ၾကားသိရသမွ်

ႏိုင္ငံေတာ္သစ္ႏွင့္ တပ္မေတာ္သစ္ မၾကာမွီ ေပၚလာေတာ့မည္ဟု NUG ယာယီသမၼတေျပာ

ႏိုင္ငံေတာ္သစ္ႏွင့္ တပ္မေတာ္သစ္ မၾကာမွီ ေပၚလာေတာ့မည္ဟု NUG ယာယီသမၼတေျပာ

ျပည္သူ႔အာဏာကို အေျခခံသည့္ ႏိုင္ငံေတာ္အသစ္ႏွင့္ ျပည္သူတိုင္းကို အကာအကြယ္ေပးမည့္ တပ္မေတာ္ အသစ္တစ္ခု မၾကာမွီ ေပၚေပါက္လာေတာ့မည္ဟု ၾကားကာလ

အမ်ိဳးသားညီၫြတ္ေရး အစိုးရ NUG ယာယီ သမၼတ ဒူဝါလရွီးလ က ေျပာၾကားလိုက္သည္။ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ေႏြဦးေတာ္လွန္ေရး ၁ ႏွစ္ျပည့္သည့္ ေန႔တြင္ ယာယီသမၼတ က ျပည္သူလူထုထံသို႔

ေျပာၾကားသည့္ မိန႔္ခြန္းထဲတြင္ ထိုသို႔ ထည့္ေျပာသြင္းေျပာဆိုခဲ့ျခင္း ျဖစ္သည္။ယာယီ သမၼတ ဒူဝါလရွီးလက “တို႔ျပည္သူ မ်ား ရည္ေမွ်ာ္တဲ့ အနာဂတ္ျမန္မာႏိုင္ငံေတာ္သစ္ (New Myanmar) ကို ပုံေဖာ္ထုဆစ္မယ္သူ

ဟာလည္း ျမန္မာျပည္သူမ်ား ကိုယ္တိုင္ ျဖစ္ပါတယ္။ မၾကာေသာကာလမွာ တိုင္းရင္း သားျပည္သူေတြရဲ႕ ညီၫြတ္မႈ စြမ္းပကားေၾကာင့္ စစ္မွန္တဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုသစ္ဟာ ကမာၻ႔ အလယ္မွာ ဂုဏ္သိကၡာရွိရွိ ေပၚထြန္းလာေတာ့မွာ

ျဖစ္ပါတယ္” ဟု ျဖစ္သည္။လက္ရွိေတာ္လွန္ေရးသည္ ႏိုင္ငံ၏ က႑ေပါင္းစုံတြင္ ဗိုလ္က်စိုးမိုးေနသည့္ စစ္အာဏာရွင္စနစ္ကို အျပစ္ျပတ္ ေတာ္လွန္သြားမည္သာမက အမ်ိဳးသား တန္းတူေရး၊

ကိုယ္ပိုင္ျပဌာန္းခြင့္ႏွင့္ ၿငိမ္းခ်မ္းၿပီး သဟဇာတျဖစ္သည့္ လူ႔အဖြဲ႕အစည္းတစ္ခုကို ႏိုင္ငံေတာ္သစ္တြင္ တည္ေဆာက္သြားမည္ဟု NUG ယာယီ သမၼတ က ဆိုသည္။“စစ္အာရွင္ စနစ္ဖယ္ရွားၿပီးတဲ့အခါ ဘယ္လိုအနာဂတ္မ်ိဳးကို ကြၽန္ေတာ္တို႔

ေမွ်ာ္မွန္းပါသလဲ၊ တိုင္းသူျပည္ သားအားလုံး ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအျပည့္အဝရရွိတဲ့ ႏိုင္ငံေတာ္၊ တိုင္းရင္းသား အားလုံး တန္းတူေရးနဲ႔ ကိုယ္ပိုင္ ျပဌာန္းခြင့္တည္းဟူေသာ ဖက္ဒရယ္အခြင့္အေရးမ်ား

