သူဝယ်ထားတဲ့ ကျောက်စိမ်းမှ သိန်းပေါင်းထောင်ချီအမြတ်ရတော့မှာဖြစ်တဲ့အတွက် အရမ်းပျော်နေတဲ့ ထူးခြားရဲ့ဗီဒီယိုဖိုင်
ကိုယ်တိုင်လည်းပျော်ပျော်ပဲနေတတ်ပြီး ပရိသတ်တွေကိုလည်းအမြဲပျော်ရွှင်စေချင်တာကတော့ သရုပ်ဆောင်ထူးခြားပဲဖြစ်ပါတယ်။
သူကတော့ အနုပညာလောကမှာအချိန်တော်ကြာရပ်တည်ပြီးအောင်မြင်နေတာပါ။ခုနောက်ပိုင်းမှာ ပရိသတ်တွေနဲ့ ပိုနီးကပ်စွာရှိတာကြောင့် ပိုပြီးလူသိများအောင်မြင်လာတာပါ။
ထူးခြားကတော့ ယောက်ျားလေးဖန်တွေရဲ့အားပေးမှုကိုအပြည့်ရထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့အနုပညာအလုပ်တွေနားနေချိန် ကိုဗစ်ကာလအတွင်းကတည်းက “ဘဲကြီး”ဆိုတဲ့နာမည်နဲ့ နံရိုးမီးတောက်၊ဝက်လက်ပေါင်းတွေ ကိုလူမှုကွန်ရက်ကနေရောင်းချခဲ့တာဖြစ်ပါတယ်။ရောင်းချခဲ့တဲ့နေ့ကနေခုချိန်ထိ စေတနာတွေနဲ့အကောင်းဆုံးလက်ရာတွေကြောင့် ကြိုတင်မှာယူတာတောင်မရလောက်တဲ့အထိ အားပေးသူများပြားခဲတာပါ။
ထူးခြားကခုမှာ online က ဈေးလေးလည်းရောင်းရင်း ကျောက်လေးတွေဝယ်ပြီး ကျောက်စိမ်းတွေရှာနေတာပါ။ခုမှာတော့သူဝယ်ထားတဲ့ကျောက်လေးကို ခွဲရင်းနဲ့အထဲမှာအဖိုးတန်ကျောက်စိမ်းလေးကိုရခဲ့တာပါ။
ခုလိုအဖိုးတန်ကျောက်လေးရခဲ့တာကြောင့် ထူးခြားရော ပရိသတ်တွေကပါပျော်နေတာပါ။ထူးခြားရရှိခဲ့တဲ့ ကျောက်စိမ်းလေးကိုလည်း အောက်က video လေးကိုကြည့်ပြီး သူ့အတွက်ဂုဏ်ယူစကားလေးတွေပြောပေးကြပါဦးနော်။
Credit
Zawgyi
သူဝယ္ထားတဲ့ ေက်ာက္စိမ္းမွ သိန္းေပါင္းေထာင္ခ်ီအျမတ္ရေတာ့မွာျဖစ္တဲ့အတြက္ အရမ္းေပ်ာ္ေနတဲ့ ထူးျခားရဲ႕ဗီဒီယိုဖိုင္
ကိုယ္တိုင္လည္းေပ်ာ္ေပ်ာ္ပဲေနတတ္ၿပီး ပရိသတ္ေတြကိုလည္းအၿမဲေပ်ာ္႐ႊင္ေစခ်င္တာကေတာ့ သ႐ုပ္ေဆာင္ထူးျခားပဲျဖစ္ပါတယ္။
သူကေတာ့ အႏုပညာေလာကမွာအခ်ိန္ေတာ္ၾကာရပ္တည္ၿပီးေအာင္ျမင္ေနတာပါ။ခုေနာက္ပိုင္းမွာ ပရိသတ္ေတြနဲ႔ ပိုနီးကပ္စြာရွိတာေၾကာင့္ ပိုၿပီးလူသိမ်ားေအာင္ျမင္လာတာပါ။
ထူးျခားကေတာ့ ေယာက္်ားေလးဖန္ေတြရဲ႕အားေပးမႈကိုအျပည့္ရထားတဲ့သူတစ္ေယာက္လည္းျဖစ္ပါတယ္။ သူကေတာ့အႏုပညာအလုပ္ေတြနားေနခ်ိန္ ကိုဗစ္ကာလအတြင္းကတည္းက “ဘဲႀကီး”ဆိုတဲ့နာမည္နဲ႔ နံ႐ိုးမီးေတာက္၊ဝက္လက္ေပါင္းေတြ ကိုလူမႈကြန္ရက္ကေနေရာင္းခ်ခဲ့တာျဖစ္ပါတယ္။ေရာင္းခ်ခဲ့တဲ့ေန႔ကေနခုခ်ိန္ထိ ေစတနာေတြနဲ႔အေကာင္းဆုံးလက္ရာေတြေၾကာင့္ ႀကိဳတင္မွာယူတာေတာင္မရေလာက္တဲ့အထိ အားေပးသူမ်ားျပားခဲတာပါ။
ထူးျခားကခုမွာ online က ေဈးေလးလည္းေရာင္းရင္း ေက်ာက္ေလးေတြဝယ္ၿပီး ေက်ာက္စိမ္းေတြရွာေနတာပါ။ခုမွာေတာ့သူဝယ္ထားတဲ့ေက်ာက္ေလးကို ခြဲရင္းနဲ႔အထဲမွာအဖိုးတန္ေက်ာက္စိမ္းေလးကိုရခဲ့တာပါ။
ခုလိုအဖိုးတန္ေက်ာက္ေလးရခဲ့တာေၾကာင့္ ထူးျခားေရာ ပရိသတ္ေတြကပါေပ်ာ္ေနတာပါ။ထူးျခားရရွိခဲ့တဲ့ ေက်ာက္စိမ္းေလးကိုလည္း ေအာက္က video ေလးကိုၾကည့္ၿပီး သူ႔အတြက္ဂုဏ္ယူစကားေလးေတြေျပာေပးၾကပါဦးေနာ္။
Credit



