ကို PDF ကိုထောက်ပံ့တဲ့ သီလရှင်အတုလို့ဆိုပြီး ကျောင်းပေါ်ကနေ ဆွဲချပြီးတဲ့နောက် မြေကြီးပေါ်မှာ မှောက်ခိုင်းထားခဲ့တာပါ။

အဲဒီအချိန် ခေါင်းတစ်ချက်မော့ကြည့်လိုက်မိတဲ့အခါ ရိုက်နှက်ခံရတဲ့ပုံစံတွေကိုလည်း မနန်းဝင့်ဝါက ပြောပြပါတယ်။“ခြေထောက်နဲ့ကန်တယ် ခေါင်းကို၊ ခေါင်းပြန်ထောင်လို့ဆိုပြီးတော့ ခြေထောက်နဲ့ဆောင့်ချပြီး ကန်လိုက်တဲ့ အချိန်မှာ မျက်နှာတွေ ထိသွားတယ်။ နောက်ပြီး သေနတ်ဒင်တွေနဲ့ ကျောကုန်တွေထုတယ်။ ရင်ဘတ်တွေ ရိုက်တယ်။ ခေါင်းတွေ ရိုက်တယ်“

လာဖမ်းတဲ့ စစ်သားတွေက သီလရှင်ကျောင်းထဲမှာ စုဆောင်းထားတဲ့အလှူငွေ သိန်း ၂၀ နဲ့ ဆေးဝါးတွေကို အာရုံစိုက်နေချိန်မှာ၊ အနားမှာစောင့်နေတဲ့ စစ်သားကို တွန်းလှဲပြီး ထွက်ပြေးခဲ့တယ်လို့ ပြောပါတယ်။“ကိုယ်က ဒီနေ့ ကြားထားတယ်။ နောက်နေ့ အလောင်းလာထုတ်ဆိုတာတွေ ကြားထားတော့ အသေတော့ မခံနိုင်ဘူး။ အသေမခံနိုင်တော့ ပြေးမယ်ပေါ့။ သူတို့ဟိုဘက်မှာ သည်းကြီးမည်းကြီး ရှာနေတုန်း ဘေးက စစ်သားကို တွန်းချပြီးတော့ ထွက်ပြေးရတာ။ ကျောင်းဘေးမှာ လျိုရှိတယ်။ အဲဒီကနေ တက်သွားရင် လမ်းမရောက်တယ်။ အဲဒီကနေ တောက်လျှောက်ပြေးတာ လုံးဝလှည့်မကြည့်တော့ဘူး“

ရင်သားတွေကို ကြမ်းကြမ်းတမ်းတမ်း ဆွဲကိုင်ခံခဲ့ရတာ၊ သေနတ်ဒင်နဲ့ ထုခံရတာတွေကြောင့် ရင်ဘတ်၊ ကျောနဲ့လက်ပြင်တွေမှာ အညိုအမည်းစွဲတဲ့ ဒဏ်ရာတွေ၊ နှုတ်ခမ်းပေါက်သွားတဲ့ ဒဏ်ရာတွေကို ရန်ကုန်မှာ အချိန်နှစ်လလောက်ကြာအောင် ဆေးကုခဲ့ရပါတယ်။

မနန်းဝင့်ဝါဟာ မိဘမဲ့ကလေးဘဝနဲ့ ကြီးပြင်းခဲ့ရပေမယ့် ဥပဒေဘွဲ့ရတဲ့အထိ ပညာသင်ခဲ့ပါတယ်။ သာသနာ့ဘောင် မဝင်ခင်က စင်ကာပူနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ သီလရှင်ခဏဝတ်မယ်ဆိုပြီး ဝတ်ခဲ့ပေမယ့် စိတ်အေးချမ်းတာကြောင့် လူမထွက်ဖြစ်တော့ဘဲ သာသနာ့ဘောင်မှာပဲ ဆက်နေဖြစ်တော့တာလို့ ပြောပြပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေဆန္ဒပြတာကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲတာတွေလည်း သူကြားသိခဲ့ရပါတယ်။ ပြီးခဲ့တဲ့ မတ်လက ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ်မှာ ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွဲခံရတာ၊ ပရဟိတလူငယ်တွေ ရိုက်နှက်ခံရတာတွေကို မြင်ခဲ့ရပြီး စိတ်မကောင်း ဖြစ်ခဲ့ပါတယ်။အဲဒီအပြင် ကိုဗစ်တတိယလှိုင်း မြင့်တက်ချိန်မှာ အောက်ဆီဂျင်ပြတ်လို့ ဒကာ၊ ဒကာမတွေ သေဆုံးလာတဲ့အတွက် အောက်ဆီဂျင်အိုးရဖို့ တန်းစီပေးတာတွေလည်း သူက လုပ်ပေးခဲ့ပါတယ်။ အောက်ဆီဂျင်တန်းစီနေရင်း စစ်ကောင်စီတပ်တွေရဲ့ နိုင်ထက်စီးနင်းလုပ်တာကိုလည်း ခံခဲ့ရတဲ့အတွက် တော်လှန်ချင်စိတ်တွေ အစပျိုးလာခဲ့တယ်လို့ သူက ပြောပါတယ်။

