သားသမီးရှိသူတိုင်းမပေါ့ဆသင့်တဲ့မီးရထားကောင်များအန္တရာယ်
ယခုလိုစိုစွတ်တဲ့မိုးရာသီမှာသားသားမီးမီးလေးတွေအတွက်
သတိပြုစရာပါလေးမို့ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ထိုင်းမှာကလေးငယ်တစ်ဦးပိုးနားသန်ကောင်(မီးရထားလိုပိုးကောင်)Millipedeကို
တက်နင်းမိလို့အဆိပ်သင့်ပြီးခြေဖဝါးနုနုလေးမှာ
အပူလောင်သလိုဖြစ်သွားပါတယ်၊
နှစ်ပတ်လောက်ကုသရမှာဖြစ်ပါတယ်။
ယခုလိုစိုစွတ်တဲ့မိုးရာသီမှာထင်းပုံကြားကနေ
အဲ့ဒီအကောင်လေးတွေကဖိနပ်ထဲဝင်ခွေနေတာမျိုး၊
အိပ်ယာမှာတက်လာမျိုးရှိတတ်ပါတယ်၊
အဲ့ဒီအချိန်မှာအရေပြားနုနယ်သေးတဲ့ကလေးငယ်တွေတက်နင်းတာမျိုး၊
ဒါမှမဟုတ်ဖိအိပ်မိခဲ့ရင်အဲ့ကောင်ကအဆိပ်ရည်တွေထက်လာပြီး
ပူစပ်ပူလောင်ဖြစ်ပြီးအရည်ကြည်ဖုလေးတွေကနေအနာဖြစ်တတ်ပါတယ်။
မီးရထားကောင်ဒါ့ကြောင့်ကလေးတွေကို
မျက်စေ့အောက်ကနေလွှတ်မထားဘဲဂရုစိုက်ကြပါနော်။
credit
credit



