ၾကားသိရသမွ်

စစ်တပ်ကလည်း ကြောက်စရာလိုဘူး ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့…..Seemore

မြန်မာ့အရေးဆွေးနွေးပွဲမှာ အောင်ဆန်းစုကြည်မပါမဖြစ် ပါရမှာဖြစ်ပြီး စစ်တပ်ကလည်း ဘာမှကြောက်စရာမလိုဘူးမြန်မာ့အရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က မပါမဖြစ် ပါကိုပါရမှာဖြစ်ပြီး မြန်မာစစ်တပ်က ဘာမှ ကြောက်ရွံ့နေစရာ မလိုဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးပြောဇန်နဝါရီ ၁၇

ဒီမိုကရေစီဖော်ဆောင်ဖို့ မြန်မာ့အရေးဆွေးနွေးပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က မပါမဖြစ် ပါကိုပါရမှာဖြစ်ပြီး မြန်မာစစ်တပ်က ဘာမှ ကြောက်ရွံ့နေစရာ မလိုဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ဖေါ်ဆောင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မရှိမဖြစ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး ဘယ်လိုပဲ ပြစ်ဒဏ်ချမှတ်ထားပါစေ သူမဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ပါကိုပါရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin က “ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ခေါင်းစဉ်တပ်တဲ့ ဆွေးနွေးပွဲတိုင်း အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့်အမည်နဲ့ဆွေးနွေးပွဲတိုင်းမှာ မပါမဖြစ်ပါရမယ့်သူက ဒေါ်အောင်ဆန်းစုကြည် ပဲဖြစ်ပါတယ်။

သူ့ကို ဖမ်းဆီးထောင်ချထားလည်း ပါဝင်ဆွေးနွေးခွင့်ပေးရမယ်။ သူမပါရင် မြန်မာ့ပြဿနာအဖြေရှာတဲ့ ဆွေးနွေးပွဲလို့ မပြောနိုင်ပါဘူး” လို့ဆိုပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်ချမှတ်တာက အတိုက်အခံတွေအပေါ် နှိပ်ကွပ်နေတာ ဖြစ်တယ်လို့ ယင်းက ဆိုပါတယ်။ယင်းက “စစ်ခေါင်းဆောင်တွေကို တောင်းဆိုချင်တာ ကတော့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ညှိနှိုင်းရေး ပြုလုပ်ပြီးဒီမိုကရေစီ အသွင်ကူးပြောင်း ရေး လုပ်ငန်းစဉ်တွေ ပြန်လည်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေး တိုးတက်မှုရှိဖို့၊ သက်ဆိုင်သူအားလုံး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေပေါ်ပေါက်လာအောင် တွန်းအားပေးသွားမယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံများက အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်မဖော်သရွေ့ စစ်ကောင်စီကို အာဆီယံ ထိပ်သီးအစည်းအဝေးများမှ ဖယ်ထုတ်ထားဖို့ပြောကြားထားပါတယ်။mmplf

Credit

Zawgyi Code

ျမန္မာ့အေရးေဆြးေႏြးပြဲမွာ ေအာင္ဆန္းစုၾကည္မပါမျဖစ္ ပါရမွာျဖစ္ၿပီး စစ္တပ္ကလည္း ဘာမွေၾကာက္စရာမလိုဘူးျမန္မာ့အေရးေဆြးေႏြးပြဲေတြမွာ ေဒၚေအာင္ဆန္းစုၾကည္က မပါမျဖစ္ ပါကိုပါရမွာျဖစ္ၿပီး ျမန္မာစစ္တပ္က ဘာမွ ေၾကာက္ရြံ့ေနစရာ မလိုဘူးလို႔ ဖိလစ္ပိုင္ နိုင္ငံျခားေရးဝန္ႀကီးေျပာဇန္နဝါရီ ၁၇

