မိမိတို့လူသားများအတွက် ကျန်းမာခြင်းဟာလဏ်တစ်ပါးဟုပင် တင်စားပြောဆိုနိုင်တာဖြစ်ပါတယ်။
မည်မျှသောစည်းစိမ်ဥစ္စာတွေကို ပိုင်ဆိုင်ထားပါစေ နေမကောင်းပါက ပျော်ရွင်မှုဆိုတာ မရှိနိုင်တော့ပေ။
ယခုတွင်လည်း တရုတ်နိုင်ငံမှ Loa Loaဆိုသည့်ကလေးဟာ မွေးရာပါချို့ယွင်းမှုကြောင့် လမ်းမလျှောက်နိုင်ဘဲ ဦးနှောက်အာရုံကြောနှင့် ထိဆက်နေခဲ့တာဟုသိရပါတယ်။
ထို့ကြောင့် ၉နှစ်အရွယ်မှာတော့ သားငယ်လေးကို မိဘများက ခွဲစိတ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အန္တရာယ်များသော ခွဲစိတ်မှုကြောင့် ကလေးငယ်လေးဟာ ခွဲစိတ်မှုမအောင်မြင်ခဲ့ရင် မိခင်ကဝမ်းနည်းနေမှာစိုးရိမ်လို့ ကလေးနောက်တစ်ယောက်မွေးပြီး ပျော်ပျော်နေဖို့အတွက် မျက်ရည်တွေနှင့်မှာနေခဲ့တာဖြစ်ပါတယ်။
ထို့နောက်မှာတော့ ကလေးကို အောင်မြင်စွာ ကုသနိုင်ခဲ့တယ်ဟုသိရပါတယ်။
Zawgyi