ညည နှစ်ထောင်ပေးမယ် ငါးထောင်ပေးမယ်တဲ့- ကလေးအမေ ၁၈ နှစ်အရွယ်လေးခဗျာ မကူညီဘဲ ခြေတော်တင်ဖို့ကြိုးစားကြသူတွေရဲ့ဝိုင်းရံနေခြင်းကိုခံရတယ်။ ညည နှစ်ထောင်၊ ငါးထောင် ကိုပဲထိုင်ယူနေရင်တောင် သူ့သမီးလေးနဲ့သူ အဆင်ပြေတဲ့ဘဝ ရနိူင်ကောင်းရဲ့။
သို့သော်လဲ ဇာမဏီငှက်တို့ရဲ့နှလုံးသားလိုမျိုး အသက်သေမှ အမြှီးကျွတ်ခံမယ်ဆိုတဲ့စိတ်နဲ့ အနီးနား အဝတ်လျှော် မီးပူတိုက်ရင်းဖြူစင်စွာ သားအမိနှစ်ယောက် အသက်မွေးမြူကြတယ်။ အိမ်ကအစုတ်လူတွေကလဲ အစုတ်ဒါပေမယ့် သူတို့သားအမိရဲ့နှလုံးသားမစုတ်ပြတ်ခဲ့ဘူး – လင်မရှိ ဆွေမျိုးမရှိလို။

အနီးနားစောင့်ရှောက်သူတွေ ပေးထားတဲ့နေရာလေးမှာ အမေနဲ့ သမီး အပြန်အလှန်မေတ္တာတွေနဲ့ငြိမ်းချမ်းလို့လှပလို့အေးမြလို့အရွယ်ကောင်းလေး ကို မသမာသူတွေလိုင်းသွင်းမှာ စိုးရိမ်ကြတဲ့ အနီးနားမိတ်ဆွေများရဲ့ဖုန်းဆက်ခေါ်ယူမှု နဲ့ယနေ့ညမှာဘဲ သူတို့သားအမိကိုကျွန်တော်ထိမ်းသိမ်းစောင့်ရှောက်နိုင်လိုက်ပါပြီ

ဖုန်းဖြင့်ဆက်သွယ်ပေးတဲ့ ညီမလေးကိုလဲ ကျေးဇူးတင်ပါတယ်။ဘဝများစွာ မိသားစုများစွာငြိမ်းချမ်း သာယာ ရှိကြပါစေခင်ဗျာ။ (လေးစားမှုဖြင့် ခရက်ဒစ်)
လောကကြီးမှာ စိတ်ကောင်းရှိတဲ့လူတွေရှိသလို လူယုတ်မာတွေကလည်း အပြည့်ပါ။ ကလေးမလေးမှာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကလေးအမေဖြစ်နေပီး ခိုကိုးရာမဲ့နေပေမယ့် ကူညီဖို့နေနေသာသာ တစ်ဖက်သားရဲ့ အားနည်းချက်ကို ချနင်းပီး အနိုင်ကျင့်ချင်ကြသေးတယ်။ ကလေးမလေးရဲ့ စိတ်ဓာတ်ကို

လေးစားမိပါတယ်။ ကူညီပေးလိုက်တဲ့သူကိုလည်း အရမ်းလေးစားကျေးဇူးတင်မိပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုစိတ်ကောင်းရှိတဲ့လူတွေ များများပေါ်ထွက်လာပါစေလို့လည်း ဆုတောင်းပါတယ်ဗျာ။ အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေ…..

Credit
Zawgyi
ညည ႏွစ္ေထာင္ေပးမယ္ ငါးေထာင္ေပးမယ္တဲ့- ကေလးအေမ ၁၈ ႏွစ္အရြယ္ေလးခဗ်ာ မကူညီဘဲ ေျခေတာ္တင္ဖို႔ႀကိဳးစားၾကသူေတြရဲ့ဝိုင္းရံေနျခင္းကိုခံရတယ္။ ညည ႏွစ္ေထာင္၊ ငါးေထာင္ ကိုပဲထိုင္ယူေနရင္ေတာင္ သူ႔သမီးေလးနဲ႔သူ အဆင္ေျပတဲ့ဘဝ ရနိူင္ေကာင္းရဲ့။
သို႔ေသာ္လဲ ဇာမဏီငွက္တို႔ရဲ့ႏွလုံးသားလိုမ်ိဳး အသက္ေသမွ အျမႇီးကၽြတ္ခံမယ္ဆိုတဲ့စိတ္နဲ႔ အနီးနား အဝတ္ေလၽွာ္ မီးပူတိုက္ရင္းျဖဴစင္စြာ သားအမိႏွစ္ေယာက္ အသက္ေမြးျမဴၾကတယ္။ အိမ္ကအစုတ္လူေတြကလဲ အစုတ္ဒါေပမယ့္ သူတို႔သားအမိရဲ့ႏွလုံးသားမစုတ္ျပတ္ခဲ့ဘူး – လင္မရွိ ေဆြမ်ိဳးမရွိလို။
အနီးနားေစာင့္ေရွာက္သူေတြ ေပးထားတဲ့ေနရာေလးမွာ အေမနဲ႔ သမီး အျပန္အလွန္ေမတၱာေတြနဲ႔ၿငိမ္းခ်မ္းလို႔လွပလို႔ေအးျမလို႔အရြယ္ေကာင္းေလး ကို မသမာသူေတြလိုင္းသြင္းမွာ စိုးရိမ္ၾကတဲ့ အနီးနားမိတ္ေဆြမ်ားရဲ့ဖုန္းဆက္ေခၚယူမႈ နဲ႔ယေန႔ညမွာဘဲ သူတို႔သားအမိကိုကၽြန္ေတာ္ထိမ္းသိမ္းေစာင့္ေရွာက္နိုင္လိုက္ပါၿပီ
ဖုန္းျဖင့္ဆက္သြယ္ေပးတဲ့ ညီမေလးကိုလဲ ေက်းဇူးတင္ပါတယ္။ဘဝမ်ားစြာ မိသားစုမ်ားစြာၿငိမ္းခ်မ္း သာယာ ရွိၾကပါေစခင္ဗ်ာ။ (ေလးစားမႈျဖင့္ ခရက္ဒစ္)
ေလာကႀကီးမွာ စိတ္ေကာင္းရွိတဲ့လူေတြရွိသလို လူယုတ္မာေတြကလည္း အျပည့္ပါ။ ကေလးမေလးမွာ ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ကေလးအေမျဖစ္ေနပီး ခိုကိုးရာမဲ့ေနေပမယ့္ ကူညီဖို႔ေနေနသာသာ တစ္ဖက္သားရဲ့ အားနည္းခ်က္ကို ခ်နင္းပီး အနိုင္က်င့္ခ်င္ၾကေသးတယ္။ ကေလးမေလးရဲ့ စိတ္ဓာတ္ကို
ေလးစားမိပါတယ္။ ကူညီေပးလိုက္တဲ့သူကိုလည္း အရမ္းေလးစားေက်းဇူးတင္မိပါတယ္။ ကၽြန္ေတာ္တို႔နိုင္ငံနဲ႔ ကၽြန္ေတာ္တို႔ပတ္ဝန္းက်င္မွာ ဒီလိုစိတ္ေကာင္းရွိတဲ့လူေတြ မ်ားမ်ားေပၚထြက္လာပါေစလို႔လည္း ဆုေတာင္းပါတယ္ဗ်ာ။ အားလုံး ကိုယ္ေရာစိတ္ပါ က်န္းမာခ်မ္းသာၾကပါေစ…..
Credit