“မြောင်းတကာ သံမဏိစက်ရုံမှာ ဆရာလေး တန်းစီတဲ့အချိန်တုန်းက မိုးကြီးလေကြီးထဲမှာ တန်းစီရတယ်။ ဒါပေမဲ့ ကိုယ်တွေက မရဘူးချက်ချင်း။ ချက်ချင်းမရတဲ့အပြင် သူတို့တွေက စစ်ကားတွေနဲ့ လာပြီးတော့ နှစ်စီး၊ သုံးစီးလောက်က အပြည့်တင်သွားပြီးတော့ တန်းမစီဘူး။ သေနတ်ကြီးတွေနဲ့လာပြီးတော့ လုပ်သွားတယ်။ ကိုယ်တွေကိုတော့ နောက်ဆုတ်ခိုင်းတယ်။ ဒါတွေက ရင်ထဲမှာ မခံနိုင်တော့ ဒီလိုတောင်မှ လုပ်ရက်လားပေါ့“

ဒီလိုမျိုး စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကို တွေ့မြင်ကြားသိခဲ့ရသလို ကိုယ်တိုင်လည်း အကြမ်းဖက် ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာတဲ့အခါ ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါဟာ အာဏာရှင်ကို မဖြစ်မနေ တော်လှန်မှရတော့မယ်ဆိုတဲ့စိတ်နဲ့ သီလရှင်အဝတ်နဲ့ တောထဲကိုရောက်သွားပြီးမှ လူထွက်ဖြစ်ခဲ့တာပါ။

အရင်က သီလရှင်ဝတ်ချိန်မှာ စိတ်အေးချမ်းခဲ့ရသလောက် လူထွက်လိုက်ချိန်မှာတော့ ဝမ်းနည်းစိတ်နဲ့ ဆရာလေး ဒေါ်ဝရဉာဏီ မျက်ရည်ကျခဲ့ပါတယ်။စစ်အာဏာရှင်ကို တော်လှန်ဖို့ လူထွက်ပြီးနောက်ပိုင်း သူလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ လက်မှတ်ကို ရင်ဘတ်မှာတက်တူးထိုးခဲ့ပြီး မိန်းကလေးတွေလည်း ကိုယ့်ကိုယ်ပိုင်အခွင့်အရေးအရ တက်တူးထိုးခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို အကောင်ထည်ဖော်ခဲ့ပါတယ်။

တက်တူးထိုးထားတဲ့ မိန်းကလေးတိုင်းဟာ အကျင့်စာရိတ္တ ဖောက်ပြားသူ မဟုတ်ဘူးလို့ ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါ က ပြောပါတယ်။

“တက်တူးနဲ့ ကိုယ်ကျင့်တရားက ဘာမှမဆိုင်ဘူး။ တက်တူးမရှိဘဲနဲ့လည်း ကိုယ်ကျင့်တရား ချို့ယွင်းနေတာတွေ ကြည့်ပါလား။ မအလ ဆိုရင် သူ့မှာတက်တူးရှိချင်မှရှိမှာ ကိုယ်ကျင့်တရားကတော့ စုတ်ပြတ်သတ်နေတာ။ တကိုယ်လုံး တက်တူးပရပွနဲ့လူကလည်း ပရဟိတလုပ်ပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ ကိုယ်ကျင့်တရား ကောင်းနေတာတွေ အများကြီးပါပဲ“

ဆရာလေး ဒေါ်ဝရဉာဏီ တစ်ဖြစ်လဲ မနန်းဝင့်ဝါ လက်ရှိနေတဲ့ စစ်သင်တန်းနေရာလေးမှာ ရိက္ခာအတွက် အသီးအရွက်တွေကို ကိုယ်တိုင်စိုက်ပျိုး စားသောက်ကြရပါတယ်။ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို အကူအညီတောင်းထားပေမယ့်လည်း မရသေးပါဘူးလို့ ဆိုပါတယ်။

ပြည်သူတွေကလည်း တော်လှန်ရေးမှာ ပါဝင်တဲ့အနေနဲ့ မလိုအပ်ဘဲ အပြင်မထွက်တာ၊ တော်လှန်ရေး လုပ်နေတဲ့ လူငယ်တွေကို ထောက်ပံ့တာ၊ စောင့်ရှောက်တာတွေအပြင် တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် ဆောင်ရွက်ချက်တွေကို နိုင်တဲ့နေရာကနေ ကူညီဝိုင်းဝန်းပေးကြဖို့ ဆရာလေး ဒေါ်ဝရဉာဏီက တစ်ဖြစ်လဲ မနန်းဝင့်ဝါက မေတ္တာရပ်ခံပါတယ်။

source-RFA