ဒီမိုကေရစီေဖာ္ေဆာင္ဖို႔ ျမန္မာ့အေရးေဆြးေႏြးပြဲေတြမွာ ေဒၚေအာင္ဆန္းစုၾကည္က မပါမျဖစ္ ပါကိုပါရမွာျဖစ္ၿပီး ျမန္မာစစ္တပ္က ဘာမွ ေၾကာက္ရြံ့ေနစရာ မလိုဘူးလို႔ ဖိလစ္ပိုင္ နိုင္ငံျခားေရးဝန္ႀကီး Teodoro Locsin က ေျပာၾကားလိုက္ပါတယ္။

ျမန္မာနိုင္ငံမွာ ဒီမိုကေရစီ ျပန္လည္ေဖၚေဆာင္ေရး အတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ မရွိမျဖစ္ ပုဂၢိဳလ္တစ္ဦး ျဖစ္ၿပီး ဘယ္လိုပဲ ျပစ္ဒဏ္ခ်မွတ္ထားပါေစ သူမဟာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲ ေတြမွာ ပါကိုပါရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဖိလစ္ပိုင္ နိုင္ငံျခားေရးဝန္ႀကီး Teodoro Locsin က “ကေမၻာဒီယား ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ရဲ့ ႀကိဳးစားမႈကို အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ ျမန္မာ့ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္နဲ႔ ေခါင္းစဥ္တပ္တဲ့ ေဆြးေႏြးပြဲတိုင္း အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး ဆိုသည့္အမည္နဲ႔ေဆြးေႏြးပြဲတိုင္းမွာ မပါမျဖစ္ပါရမယ့္သူက ေဒၚေအာင္ဆန္းစုၾကည္ ပဲျဖစ္ပါတယ္။

သူ႔ကို ဖမ္းဆီးေထာင္ခ်ထားလည္း ပါဝင္ေဆြးေႏြးခြင့္ေပးရမယ္။ သူမပါရင္ ျမန္မာ့ျပႆနာအေျဖရွာတဲ့ ေဆြးေႏြးပြဲလို႔ မေျပာနိုင္ပါဘူး” လို႔ဆိုပါတယ္။

လက္ရွိမွာ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ျပစ္ဒဏ္ခ်မွတ္တာက အတိုက္အခံေတြအေပၚ ႏွိပ္ကြပ္ေနတာ ျဖစ္တယ္လို႔ ယင္းက ဆိုပါတယ္။ယင္းက “စစ္ေခါင္းေဆာင္ေတြကို ေတာင္းဆိုခ်င္တာ ကေတာ့ အားလုံးပါဝင္တဲ့ ေတြ႕ဆုံ ညႇိႏွိုင္းေရး ျပဳလုပ္ၿပီးဒီမိုကေရစီ အသြင္ကူးေျပာင္း ေရး လုပ္ငန္းစဥ္ေတြ ျပန္လည္ေဆာင္ရြက္ဖို႔ ျဖစ္ပါတယ္” လို႔ဆိုပါတယ္။

ျမန္မာ့အေရး အာဆီယံ ဘုံသေဘာတူညီခ်က္ငါးခ်က္ အေကာင္အထည္ေဖာ္ေရး တိုးတက္မႈရွိဖို႔၊ သက္ဆိုင္သူအားလုံး အထူးသျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ပါဝင္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈေတြေပၚေပါက္လာေအာင္ တြန္းအားေပးသြားမယ္လို႔ ေျပာပါတယ္။

လက္ရွိမွာေတာ့ စင္ကာပူ၊ မေလးရွား၊ ဖိလစ္ပိုင္နိုင္ငံမ်ားက အာဆီယံ ဘုံသေဘာတူညီခ်က္ အေကာင္အထည္မေဖာ္သေရြ႕ စစ္ေကာင္စီကို အာဆီယံ ထိပ္သီးအစည္းအေဝးမ်ားမွ ဖယ္ထုတ္ထားဖို႔ေျပာၾကားထားပါတယ္။mmplf

Credit