ၾကားသိရသမွ်






@lamthienvu2
Mấy a chị cứ lo cô e Út đi hẹn hò làn đầu trai lạ😂 tận lầu 5 chung cư vẫn zoom để quan sát🥰 có Bạn nào đã từng nz chưa😅@h02072000 @duykhangvuduyen
♬ nhạc nền – Lam Thien Vu
Rain (For Ialinks)

Unicode

အငယ်ဆုံးညီမလေးဖြစ်သူမှာ ပထမဆုံးအကြိမ်အဖြစ် ရည်းစားထားပြီး ချိန်းတွေ့ခဲ့ရာ အစ်ကိုကြီးမှ စိတ်မချလို့ဆိုပြီး ၃ထပ်တိုက်ပေါ်ကနေ စောင့်ကြည့်နေခဲ့သည့်အဖြစ်

အစ်ကိုကြီးတော့ အဖရာဆိုသည့်အတိုင်း မောင်နှမတွေထဲမှ အကြီးဆုံးတွေသည် အောက်ကညီလေး ညီမလေးတွေအပေါ် အနစ်နာခံကာ ကြည့်ရှုစောင့်ရှောက်ပေးလျက်ရှိသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် မောင်နှမ၃ယောက်ရှိပြီး အိမ်မှာအငယ်ဆုံးလေးဖြစ်နေကာ ကျောင်းပြီး၍ ပထမဆုံးရည်းစား စထားခဲ့သည်။

ထိုအချိန်တွင် အစ်ကိုနှင့်အစ်မတို့သည် ညီမလေးဖြစ်သူမှ ချစ်သူကောင်လေးနဲ့ ပထမဆုံးချိန်းတွေ့မည်ဟု ဆိုသောအခါ စိတ်မချနိုင်လို့ဆိုပြီး သူတို့စုံတွဲသွားလေရာနောက် မသိအောင် တကောကောက်ပတ်လိုက်ကြည့်ခဲ့သည်။

ထို့အပြင် ညီမလေးတို့စုံတွဲမှ အစားစားသောအခါတွင်လည်း အနီးနားရှိ ၃ထပ်တိုက်ပေါ်ကနေ စောင့်ကြည့်ခဲ့ခြင်းဖြင့် အခြားသော စုံတွဲတွေလို ကောင်းကောင်းမရိုခဲ့ရပဲ စားပြီးတာနဲ့ အိမ်တန်းပြန်ခဲ့ရသည်။

Rain (For Ialinks)