အျပည့္အဝ ရရွိတဲ့ ျပည္ေထာင္စု၊ ခြဲျခားမႈ ကင္းတဲ့၊ ၿငိမ္းခ်မ္းတဲ့၊ သဟဇာတျဖစ္တဲ့ လူအဖြဲ႕အစည္း တစ္ရပ္ ေပၚေပါက္လာဖို႔ ေမွ်ာ္မွန္းထားတာ ျဖစ္တဲ့ အတြက္ မြန္ျမတ္သန႔္စင္တဲ့ ေတာ္လွန္ေရး ျဖစ္တယ္ လို႔ဆိုခ်င္ပါတယ္။ အခုဆိုရင္

အနာဂတ္ ျမန္မာ ႏိုင္ငံေတာ္ သစ္ (New Myanmar) ရဲ႕ အာ႐ုဏ္ဦးကို ျပည္သူ႔ေတာ္လွန္ေရးနဲ႔အတူ ကြၽန္ေတာ္တို႔ မ်က္ ေမွာက္ျပဳႏိုင္ၿပီ ျဖစ္ ပါတယ္” ဟု ယာယီ သမၼတ ဒူဝါလရွီးလ က ေျပာသည္။ထိုသို႔ တည္ေဆာက္ႏိုင္ရန္အတြက္

ေတာ္လွန္ေရးအင္အားစုမ်ား အေနျဖင့္ ၿပိဳဆင္းေနၿပီျဖစ္သည့္ စစ္ေကာင္စီ ကို အနားမေပးစတမ္း ဆက္လက္ေတာ္လွန္ၾကရန္ႏွင့္ ျပည္သူမ်ားအေနျဖင့္လည္း ေႏြဦးေတာ္လွန္ေရးတြင္ ႏိုင္ ရာက႑မွ ပါဝင္ေပးၾကရန္ ယာယီသမၼတ က ေတာင္းဆိုထားသည္။

ထို႔အျပင္ ႏိုင္ငံေတာ္ အသစ္ႏွင့္အတူ ျပည္သူကို အကာအကြယ္ေပးမည့္ တပ္မေတာ္အသစ္ တစ္ရပ္ကိုလည္း တည္ေထာင္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ NUG အေနျဖင့္ ျပည္သူ႔ကာကြယ္ေရးတပ္ PDF တပ္ဖြဲ႕မ်ားကို ဖြဲ႕စည္း ထား ႏိုင္သည္သာမက ထိုအဖြဲ႕အမ်ားသည္လည္း တိုင္းရင္းသား လက္နက္ကိုင္ ေတာ္လွန္ေရး အဖြဲ႕အစည္းမ်ား ႏွင့္ ဟန္ခ်က္ညီညီ ပူးေပါင္း တိုက္ပြဲဝင္လ်က္ရွိသည္ဟု ယာယီ သမၼတ ဒူဝါလရွီးလက ဆိုသည္။

၎က “စစ္အာဏာရွင္ အေတြးအေခၚ ႀကီးစိုးၿပီး ျပည္သူကို ရန္ျပဳ အၾကမ္းဖက္ေနတဲ့ စစ္တပ္ကို ဖ်က္သိမ္း ပစ္ဖို႔နဲ႔ ျပည္သူကို အမွန္တကယ္ ကာကြယ္ေစာင့္ေရွာက္ၿပီး ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ အေပၚ ယုံၾကည္သက္ ဝင္တဲ့ တပ္မေတာ္သစ္တစ္ရပ္ တည္ေထာင္ဖို႔ဆိုတာလည္း

သမိုင္းရဲ႕ ေတာင္းဆိုခ်က္ျဖစ္ပါ တယ္။ျပည္သူ႔ေတာ္ လွန္မႈ တစ္ႏွစ္တာကာလအတြင္း “ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္” PDFကို ဖြဲ႕စည္းထူ ေထာင္ႏိုင္ျခင္းဟာ ျမန္ မာ ျပည္သူေတြရဲ႕ အေရးႀကီးတဲ့ စြမ္းေဆာင္မႈ ျဖစ္ပါတယ္။ အခုဆိုရင္ ျပည္သူ႔ ကာကြယ္ေရးတပ္မေတာ္ဟာ တိုင္းရင္းသား

