မိုင်းဖုန်းဆရာတော် အားနည်းကာကျန်းမာရေးမကောင်းဖြစ်နေ၍ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ် မိုင်းကျက်ဂူတွင် (၃) နှစ် (၃) လ (၃) ရက် အဓိဌာန်ဝင် ဂူအောင်းကာ တရားဘာဝနာ ကျင့်ကြံပြီးနောက် သြဂုတ်လ(၁) ရက်တွင် ဂူမှထွက်လာပြီး လာရောက်ဖူးမျှော်ကြသည့်
ရပ်နီးရပ်ဝေးမှ ဒကာ ဒကာမများအား (၃) ရက် (၃) ည တရားဟောကြားပေးခဲ့သည့်အပြင် ရှမ်းပြည်တောင်ပိုင်း မြို့နယ်တချို့သို့ သာသနာပြုခရီးများ ကြွရောက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ (၈) ရက်နနက်အစောပိုင်း ကျိုင်းတောင်းမှ နမ့်စန်မြို့သို့ ထွက်ခွာခဲ့ပြီးနောက်ပိုင်း နမ့်စန်မှ မိုင်းဖုန်းသို့ မရပ်မနားဘဲ ခရီးထွက်လာခဲ့ရာ အားနည်း၍ ကျန်းမာရေးမကောင်း ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဆရာတော်အနေဖြင့် ဂူမှထွက်လာပြီးနောက် သြဂုတ်လ (၄) ရက်ညနေပိုင်းတွင် မိုင်းကျက်ဂူမှ မိုင်းဆတ်မြို့သို့ လည်းကောင်း၊ သြဂုတ်လ (၅) ရက်တွင် မိုင်းတုံမြို့ကမ္မဌာန်းကျောင်းဝင်းအတွင်းရှိ
စေတီတော်အား ထီးတင်၊ တရားဟောကြားတော်မူခြင်း၊ ညပိုင်းတွင်မူ မိုင်းတုံမြို့နယ် မိုင်းဟန်အုပ်စုရှိ သဗ္ဗေညုမင်္ဂလာစုမ့်မိန်း စေတီတော်အား ထီးတင်ခခြင်းတို ပြုလုပ်ခဲ့ကြောင်း၊ သြဂုတ် (၇) ရက်
နားကောင်းမူးမှတစ်ဆင့် သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ လင်းခေး၊ မိုးနဲသို့ ရောက်ရှိတရားဟောကြားပြီး အဆိုပါနေရာမှ ရေအားလျှပ်စစ်ထုတ်လုပ်ရာ ကျိုင်းတောင်းမြို့ ရေတံခွန်ရှိ ကျောင်း၌ ကျိန်းစက်ခဲ့ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် မိုင်းဖုန်းကျောင်းတိုက်၌ ဝါခေါင်လပြည့်နေ့တွင် ဝါဆိုမည် ဖြစ်ကြောင်း၊ တပည့် ဒကာများဖြင့် တွေ့ဆုံမှု၊ တရားပွဲများကိုလည်း ခေတ္တရပ်နားထားကာ ဝစီပိတ် ကျင့်ကြံသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော်သည် သြဂုတ်လ (၆) ရက် လင်းခေး ခရီးစဉ်ကစ၍ ဒကာများအား နှုတ်ဖြင့်တရားဟောကြားမှု မပြုလုပ်တော့ဘဲ လက်ဟန်ဖြင့်သာဟောကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
