ၾကားသိရသမွ်

ကမ္ဘာ့အမြင့်ဆုံးလေလံအောင်ခဲ့တဲ့အတွက် ဂုဏ်ပြုလွှာရရှိခဲ့တဲ့အဆိုတော် ကိုကျားပေါက်

ကိုကျားပေါက်ရဲ့ Big Bag Band ဟာ ပရိသတ်တွေရဲ့ ရင်ထဲကိုရောက်စေတဲ့ သီချင်းတော်တော်များများနဲ့ အောင်မြင်ခဲ့ပြီး လူငယ်ပရိသတ်အများပြားရဲ့ Idol တစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူး ။

ကျားပေါက်က ခုလက်ရှိ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်မှာ သွေးမအေး ဒူးမထောက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေတဲ့ အနုပညာရှင်တွေထဲမှာလည်းထိပ်ဆုံးကပါဝင်ပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ လွတ်မြောက်နယ်မြေမှာ ရောက်နေပြီး စစ်အာဏာရှင်ကိုဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။အောက်တိုဘာ ၁၇ ရက်နေ့က ကျားပေါက်ရဲ့Doodle Art ဖန်တီးမှုနဲ့ Ukulele ဂစ်တာလေးကလည်း အမေရိကန်ဒေါ်လာ ၂၇,၅၀၀ နဲ့ ကမ္ဘာ့လေလံအမြင့်ဆုံးအောင်မြင်ခဲ့ပြီးတော့ ပြည်သူအစိုးရဖြစ်တဲ့ NUG ကိုအကုန်လှူဒါန်းမှာဖြစ်ပါတယ်။

အချိန်တိုလေးအတွင်းမှာ လေလံအမြင့်ဆုံးတဲ့အောင်ခဲ့တဲ့အပေါ်မှာလည်း ကျားပေါက်ကိုယ်တိုင်ရော ပရိသတ်တွေအကုန်လုံးကလည်း ဂုဏ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

အမြင့်ဆုံးဈေးနဲ့ လေလံအောင်မြင်ခဲ့တဲ့အဆိုတော်ကျားပေါက်ကို အမျိုးသား ညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပါတာဖြစ်ပါတယ်။

ကိုကျားကဂုဏ်ပြုမှတ်တမ်းလွှာနဲ့အတူ“Appreciation letter” ဆိုပြီး သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ကိုကျားရဲ့ဂုဏ်ပြုမှတ်တမ်းလွှာလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

unicode