ေတာ္လွန္ေရးအဖြဲ႕ (EAOs) မ်ားနဲ႔ လက္တြဲၿပီး စုဖြဲ႕မႈ၊ ဗဟိုအမိန္႔ေပးကြပ္ကဲမႈစနစ္ တည္ေဆာက္ မႈ၊ စစ္မဟာဗ်ဴဟာ ညႇိႏႈိင္းေရးဆြဲမႈနဲ႔ စုေပါင္း အေကာင္အထည္ေဖာ္မႈမ်ား တိုးတက္အားေကာင္း လာၿပီျဖစ္တဲ့ အတြက္ ေတာ္လွန္ေရးခရီး မေဝးေတာ့ဘူးလို႔ က်ေနာ္တို႔ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

ေလးစားစြာျဖင့္ ခရက္ဒပ္ေပးပါသည္။

နိုင်ငံတော်သစ်နှင့် တပ်မတော်သစ် မကြာမှီ ပေါ်လာတော့မည်ဟု NUG ယာယီသမ္မတပြော

ပြည်သူ့အာဏာကို အခြေခံသည့် နိုင်ငံတော်အသစ်နှင့် ပြည်သူတိုင်းကို အကာအကွယ်ပေးမည့် တပ်မတော် အသစ်တစ်ခု မကြာမှီ ပေါ်ပေါက်လာတော့မည်ဟု ကြားကာလ

အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောကြားလိုက်သည်။ဖေဖော်ဝါရီလ ၁ ရက်နေ့ နွေဦးတော်လှန်ရေး ၁ နှစ်ပြည့်သည့် နေ့တွင် ယာယီသမ္မတ က ပြည်သူလူထုထံသို့

ပြောကြားသည့် မိန့်ခွန်းထဲတွင် ထိုသို့ ထည့်ပြောသွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ယာယီ သမ္မတ ဒူဝါလရှီးလက “တို့ပြည်သူ များ ရည်မျှော်တဲ့ အနာဂတ်မြန်မာနိုင်ငံတော်သစ် (New Myanmar) ကို ပုံဖော်ထုဆစ်မယ်သူ

ဟာလည်း မြန်မာပြည်သူများ ကိုယ်တိုင် ဖြစ်ပါတယ်။ မကြာသောကာလမှာ တိုင်းရင်း သားပြည်သူတွေရဲ့ ညီညွတ်မှု စွမ်းပကားကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ဟာ ကမ္ဘာ့ အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ပေါ်ထွန်းလာတော့မှာ

ဖြစ်ပါတယ်” ဟု ဖြစ်သည်။လက်ရှိတော်လှန်ရေးသည် နိုင်ငံ၏ ကဏ္ဍပေါင်းစုံတွင် ဗိုလ်ကျစိုးမိုးနေသည့် စစ်အာဏာရှင်စနစ်ကို အပြစ်ပြတ် တော်လှန်သွားမည်သာမက အမျိုးသား တန်းတူရေး၊

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ငြိမ်းချမ်းပြီး သဟဇာတဖြစ်သည့် လူ့အဖွဲ့အစည်းတစ်ခုကို နိုင်ငံတော်သစ်တွင် တည်ဆောက်သွားမည်ဟု NUG ယာယီ သမ္မတ က ဆိုသည်။“စစ်အာရှင် စနစ်ဖယ်ရှားပြီးတဲ့အခါ ဘယ်လိုအနာဂတ်မျိုးကို ကျွန်တော်တို့

မျှော်မှန်းပါသလဲ၊ တိုင်းသူပြည် သားအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြည့်အဝရရှိတဲ့ နိုင်ငံတော်၊ တိုင်းရင်းသား အားလုံး တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်တည်းဟူသော ဖက်ဒရယ်အခွင့်အရေးများ