zawgyi
မိုင္းဖုန္းဆရာေတာ္ အားနည္းကာက်န္းမာေရးမေကာင္းျဖစ္ေန၍ ထိုင္းႏိုင္ငံတြင္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။
မိုင္းဆတ္ၿမိဳ႕နယ္ မိုင္းက်က္ဂူတြင္ (၃) ႏွစ္ (၃) လ (၃) ရက္ အဓိဌာန္ဝင္ ဂူေအာင္းကာ တရားဘာဝနာ က်င့္ႀကံၿပီးေနာက္ ၾသဂုတ္လ(၁) ရက္တြင္ ဂူမွထြက္လာၿပီး လာေရာက္ဖူးေမွ်ာ္ၾကသည့္
ရပ္နီးရပ္ေဝးမွ ဒကာ ဒကာမမ်ားအား (၃) ရက္ (၃) ည တရားေဟာၾကားေပးခဲ့သည့္အျပင္ ရွမ္းျပည္ေတာင္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕သို႔ သာသနာျပဳခရီးမ်ား ႂကြေရာက္ခဲ့ေၾကာင္း သိရသည္။
ၾသဂုတ္လ (၈) ရက္နနက္အေစာပိုင္း က်ိဳင္းေတာင္းမွ နမ့္စန္ၿမိဳ႕သို႔ ထြက္ခြာခဲ့ၿပီးေနာက္ပိုင္း နမ့္စန္မွ မိုင္းဖုန္းသို႔ မရပ္မနားဘဲ ခရီးထြက္လာခဲ့ရာ အားနည္း၍ က်န္းမာေရးမေကာင္း ျဖစ္ခဲ့ျခင္း ျဖစ္သည္။
ဆရာေတာ္အေနျဖင့္ ဂူမွထြက္လာၿပီးေနာက္ ၾသဂုတ္လ (၄) ရက္ညေနပိုင္းတြင္ မိုင္းက်က္ဂူမွ မိုင္းဆတ္ၿမိဳ႕သို႔ လည္းေကာင္း၊ ၾသဂုတ္လ (၅) ရက္တြင္ မိုင္းတုံၿမိဳ႕ကမၼဌာန္းေက်ာင္းဝင္းအတြင္းရွိ
ေစတီေတာ္အား ထီးတင္၊ တရားေဟာၾကားေတာ္မူျခင္း၊ ညပိုင္းတြင္မူ မိုင္းတုံၿမိဳ႕နယ္ မိုင္းဟန္အုပ္စုရွိ သေဗၺညဳမဂၤလာစုမ့္မိန္း ေစတီေတာ္အား ထီးတင္ချခင္းတို ျပဳလုပ္ခဲ့ေၾကာင္း၊ ၾသဂုတ္ (၇) ရက္
နားေကာင္းမူးမွတစ္ဆင့္ သွ်မ္းျပည္ေတာင္ပိုင္း မိုင္းပန္၊ လင္းေခး၊ မိုးနဲသို႔ ေရာက္ရွိတရားေဟာၾကားၿပီး အဆိုပါေနရာမွ ေရအားလွ်ပ္စစ္ထုတ္လုပ္ရာ က်ိဳင္းေတာင္းၿမိဳ႕ ေရတံခြန္ရွိ ေက်ာင္း၌ က်ိန္းစက္ခဲ့ေၾကာင္း သိရသည္။
မိုင္းဖုန္းဆရာေတာ္သည္ မိုင္းဖုန္းေက်ာင္းတိုက္၌ ဝါေခါင္လျပည့္ေန႔တြင္ ဝါဆိုမည္ ျဖစ္ေၾကာင္း၊ တပည့္ ဒကာမ်ားျဖင့္ ေတြ႕ဆုံမႈ၊ တရားပြဲမ်ားကိုလည္း ေခတၱရပ္နားထားကာ ဝစီပိတ္ က်င့္ႀကံသြားမည္ ျဖစ္ေၾကာင္း သိရသည္။
မိုင္းဖုန္းဆရာေတာ္သည္ ၾသဂုတ္လ (၆) ရက္ လင္းေခး ခရီးစဥ္ကစ၍ ဒကာမ်ားအား ႏႈတ္ျဖင့္တရားေဟာၾကားမႈ မျပဳလုပ္ေတာ့ဘဲ လက္ဟန္ျဖင့္သာေဟာၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
crd