ၾကားသိရသမွ်

ကချင်ဂျိန်းဖောဝတ်စုံက်ို ဝတ်ဆင်ခဲ့တဲ့ ဒေါ်သက်သက်ခိုင်ကို ဒဲ့ဝုန်းလိုက်တဲ့ မင်းမော်ကွန်း

သရုပ်ဆောင်မင်းမော်ကွန်းကတော့တစ်ခေတ်တစ်ခါကအောင်မြင်ပြီးသားဖြစ်တဲ့အပြင်သရုပ်ဆောင်ကောင်းပြီးစိတ်ထားကောင်းတာကြောင့်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုယနေ့ထိရရှိနေဆဲပဲဖြစ်ပါတယ်။ မင်းမော်ကွန်းက တော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့ အတူလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့ပါတယ်။

မင်းမော်ကွန်းက တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အရေးယူထားခြင်းခံရတာကြောင့် တိမ်းရှောင်နေရပါတယ်။တိမ်းရှောင်နေစဉ်အတောအတွင်းမှာလဲ တော်လှန်ရေးအတွက် တတ်နိုင်ရာတာဝန်ကို ထမ်းဆောင်ပြီး ပါဝင်ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အာဏာရှင်ကို တော်လှန်ရေးမှာ အစွမ်းကုန်ပါဝင်နေခဲ့ပါတယ်။ အနုပညာသမား အဖြစ်ကနေ အောင်မြင်မှုတွေကို စွန့်လွှတ်ကာ မတရားမှုကိုတော်လှန်သူအဖြစ် ရဲရဲဝံ့ဝံ့ကူးပြောင်းခဲ့ပြီးနောက် ကိုယ့်ရဲ့ရပ်တည်ချက်အတွက်လည်း နောက်မဆုတ်တမ်းတိုက်ပွဲဝင်နေခဲ့ပါတယ်။

အရင်က နှင်းဆီအငြိမ့် အဖွဲဝင်တစ်ဦးလဲဖြစ် မင်းသားတစ်ဦးလဲဖြစ်တဲ့ မင်းသားချော မင်းမော်ကွန်း ဟာ လက်ရှိမှာတော်လှန်ရေးအတွက် တိုက်ပွဲအောင်မြင်ဖို့ အစွန်းကုန်ကြိုးစားနေတာလဲဖြစ်ပါတယ်။ဒီနေ့ဒီအချိန်ထိလဲ ရောက်တဲ့နေရာကနေ လိုအပ်တာတွေကို ပါဝင်ကူညီနေကြတာလည်းဖြစ်ပါတယ်။

ဒေါ်သက်သက်ခိုင်က ဂျိန်းဖော့ (ခခူး) ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် ဓာတ်ပုံများ ဖေ့စ်ဘုတ်လူမှုကွန်ရက်ပေါ်တွင် ယမန်နေ့က ထွက်ပေါ်လာပြီး လူထုအများစုက ပြက်ရယ်ပြုကြသည်ကို တွေ့ရသည်။

ဟိုဖါသည်မကြီးပုံတွေဆက်မတင်ကြနဲ့
အဲ့စောက်မျိုးဆို လုံးဝမပါတ်သက်ဘူး
ဘယ်လောက်လုပ်ဖော်ကိုင်ဖက်ဖြစ်ပါစေ
ရွံတယ်

သူ့ရဲ့ပိုစ်အောက်မှာ မင်းမော်ကွန်း နဲ့ ထပ်တူစိတ်ထားချင်းတူတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေရဲ့ အားမာန်အပြည့်နဲ့ ထောက်ခံထားတဲ့ စကားတွေ ရေးသားထားတာကို တွေ့ရပါတယ်။