အပြည့်အဝ ရရှိတဲ့ ပြည်ထောင်စု၊ ခွဲခြားမှု ကင်းတဲ့၊ ငြိမ်းချမ်းတဲ့၊ သဟဇာတဖြစ်တဲ့ လူအဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားတာ ဖြစ်တဲ့ အတွက် မွန်မြတ်သန့်စင်တဲ့ တော်လှန်ရေး ဖြစ်တယ် လို့ဆိုချင်ပါတယ်။ အခုဆိုရင်

အနာဂတ် မြန်မာ နိုင်ငံတော် သစ် (New Myanmar) ရဲ့ အာရုဏ်ဦးကို ပြည်သူ့တော်လှန်ရေးနဲ့အတူ ကျွန်တော်တို့ မျက် မှောက်ပြုနိုင်ပြီ ဖြစ် ပါတယ်” ဟု ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။ထိုသို့ တည်ဆောက်နိုင်ရန်အတွက်

တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြိုဆင်းနေပြီဖြစ်သည့် စစ်ကောင်စီ ကို အနားမပေးစတမ်း ဆက်လက်တော်လှန်ကြရန်နှင့် ပြည်သူများအနေဖြင့်လည်း နွေဦးတော်လှန်ရေးတွင် နိုင် ရာကဏ္ဍမှ ပါဝင်ပေးကြရန် ယာယီသမ္မတ က တောင်းဆိုထားသည်။

ထို့အပြင် နိုင်ငံတော် အသစ်နှင့်အတူ ပြည်သူကို အကာအကွယ်ပေးမည့် တပ်မတော်အသစ် တစ်ရပ်ကိုလည်း တည်ထောင်သွားမည်ဖြစ်ပြီး လက်ရှိတွင် NUG အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များကို ဖွဲ့စည်း ထား နိုင်သည်သာမက ထိုအဖွဲ့အများသည်လည်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ဟန်ချက်ညီညီ ပူးပေါင်း တိုက်ပွဲဝင်လျက်ရှိသည်ဟု ယာယီ သမ္မတ ဒူဝါလရှီးလက ဆိုသည်။

၎င်းက “စစ်အာဏာရှင် အတွေးအခေါ် ကြီးစိုးပြီး ပြည်သူကို ရန်ပြု အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖျက်သိမ်း ပစ်ဖို့နဲ့ ပြည်သူကို အမှန်တကယ် ကာကွယ်စောင့်ရှောက်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အပေါ် ယုံကြည်သက် ဝင်တဲ့ တပ်မတော်သစ်တစ်ရပ် တည်ထောင်ဖို့ဆိုတာလည်း

သမိုင်းရဲ့ တောင်းဆိုချက်ဖြစ်ပါ တယ်။ပြည်သူ့တော် လှန်မှု တစ်နှစ်တာကာလအတွင်း “ပြည်သူ့ကာကွယ်ရေး တပ်မတော်” PDFကို ဖွဲ့စည်းထူ ထောင်နိုင်ခြင်းဟာ မြန် မာ ပြည်သူတွေရဲ့ အရေးကြီးတဲ့ စွမ်းဆောင်မှု ဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်ဟာ တိုင်းရင်းသား

တော်လှန်ရေးအဖွဲ့ (EAOs) များနဲ့ လက်တွဲပြီး စုဖွဲ့မှု၊ ဗဟိုအမိန့်ပေးကွပ်ကဲမှုစနစ် တည်ဆောက် မှု၊ စစ်မဟာဗျူဟာ ညှိနှိုင်းရေးဆွဲမှုနဲ့ စုပေါင်း အကောင်အထည်ဖော်မှုများ တိုးတက်အားကောင်း လာပြီဖြစ်တဲ့ အတွက် တော်လှန်ရေးခရီး မဝေးတော့ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု ပြောသည်။

လေးစားစွာဖြင့် ခရက်ဒပ်ပေးပါသည်။